BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Tuesday, May 29, 2012

အရက်နာ ကျခြင်း အတွက် နံနက်စာ

အရက်နာ ကျခြင်း အတွက် နံနက်စာညတုန်း ကတော့ ပျော်ပျော်ပါး ပါးကြီး သောက်စား ပျော်ပါး ခဲ့ပေမယ့် မနက် မိုးလင်း အိပ်ရာနိုး တဲ့ အခါမှာ တော့ အရက်နာကျခြင်းရဲ့ ဝေဒနာကို အရက်နာကျခြင်း အတွက် နံနက်စာ ကောင်းကောင်းကြီးခံစား ရပါတော့ တယ်။ ထိုကဲ့သို့နောက်တစ်နေ့မနက် အရက်နာကျခြင်းအတွက် အကောင်း ဆုံးအိမ်တွင်း ကုထုံးတစ်ခုကတော့ လိမ္မော်ရည် ဖြစ် ပါတယ်။
ရေဓာတ် ပြန်လည်ဖြည့်တင်းရာမှာ အလွန် ကောင်းမွန်စေတဲ့အပြင် ဗီတာမင်စီ ပါဝင်တဲ့အတွက် မူးဝေနေတဲ့ခံစားမှုကို သက်သာစေပါတယ်။ ကြက်ဥ သို့ မဟုတ် ဘဲဥနှင့် အနည်းငယ် မီးကင် ထားသောပေါင်မုန့်ကို စားပေးပါက လည်း သက်သာစေနိုင်ပါတယ်။
ဥ မှာပါတဲ့ပရိုတင်းဓာတ်က အသည်း ထဲမှ အယ်လ်ကိုဟောရဲ့ အဆိပ်အ တောက်တွေကို ချေဖျက်ရာမှာ အကူ အညီပေးပါတယ်။ ပေါင်မုန့်မီးကင် ကတော့ အယ်လ် ကိုဟောကြောင့် အန်ခြင်း၊ လေပွခြင်းကို သက်သာစေ နိုင်ပါတယ်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ကာဗာနီကို ပေါင်သန်း ၅၀ဖြင့် ဂျူဗီတို့ ကမ်းလှမ်းပြီ

နာပိုလီတိုက်စစ်မှူး ကာဗာနီကို ပေါင်သန်း ၅၀ဖြင့် ဂျူဗီတို့ ကမ်းလှမ်းပြီ
နာပိုလီတိုက်စစ်မှူး ကာဗာနီကို ပေါင်သန်း ၅၀ဖြင့် ဂျူဗီတို့ ကမ်းလှမ်းပြီ
ဂျူဗင်တပ်အသင်းသည် နာပိုလီမှ တိုက်စစ်မှူး အေဒင်ဆွန်ကာဗာနီအတွက် ပေါင်သန်း ၅၀ဖြင့် ခေါ်ယူဖို့ စတင်ကာ အဆိုပြု ကမ်းလှမ်းလိုက်ပြီဟု သိရသည်။

ဂျူဗင်တပ်သည် ပေါင်သန်း ၃၀ အပြင် ပေါင် ၁၈သန်းတန် ဥရုဂွေး တိုက်စစ်မှူး အဲလက်စ်ဆန်ဒရိုမက်ရီကိုပါ ပေါင်းထည့်ပြီး ပေးသွားမည်ဟု သိရသည်။

နာပိုလီ၏ ဥက္ကဌဖြစ်သူကမူ ဂျူဗီ၏ ကမ်းလှမ်းမှုတွင် ပါဝင်သော မက်ရီကိုမူ စိတ်မ၀င်စားဟု ပြောကြားလိုက်သည်။

အဆိုပါ ကာဗာနီအား မန်ချက်စတာစီးတီးနှင့် ချယ်ဆီးတို့ကလည်း စိတ်ဝင်စားကာ အဓိကပစ်မှတ်အဖြစ် ထားရှိနေသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

အတုယူဖွယ်ကောင်းသည့် ဗန်ပါစီတို့ သားအမိ

အတုယူဖွယ်ကောင်းသည့် ဗန်ပါစီတို့ သားအမိ
အတုယူဖွယ်ကောင်းသည့် ဗန်ပါစီတို့ သားအမိ
ဒီရာသီ အာဆယ်နယ်ရဲ့ အကောင်းဆုံးကစားသမားနှစ်ဆုရှင်၊ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုရှင် စတဲ့ ဆုတံဆိပ်များရှင် ရော်ဘင်ဗန်ပါစီဟာ အမေ့အချစ်တော်သားတစ်ယောက်လည်း ဖြစ်နေပြန်ပါတယ်။

ဗန်ပါစီက သူ့ရဲ့ဘ၀မှာ သူ့အမေ ဂျိုဆေး၊ ဇနီးသည် ဘိုခ်ျရာ၊ သမီးငယ် ဒီနာ၊ ညီမတွေဖြစ်ကြတဲ့ ကီကီနဲ့ လိုင်လီတို့ရဲ့ အကြံပေးမှုတွေက အရေးပါခဲ့တယ်လို့ ဆိုပြန်ပါတယ်။

အသက် (၂၈)နှစ်ရှိ ဒတ်ခ်ျစူပါစတားက -

"ကျွန်တော် ဒီနေ့ ဒီလိုရပ်တည်နိုင်တာဟာ ကျွန်တော့်အမေကြောင့်ပါ၊ သူဟာ အမြဲတမ်းကျွန်တော့်ကို စိတ်ဓာတ်မကျအောင် အားပေးပါတယ်၊ ပွဲတစ်ပွဲကစားပြီးတိုင်း အမေ့ရဲ့အကြံဥာဏ်တွေရဖို့က ကျွန်တော့်အတွက် အရမ်းအရေးကြီးပါတယ်၊  အမေ့ရဲ့အချစ်တော်သားတစ်ယောက်ဖြစ်ရတဲ့အတွက် အရမ်း ကျေနပ်မိပါတယ်"

"ဒီအမျိုးသမီးတွေဟာ ကျွန်တော့်ရဲ့ဘ၀အပေါ် အရမ်းလွှမ်းမိုးမှု ရှိပါတယ်၊ ပြောမယ်ဆိုရင်၊ ဘောလုံးပွဲတွေအထိပါပဲ"

"ကျွန်တော့်အမေ၊ ဇနီးသည်နဲ့ ညီမတွေဟာ ရိုးသားကြပါတယ်၊ တစ်ခါတစ်လေ သူတို့ရဲ့ ဝေဖန်မှုတွေက အရမ်းခံရခက်ပါတယ်၊ သူတို့ရဲ့ အကြံဥာဏ်တွေကို ကျွန်တော် လေးစားပါတယ်"

"ဒီနာကတော့ ကျွန်တော့်ရဲ့ မင်းသမီးလေးပါ၊ အခုကျွန်တော် စံပြဖခင်ကောင်းတစ်ယောက်ပါ၊ သမီးလေးဟာ ပြုံးပြပြီး၊ သူ့ရဲ့လက်ချောင်းလေးတွေနဲ့ ကျွန်တော့်ကို မျက်လှည့်ပြနိုင်ပါတယ်"

"ကိုယ့်ရဲ့နာမည်ကြီးမှုအပေါ် သာယာတာဟာ အမြဲတမ်း အန္တရာယ်ရှိပါတယ်၊ ဒါပေမယ့် ကျွန်တော်ကတော့ ကျွန်တော့်အမေ၊ ဇနီး၊ ညီမတွေရဲ့ အကြံဥာဏ်တွေကို အမြဲတမ်း ရယူပါတယ်၊ အဲဒါကို အမြဲတမ်း လုပ်ဆောင်သွားမှာပါ"ဆိုပြီး ပြောကြားသွားပါတယ်။

ဆရာမ ဂျိုဆေးဟာ ဗန်ပါစီရဲ့ ကိုယ်ပိုင်စပါယ်ရှယ်ဝမ်းတစ်ယောက်ပါ။

ဂျိုဆေးဟာ သားဖြစ်သူနဲ့ ဘောလုံးအကြောင်း ဆွေးနွေးနိုင်အောင် ဘောလုံးပွဲကောင်းတွေအကြောင်း ရေးထားတဲ့ စာအုပ်တွေကို တစ်ထပ်ကြီးဝယ်ပြီး၊ လေ့လာခဲ့သူပါ။

"ရော်ဘင်ဟာ အနုပညာဆန်တဲ့ ဘောလုံးသမားတစ်ယောက်ပါ၊ ဒါပေမယ့် တစ်ခါတစ်လေ ဘောလုံးပွဲတွေဟာ စစ်ပွဲနဲ့အလားသဏ္ဍာန်တူသလို၊ စိတ်ခံစားချက်တွေကလည်း ကြမ်းတမ်းကြပါတယ်၊ အဲလိုအချိန်မျိုးမှာ သူနာကျင်ခံစားရရင်၊ ကျွန်မလည်း နာကျင်ရတာပါပဲ"လို့ ဗန်ပါစီရဲ့ မွေးသမိခင်က ပြောကြားခဲ့လေရဲ့။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဒီဒီယာဒရော့ဘာသည် ရီးရဲလ်မက်ဒရစ်တွင် ဆရာဟောင်း ဂျိုဆေးမော်ရင်ညိုနှင့် ပြန်လည်ပေါင်းစည်းရန် စဉ်းစားနေကြောင်း

စပါယ်ရှယ်ဝမ်းနှင့် ပြန်လည်လက်တွဲရန် စဉ်းစားနေသည့် ဒရော့ဘာ
စပါယ်ရှယ်ဝမ်းနှင့် ပြန်လည်လက်တွဲရန် စဉ်းစားနေသည့် ဒရော့ဘာ
ဒီဒီယာဒရော့ဘာသည် ရီးရဲလ်မက်ဒရစ်တွင် ဆရာဟောင်း ဂျိုဆေးမော်ရင်ညိုနှင့် ပြန်လည်ပေါင်းစည်းရန် စဉ်းစားနေကြောင်း သိရှိရသည်။

အသက် (၃၄)နှစ်ရှိ ဒရော့ဘာအား စပိန်အသင်းက အလိုရှိနေပြီး၊ နှစ်နှစ်စာချုပ်ချုပ်ဆိုရန် နှစ်ဖက် ကိုယ်စားလှယ်များဆွေးနွေးခဲ့ကြသည်ဟု သိရှိရသည်။

ချယ်လ်ဆီး၏ ချန်ပီယံလိဂ်သူရဲကောင်းအား မော်ရင်ညိုသည် (၂၀၀၄)တွင် စတမ်းဖို့ဒ်ဗရစ်ခ်ျသို့ ခေါ်ဆောင်လာခဲ့ပြီး၊ ဒရော့ဘာသည် မနှစ်က ပေါ်တူဂီနည်းပြ၏ အလိုရှိသည့် စာရင်းတွင်ပါဝင်ခဲ့သော်လည်း၊ ပြောင်းရွှေ့ကြေးကြောင့် စာချုပ်ကိစ္စမှာ ပျက်ပြယ်ခဲ့ရသည်။

သို့ပါသော်လည်း  လက်ရှိတွင် မော်ရင်ညိုသည် ဘာနေဗျူအသင်း၏ အပြောင်းအရွှေ့ပေါ်လစီအား အလုံးစုံထိန်းချုပ်ထားပြီး၊ ဒရော့ဘာမှာလည်း အေးဂျင့်လွတ်လပ်သူတစ်ဦးဖြစ်နေခြင်းကြောင့် ချယ်လ်ဆီးတိုက်စစ်မှူး၏အပြောင်းအရွှေ့ကိစ္စမှာ တစ်ဖန်ပြန်ဖြစ်လာဖွယ် ရှိနေသည်။

အိုင်ဗရီကို့စ်တိုက်စစ်မှူးသည် တရုတ်ရှန်ဟိုင်းကလပ်၏ မက်လောက်စရာ ကမ်းလှမ်းမှုကြောင့်၊ စပိန်၊ အီတလီ၊ ဂျာမနီနှင့် ရုရှားကလပ်များ၏ စိတ်ဝင်စားမှုများအား ပယ်ချထားသည်။

သို့ပါသော်လည်း၊ ယာယီကစားသမားနည်းပြ အနယ်လ်ကာ၏နေရာအား အာဂျင်တီးနားနည်းပြ ဆာဂျီယို ဘာတစ္စတာဖြင့် အစားထိုးထားမှုအခြေအနေအပါအ၀င်၊ လက်ရှိ ရှန်ဟိုင်းကလပ်တွင် ရှုပ်ထွေးမှုများရှိနေခြင်းက ဒရော့ဘာအတွက် တရုတ်ကလပ်သို့ပြောင်းရွှေ့ရန် စဉ်းစားစရာ အချက်တစ်ခု ဖြစ်နေသည်။



မော်ရင်ညို၏ ရီးရဲလ်အတွက် ချန်ပီယံလိဂ်ဖလား ရယူပေးချင်နေမှု၊ ဒရော့ဘာလို နာမည်ကြီးကစားသမားတစ်ယောက်အတွက် နောက်ထပ် ဥရောပဖလားတစ်လုံး ရယူနိုင်မည့် အခွင့်အရေး စသည့်အချက်များက အိုင်ဗရီကို့စ်တိုက်စစ်မှူး၏ အပြောင်းအရွှေ့ဖြစ်လာနိုင်သည့် အခြေအနေများဖြစ်သည်။

တဆက်တည်းမှာပင်၊ ချယ်လ်ဆီးအသင်း၏ နောက်ထပ်ချန်ပီယံလိဂ်သူရဲကောင်းတစ်ဦးဖြစ်သူ ပီတာဆက်ခ်ျသည် စတမ်းဖို့ဒ်ဗရစ်ခ်ျအသင်းနှင့် လေးနှစ်သက်တမ်းရှိ စာချုပ်သစ် ချုပ်ဆိုလိုက်ကြောင်း သိရှိရသည်။

အဆိုပါချက်ဂိုးသမားသည် ချယ်လ်ဆီးအသင်းတွင် အခြားနိုင်ငံခြားသားကစားသမားများထက် ပွဲအရေအတွက်ပိုကစားထားသည့် ကစားသမားဖြစ်ပြီး၊ စုစုပေါင်း (၃၆၉)ပွဲကစားထားကြောင်း သိရှိရသည်။

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Saturday, May 26, 2012

ဧရာမခြေထောက် ပိုင်ရှင် ၁၀ နှစ်သား ကလေးငယ်လေး

ယခုအခါ သူနေထိုင်ရာ ပီတာအမည်ရှိရွာမှ ဆရာဝန်များက ကလေးငယ် သည် ဆေးမကုဘဲ ထားပါက မကြာခင်သေ ဆုံးရတော့မည် ဖြစ်သောကြောင့် အကူ အညီများ ပေးကြရန် နိုင်ငံတကာသို့ အကူအညီတောင်းခံထားကြောင်း သိရသည်။ ဗင်းဆင့်၏ မိသားစုသည် သူ ၁၈ လသား အရွယ်ကတည်းက သူ့၌ ရောဂါဖြစ်နေကြောင်း သတိပြုမိသော်လည်း ဆင်းရဲလွန်းသောကြောင့် ဆေးခန်းမပြနိုင်ရှာပေ။ သူကြီးပြင်းလာသည် နှင့်အမျှ သူ၏ခြေထောက်များမှာလည်း ကြီး၍လာခဲ့သည်။ ဆရာဝန်များသည် ကလေးငယ်၌မူလက ဆင်ခြေထောက်ရောဂါ ကဲ့သို့ ပြန်ရည်ကြော စနစ်ဆိုင်ရာ ရောဂါတစ်ရပ်ရှိမည်ဟု ခန့်မှန်းခဲ့ကြသည်။
သို့သော်သူ၏ ခြေထောက်များကြီးထွားလာမှုက အရိုးများအပေါ်ပါ သက်ရောက်မှုရှိပြီး တင်ပဆုံရိုးမှာ အဆစ်လွဲသွားပြီး ခြေကျင်း ဝတ်ရိုး မှာ လည်း ကျိုးသွားခဲ့သည်ဟု ဆိုသည်။ အသားစ နမူနာယူ၍ စမ်းသပ်စစ်ဆေးကြည့်ရာ၌ ကလေးငယ်သည် အသားစားရောဂါပိုး တစ်မျိုး ကူးစက်ခံရခြင်းဖြစ်ပြီး ဆေးမကုဘဲထားပါက မကြာခင်သေဆုံးရမည်ဟု ဆိုသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

လာမည့်ရာသီအကုန်တွင် အနားယူဖွယ်ရှိနေသည့် ဖာဂူဆန်


လာမည့်ရာသီအကုန်တွင် အနားယူဖွယ်ရှိနေသည့် ဖာဂူဆန်
လာမည့်ရာသီအကုန်တွင် အနားယူဖွယ်ရှိနေသည့် ဖာဂူဆန်
ဝီဂန်အသင်းဥက္ကဋ္ဌ ဒေ့ဗ်ဝှီလန်က သူ၏မိတ်ဆွေ ဆာအဲလက်စ်ဖာဂူဆန်သည် ကျန်းမာရေးအခြေအနေအရ လာမည့် (၂၀၁၂-၁၃)ရာသီအကုန်တွင် မန်ယူအသင်းနည်းပြရာထူးမှ အနားယူသွားနိုင်ကြောင်း အရိပ်အမြွက်ပြောကြားသွားခဲ့သည်။

ဖာဂူဆန် အသက် (၇၀)နှစ်သည် (၁၉၈၆)ခုနှစ်မှစ၍ မန်ယူအသင်းအား စတင်ကိုင်တွယ်ခဲ့ပြီး၊ ပရီမီးယားလိဂ်ဖလား (၁၂)ကြိမ်အပါအ၀င်၊ မန်ယူအသင်းအား မယုံနိုင်စရာ အောင်မြင်မှုများစွာ ရယူပေးခဲ့သည်။

ဖာဂူဆန်သည် (၂၀၀၁-၀၂)ရာသီက အနားယူရန် ကြေညာခဲ့ဖူးသော်လည်း၊ နောက်ပိုင်းတွင် အသင်းအား ဆက်လက်နည်းပြခဲ့သည်။

ဖာဂူဆန်သည် (၂၀၁၁)၊ ဒီဇင်ဘာလက သူ့အနေဖြင့် မန်ယူနည်းပြအဖြစ် နောက်သုံးနှစ်အထိ ဆက်ရှိနေချင်သည်ဟု ပြောကြားခဲ့သော်လည်း၊ ၀ှီလန်က သူ၏ မိတ်ဆွေကြီးသည် လာမည့်ဘောလုံးရာသီအကုန်တွင် အနားယူသွားနိုင်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

"နောက်ရာသီအကုန်မှာ ဆာအဲလက်စ် အနားယူနိုင်ပါတယ်၊ ထိပ်ဆုံးအဆင့်မှာ အချိန်အတော်ကြာ ရပ်တည်နေတဲ့ လူတစ်ယောက်အတွက် ဖိအားတွေက အရမ်းများပါတယ်"

"အသက်ကြီးလာလေ၊ အဲဒီဖိအားတွေကို ကျော်လွှားဖို့ ခက်ခဲလာလေပါ၊ ဖာဂီရဲ့ ဇွဲသတ္တိကိုတော့ လေးစားပါတယ်၊ သူဟာ နောက်ဆုံးအချိန်အထိ ဆက်လက်တိုက်ပွဲဝင်သွားချင်တယ်ဆိုတာ ကျွန်တော် သိပါတယ်"

"သူ နောက်ထပ် နှစ်နှစ်၊ သုံးနှစ်လောက် ဒါမှမဟုတ် ဒီထက်ပိုပြီး နည်းပြသွားချင်တယ်ဆိုတာ ကျွန်တော် သိပါတယ်၊ ဒါပေမယ့် ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ သူ့ဟာ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်၊ ဒီအခြေအနေက သူ့အနေနဲ့ နောက်ထပ် ငါးနှစ်လောက် ဆက်ပြီး နည်းပြဖို့ဆိုတာ မလွယ်ကူနိုင်ဘူးဆိုတာ ညွှန်ပြနေပါတယ်၊ ဒါဟာ အရမ်းကိုစွန့်စားရာ ကျပါလိမ့်မယ်"

"သူဟာ အကောင်းဆုံးနည်းပြလို့ ကျွန်တော်ပြောချင်ပါတယ်၊ သူရဲ့ အနားယူမှုဟာ ဘောလုံးလောကအတွက်တော့ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခု ဖြစ်လာမှာပါ၊ ဒါဟာ လုံးဝကျိန်းသေပါတယ်"

"သူ့ရဲ့ နှိုင်းယှဉ်လို့မရတဲ့ အောင်မြင်မှုတွေကို ရယူခဲ့ပုံတွေ၊ ထူးချွန်တဲ့ကစားသမားတွေကို ဘယ်လိုရွေးချယ်ရမယ်ဆိုတာ နားလည်တတ်ကျွမ်းမှုတွေက သူ့ကို ကျွန်တော့်တို့ရဲ့ဘ၀တစ်လျှောက် ထာဝရအကောင်းဆုံးနည်းပြအဖြစ် ရောက်ရှိစေခဲ့တာပါ"ဟု ၀ှီလန်က ပြောကြားသွားခဲ့သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Wednesday, May 23, 2012

အင်္ဂလန်အသင်းအား အဓိကပြိုင်ပွဲကြီးတစ်ခုခုတွင် ဗိုလ်စွဲစေချင်ကြောင်း ပြောကြားလိုက်သည့် ရော်နယ်ဒို

အင်္ဂလန်အသင်းအား အဓိကပြိုင်ပွဲကြီးတစ်ခုခုတွင် ဗိုလ်စွဲစေချင်ကြောင်း ပြောကြားလိုက်သည့် ရော်နယ်ဒို
အင်္ဂလန်အသင်းအား အဓိကပြိုင်ပွဲကြီးတစ်ခုခုတွင် ဗိုလ်စွဲစေချင်ကြောင်း ပြောကြားလိုက်သည့် ရော်နယ်ဒို
ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုက သူသည် အင်္ဂလန်အသင်းအား အဓိကပြိုင်ပွဲကြီးတစ်ရပ်ရပ်တွင် ဗိုလ်စွဲစေဖို့ အမြဲတမ်းမျှော်လင့်နေမိကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

ရော်နယ်ဒို၏ ပေါ်တူဂီအသင်းသည် လာမည့်ယူရိုပြိုင်ပွဲတွင် ဟော်လန်၊ ဒိန်းမတ်၊ ဂျာမနီအသင်းတို့နှင့်အတူ မရဏအုပ်စုတွင် ကျရောက်လျှက်ရှိနေသည်။

ပေါ်တူဂီကဲ့သို့ပင်၊ အင်္ဂလန်မှာလည်း ပြိုင်ပွဲကြီးများတွင် ဆုဖလား မရဖူးသေးချေ။ ဆာ အက်ဖ် ရမ်ဆေး၏ ၀င်ဘလေ ကမ္ဘာ့ချန်ပီယံအောင်မြင်မှုပြီးကတည်းက အဓိကအောင်မြင်မှုနှင့် ဝေးကွာနေသည်မှာ (၄၆)နှစ်ရှိပြီဖြစ်သည်။

"အင်္ဂလန်အသင်းကို အဓိက ပြိုင်ပွဲကြီးတစ်ခုခုမှာ ဗိုလ်စွဲစေချင်ပါတယ်၊ အင်္ဂလန်အသင်းမှာ  ကမ္ဘာ့အကောင်းဆုံးကစားသမားအချို့လည်းရှိနေပြီး၊ သူတို့အသင်းဟာ အသင်းတိုင်းအတွက်တော့ ခက်ခဲတဲ့ပြိုင်ဘက်ပါ"

"လာမယ့် ယူရိုပြိုင်ပွဲမှာ အင်္ဂလန်အသင်း အောင်မြင်မှု ရဖို့မျှော်လင့်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အင်္ဂလန်မှာ ကျွန်တော့်သူငယ်ချင်းတွေ အများကြီး ရှိပါတယ်၊ အင်္ဂလန်ဟာ ကျွန်တာ် အရမ်းကြိုက်တဲ့ နေရာတစ်ခုပါ"

"နည်းပြသစ်နဲ့ အင်္ဂလန်အသင်း အောင်မြင်မှုတွေ ရရှိဖို့ မျှော်လင့်ပါတယ်"ဟု ရော်နယ်ဒိုက ပြောကြားသွားခဲ့သည်။

နည်းပြသစ် ရွိုင်းဟော့ဆန်သည် စနေနေ့ နော်ဝေအသင်းနှင့် ချစ်ကြည်ရေးပွဲစဉ်မှ စတင်ကာ အင်္ဂလန်အသင်းအား စတင်တာဝန်ယူမည်ဖြစ်သည်။

ဝက်ဘရွမ်းမ်နည်းပြဟောင်းသည် အင်္ဂလန်အတွက် မှန်ကန်သည့် ရွေးချယ်မှုလားဟု ရော်နယ်ဒိုအား မေးမြန်းခဲ့ရာတွင် -

"သူ့အကြောင်း ကျွန်တော် သေချာမသိပါဘူး၊ ဒါပေမယ့် နိုင်ငံအသင်းကိုနည်းပြချင်ရင်တော့၊ ထူးချွန်ရပါမယ်၊ ယူရိုပြိုင်ပွဲက သူတို့ရဲ့အခြေအနေကို စောင့်ကြည့်သွားရပါမယ်၊ သူတို့မှာ ဂရိတ်ကစားသမားတွေလည်းရှိပြီး၊ အခုနည်းပြသစ်နဲ့ဆိုတော့ ထူးရှယ်ပါ"

သို့ပါသော်လည်း ရော်နယ်ဒိုက လာမည့် ယူရိုပြိုင်ပွဲတွင် ရွိုင်းဟော့ဆန်၏အသင်းထက် ချန်ပီယံဖြစ်ရန် အခွင့်အလမ်းပိုများသည့် အသင်းများ ရှိနေကြောင်းလည်း ယုံကြည်လျှက်ရှိနေသည်။

"အီတလီမှာလည်း အခွင့်အရေးရှိပါတယ်၊ ပေါ်တူဂီလည်း ထို့အတူပါပဲ၊ ဘာကြောင့်မဖြစ်နိုင်ရမှာလဲ၊ ဗိုလ်စွဲဖို့ အခွင့်အရေးအများဆုံးကတော့ စပိန်၊ ဂျာမနီနဲ့ ဟော်လန်ပါ"ဟု ရော်နယ်ဒိုက ပြောကြားသွားခဲ့သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed