Sunday, April 8, 2012
ရယ်ရင်အသက်ရှည်တယ်တဲ့....ကဲ့ဝါးဟားးးးးး
Tuesday, April 3, 2012
ကမ္ဘာ့အသေးဆုံးနိုင်ငံ
Vatican city (ဗက်တီကန်စီးတီး) နိုင်ငံ မှာ ကမ္ဘာ့အသေးဆုံးနိုင်ငံ (ကုန်းတွင်းပိတ်နိုင်ငံ) ဖြစ်ပြီး ဧက ၁၁၀ အကျယ်/
အဝန်းရှိ ၊(၂၀၁၁ ဇူလှိုင်လ စစ်တမ်းအရ) လူဦးရေ ၈၃၀ ကျော်သာ ရှိသော နိုင်ငံဖြစ်ပါသည်။ တည်နေရာမှာ ဥရောပ
တိုက်၊ အီတလီနိုင်ငံ၊ ရောမမြို့လယ်တွင် ဖြစ်သည်။ ကမ္ဘာ့အသေးဆုံး အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်ပြီး သမိုင်း
တစ်လျှောက် ဆွစ်ဇာလန်လုံခြုံရေးတပ်များ တာဝန်ယူလာသည့် ကိုယ်ပိုင် စစ်တပ်လည်း ရှိသည်။ ရုံးသုံးဘာသာ
စကားမှာ အီတလီဖြစ်ပြီး ကိုယ်ပိုင် တယ်လီဖုန်း ကုမ္ပဏီ၊ ရေဒီယို၊ ရုပ်မြင်သံကြားဌာန၊ ငွေကြေးနှင့် တံဆိပ်ခေါင်း
လုပ်ငန်းများ တည်ရှိသော နိုင်ငံငယ် ဖြစ်သည်။ နေ့အခါတွင် နိုင်ငံ မြို့တံခါးဖွင့်ကာ အဝင်အထွက်ရှိသော်လည်း
ညအခါတွင် နိုင်ငံနယ်နမိတ် တံခါးကို ပိတ်ထားသည်။
--
ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com
Friday, March 30, 2012
ကိုယ်အလေးချိန် 20 kg ထိလျော့ချ ခဲ့သူ အသက်၂၀အရွယ် ရုရှားမိန်းမ ပျိုလေး
သူမ၏နာမည်မှာ Ksenia Bubenko ဖြစ်ပြီး သူမသည် သူမ၏ ကိုယ်အလေးချိန် လျော့ကျခြင်း အပေါ် အင်မတန် နှစ်သက်ကြောင်းနှင့် သူမ ယခုကဲ့သို့ ပိန်သထက် ပိန်အောင်ဖြစ်နေခြင်း အပေါ် စွဲလမ်းမိကြောင်း ပြောကြားသွားသည်။ ဖြစ်မှဖြစ်ရလေ.....
--
ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com
တတိယ နေရာလုပွဲ အတွက် စပါးစ် အသင်းမှာ အတွေ့အကြုံ ရှိပါတယ်
ပထမ ရာသီဝက်တွင် အကောင်းဆုံး ခြေစွမ်ဖြင့် အမှတ်ပေး ချန်ပီယံဆုကို စိန်ခေါ်နိုင် ခဲ့သော်လည်းနောက်ဆုံး ကစားခဲ့သည့် (၅) ပွဲ ဆက် တိုက် နိုင်ပွဲပျောက်ဆုံး နေသည့် စပါးစ် အသင်းမှာ ကစားရန် (၈)ပွဲသာ ကျန်ရှိနေချိန်တွင် တတိယ နေရာအား အာဆင်နယ် အသင်းကို ဖယ်ပေး ခဲ့ရသည်။
သို့သော်လည်း ဆာဟာမှ စပါးစ် အသင်းမှာ နောက် တစ်ကြိမ် ခြေစွမ်းပြနိုင် စွမ်း ရှိနေသေးသည်ဟု ယုံကြည်နေကြောင်း သိရသည်။ "ဒါက ဘောလုံးပါ။ အရာအားလုံးက လျှင်မြန်စွာ ပြောင်းလဲနေပါတယ်။ အာဆင်နယ် အသင်း က ယုံကြည်မှု နဲ့အတူ ရှေ့ဆက်သွား နေပါတယ်။
သူတို့က ကျွန်တော်တို့ အထက် မှာရှိနေပြီး အကောင်းဆုံး ခြေစွမ်းမှာ ရှိနေပါတယ် ဒါပေမယ့် ဒါက ကျွန်တော်တို့ မလုပ်နိုင်တဲ့ အရာ မဟုတ်ပါဘူး"ဟု ဆာဟာမှ ပြောဆိုခဲ့သည်။ ဆာဟာမှ ဆက်လက်ပြီး အဒီဘာယော၊ ဂါလက်စ်နှင့် ဗန်ဒါဗက် တို့လို အတွေ့အကြုံရင့် ကစားသမား ရှိနေ၍ တတိယ နေရာကို ရယူရန် အခက်အခဲ မရှိကြောင်း ပြောဆိုခဲ့သည်။
--
ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com
ငလျင်လှုပ်ချိန်တွင် မက္ကဆီကို ရောက်နေသည့် သမ္မတ အိုဘားမား၏ သမီးထိခိုက် ဒဏ်ရာရမှု မရှိ
မာလီယာ (၁၃) နှစ် သည် မက္ကဆီကို အနောက်တောင် ပိုင်းရှိ အောက်ဇာကာတွင် ကျောင်း အုပ်စုတစ်ခုနှင့်အတူ အားလပ်ရက် ခရီးထွက်လျက်ရှိသည်။ အမေရိ ကန် ဘူမိဗေဒတိုင်းတာရေးဌာနက အောက်ဇာကာတွင် ကနဦးပိုင်း၌ ပြင်းအား ၇ ဒသမ ၆ ရှိ ငလျင်ကြီး တစ်ခုလှုပ်သွားကြောင်း ပြောကြား သည်။ ငလျင်ကြီးအပြီးတွင် မက္က ဆီကိုတောင်ပိုင်း၌ငလျင်ငယ်တစ်ခု လှုပ်ခဲ့သည်။ မက္ကဆီကို စီးတီးတွင် အဆောက်အအုံများ ယိမ်းထိုးသွား ခဲ့ကြပြီးထိတ်လန့်နေကြသောအလုပ် သမားများနှင့် ဒေသခံများသည် လမ်းမများပေါ်သို့ ပြေးဆင်းသွားခဲ့ ကြသည်။ သမ္မတကတော်၏ လူထု ဆက်သွယ်ရေးဒါရိုက်တာခရစ္စတီး နား ရှာကီက မာလီယာအိုဘားမား သည် ဘေးအန္တရာယ် ကင်းရှင်း ကြောင်း ပြောကြားသည်။ ထုံးစံ အရ အိမ်ဖြူတော်ကို အိုဘားမား ၏ ကလေးများနှင့်ပတ်သက်ပြီး မှတ်ချက်ပေးလေ့ မရှိပေ။ သို့သော် ငလျင်ကိစ္စကြောင့်ြွခင်းချက်ဖြင့် ကြေညာခဲ့ခြင်းဖြစ်သည်။ မတ်လ ၂၀ ရက်နေ့တွင် ပြင်း အား ၇ ဒသမ ၄ ရှိ ငလျင်တစ်ခု မက္ကဆီကို၌လှုပ်ခဲ့ရာ တိုင်းပြည်၏ အလယ်ပိုင်းနှင့်တောင်ပိုင်းဒေသ များလှုပ်ရှားသွားသည်။ မက္ကဆီကို စီးတီးတွင် လူသွားတံတားတစ်ခု ပြိုကျကာ အဆောက်အအုံများ ယိမ်းထိုးသွားခဲ့သည်။
သမ္မတက အဓိကထိခိုက်ပျက်စီးမှုသတင်းများ လတ်တလောမရကြောင်းပြောကြား သည်။ အောက်ဆာကာနှင့် ဂွါရာဂို ပြည်နယ်များ၏ နယ်စပ်များအနီး ကနေ ဦးငလျင်အပြီး မြို့တော်၌ ပြင်းအား၅ဒသမ၁ရှိ အင်အားနည်း သောနောက်ဆက်တွဲငလျင်တစ်ခု လှုပ်ခဲ့သည်။ ဒေသစံတော်ချိန်မွန်း လွဲပိုင်းတွင် ငလျင်လှုပ်ပြီး မိနစ် အနည်းငယ်ကြာပြီးနောက် ထိတ် လန့်နေကြသည့် အလုပ်သမား များနှင့် ဒေသခံများသည် လမ်းမ များပေါ်သို့စုပြုံထွက်လာကြသည်။ မြို့တော်နှင့် ငလျင်ဒဏ်ခံရသည့် ဒေသအနှံ့တယ်လီဖုန်းဝန်ဆောင်မှု ပျက်ပြားသွားခဲ့သည်။ ခရီးသည် ၄၀ခန့်သည် မက္ကဆီကိုစီးတီး လေ ဆိပ်လေကြောင်းရထားပေါ်တွင် အချိန်အနည်းငယ်ကြာ သောင် တင်ခဲ့ကြသည်။
လေဆိပ်ကို အချိန် အတော်ကြာပိတ်ခဲ့သည်။ သို့သော် အရာရှိများက လေယာဉ်ပြေးလမ်း ပျက်စီးခြင်းမရှိကြောင်းနှင့် လေ ယာဉ်ပြေးဆွဲမှု များပြန်လည် စတင်ခဲ့ ကြောင်းပြောကြားသည်။မက္ကဆီကို စီးတီးတွင် လူသွားတံတားတစ်စင်း ပြိုကျပြီး မိုက္ကရိုဘတ်စ်တစ်စီး ပျက်စီးသည့် အိုမီတီပက်မြို့မှ ၂၅ ကီလိုမီတာအကွာတွင် တည်ရှိ သည့် ငလျင်၏ဗဟိုချက်တောင်ပိုင်း ဂွါရီဂိုပြည်နယ်တွင် ငလျင်ဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရသည်။ အိမ်နီး ချင်း အောက်ဆာကာပြည်နယ် တွင်လည်း ငလျင်ကြီးအပြီးနောက် ဆက်တွဲ ငလျင်နှစ်ခုအပါအဝင် အကြီးအကျယ်လွှမ်းခဲ့သည်။ ပြည် နယ်နှစ်ခုစလုံးမှ အုပ်ချုပ်ရေးမှူး များက အဓိကထိခိုက်ပျက်စီးသည့် သတင်းများမရကြောင်း ၄င်းတို့၏ တွစ်တာများပေါ်တွင်ဖော်ပြခဲ့သည်။
--
ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com
Thursday, March 29, 2012
မြန်မာ-လာအို နှစ်နိုင်ငံကြား မဲခေါင်မြစ်ကူး တံတား တည်ဆောက်ရေး မကြာမီ စတင်မည်
- By ENVOY
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က ဗီယက်နမ် နိုင်ငံသို့ သွားရောက် သည့် ချစ်ကြည်ရေး ခရီးစဉ်အတွင်း ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတနှင့် တွေ့ဆုံစဉ် အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ တံတား တည်ဆောက်ရာတွင် ဗီယက်နမ် နိုင်ငံ အနေဖြင့် အကူအညီများ ပေးစေ လိုကြောင်းလည်း သမ္မတကြီးဦးသိန်းစိန်က ထည့်သွင်း ပြောကြား ခဲ့သည်။
ထို့ပြင် နိုင်ငံတော် သမ္မတကြီးက ကုန်းလမ်းအနေဖြင့် ဗီယက်နမ် နိုင်ငံမှ လာအိုနိုင်ငံကို ဖြတ်၍ မြန် မာနိုင်ငံသို့ ဆက်သွယ်နိုင်ရန် တံတားတစ်စင်း မကြာမီ တည်ဆောက်မည် ဖြစ်ကြောင်းလည်း ပြောကြားသည်။
နှစ်နိုင်ငံကြား လေကြောင်း၊ ရေကြောင်းမှသာ ကူးသန်း ဆက်သွယ်ရသည်ဖြစ်ရာ နှစ်နိုင်ငံကြား ကုန်းလမ်းဖောက်လုပ်ရေး အ ကောင်အထည်ပေါ်ပါက အနာဂတ် ဆက်သွယ်မှု ပိုမိုလွယ်ကူနိုင်မည် ဖြစ်ကြောင်း ဗီယက်နမ်သမ္မတကြီး ကထည့်သွင်း ဆွေးနွေးခဲ့သည်။
--
ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com
Subscribe to:
Posts (Atom)