ဂရိတ်ဗြိတိန်အသင်းအတွက် စတူးဝပ် ပီယာ့စ်ရဲ့ အထင်ကြီးမှုမရရှိခဲ့သည့် ဒေးဗစ် ဘက်ခမ်း
စတူးဝပ်ပီယာ့စ်သည် ဂရိတ်ဗြိတိန်အသင်းလူစာရင်းအတွက် ဒေးဗစ် ဘက်ခမ်း၏ခြေစွမ်းအား အကဲခတ်ရန် ပြီးခဲ့သည့်အပတ် အယ်လ်အေ ဂလက်ဆီအသင်းကစားခဲ့သည့် မေဂျာလိဂ်ပွဲအား သွားရောက်ကြည့်ရှုခဲ့ပြီး၊ အဆိုပါပွဲတွင် ဒေးဗစ် ဘက်ခမ်းမှာ စတူးဝပ်ပီယာ့စ် သဘောကျလောက်အောင် ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိကြောင်း သိရှိရသည်။
စတူးဝပ်ပီယာ့စ်သည် ပြီးခဲ့သည့်စနေနေ့က ဒေးဗစ် ဘက်ခမ်းအား စောင့်ကြည့်လေ့လာရန်အတွက် လော့အိန်ဂျယ်လိစ်သို့ ရောက်ရှိနေခဲ့သည်။ ဒေးဗစ် ဘက်ခမ်းသည် ဒီနွေအိုလံပစ်ပြိုင်ပွဲဝင်မည့် စတူးဝပ် ပီယာ့စ်၏ ဂရိတ်ဗြိတိန်အသင်းက အသက်လွန် ကစားသမား(၃)နေရာထဲက တစ်နေရာအတွက် တိုက်ပွဲဝင်နေသူဖြစ်သည်။ ဂလက်ဆီအသင်းသည် ပွဲပြီးခါနီးတွင်ရရှိသည့် သရေကျမည့် အခွင့်အရေးအား မလွဲချော်ခင် ပြုလုပ်ခဲ့သည့် ဒေးဗစ် ဘက်ခမ်း၏ အမှားနှင့်အတူ နယူးယောက်ခ် ရက်ဘူးစ်အသင်းအား (၁-၀)ဂိုးမရှိဖြင့် ရှုံးနိမ့်သွားခဲ့သည်။ အဆိုပါပွဲတွင် မိနစ်(၉၀)အပြည့် ပါဝင်ကစားခဲ့သည့် ဒေးဗစ် ဘက်ခမ်းက မနှစ်က မေဂျာလိပ်ဖလားရရှိပြီးနောက်၊ ဒီနှစ်ဘောလုံးရာသီတွင် အဆင့်(၇)နေရာ၌ ရပ်တည်နေရသည့် အသင်း၏ လက်ရှိပုံစံအား စိတ်ပျက်မိကြောင်း ပြောကြားသွားခဲ့သည်။
"အသင်းရဲ့အခြေအနေက တစ်ပတ်ပြီး၊ တစ်ပတ် ပိုဆိုးလာပါတယ်၊ ကျွန်တော်တို့ အခွင့်အရေးတွေ ရရှိခဲ့ပေမယ့်၊ အသုံးမချနိုင်ခဲ့ပါဘူး၊ "
""နှစ်ပွဲကစားရမှုနဲ့အတူ၊ အသင်းရဲ့ခံစစ်က ဆိုးဝါးခဲ့ပါတယ်၊ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ရတာ အရမ်းကို စိတ်ပျက်ဖို့ကောင်းပါတယ်"ဟု ဘက်ခမ်းက ပြောကြားသွားခဲ့သည်။
အဆိုပါပွဲအား နယူးကာဆယ်အသင်းဖော်ဟောင်း ၀ါရန် ဘာတန်နှင့်အတူ ကြည့်ရှုခဲ့သည့် စတူးဝပ် ပီယာ့စ်သည် မေလအကုန်တွင် သူ့အသင်း၏ ကစားသမား(၁၈)ဦးစာရင်းအား ကြေညာသွားမည်ဖြစ်သည်။
အမေရိကသို့ လေယာဉ်ဖြင့်မလာရောက်ခင်၊ ပီယာ့စ်က - "ကျွန်တော့်အနေနဲ့ အသင်းမှာပါဝင်ဖို့ ထိုက်တန်တဲ့ခြေစွမ်းရှိသလားဆိုတဲ့အပေါ်မှာပဲ ရွေးချယ်သွားမှာပါ၊ ဘက်ခမ်းရဲ့ လက်ရှိခြေစွမ်းကို တွေ့ရတဲ့အခါကျရင်တော့ ၊ ကျွန်တော့်အနေနဲ့ပိုပြီး ဆုံးဖြတ်လာနိုင်ပါလိမ့်မယ်"ဟု စတူးဝပ်ပီယာ့စ်က ပြောကြားခဲ့သည်။ |
Wednesday, May 9, 2012
အထင်ကြီးမှုမရရှိခဲ့သည့် ဒေးဗစ် ဘက်ခမ်း
မန်စီးတီးအသင်းနှင့် ပေါင်(၂၂)သန်းတန်ကြေးရှိ စာချုပ်သစ်ချုပ်ဆိုတော့မည့် ရောဘတ်တို မန်စီနီ

မန်စီးတီးအသင်းသည် နည်းပြမန်စီနီအား ပေါင်(၂၂)သန်းတန်ကြေးရှိ စာချုပ်သစ်ချုပ်ဆိုခြင်းဖြင့် ပရီးမီးယားလိဂ်ချန်ပီယံများအဖြစ် အောင်ပွဲခံချင်ကြောင်း သိရှိရသည်။
မန်စီနီ၏ အဆိုပါလေးနှစ်သက်တမ်းရှိစာချုပ်သစ်သည် သူ့အား ဖာဂူဆန်ကိုကျော်ဖြတ်ကာ၊ အင်္ဂလန်၏ လစာအများဆုံးရနည်းပြအဖြစ်သို့ ရောက်ရှိစေမည်ဖြစ်သည်။
ဒီရာသီ ပရီးမီးယားလိဂ်ဖလားအား လွဲချော်ခဲ့ရင်တောင်မှ၊ မန်စီးတီးအသင်းသည် နည်းပြမန်စီနီ၏ လက်ရှိရနေသည့် တစ်နှစ် ပေါင်(၂)သန်းလစာအား ပေါင် (၅.၅)သန်းသို့ တိုးမြှင့်ကမ်းလှမ်းသွားရန်စီစဉ်နေကြောင်း သိရှိရသည်။
သို့ပါသော်လည်း မန်စီးတီးတာဝန်ရှိသူများသည် မန်ယူ၏နောက် (၈)မှတ်ကွာဟနေရာမှ၊ ယခုလို ကျော်တက်လာနိုင်ပြီးနောက်တွင်မှ၊ နည်းပြမန်စီနီအား စာချုပ်သစ်ချုပ်ဆိုရန် ပိုမိုလိုလားလာခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိတွင် အဆိုပါနှစ်သင်းသည် ရမှတ်တူညီနေသော်လည်း၊ မန်စီးတီးအသင်းက မန်ယူထက် (၈)ဂိုးအသာရလျှက်ရှိနေသည်။
ထို့ကြောင့် လာမည့်တနင်္ဂနွေတွင် ကျူပီအာအသင်းအား အနိုင်ရရှိခဲ့ပါက၊ မန်စီးတီးအသင်းသည် နှစ်ပေါင်း (၄၄)နှစ်ကြာကင်းကွာနေသည့် ပရီးမီးယားဆုဖလားအား ကိုင်မြှောက်ခွင့်ရရှိမည်ဖြစ်သည်။
လက်ရှိတွင် မန်စီနီသည် နောက်ရာသီအတွက် ပြင်ဆင်မှုများပြုလုပ်နေပြီး၊ အသင်းနှင့် စာချုပ်သက်တမ်း တစ်နှစ်ကျန်နေသေးသော်လည်း၊ စာချုပ်သစ်ချုပ်ဆိုရန် ငြင်းဆိုနေသည့် အာဆင်နယ်တိုက်စစ်မှူး ဗန်ပါစီအား ပေါင် သန်း(၃၀)ဖြင့် ခေါ်ယူရန် အသင်းပိုင်ရှင် ရှိတ်မန်ဆော်၏ ခွင့်ပြုချက်အားလည်း ရရှိထားသည်။
မန်စီးတီးအသင်းသည် အသက် (၂၁)နှစ်ရှိ လိုင်လီစတား အီဒင် ဟာဇက်ဇ်အား ပေါင်(၂၅)သန်းဖြင့် ခေါ်ယူခြင်းဖြင့်၊ ပြိုင်ဘက် မန်ယူအသင်းအား နောက်ကောက်ချနိုင်မည်ဟု ရေပန်းစားလျှက်ရှိနေပြန်သည်။

မော်ရင်ဟို က လူသစ်ဝယ်ဖို့ ကာကာနဲ့ ဒီအာရာကို ရောင်းချင်သော်လည်း
လူသစ်ဝယ်ဖို့ ကာကာနဲ့ ဒီအာရာကို ရောင်းချင်သော်လည်း အရောင်းခက်နေသည့် မော်ရင်ဟို
ရီးယဲမက်ဒရစ်အသင်းသည် လာမည့်ရာသီအတွက် ပြင်ဆင်မှုအဖြစ် ကစားသမားအချို့ကို ရောင်းချဖို့ ကြံရွယ်နေကာ ကာကာကဲ့သို့သော် ကမ္ဘာ့အကောင်းဆုံး ကစားသမား စါရင်းဝင် ကစားသမားများလည်း ပါဝင်လျက် ရှိနေသည်။
လာလီဂါချန်ပီယံ နည်းပြ မော်ရင်ဟိုအနေဖြင့် ရာသီသစ်အတွက် ကစားသမား အသစ် ခေါ်ယူဖို့အတွက် အချို့သော ကစားသမားများကိုရောင်းချ ရမည် ဖြစ်ရာ ကြယ်စင်စု၏ အရောင်းစါရင်းထဲတွင် ဘရာဇီးသား ကာကာနှင့် ပြင်သစ်သာ ဒီအာရာတို့ ပါဝင်လျက်ရှိနေသည်။
စပိန်မှနာမည်ကြီး သတင်းစာ တစ်ခု ဖြစ်သည့် မာကာ၏ အဆိုအရ နောက်ခံလူ ရာအူးအဘီလိုနှင့် ဂိုးသမား အန်တိုနီယိုအဒမ်တို့သည် အသင်းမှ ထွက်ခွာလိုလျက် ရှိနေသော်လည်း ၄င်းတို့မှာ မော်ရင်ဟို၏ အဓိက အားထားရသည့် ကစားသမားများ ဖြစ်နေသည့်အတွက် အသင်းပြန်လည်တည်ဆောက်ရေးတွင် ထည့်သင်းဖို့ စပယ်ရှယ်ဝမ်းသည် လျာထားလျက်ရှိနေသည်ဟု သိရသည်။
မော်ရင်ဟို ရောင်းချလိုနေသည့် ကာကာ၊ ဒီအာရာနှင့် ဟာမစ်အယ်တင်တော့ဖ်တို့ ဖြစ်သော်လည်း ၄င်းတို့ကိုလည်း စိတ်ဝင်စားသည့် ကလပ်အများအပြား ရှိနေကြသည်။ သို့သော်လည်း အဆိုပါ ကစားသမားများအတွက် ပေးရမည့်လစာနှင့် အရောင်းအ၀ယ် တန်ကြေးမှာ မြင့်မားလှသည့်အတွက် ၄င်းတို့အား ၀ယ်ယူလိုသည့် ကလပ်များမှာ စဉ်းစားချင့်ချိန်ရလျက် ရှိနေသည်။
နောက်ခံလူ ရီကာဒိုကာဗယ်ဟိုသည်လည်း အသင်းမှ ထွက်ခွာသွားနိုငသော်လည်း မော်ရင်ဟိုကမူ လာမည့်နှစ် ၄င်း၏ လူစါရင်းတွင် ထည့်သွင်းထားပြီး ဖြစ်ကြောင်း ပြောကြားခဲ့သေးသည်။
လာလီဂါချန်ပီယံ နည်းပြ မော်ရင်ဟိုအနေဖြင့် ရာသီသစ်အတွက် ကစားသမား အသစ် ခေါ်ယူဖို့အတွက် အချို့သော ကစားသမားများကိုရောင်းချ ရမည် ဖြစ်ရာ ကြယ်စင်စု၏ အရောင်းစါရင်းထဲတွင် ဘရာဇီးသား ကာကာနှင့် ပြင်သစ်သာ ဒီအာရာတို့ ပါဝင်လျက်ရှိနေသည်။
မော်ရင်ဟို ရောင်းချလိုနေသည့် ကာကာ၊ ဒီအာရာနှင့် ဟာမစ်အယ်တင်တော့ဖ်တို့ ဖြစ်သော်လည်း ၄င်းတို့ကိုလည်း စိတ်ဝင်စားသည့် ကလပ်အများအပြား ရှိနေကြသည်။ သို့သော်လည်း အဆိုပါ ကစားသမားများအတွက် ပေးရမည့်လစာနှင့် အရောင်းအ၀ယ် တန်ကြေးမှာ မြင့်မားလှသည့်အတွက် ၄င်းတို့အား ၀ယ်ယူလိုသည့် ကလပ်များမှာ စဉ်းစားချင့်ချိန်ရလျက် ရှိနေသည်။
နောက်ခံလူ ရီကာဒိုကာဗယ်ဟိုသည်လည်း အသင်းမှ ထွက်ခွာသွားနိုငသော်လည်း မော်ရင်ဟိုကမူ လာမည့်နှစ် ၄င်း၏ လူစါရင်းတွင် ထည့်သွင်းထားပြီး ဖြစ်ကြောင်း ပြောကြားခဲ့သေးသည်။
မန်ချက်စတာမြို့ဆီသို့ တေးဗက်စ်၏ မိသားစု ပြောင်းရွှေ့
မန်ချက်စတာမြို့ဆီသို့ တေးဗက်စ်၏ မိသားစု ပြောင်းရွှေ့လာ၊ မန်စီနီနှင့် အဆင်ပြေနေကြောင်း တေးဗက်စ်ဖွင့်ဟ

"ကျွန်တော် ပြန်လာတဲ့အချိန်ကစရင် အခုချိန်ဟာ တကယ့်ကောင်းတဲ့ ခံစားချက်ပါဘဲ။ အလွန်ကိုလည်း သက်တောင့်သက်သာ ရှိနေပြီး မန်စီးတီးအတွက် တကျော့ပြန်ကစားရတဲ့အတွက်လည်း ကျေနပ်ပျော်ရွှင်နေပါတယ်။ မန်နေဂျာနဲ့ ကျွန်တော့် မိသားစုတွေနဲ့လည်း ပုံမှန်အတိုင်း အဆင်ပြေနေပါတယ်။ ကျွန်တော့်နဲတော့ သူဟာ တကယ်ကောင်းတဲ့ သူပါဘဲ။ လုံးဝကို ပြဿနာမရှိပါဘူး။ သူဟာ ပွဲတွေကို အနိုင်ရချင်တယ် အောင်လဲ အောင်မြင်တယ် တကယ်လို့သာ ကျွန်တော်ဟာ သူ့ရဲ့ အသင်းမှာ တစိတ်တဒေသအဖြစ် ပါဝင်ကူညီခွင့်ရနေရင် တကယ်ဘဲ အပတ်တကုတ်နဲ့ ကြိုးစားကစားပေးသွားမှာပါ"ဟု တေးဗက်စ်က ပြောကြားသွားခဲ့သည်။
လွန်ခဲ့သော လအနည်းကဆိုလျှင် တေးဗက်စ်သည် အိမ်လွမ်းသည်ဟု ဆိုသည့် အကြောင်းပြချက်ဖြင့် အာဂျင်တီးနားသို့ ပြန်သွားခဲ့ပြီး လအတန်ကြာ မန်စီးတီးသို့ ပြန်မလာဘဲ နေခဲ့ပြီး အသင်းမှ ထုတ်ခံရမည်လော အသင်းပြောင်းတော့မည်လော ဆိုသည့်သတင်းပေါင်းစုံ ထွက်ခဲ့သေးသည်။
Monday, May 7, 2012
့ ဖရန့်လမ်းပတ် မြူးနစ်တွင် သူ၏ (၁၀)ခုမြောက်ဆုဖလားအား ကိုင်မြှောက်ချင်နေသည်
မြူးနစ်တွင် သူ၏ (၁၀)ခုမြောက်ဆုဖလားအား ကိုင်မြှောက်ချင်နေသည့် ဖရန့်လမ်းပတ်
ဝင်ဘလေကွင်းတွင် ချယ်လ်ဆီးအသင်းအတွက် သူ၏ ကိုးခုမြောက် ဆုဖလားအား ကိုင်မြှောက်ခဲ့သည့် ဖရန့်လမ်းပတ်က သူ့အနေဖြင့် မြူးနစ်ဖိုင်နယ်တွင် သူ၏ ဆယ်ခုမြောက်ဆုဖလားအား ကိုင်မြှောက်ချင်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။
လမ်းပတ် (၃၃)နှစ်သည် စတမ်းဖို့ဗရစ်ခ်ျက သူ၏ (၁၁)နှစ်တာ ကစားသမားဘ၀အတွင်း ပြည်တွင်းရှိ ဆုဖလားအားလုံးအား ရယူနိုင်ခဲ့သည်။
သို့ပါသော်လည်း ဥရောပအောင်မြင်နှင့်မူ၊ ဝေးကွာနေခဲ့သောကြောင့်၊ ဖရန့်လမ်းပတ်က လာမည့်မေ (၁၉)တွင် ကျင်းပမည့် ချန်ပီယံလိဂ်ဖိုင်နယ်တွင် အောင်မြင်မှုရယူသွားရန် ဆန္ဒရှိနေခြင်းဖြစ်သည်။
"ကျွန်တော် အက်ဖ်အေဖလား (၄)ကြိမ်၊ ပရီးမီးယားလိဂ်ဖလား (၃)ကြိမ်၊ ကားလင်းဖလား (၂)ကြိမ်ရယူပြီးပါပြီ၊ ဒီလို ဆုဖလား ကိုးခုရယူနိုင်တာ ကောင်းပါတယ်၊ ဒါပေမယ့် ဆယ်ခု ရယူနိုင်ရင်တော့ ပိုကောင်းပါလိမ့်မယ်"
"၀က်စ်ဟမ်းကနေ ပြောင်းလာတုန်းက၊ အခုလိုမျိုး အောင်မြင်မှုတွေ ရလိမ့်မယ်လို့ မမျှောင့်လင်ခဲ့ပါဘူး၊ ဒါပေမယ့် ချယ်လ်ဆီးဟာ အသင်းကြီးတစ်သင်းဖြစ်ပြီး၊ ဒါဟာ ကျွန်တော့်အတွက် ကြီးမားတဲ့ခြေလှမ်းတစ်ရပ်ဆိုတာ သိခဲ့ပါတယ်"
"အခုလို အောင်မြင်မှုတွေအတွက် အသင်းပိုင်ရှင်ကို ကျေးဇူးတင်ရပါမယ်၊ သူမရောက်ခင်နှစ်က အသင်းက ချန်ပီယံလိဂ်မှာ မအောင်မြင်ခဲ့ပါဘူး၊ သူရဲ့အသင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေက ခြားနားသွားစေခဲ့တာပါ"
"ကျွန်တော်တို့ ချန်ပီယံလိဂ်ဖလားရခဲ့ရင်တော့၊ ဒါဟာ အရမ်းဂုဏ်ယူဖို့ကောင်းပါလိမ့်မယ်၊ ဘေယန်မြူးနစ်ဟာ အသင်းကောင်းတစ်သင်းပါ၊ သူတို့ ရီးရဲလ်နဲ့ ကစားခဲ့တဲ့ပွဲကို ကြည့်ခဲ့ပါတယ်"
"သတင်းတွေကတော့ ချန်ပီယံလိဂ်ဖလားကို ဘယ်သူရမယ်ဆိုတာနဲ့ပတ်သက်ပြီး၊ တော်တော် ပြောနေကြပါတယ်၊ ဒါပေမယ့် ဒီအဆင့်မှာ ဘယ်အသင်းမှ ပိုပြီးရေပန်းမစားပါဘူး"ဟု လမ်းပတ်က ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းကလည်း ဒရော့ဘာ အား တစ်နှစ်သက်တမ်းတိုးစာချုပ်ဖြင့် ကမ်းလှမ်းထားသည်။
ဒရော့ဘာအား စာချုပ်သစ်ချုပ်ဆိုသင့်ကြောင်း ချယ်လ်ဆီးအသင်းအား တိုက်တွန်းပြောကြားလိုက်သည့် ဂျွန်တယ်ရီ
ချယ်လ်ဆီးအသင်းခေါင်းဆောင် ဂျွန်တယ်ရီက အသင်းအနေဖြင့် တိုက်စစ်မှူးဒရော့ဘာအား စာချုပ်သစ် ချုပ်ဆိုသင့်ကြောင်း ပြောကြားလိုက်သည်။
ဒရော့ဘာ (၃၄)နှစ်သည် ဒီရာသီအကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး၊ ဂျွန်တယ်ရီက ဒရော့ဘာ၏ အက်ဖ်အေဖလားဖိုင်နယ် ဂိုးသွင်းမှတ်တမ်းအရ၊ စာချုပ်သစ်ချီးမြှင့်သင့်ကြောင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
"ဒရော့ဘာ အသင်းက ထွက်ခွာမယ်ဆိုရင်တော့ ဒါဟာ အရမ်းရှက်ဖို့ကောင်းပါလိမ့်မယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူဟာ အသင်းအတွက် အံ့အားသင့်ဖွယ်စွမ်းဆောင်ပေးခဲ့တာပါ"
"ဒရော့ဘာဟာ ချယ်လ်ဆီးကို ချစ်မြတ်နိုးပြီး၊ နောက်ရာသီ သူအသင်းမှာ ဆက်ရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်"
"ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ နှစ်ပတ်က ချန်ပီယံလိဂ်မှာ အံ့အားသင့်ဖွယ် စွမ်းဆောင်ခဲ့ပါတယ်၊ ဒရော့ဘာအနေနဲ့ အသင်းမှ ဆက်ရှိသင့်တယ်လို့ ထင်ပါတယ်"ဟု တယ်ရီက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် လီဗာပူးအား (၂-၁)ဂိုးဖြင့်အနိုင်ရခဲ့သည့်ပွဲတွင် ဂိုးသွင်းယူပြီးနောက်၊ ဒရော့ဘာသည် အက်ဖ်အေဖလားဖိုင်နယ် လေးကြိမ်တွင် ဂိုးသွင်းယူနိုင်သည့် ပထမဆုံးကစားသမားဖြစ်လာခဲ့သည်။
ဒရော့ဘာအား တရုတ်ဘက်မှ နှစ်နှစ်စာအတွက် ပေါင်သန်း (၂၀)ဖြင့် ခေါ်ယူရန်ကတိပြုထားစဉ်တွင်၊ ချယ်လ်ဆီးအသင်းကလည်း သူ့အား တစ်နှစ်သက်တမ်းတိုးစာချုပ်ဖြင့် ကမ်းလှမ်းထားသည်။
လက်ရှိတွင် ဒရော့ဘာသည် ၀င်ဘလေတွင်ကစားခဲ့သည့် ရှစ်ပွဲတွင် ရှစ်ဂိုးသွင်းယူထားသည်။
"တီဗီအစီအစဉ်တင်ဆက်သူ မပြောခင်အချိန်အထိ၊ ကျွန်တော် ပြီးခဲ့တဲ့ စနေမှာ မှတ်တမ်းတစ်ခု ရေးထိုးလိုက်တယ်ဆိုတာ မသိခဲ့ပါဘူး၊"
"၀င်ဘလေကို ပြန်လာပြီး၊ ဂိုးထပ်သွင်းချင်ပါတယ်၊ ဒါပေမယ့် ကျွန်တော်စွမ်းဆောင်ခဲ့တာကို ကျေနပ်ခဲ့ပြီးပါပြီ၊ ပွဲအပြီးမှာ ကျွန်တော် ကွင်းပြင်ကို နမ်းခဲ့ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလိုအောင်ပွဲခံတာ အရမ်ကောင်းပြီး၊ မှတ်မိနိုင်တာမို့ပါ"ဟု ဒရော့ဘာက ပြောကြားသွားခဲ့သည်။

ကျွန်တော် နံပါတ်တစ် ဖြစ်နေဆဲဆိုတာ သက်သေပြနိုင်ခဲ့ပါပြီ - ပီယာလို

ဂျူဗင်တပ်စ်အသင်း ဒီရာသီ စကူဒက်တိုချန်ပီယံဖြစ်ရန် အဓိက ကူညီခဲ့ပြီးနောက်၊ ကွင်းလယ်လူ ပီယာလိုက သူသည် ကမ္ဘာပေါ်ရှိ အကောင်းဆုံးကစားသမားများထဲမှ တစ်ဦးဖြစ်သည်ဆိုသည်ကို သက်သေပြနိုင်ခဲ့ပြီဖြစ်ကြောင်း ပြောကြားလိုက်သည်။
အဆိုပါကွင်းလယ်လူသည် မနှစ်က အေစီမီလန်အသင်းနှင့်အတူ စီးရီးအေချန်ပီယံဖြစ်ခဲ့သော်လည်း၊ နည်းပြ အယ်လီဂရီလက်အောက်တွင် ရုန်းကန်ခဲ့ရပြီး၊ ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိချေ။
သို့ပါသော်လည်း၊ မနှစ်က နွေတွင် ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့လာမှုနှင့်အတူ၊ နည်းပြ အန်တိုနီယို ကွန်တီ၏ ပီယာလိုအပေါ်မူတည်ပြီး၊ အသင်းအားတည်ဆောက်ထားသည့် နည်းဗျူဟာကြောင့် ပီယာလိုမှာ ဒီရာသီ ဂျူဗင်တပ်စ်အသင်းအတွက် အထူးခြေစွမ်းပြကစားနိုင်ခဲ့သည်။
"ဒီဖလားဟာ ကျွန်တော်တို့နဲ့ ထိုက်တန်ပါတယ်၊ ဒါဟာ ရာသီအစကတည်းက ကျွန်တော်တို့ လိုချင်ခဲ့တဲ့အရာပါ၊ ဒါကို ကျွန်တော်တို့ ကွင်းထဲမှာ ခြေစွမ်းပြနိုင်ခဲ့လို့ ရရှိခဲ့တာလို့ ထင်ပါတယ်"
"ကျွန်တော်တို့ ဖလား လိုချင်ခဲ့ပြီး၊ ရယူနိုင်ခဲ့ပါတယ်၊ ကျွန်တော် မီလန်ကို စွန့်ခွာခဲ့ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ရဲ့ကစားသမားဘ၀မှာ စိတ်လှုပ်ရှားမှုအသစ်တွေ လိုချင်လို့ပါ၊ ဒါကြောင့် ကျွန်တော် ဂျူဗီကို ရွေးချယ်ခဲ့ပြီး၊ သူတို့ရဲ့စီမံကိန်းမှာ ပါဝင်ခဲ့တာပါ"
"ကျွန်တော် ဒီရာသီ ခြေစွမ်းပြန်ပြနိုင်ခဲ့ပါတယ်၊ ကျွန်တော်ဟာ နံပါတ်တစ်လို့ ယုံကြည်ပါတယ်"ဟု ပီယာလိုက ပြောကြားသွားခဲ့သည်။
တစ်နေ့နေ့တွင် သူ၏ ကွင်းလယ်ဖန်တီးမှုတာဝန်အား မည်သူလွှဲပြောင်းယူမည်နည်းဟု မေးမြန်းခဲ့ရာတွင် -
"ကျွန်တော် နှစ်ပေါင်းများစွာ ဆက်ကစားချင်ပါသေးတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်က ဆက်ကစားချင်နေပြီး၊ ဆုဖလားတွေ ရယူသွားချင်သေးလို့ပါ"ဟုပီယာလိုက ပြောကြားသွားခဲ့သည်။

Subscribe to:
Posts (Atom)