BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Thursday, April 26, 2012

မော်ရင်ညိုအတွက် တကယ့်ကို အရှက်ရစရာ တစ်ခုလား....

မော်ရင်ညိုအတွက် တကယ့်ကို အရှက်ရစရာ တစ်ခုလား....
မော်ရင်ညိုအတွက် တကယ့်ကို အရှက်ရစရာ တစ်ခုလား....

ရီးရဲလ်နည်းပြမော်ရင်ညိုသည် ချန်ပီယံလိဂ်ဖိုင်နယ်တွင် ချယ်လ်ဆီးအသင်းနှင့် တွေ့ဆုံတော့မည်မဟုတ်သော်လည်း၊ သူ့အနေဖြင့် ချယ်လ်ဆီးအသင်းအား ချန်ပီယံလိဂ်ဖလား ရရှိစေလိုကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

ရီးရဲလ်အသင်းသည် ဘေယန်မြူးနစ်အသင်းအား ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ပြီးနောက်ပိုင်း၊ မော်ရင်ညိုက -

"ကျွန်တော် ချယ်လ်ဆီးအသင်းကို ချန်ပီယံလိဂ်ဖလားရစေချင်ပါတယ်၊ သူတို့ဟာ မနေ့က သူရဲကောင်းတွေ ဖြစ်ခဲ့ပါတယ်"

"ဘောလုံးနဲ့ပတ်သက်ပြီး၊ ပညာရှင်တွေလို့ ထင်နေကြတဲ့သူအချို့ဟာ ကျွန်တော်ကိုင်ခဲ့တဲ့ အင်တာကို ဝေဖန်သလိုမျိုး ချယ်လ်ဆီးကိုလည်း ဝေဖန်မယ်ဆိုတာ သိပါတယ်" ဟု မော်ရင်ညိုက ပြောကြားသွားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ဖိုင်နယ်တွင် နည်းပြဟောင်းနှင့် တွေ့ဆုံမည်မဟုတ်တော့သော်လည်း အသင်း၏တောင်ပံကစားသမားဟောင်း အာဂျန်ရော်ဘင်နှင့်မူ ပြန်လည်ရင်ဆိုင်ရမည်ဖြစ်သည်။

ချယ်လ်ဆီးတွင် (၂၀၀၄)မှ (၂၀၀၇)အထိ ကစားခဲ့သည့် ဘေယန်မြူးနစ်တောင်ပံလူက -

"ကျွန်တော် ချယ်လ်ဆီးအသင်းအတွက် ဂုဏ်ယူပါတယ်၊ ကျွန်တော် အဲဒီအသင်းမှာ အကောင်းဆုံး အချိန်တွေ ရှိခဲ့ပါတယ်"

"အေဗရာမိုဗစ်ခ်ျနဲ့ ချယ်လ်ဆီးပရိသတ်တွေအတွက်လည်း ၀မ်းသာပါတယ်၊ ဒါပေမယ့် နောက်ဆုံးမှာတော့ ကျွန်တော် သူတို့ကို အနိုင်ယူသွားမှာပါ"

"ချယ်လ်ဆီးနဲ့ ဘေယန်မြူးနစ် ဖိုင်နယ်မှာ တွေ့ဆုံမယ်လို့ လောင်းခဲ့တဲ့သူဟာ အခုဆိုရင် လောင်းကြေးတွေအများကြီး ရနေလောက်ပါပြီ"

အပြာရောင်အသင်းသည် မေ (၁၉)ရက်တွင် ဘေယန်မြူးနစ်အိမ်ကွင်း အေလီယန်ဇ် အရီနာကွင်းတွင် ဖိုင်နယ်ကစားရမည်ဖြစ်သည်။

အသက် (၂၈)နှစ်ရှိ ရော်ဘင်က -

"ဒီ မက်တီယိုအတွက်လည်း ဂုဏ်ယူမိပါတယ်၊ သူဟာ ခက်ခဲတဲ့ အခြေအနေတွေကြားထဲမှာ အသင်းကို တာဝန်ယူခဲ့ရတာဖြစ်ပြီး၊ အခုဆိုရင် အံ့အားသင့်ဖွယ် စွမ်းဆောင်ပြနိုင်ခဲ့ပါပြီ"





ရီးရဲလ်အသင်းအတွက် ခရစ္စတီယာနို ရော်နယ်ဒိုက နှစ်ဂိုးသွင်းယူပြီးနောက်၊ ရော်ဘင်သည် ဘေယန်မြူးနစ်အတွက် အရေးပါသည့် ချေပဂိုးတစ်ဂိုးကို ပင်နယ်တီမှတဆင့် သွင်းယူပေးခဲ့သည်။

ရော်နယ်ဒို၊ ကာကာ၊ ရာမို့စ်တို့ ပင်နယ်တီများ လွဲချော်ပြီးနောက်၊ ရှဝိန်းစတိုင်ဂါက ဘေယန်မြူးနစ်အသင်းအတွက် ပင်နယ်တီ အနိုင်ဂိုးကို သွင်းယူပေးခဲ့သည်။

ဂျာမန်ကလပ်အသင်းသည် ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အိမ်ကွင်းတွင် ဖိုင်နယ်ကစားရသည့် ပထမဆုံးအသင်းဖြစ်လာခဲ့ပြီး၊ ဘေယန်မြူးနစ်ပရိသတ် တစ်သန်းခန့်သည် ဖိုင်နယ်လက်မှတ်များ ရရှိရန်အတွက် ကြိုးစားနေကြသည်။

ဘေယန်မြူးနစ်နည်းပြ ဂျပ် ဟေးနက်စ် က - "ကျွန်တော်တို့ဟာ နည်းပညာပိုင်း၊ နည်းစနစ်ပိုင်း၊ ကြံ့ခိုင်မှုပိုင်းတွေမှာ ပိုကောင်းတယ်ဆိုတာ ထပ်မံ သက်သေပြခဲ့ပါတယ်၊ အိမ်ကွင်းမှာ ကျင်းပမယ့် ဖိုင်နယ်ပွဲမှာ ဒီထက် ပိုကောင်းလာပါလိမ့်မယ်"ဟု ပြောကြားသွားခဲ့သည်။



Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဝိန်းရူနီသည် ဇနီးသည် ကောလင်းနှင့်အတူမအိပ်...


ချစ်တော့ချစ်တယ်... ဒါပေမယ့်.....
ချစ်တော့ချစ်တယ်... ဒါပေမယ့်.....
မန်ယူတိုက်စစ်မှူး ၀ိန်းရူနီသည် ဇနီးသည် ကောလင်းနှင့်အတူမအိပ်ပဲ၊ သက်သက်စီ အခန်းခွဲအိပ်နေကြောင်း သိရှိရသည်။
သို့ပါသော်လည်း ယခုလိုအခန်းခွဲအိပ်နေခြင်းမှာ ဇနီးသည် ကောလင်းနှင့် စိတ်ဆိုး၍မဟုတ်ပဲ၊ ကောလင်းခံစားနေရသည့် အဖျားရောဂါအား မကူးစက်ရန်အတွက်ဖြစ်ကြောင်း သိရှိရသည်။

မန်ယူတိုက်စစ်မှူး ၀ိန်းရူနီသည် လာမည့် မန်ချက်စတာဒါဘီပွဲအား မလွဲချော်ရန်အတွက် ဇနီးသည်ကောလင်းဆီမှ အဖျားရောဂါအားကူးစက်ရန် ဆန္ဒမရှိချေ။

"ကောလင်းဟာ ရာသီဥတုအပြောင်းအလဲကြောင့် အဖျားရောဂါ ခံစားနေရပြီး၊ အိပ်ယာထဲမှာ အနားယူနေရပါတယ်၊ ရူနီကိုလည်း ကျန်းမာရေးဂရုစိုက်ဖို့နဲ့ သူနဲ့ နီးနီးကပ်ကပ်မနေဖို့ မှာထားပါတယ်"ဟု ၀ိန်းရူနီမိသားစုနှင့် နီးစပ်သည့်အသိုင်းအ၀ိုင်းမှ ပြောကြားခဲ့သည်။

ထို့အပြင် ရူနီကိုယ်တိုင်မှာလည်း ယခုလိုအချိန်တွင် ကောလင်းနှင့်အတူ နီးနီးကပ်ကပ်နေရန် ဆန္ဒမရှိချေ။

အဘယ်ကြောင့်ဆိုသော် တီဗီကြည့်သည့်အခါတိုင်း ရီမုတ်အား အမြဲကိုင်ထားပြီး၊ သူကြည့်ချင်သည်များကိုသာ ဦးစားပေးကြည့်လေ့ရှိသည့် ကောလင်း ဖျားနာနေသည့် အခုလိုအချိန်မျိုးတွင် သူ့အကြိုက် တီဗီအစီအစဉ်များအား တစ်ညလုံး ကြည့်ခွင့်ရတော့မည်ဖြစ်သောကြောင့်ဖြစ်သည်။


Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မန်နူရယ် နူရာဟာ ကမ္ဘာ့အကောင်းဆုံးဂိုးသမားပါဟု ပြောကြားလိုက်သည့် ရီးရဲလ်ဥက္ကဋ္ဌ ပီရက်ဇ်

မန်နူရယ် နူရာဟာ ကမ္ဘာ့အကောင်းဆုံးဂိုးသမားပါဟု ပြောကြားလိုက်သည့် ရီးရဲလ်ဥက္ကဋ္ဌ ပီရက်ဇ်
မန်နူရယ် နူရာဟာ ကမ္ဘာ့အကောင်းဆုံးဂိုးသမားပါဟု ပြောကြားလိုက်သည့် ရီးရဲလ်ဥက္ကဋ္ဌ ပီရက်ဇ်
ရီးရဲလ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်က နူရာသည် ကမ္ဘာ့အကောင်းဆုံးဂိုးသမားဖြစ်သည်ဟု သူ့အားပြောကြားခဲ့ကြောင်း ဘေယန်မြူးနစ်အသင်း ဥက္ကဋ္ဌ ရမ်မီနစ်ခ်ခီက ထုတ်ဖော်ပြောကြားလိုက်သည်။

ဘေယန်မြူးနစ်ဂိုးသမား မန်နူရယ် နူရာသည် မနေ့ကဘာနေဗျူးတွင်ကစားခဲ့သည့်ပွဲတွင် ရီးရဲလ်အသင်း၏ပင်နယ်တီသွင်းဂိုး (၂)ဂိုးအား ကာကွယ်ပေးခဲ့ခြင်းဖြင့်၊ ဘေယန်မြူးနစ်အသင်း၏ ဖိုင်နယ်သို့ တက်ရောက်ရေးတွင် အဓိကနေရာမှ ပါဝင်ခဲ့သည်။

"ရီးရဲလ်ဥက္ကဋ္ဌ ပီရက်ဇ်ဟာ ကျွန်တော့်နားမှာ ထိုင်ပြီး၊ မန်နူရယ် နူရာဟာ ကမ္ဘာ့အကောင်းဆုံးဂိုးသမားလို့ ပြောခဲ့ပါတယ်"

"ကျွန်တော်တို့ဟာ ပွဲအစပိုင်းမှာ ကစားပုံဆိုးဝါးခဲ့ပါတယ်၊ ဒီပွဲဟာ ကျွန်တော့်ရဲ့ ကစားသမားဘ၀တစ်လျှောက် စိတ်လှုပ်ရှားစရာ အကောင်းဆုံးပွဲပါပဲ၊ ကျွန်တော်ရဲ့ကစားသမားဘ၀ဟာ အခုဆိုရင် နှစ်ပေါင်း (၄၀)လောက် ကျန်ခဲ့ပါပြီ၊ ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တဲ့အတွက် အရမ်း ဂုဏ်ယူပျော်ရွှင်မိပါတယ်၊ ဒါဟာ အရမ်းအံ့အားသင့်စရာပါ"ဟု ရမ်မီနစ်ခ်ခီက ပြောကြားသွားခဲ့သည်။

ဘေယန်မြူးနစ်အသင်း အမှုဆောင်ချုပ် ယူလီ ဟိုးနက်စ်ကလည်း နူရာ၏ စွမ်းဆောင်မှုအား ချီးကျူးခဲ့ပြီး၊ ဂျပ် ဟေးနက်စ်၏အသင်းသည် ရီးရဲလ်အသင်းအား  အခွင့်အရေးပေးခဲ့သည့် ဖိလစ် လမ်း၏ ဒုတိယမြောက် ပင်နယ်တီလွဲချော်ပြီးနောက်၊ ရှုံးနိမ့်ရန် အခွင့်အရေးများသွားပြီဟု ထင်ခဲ့မိကြောင်းလည်း ၀န်ခံပြောကြားခဲ့သည်။

"မန်နူရယ် နူရာဟာ ဂရိတ်ပါ၊  ဖိလစ် လမ်း ပင်နယ်တီလွဲသွားတော့ ဘေယန်မြူးနစ်တော့ ရှုံးပြီလို့ ထင်ခဲ့မိပါတယ်၊ ဒီပွဲဟာ တကယ့်ကို ခက်ခဲခဲ့ပါတယ်၊ ကျွန်တော်တို့ဟာ နှစ်ဂိုးအသာနဲ့ ဦးဆောင်ခြင်း ခံခဲ့ရတာပါ"

"ဒီနေ့ပွဲက ထူးရှယ်ပါ၊ ဘေယန်ဟာ ရီးရဲလ်ကို အနိုင်ယူခဲ့ပါတယ်၊ ဒီလိုအဖြစ်မျိုး နှစ်တိုင်း မဖြစ်နိုင်ပါဘူး၊ အခုဆိုရင် ဖေးဖရိတ် ဘာကာလည်း ပြိုင်ပွဲက ထွက်သွားရပြီဆိုတော့၊ လာမယ့်ဖိုင်နယ်မှာ ကျွန်တော်တို့အသင်း အနည်းငယ် ရေပန်းစားနေပါလိမ့်မယ်"

" ဘောလုံးနဲ့ပတ်သက်ပြီး၊ ဂရိတ်အတွေ့အကြုံလိုချင်ရင်၊ ကမ္ဘာ့ဖလားဖိုင်နယ်၊ ဒါမှမဟုတ် ချန်ပီယံလိဂ်ဖိုင်နယ်မှာ ၀င်ကစားကြည့်လိုက်ပါ၊ ကိုယ့်အိမ်ကွင်းမှာ ဖိုင်နယ်ကစားရမှာက တကယ့်ဂရိတ်ပါ"ဟု ဟိုးနက်စ်က ပြောကြားသွားခဲ့သည်။

ဘေယန်မြူးနစ်အသင်းသည် (၂၀၁၀)ဖိုင်နယ်တွင် အင်တာမီလန်အား ရှုံးနိမ့်ပြီး၊ နှစ်နှစ်အကြာ၌ သူတို့၏ ငါးကြိမ်မြောက် ချန်ပီယံလိဂ်ဖလားအား ရယူရန် ဆန္ဒပြင်းပြလျှက် ရှိနေသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Wednesday, April 25, 2012

ကမ္ဘာ့အကောင်းဆုံးဆိုသူတွေ မပါတဲ့ ယူရိုစပေါ့၏ ယခုသတင်းပတ်အတွက် အကောင်းဆုံး ၁၁ ယောက်


ကမ္ဘာ့အကောင်းဆုံးဆိုသူတွေ မပါတဲ့ ယူရိုစပေါ့၏ ယခုသတင်းပတ်အတွက် အကောင်းဆုံး ၁၁ ယောက်
ကမ္ဘာ့အကောင်းဆုံးဆိုသူတွေ မပါတဲ့ ယူရိုစပေါ့၏ ယခုသတင်းပတ်အတွက် အကောင်းဆုံး ၁၁ ယောက်

ဘာကာကစားသမားတွေ တစ်ယောက်မှမပါတဲ့ ယူရိုစပေါ့၏ ယခုသတင်းပတ်အတွက် အကောင်းဆုံး ၁၁ ယောက်


ယူရိုစပေါ့မှ ဘောလုံးကျွမ်းကျင်သူ (Experts) များနှင့် ဘောလုံးဝါသနာရှင်များ ပေးသော ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဝင် လေးသင်း၏ ယခုသတင်းပတ်အတွက် နေရာအလိုက် အကောင်းဆုံး ရွေးချယ်မှုဘဲဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံးကစားသမားများဟု သတ်မှတ်ခြင်းခံထားရသော ဘာစီလိုနာမှ မက်ဆီ၊ အက်နစ္စတာ၊ ဇာဗီ အစရှိသည့် ကစားသမားများအပြင် ရီးယဲမက်ဒရစ်မှ ခရစ်စတီယာနို ရော်နယ်ဒိုတို့သည် ယခုသတင်းပတ်အတွင်း ချန်ပီယံလိဂ်ပြိုင်ပွဲ၏ ဆီးမီးဖိုင်နယ်အဆင့် ပထမအကျော့ကို ပါဝင် ကစားသွားခဲ့ကြပြီး အသီးသီး အရေးနိမ့်မှုကို ရင်ဆိုင်ခဲ့ကြရသလို ယူရိုစပေါ့မှ ဘောလုံးကျွမ်းကျင်သူများနှင့် အားကစားဝါသနာရှင်များ၏ စစ်တမ်းအရ အကောင်းဆုံး ကစားသမားများအဖြစ်မှလည်း ဘေးဖယ်ခြင်းခံခဲ့ရသည်။

အင်္ဂါနေ့ညက ရီးယဲမက်ဒရစ်သည် ဘိုင်ယန်မြူနစ်အိမ်ကွင်းတွင် ၂ဂိုး ၁ဂိုးဖြင့် အရေးနိမ့်ခဲ့သလို နောက်တစ်ရက် ဗုဒ္ဒဟူးနေ့တွင်လည်း ရီးယဲ၏ လာလီဂါပြိုင်ဘက် လက်ရှိချန်ပီယံ ဘာစီလိုနာအသင်းသည်လည်း ချယ်ဆီးအသင်းအား ဒရော့ဘာ၏ ပထမပိုင်းအချိန်ပို အနိုင်ဂိုးရလဒ် ၁ဂိုး ဂိုးမရှိဖြင့် အရေးနိမ့်ခဲ့ရသည်။ အဆိုပါ ဆီမီးဖိုင်နယ်ပွဲအား ကစားခဲ့ကြသည့် အသင်းလေးသင်းမှ အားကစားသမားများ၏ စွမ်းဆောင်ရည်နှင့် ပတ်သက်ပြီး စစ်တမ်းတွင် မြင်တွေ့ရသည့် ၁၁ယောက် စါရင်းမှာ

ကစားကွက်    4-3-2-1

ဂိုးသမား
ပီတာချက်စ် (ချယ်ဆီး)
ကျွမ်းကျင်သူများ ပေးသော အမှတ်     - 8     မှတ်
ဝါသနာရှင်များ ပေးသော အမှတ်       - 7.8  မှတ်
စွမ်းဆောင်မှု - အပိုင်ဂိုး နှစ်လုံးကို လုံးဝ ကာကွယ်သွားနိုင်ခဲ့သည်။ ချယ်ဆီး၏ ခံစစ်ကြောင်းကို တစုတစည်းတည်းဖြင့် တံတိုင်းသဖွယ် ကာရံသွားသူများထဲတွင် အကောင်းဆုံးအဖြစ် သတ်မှတ်ရမည့်သူ အဖြစ် မှတ်ယူသည်။

ညာနောက်ခံလူ
ဖီးလစ်လမ်း (ဘိုင်ယန်မြူနစ်)
ကျွမ်းကျင်သူများ ပေးသော အမှတ်     - 8     မှတ်
ဝါသနာရှင်များ ပေးသော အမှတ်       - 7     မှတ်
စွမ်းဆောင်မှု - ဘိုင်ယန်ရဲ့ အသင်းခေါင်းဆောင်ဖြစ်ပြီး ကြယ်ပွင့် တစ်ဦးလည်း ဖြစ်သလို ရီးယဲဘက်သို့ ဖြတ်တင်ဘောများကိုလည်း အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ပြီး ဘိုင်ယန်ရဲ့ အနိုင်ဂိုးအတွက်လည်း ဖန်တီးပေးခဲ့သူဖြစ်သည်။


CL - Chelsea FC v Barcelona, Lionel Messi



ဗဟိုနောက်ခံလူ
ဂယ်ရီကာဟေးလ် (ချယ်ဆီး)
ကျွမ်းကျင်သူများ ပေးသော အမှတ်     - 7     မှတ်
ဝါသနာရှင်များ ပေးသော အမှတ်       - 6.8  မှတ်
စွမ်းဆောင်မှု - ယခင်ဘောလ်တန်အသင်းနောက်ခံလူ ကာဟေးလ်သည် လိုင်ယွန်အား ထိန်းချုပ်မှု အချို့ ပြုလုပ်ခဲ့သလို တခြားသော ဘာကာ ကစားသမားများ၏ အခွင့်အရေးဖန်တီးမှုများကိုလည်း အပိုင် ပိတ်ဆို့ ကာကွယ်သွားနိုင်ခဲ့သည်။

ဗဟိုနောက်ခံ
ဂျွန်တယ်ရီ (ချယ်ဆီး)
ကျွမ်းကျင်သူများ ပေးသော အမှတ်     - 7     မှတ်
ဝါသနာရှင်များ ပေးသော အမှတ်       - 6.9  မှတ်
စွမ်းဆောင်မှု - ချယ်ဆီးအသင်း တစ်သင်းလုံး၏ မောင်နှင်အား ဖြစ်သလို ဘတ်စ်ကား တစ်စီးကို ထိန်းချုပ် မောင်းနှင်သူအဖြစ်လည်း တင်စားရအောင် ဘာကာအား ရင်ဆိုင်သွားခဲ့သည်။ အဖျက်ပိုင်း ခံစစ်ပိုင်းကို ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်သွားနိုင်ခဲ့သည့်အတွက်လည်း ဘာကာအသင်း၏ တိုက်စစ်ဆင်မှုများမှာ ပြိုပျက်သွားခဲ့ရသည်။

ဘယ်နောက်ခံ
အက်ရှ်လေကိုးလ် (ချယ်ဆီး)
ကျွမ်းကျင်သူများ ပေးသော အမှတ်     - 7     မှတ်
ဝါသနာရှင်များ ပေးသော အမှတ်       - 7     မှတ်
စွမ်းဆောင်မှု - ဘာစီလိုနာအသင်း၏ ဂိုးရရှိအောင် ကြိုးပမ်းအားထုတ်မှုကို ၂၄ကြိမ်ထဲမှာ အပိုင် တစ်ဂိုးဖြစ်သော ဖာဘရီဂတ်စ်၏ ကန်ချက်ကို ဂိုးလိုင်းနှင့် ကပ်ပြီး ဖျက်ထုတ်ကာကွယ် သွားနိုင်ခဲ့သလို ချယ်ဆီးအသင်း၏ ရဲရင့်လှသည့် ခံစစ်ဖော်ဆာင်မှုအတွက် သူရဲကောင်း တစ်ဦးလည်း ဖြစ်ခဲ့သည်။

ကွင်းလယ်
ဖရန့်လမ်းပတ် (ချယ်ဆီး)
ကျွမ်းကျင်သူများ ပေးသော အမှတ်     - 7     မှတ်
ဝါသနာရှင်များ ပေးသော အမှတ်       - 7.1  မှတ်
စွမ်းဆောင်မှု - ဒရော့ဘာ၏ အနိုင်သွင်းဂိုးကို ဖန်တီးပေးခဲ့သည့် ရာမီးရက်စ်အား ကွင်းလယ်စည်းနားမှနေ ဘောလုံး စတင် ခင်းပေးခဲ့သူဖြစ်သူသည်။ ထို့အပြင် တကွင်းလုံးအနှံလည်း တွန်းအားပေးပြီး ချယ်ဆီး၏ ခံစစ်နှင့် ကောင်တာကို ကောင်းစွာ ဖန်တီးနိုင်ခဲ့သူဖြစ်သည်။

ကွင်းလယ်တိုက်စစ်
ကာရင်းဘန်ဇီမာ (ရီးယဲမက်ဒရစ်)
ကျွမ်းကျင်သူများ ပေးသော အမှတ်     - 7     မှတ်
ဝါသနာရှင်များ ပေးသော အမှတ်       - 7     မှတ်
စွမ်းဆောင်မှု - ရီးယဲအသင်းမှ ရှားရှားပါးပါး ပါဝင်လာသော တစ်ဦးတည်းသော ကစားသမားဖြစ်ပြီး ဘိုင်ယန်မြူနစ်အား ရင်ဆိုင်ခဲ့သည့် ပွဲတွင် ရှုံးခဲ့ရသော်လည်း ၄င်း၏ နေရာတွင် အကောင်းဆုံး ခြေစွမ်းပြ ကစားပေးနိုင်ခဲ့သူလည်း ဖြစ်သည်။

ကွင်းလယ်တိုက်စစ်
ရာမီရက်စ် (ချယ်ဆီး)
ကျွမ်းကျင်သူများ ပေးသော အမှတ်     - 7     မှတ်
ဝါသနာရှင်များ ပေးသော အမှတ်       - 6.9  မှတ်
စွမ်းဆောင်မှု - ချယ်ဆီး၏ ကွင်းလယ် ကစားသမား ငါးဦးထဲမှ တစ်ဦးဖြစ်ပြီး ဒရော့ဘာ၏ အနိုင်ဂိုးကို အကောင်းဆုံး ဖန်တီးပေးနိုင်ခဲ့သည်။

ကွင်းလယ်တိုက်စစ်
ဖရန့်ရီဘာရီ (ဘိုင်ယန်မြူနစ်)
ကျွမ်းကျင်သူများ ပေးသော အမှတ်     - 7     မှတ်
ဝါသနာရှင်များ ပေးသော အမှတ်       - 7.3  မှတ်
စွမ်းဆောင်မှု -  ရီးယဲနှင့် ပွဲတွင် ဘိုင်ယန်မြူနစ်အတွက် အထူးခြားဆုံး စွမ်းဆောင်ပေးခဲ့သည့် ကစားသမား တစ်ဦးဖြစ်ပြီး ဟန်ဆောင်မှု ကင်းကင်းဖြင့် ကစားသွားနိုင်ခဲ့သည်။


CL - Chelsea FC v Barcelona, Lionel Messi


တိုက်စစ်မှူး
ဒီးဒီယာဒရော့ဘာ (ချယ်ဆီး)
ကျွမ်းကျင်သူများ ပေးသော အမှတ်     - 7     မှတ်
ဝါသနာရှင်များ ပေးသော အမှတ်       - 7.8  မှတ်
စွမ်းဆောင်မှု - ကိုယ်တိုင် ဖန်တီးမှု အရည်အသွေးများဖြင့် ကစားသွားခဲ့သည်။ မြက်ခင်းပေါ်တွင် လူးလိမ့်ကာ မူယာမာယာပိုပိုဖြင့် ဒါဏ်ရာ ရရှိမှုကို ဖော်ပြခဲ့သော်လည်း ဖြတ်တင်ပေးလိုက်သည့် ဘောလုံးများကိုလည်း အကောင်းဆုံး ထိန်းချုပ်ကာ ကိုယ်တိုင်ဖန်တီး ထိုးဖောက်မှုကို ပြုလုပ်ခြင်းဖြင့် ဘာကာ၏ ခံစစ်ကို လေထဲမှနေ အလုပ်ရှုပ်စေခဲ့သူ ဖြစ်သည်။

တိုက်စစ်မှူး
မာရီယိုဂိုမက်ဇ် (ဘိုင်ယန်မြူနစ်)
ကျွမ်းကျင်သူများ ပေးသော အမှတ်     - 7     မှတ်
ဝါသနာရှင်များ ပေးသော အမှတ်       - 7     မှတ်
စွမ်းဆောင်မှု - နောက်ဆုံးမိနစ် အနိုင်ဂိုးအား မသွင်းပေးမှီအထိ အခွင့်အရေးများကို ပိုင်ပိုင်နိုင်နိုင် အသုံးမချနိုင်ဘဲ လွဲချော်နေခဲ့သော်လည်း အဆုံးသတ်မှာတော့ ဘိုင်ယန်တို့အတွက် အနိုင်ပွဲတစ်ခုကို ဖန်တီးပေးနိုင်သွားခဲ့သည်။

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

စင်ကာပူရောက် မြန်မာများ တရားဝင် ငွေလွှဲနိုင်ပြီ


စင်ကာပူရောက် မြန်မာများ တရားဝင်  ငွေလွှဲနိုင်ပြီစင်ကာပူနိုင်ငံရှိ မြန်မာ အလုပ်သမားများ ဧပြီ ၂၃ရက်မှ စတင် ၍ နိုင်ငံအတွင်းသို့ တရားဝင်ငွေ လွှဲနိုင်ပြီဖြစ် သည်။ ငွေလွှဲ ရာတွင် ပြည်ပရောက် အလုပ်သမား များ သာဆောင်ရွက် နိုင်မည်ဖြစ်သဖြင့် တစ်ရက်လျှင် စင်ကာပူနိုင်ငံ သုံးငွေ ၃၀၀၀ သာလွှဲ ပို့နိုင်သည်။ ငွေလွှဲ ၀န်ဆောင်ခမှာလည်း တစ်ကြိမ်လျှင် ပမာဏ မည်မျှ ပင်ဖြစ်စေ အမေရိကန်ဒေါ်လာဖြင့် တွက်ပါက လေးဒေါ်လာ နီးပါးပေးဆောင် ရမည်၊ ပြည်တွင်း မှ ငွေလွှဲ ၀န်ဆောင်မှုကို ရန်ကုန်မြို့မှအပ အခြားသော မြို့များသို့ ပေးပို့ရမည် ဆိုပါက ပြည်တွင်းငွေလွှဲနှုန်း အတိုင်းဝန်ဆောင်စရိတ်ယူမည်ဟု သမ၀ါယမဘဏ် (CB) ဘဏ်လီမိတက်မှမန်နေဂျင်းဒါရိုက်တာ ဦးဖေမြင့်က ဆိုသည်။
"စီးပွားရေး လုပ်ငန်းကြီးတွေ၊ နှစ်နိုင်ငံကုန်သွယ်ရေးလုပ် ငန်းကြီးတွေကတော့ ဆွစ်ဖ် SWIFT စနစ်ပြီးမှ လုပ်လို့ရမယ်"ဟုဦးဖေမြင့်ကရှင်းပြသည်။ စင်ကာပူနိုင်ငံမှ ငွေလွှဲလုပ်ငန်းကို All Best Exchange Co.,Ltd ပုဂ္ဂလိကငွေလွှဲဝန်ဆောင်မှုလုပ်ငန်းနှင့် ပြည်တွင်းရှိ သမ၀ါယမဘဏ်တို့က ချိတ်ဆက် ၍ စတင်ဆောင်ရွက်လျက်ရှိ သည်။ ထို့အပြင် ဧပြီလကုန်ပိုင်းတွင် မလေးရှားနိုင်ငံမှလည်း နိုင်ငံခြားငွေလွှဲလုပ်ငန်းကို လုပ်ကိုင်ရန် စီစဉ်ထားကြောင်း သမ၀ါယမ ဘဏ်မှစုံစမ်း သိရသည်။
"လောလော ဆယ်တော့လုပ်ဖို့ အစီအစဉ်မရှိသေးဘူး"ဟု AGD အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက နိုင် ငံခြားငွေ လဲ ၀န်ဆောင် မှုလုပ်ငန်းနှင့် ပတ်သက် 7Day News ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။ နိုင်ငံတော်က ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၁ ခုကို ၂၀၁၁ နိုဝင်ဘာ ၂၅ ရက်မှစတင်၍ နိုင်ငံခြားငွေ ရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ချပေးခဲ့သည်။
7Day News


Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, April 22, 2012

မြန်မာနိုင်ငံရဲ့ အကြွေး ၃.၇၂ ဘီလျံကို ဂျပန်နိုင်ငံက လျှော်ပစ်


မြန်မာနိုင်ငံက ဂျပန်နိုင်ငံကို ပေးရန်ရှိနေတဲ့ ကြွေးမြီ ယန်းပေါင်း ၃၀၃.၅ ဘီလျံ (အမေရိကန်ဒေါ်လာ ၃.၇၂ ဘီလျံ) ကို လျှော်ပစ်ရန် ဂျပန်နိုင်ငံက သဘောတူညီခဲ့ပြီး မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးမှု ခိုင်မာစေရေးအတွက် တရားဝင် ဖွံ့ဖြိုး တိုးတက်ရေး အကူအညီ ချေးငွေများ ပြန်လည်စတင်ရန် လမ်းစပွင့်သွားပြီဖြစ်ကြောင်း ဂျပန်နိုင်ငံကို ရောက်နေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကို နိုဒါတို့ ၂၀၁၂ ဧပြီ ၂၁ ရက်နေ့တွင် ထုတ်ပြန်တဲ့ ပူးတွဲ ကြေငြာချက်တွင် ဖော်ပြထားပါတယ်။ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ မဲခေါင်ဒေသနိုင်ငံများနဲ့ ဂျပန်နိုင်ငံတို့ အစည်းအဝေး တက်ရောက်ရန် ဂျပန်နိုင်ငံ တိုကျိုမြို့ကို ဧပြီ ၂၀ ရက်နေ့က ရောက်ရှိခဲ့ပါတယ်။ မဲခေါင်ဒေသနိုင်ငံများတွင် မြန်မာ၊ ကမ္ဘောဒီးယား၊ လော၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံများ ပါဝင်ပြီး ဧပြီ ၂၁ ရက်နေ့၌ မဲခေါင်ဒေသနိုင်ငံများနဲ့ ဂျပန်နိုင်ငံတို့ရဲ့ အစည်းအဝေး ကျင်းပခဲ့ကြပြီးနောက် မဲခေါင်ဒေသနိုင်ငံ ငါးနိုင်ငံကို ဂျပန်နိုင်ငံက သုံးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၇.၄ ဘီလျံ အကူအညီများ ပေးဖို့ ဂတိပြုလိုက်ပါတယ်။ အဲဒီလို ပေးအပ်မှုနဲ့ ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ် ဟိုရှီဟီကို နိုဒါက "မဲခေါင်ဒေသ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး မရှိရင် အရှေ့အာရှ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလည်း ဖြစ်နိုင်မှာ မဟုတ်ကြောင်း" အစည်းအဝေးအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါတယ်။ ထိုသို့ ဂျပန်နိုင်ငံနဲ့ မဲခေါင်ဒေသနိုင်ငံများ အစည်းအဝေး ကျင်းပတဲ့နေ့မှာပဲ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကို နိုဒါတို့ရဲ့ အစည်းအဝေး ကျင်းပခဲ့ကြကာ မြန်မာနိုင်ငံက ဂျပန်နိုင်ငံကို ပေးရန်ရှိနေတဲ့ ကြွေးမြီ ယန်းပေါင်း ၃၀၃.၅ ဘီလျံ (အမေရိကန်ဒေါ်လာ ၃.၇၂ ဘီလျံ) ကို လျှော်ပစ်ရန် ဂျပန်နိုင်ငံက သဘောတူညီခဲ့ပြီး မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးမှု ခိုင်မာစေရေးအတွက် တရားဝင် ဖွံ့ဖြိုး တိုးတက်ရေး အကူအညီ ချေးငွေများ ပြန်လည်စတင်ရန် လမ်းစပွင့်သွားပြီဖြစ်ကြောင်း ပူးတွဲ ကြေငြာချက် ထုတ်ပြန်ခဲ့လိုက်ပါတယ်။ ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ဧပြီ ၂၂ ရက်နေ့တွင် တိုကျိုလျှပ်စစ်စွမ်းအင် ကုမ္ပဏီ (Tokyo Electric Power Co.) နဲ့ လျှပ်စစ်စွမ်းအား ဖွံ့ဖြိုးရေး ကုမ္ပဏီ (Electric Power Development Co.) တို့ လည်ပတ်လုပ်ကိုင်နေတဲ့ ဓါတ်အားပေးစက်ရုံများကို သွားရောက် လည်ပတ်ရန် ရှိကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကို ကိုးကားပြီး ဘလွန်းဘတ် သတင်းတွင် ဖော်ပြထားပါတယ်။ မြန်မာအာဏာပိုင်တွေအနေနဲ့ သီလ၀ါ၊ ကျောက်ဖြူနဲ့ ထားဝယ်ဆိပ်ကမ်း စီမံကိန်းများတွင် ဂျပန်လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှုများ ထည့်ဝင်ရန် လိုလားနေသလို ဒေါ်လာ ၈.၆ ဘီလျံတန်ဖိုးရှိတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း လုပ်ကိုင်နေတဲ့ အီတာလျံ ထိုင်း ဖွံ့ဖြိုးရေး ကုမ္ပဏီကလည်း ဂျပန်နိုင်ငံရဲ့ ငွေကြေးအကူအညီ လိုအပ်နေပါတယ်။ ဂျပန်နိုင်ငံက ပေးအပ်မယ့် အကူအညီများတွင် ပြည်သူလူထုဘ၀ ဖွံ့ဖြိုး တိုးတက်ရေး၊ စီးပွားရေးနဲ့ လူမှုအဆောက်အဦ ဖွံ့ဖြိုး တိုးတက်ရေး၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ရေရှည် တည်တံ့ရန် အခြေခံ အဆောက်အဦနဲ့ စနစ်များ ဖွံ့ဖြိုးရေးလုပ်ငန်းများ ပါဝင်ပါတယ်။ ထို့အပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု၊ သတင်းနဲ့ ဆက်သွယ်ရေး နည်းပညာဆိုင်ရာကိစ္စများ၊ ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု ပိုမို တိုးတက်စေရေးနဲ့ နှစ်ဦးနှစ်ဘက် ကုန်သွယ်မှု အရှိန်အဟုန် တိုးမြှင့်ရေး၊ စွမ်းအင်နဲ့ တွင်းထွက်ဆိုင်ရာ လေ့လာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု တိုးတက်စေရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး၊ နီပွန် ထုတ်ကုန်နဲ့ ရင်းနှီးမြှုပ်နှံမှု အာမခံဌာနရဲ့ ဒေါ်လာ သန်း ၅၀၀ ထောက်ပံ့မှုကိစ္စများ ဆက်သွယ်ဆောင်ရွက်ရန် နှစ်နိုင်ငံ သဘောတူညီခဲ့ကြသလို သီလ၀ါဆိပ်ကမ်း ဖွံ့ဖြိုးရေး စီမံကိန်းအတွက် သဘောတူ စာချုပ် ချုပ်ဆိုမှုကိုလည်း နှစ်နိုင်ငံခေါင်းဆောင်များက ကြိုဆိုခဲ့ကြပါတယ်။
  ကိုးကား http://news.yahoo.com/japan-pledges-7-4-billion-mekong-development-113939440--finance.html
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဒရော့ဘာရဲ့ဂိုးနဲ့ ဘာစီလိုနာကို အိမ်ကွင်းမှာ ချေမှုန်းလိုက်တဲ့ ချယ်ဆီး

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်ဖြစ်တဲ့ ချယ်ဆီးနဲ့ ဘာစီလိုနာတိုရဲ့ ပထမအကျော့မှာ ချယ်ဆီးအသင်းက ဒရော့ဘာရဲ့ ဂိုးနဲ့ လက်ရှိချန်ပီယံ ဘာစီလိုနာကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ဂ်ျမှာအနိုင်ယူပြီး ကမ္ဘာ့ဘောလုံးပရိသတ်ကို အံ့အားသင့်စေခဲ့ပါတယ်။

အနိုင်ဂိုးသွင်းပြီး အောင်ပွဲခံနေတဲ့ ဒရော့ဘာ (ဓာတ်ပုံ - cp24.com)
ရာသီအစမှာ ခြေစွမ်းမတည်မငြိမ်ဖြစ်ခဲ့တဲ့ ချယ်ဆီး အသင်းဟာ လက်ရှိ ယာယီကိုင်နေတဲ့ နည်းပြသစ် ဒီမက်တီယို လက်ထက်မှာ တဟုန်ထိုး ခြေစွမ်းပြန်တက်လာပြီး အခုလို နာမည်ကြီး ဘာစီလိုနာကို ပထမအကျော့မှာ အနိုင်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ချယ်ဆီးအသင်းမှာ (ဂိုး) ပီတာချက်၊ အီဗာနိုဗစ်၊ ကာဟေးလ်၊ တယ်ရီ၊ ကိုးလ်၊ ရာမီရက်စ်၊ လမ်းပတ်၊ မီကယ်၊ မီရာလက်စ်၊ မာတာ၊ ဒရော့ဘာတို့နဲ့ ပွဲထွက်လာပြီး တောရက်စ်ဟာ အရန်ခုံမှာ ဘော့စင်ဝါ၊ ကာလူး၊ အက်ဆီယန်၊ မာလူဒါ၊ စတာရစ်ဂ်ျ တို့နဲ့ အတူပါဝင်လာပါတယ်။
နည်းပြ ဂါဒီယိုလာကတော့ ဘာစီလိုနာ အသင်းကို (ဂိုး) ဗယ်ဒက်စ်၊ အဲယ်ဗက်စ်၊ ပူယိုလ်၊ မာရှေရာနို၊ အက်ဒရီယာနို၊ ဖာဘရီဂက်စ်၊ ဇာဗီ၊ ဘက်စကွက်၊အင်နီယေစတာ၊ မက်ဆီနဲ့ ဆန်းချက်စ်တို့ အတွဲနဲ့ ပွဲထွက်လာပါတယ်။
ပထမပိုင်းအစမှာ ဘာစီလိုနာအသင်းက အေးအေးဆေးဆေး ဘောလုံးကိုင်ကစားပြီး ထိုးဖောက်ကစားရာမှာ ဆန်းချက်စ် ဂိုးသမားကို ကျော်ပြီး ကန်တဲ့အလုံးက တိုင်ထိပြီး ပြန်ထွက်လာသလို၊ မက်ဆီ တကိုယ်တော်ပြေးဆွဲလာပြီး ဖြူးပေးလိုက်တဲ့ ဘောလုံးကို ဖာဘရီဂက်စ် ကန်တာ ဂိုးစည်းမကျော်ခင် အက်ရှလေကိုးလ် ကဖျက်ထုတ်တာကြောင့် ပထမ ၁၅ မိနစ်အတွင်းမှာတင် ဘာစီလိုနာ အသင်း ၂ ဂိုး ရမယ့်အခွင့်အရေး ဆုံးရှုံးခဲ့ပါတယ်။
ချယ်ဆီးအသင်းကတော့ ကွင်းလယ်မှာ အကောင်းဆုံး ခံစစ်အနေနဲ့ ကစားသွားပြီး ဘောလုံးရရင် တန်ပြန်တိုက်စစ်နဲ့  ဒရော့ဘာ တဦးတည်းကို အထောင်ထားပြီး တိုက်စစ်ဆင် ကစားသွားတာကိုလည်း ဘာစီလိုနာ နောက်တန်းတွေ မနည်းဖျက်ထုတ်ခဲ့ရပါတယ်။ ပထမပိုင်းပြီးခါနီးမှာ လမ်းပတ် ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ရာမီရက်စ် ပြေးပြီး ပြေးလမ်းကြောင်းထဲ ချပေးလိုက်တဲ့ဘောလုံးကို ဒရော့ဘာက အမှားအယွင်းမရှိ ကန်သွင်းသွားတာကြောင့် ချယ်ဆီးအသင်း ဦးဆောင်ဂိုး စတင်ရရှိသွားပါတယ်။
ဒုတိယပိုင်းမှာတော့ ဘာစီလိုနာ အသင်းက ဇာဗီ၊ ဖာဘရီဂက်စ်၊ ဆန်းချက်စ် တို့ကိုထုတ်ပြီး ကူအန်ကာ၊ ပက်ဒရို၊ သီယာဂို တို့ကိုထည့်ပြီး တိုက်စစ်ပိုမြှင့်ခဲ့သလို ချယ်ဆီးအသင်းကလည်း မာတာ၊ ရာမီရက်စ်တို့အစား ကာလူး၊ ဘော့စင်ဝါ တို့ကိုထည့်ကစားပြီး ချေပဂိုး ပြန်မပေးရရေး ပိတ်ကစားသွားပါတယ်။
ဘာစီလိုနာအသင်း တိုက်စစ်မှူး မက်ဆီဟာ ချယ်ဆီး နောက်တန်းကို တကိုယ်တော် ကျော်ဖြတ်ပြေးမှုတွေ လုပ်ခဲ့ပေမယ့်  ဘာကာ ရှေ့တန်းကစားသမားတွေ လှုပ်မရတာကြောင့် ချေပဂိုးမသွင်းနိုင်ဘဲ စတမ်းဖို့ဒ်ဘရစ်ဂ်ျ မှာ ဘာစီလိုနာအသင်း အရှုံးပေးလိုက်ရပါတယ်။
ပွဲအပြီးမှာ ချယ်ဆီးနည်းပြ ဒီမက်တီယိုက  "ကျနော်တို့အတွက် အလွန်ကောင်းတဲ့ရလဒ်ပါ။ ဘာစီလိုနာလို အသင်းနဲ့ ကစားရင် နောက်တန်းခိုင်မာအောင် ပြုလုပ်ဖို့ လိုပါတယ်။ သူတို့ဟာ ဘောလုံးကိုင်ကစားတာ တအားကောင်းပြီး တတ်နိုင်သမျှ သူတို့ရဲ့ထိုးဖောက်မှုကို ဟန့်တားပြီး အကယ်၍ ကျနော်တို့ တိုက်စစ်ဆင်တဲ့အခါလည်း အခွင့်အရေး တခါဆိုတခါ အသုံးချနိုင်ဖို့ လိုအပ်ပါတယ်။ ဒရော့ဘာရဲ့ ဂိုးဟာ ကျနော်တို့အတွက် အရေးပါသလို ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုကလည်း တအားကောင်းခဲ့ပါတယ်။ အခု အခွင့်အရေးက ၅၀-၅၀ ရှိတုန်းပါပဲ။ ဒုတိယအကျော့မှာ ကျနော်တို့ ဘာစီလိုနာကွင်း နူးကမ့်မှာ သွားကန်ရင် ဒီ့ထက်ပို ကြိုးစားရဦးမှာပါ" ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။
ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယ အကျော့ပွဲစဉ်တွေကို လာမယ့် တပတ်မှာ ပြန်လည်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်များ
ဧပြီ ၂၄ – ဘာစီလိုနာ vs ချယ်ဆီး
ဧပြီ ၂၅ – ရီးယဲမက်ဒရစ် vs ဘိုင်ယန်မြူးနစ်
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed