BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Saturday, July 28, 2012

တာလီဘန် အဖွဲ့တစ်ဖွဲ့မှ မြန်မာအား ခြိမ်းချောက်

တာရစ် တာလီဗန် ပါကစ္စတန်မှ မြန်မာပြည်သို့ ရိုဟင်ဂျာ အရေးနှင့် ပက်သက်၍ ခြိမ်းခြောက် မှု တစ်ရပ်ကို ဇူလှိုင်လ ၂၆ရက်နေ့က အင်တာနက် စာမျက်နှာပေါ်တွင် ပြုလုပ်ခဲ့ ကြောင်း သိရသည်။ တာလီဗန်များမှ မြန်မာပြည်တွင်း မူဆလင်များ၏ ကိုယ်ပိုင် ကာကွယ်ခွင့် အတွက် သွေးကြွေး ဆပ်ရန် သွေးထိုး လှုံဆော်ထား ကြောင်း သိရသည်။
အဆိုပါ အဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူ အစ္စနူလာ အာဆမ်က ပါကစ္စတန် အစိုးရ အဖွဲ့အား မြန်မာပြည်နှင့် လက်တလော ဆက်ဆံရေးများအားလုံးကို ရပ်တန့် ရန်နှင့်ပါကစ္စတန် မြို့တော် အစ္စလာမ်ဘတ်၌ ဖွင့်လှစ်ထားသော မြန်မာသံရုံးအား ဖျက်သိမ်းရန် တောင်းဆို ထားကြောင်း သိရသည်။
အစ္စနူလာ အာဆမ်က " တောင်းဆိုချက်တွေကို မလုပ်ပေးရင် မြန်မာနိုင်ငံရဲ့ အထင်ကရ နေရာတွေကို တိုက်ခိုက်သွားမှာ ဖြစ်ပြီးတော့ မြန်မာနဲ့ ပက်သက်တဲ့ ပါကစ္စတန်တွေကိုပါ တစ်ဦးချင်း ချေမှုန်းသွားမယ်"ဟု ၄င်းအင်တာနက် ပေါ်တွင် ဖော်ပြထားကြောင်းနှင့် အစ္စလာမ်ဘတ်ရှိ မြန်မာသံရုံးမှ မှတ်ချက် တစ်စုံတစ်ရာမှ လက်ခံ မရရှိသေးကြောင်း လည်း သိရသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံ၏ လူဦးရေ ၇၅ ရာခိုင်နှုန်း မိုဘိုင်းကိုင်ဆောင်လာနိုင်မည်ဟုဆို

မြန်မာ့ ဆက်သွယ် ရေး လုပ်ငန်းမှ မိုဘိုင်း ဖုန်းသန်း ၃၀ စီမံကိန်း ကို
ငါး နှစ် စီမံကိန်း ဖြင့်အကောင် အထည်ဖော် ဆောင်ရွက် လျက်ရှိရာတွင် စီမံကိန်း၏ နောက်ဆုံးနှစ် ၂၀၁၆ ခုနှစ်တွင် မြန် မာနိုင်ငံ၏ ၇၅ ရာခိုင်နှုန်းဝန်းကျင်ထိ မိုဘိုင်းဖုန်းကိုင်ဆောင်လာနိုင်မည်ဖြစ် ကြောင်းသိရသည်။ ထိုကဲ့သို့ ၂၀၁၆ ခုနှစ်တွင် လူဦး ရေ ၇၅ ရာခိုင်နှုန်းဝန်းကျင်အထိ မိုဘိုင်းဖုန်းကိုင်ဆောင်နိုင်ရန်အတွက် လည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆက်သွယ်ရေးဆိုင်ရာအခြေခံအ ဆောက်အအုံများကို ပုဂ္ဂလိကကုမ္ပဏီ များဖြင့် ပူးပေါင်း၍ တည်ဆောက် လျက်ရှိသည်။
"စီမံကိန်းနောက်ဆုံးနှစ်မှာတော့ လူဦးရေ ၇၀ ရာခိုင်နှုန်းဝန်းကျင် လောက် မိုဘိုင်းဖုန်းကိုင်ဆောင်အသုံး ပြုလာနိုင်မှာပါ။ အဲဒီလိုအသုံးပြုနိုင်ဖို့ အတွက်လည်း ဆက်သွယ်ရေးလုပ် ငန်းအနေနဲ့ လိုအပ်တာတွေပြင်ဆင်ပြီး မိုဘိုင်းဖုန်းဈေးနှုန်းတွေကို တစ်နှစ် ထက်တစ်နှစ် လူတိုင်းဖုန်းကိုင်နိုင် အောင်အထိကို လျော့ချပေးအသုံးပြု ခွင့်ပေးသွားမှာပါ" ဟု မြန်မာ့ဆက် သွယ်ရေးသင်တန်းကျောင်းမှ ကျောင်း အုပ်ဦးကျော်စိုးကပြောသည်။

ထို့ပြင် ပြောင်းလဲလာတဲ့ခေတ် စနစ်နဲ့အညီလိုက်၍လည်း ယခင်ကဲ့သို့ ဌာနဗဟိုပြုမှုပုံစံမျိုးမဟုတ်တော့ဘဲ ပြည်သူဗဟိုပြုပုံစံမျိုးဖြင့် ဆက်သွယ် ရေးလုပ်ငန်းကို ဆောင်ရွက်သွားရန် အတွက်လည်း ဆောင်ရွက်လျက်ရှိ သည်ဟုသိရသည်။ လက်ရှိမြန်မာနိုင်ငံ၏ ကျေး လက်ဒေသတယ်လီ ဖုန်းသိပ်သည်း ဆ ၃၈ ရာခိုင်နှုန်းဝန်းကျင်သာရှိသည့် အတွက် လာမည့် ၂၀၁၆ ခုနှစ်တွင် တယ်လီဖုန်းသိပ်သည်းဆ ၇၅ ရာခိုင် နှုန်း ရှိလာမည်ဖြစ်ပြီး လာမည့် ၂၀၂၀ ခုနှစ်တွင် တယ်လီဖုန်းသိပ်သည်းဆ ကို ၁၀ဝ ရာခိုင်နှုန်းဝန်းကျင်အထိ မြင့်တက်နိုင်ရန်အတွက်လည်း စီစဉ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ "အခုလိုလူတိုင်းဖုန်းအသုံးပြုနိုင် အောင် စီမံကိန်းတွေချပြီး ဆောင်ရွက် ပေးတာတော့ ကောင်းပါတယ်။ ဆက် သွယ်မှုကွန်ရက်တွေကိုလည်း တိုးပြီး လုပ်ပေးဖို့တော့ လိုအပ်မှာပါ" ဟု ဖုန်း သုံးစွဲသူက ဆိုသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Tuesday, July 24, 2012

မျက်မမြင်တို့အတွက် ဘိုင်အိုးနစ် မျက်လုံးများ ပေါ်ပေါက်လာတော့မည်

ဒဏ်ရာကြောင့် သို့မဟုတ် ရောဂါကြောင့် မျက်စိကွယ်သွားသူ များအနေဖြင့် မြင်လွှာနေရာ၌ အစားထိုးနိုင်သော ဘိုင်အိုးနစ် မျက်လုံးများ မကြာမီပေါ်ပေါက် လာတော့မည်ဖြစ်ကြောင်း DMသတင်းဌာနက ဇွန်လ၁၅ရက်နေ့တွင် ဖော်ပြသည်။ ယင်းကို ပစ်တာစဘတ်မြို့ရှိ ကာနစ်ဂီမီယွန်တက္ကသိုလ်မှ ရှုန်းကီလီဆိုသူက တီထွင်ခဲ့ခြင်းဖြစ်သည်။ ယင်းကိုမျက်မှန်တွင် တပ်ထားသော အလွန်သေးငယ်သည့် ကင်မရာနှစ်လုံးဖြင့် ပြုလုပ်ထားပြီး ယင်းကင်မရာများက ရိုက်ကူးရရှိသော ရုပ်ပုံများကို လူနာ၏ မျက်လုံး၌တပ်ဆင်ထားသော ကွန်ပျူတာချိစ်ပ်ပြားထံ ပို့ပေးသည်။ ၎င်းချိစ်ပ်ပြားက လျှပ်စစ်စီးကြောင်းများကို ဝိုင်ယာကြိုးငယ်တစ်ခုမှ တစ်ဆင့်မြင်လွှာနောက်တွင် တပ်ဆင်ထားသော ဖလင်ပြားတစ်ခုဆီသို့ ပို့ပေးသည်။ ယင်းကမြင်လွှာ နာ့ဗ်ကြောများအား လှုံ့ဆော်ပေးပြီး အချက်အလက်များကို ဦးနှောက်ဆီသို့ ပို့ပေးကာ ရုပ်ပုံများကို မြင်ရစေသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

အသက်ကြီးသော ဖခင်မှရသည့် ကလေးများ အသက်ပိုရှည်နိုင်

အသက်ကြီးတဲ့ဖခင်မှ ရရှိသည့် ရင်သွေးငယ်များ ဗီဇဂျင်းအစီအစဉ်အရ ပိုမိုအသက်ရှည်နိုင်ကြောင်း အမေရိကန်မှ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ အမျိုးသားတွေအနေနဲ့ အသက်ကြီးလာတာနဲ့အမျှ သူတို့တွေရဲ့သုက်ပိုးမှာ ဗီဇဂျင်းတွေ အပြောင်းအလဲဖြစ်တာကြောင့် မွေးလာတဲ့ကလေးငယ်တွေမှာ အသက်ပိုရှည်စေတယ်လို့ သိရပါတယ်။ အမျိုးသားသိပ္ပံအကယ်ဒမီမှ လေ့လာမှုပြုလုပ်သူတွေဟာ အမျိုးသား၁၇၇၉ ယောက်ရဲ့ DNAတွေကို စစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။ အသက်ရှည်တာဟာ DNAခေါ်တဲ့ ခရိုမိုဆုမ်းအစွန်းမှ ဖုံးအုပ်ထားတဲ့တယ် အိုမီးယားတွေနဲ့ ဆက်စပ်မှုရှိတယ်လို့ ကျွမ်းကျင်သူတွေက သိထားကြပါတယ်။ တယ်အိုမီးယားတွေဟာ ခရိုမိုဆုမ်းတွေ မပျက်စီးအောင် ကာကွယ်မှုပေးထားပြီး များသောအားဖြင့် အသက်အရွယ်ကြီးတာကြောင့် တယ်အိုမီးယားတွေ တိုသွားတတ်ပါတယ်။ ဒါပေမဲ့သုက်ပိုးတွေရဲ့ တယ်အိုမီးယားဟာ အသက်ကြီးလာတာနဲ့အမျှ ပိုရှည်လာတယ်လို့ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ တယ်အိုမီးယားတွေ တိုနေတာဟာ အသက်တိုတယ်လို့ အဓိပ္ပာယ်ရပြီး တယ်အိုမီးယား ရှည်ရင် အသက်ပိုရှည်နိုင်ပါတယ်။ ကလေးအဖေဖြစ်မယ့်အချိန်မှာ သူရဲ့ဖခင်ဟာ အသက်ပိုကြီးလေလေ တယ်အိုမီးယား ပိုရှည်လေလေလို့ သိရပါတယ်။ အသက်ကြီးမှ ကလေးအဖေဖြစ်ခဲ့ရင် ကိုယ်ဝန်ပျက်ကျ နိုင်ခြေများပေမယ့် ရေရှည်အနေနဲ့ မွေးလာတဲ့ကလေးတွေမှာ အသက်ရှည်နိုင်တယ်လို့ ဆိုပါတယ်။ တယ်အိုမီးယားတွေ ရှည်တာကြောင့် တစ်သျှူးတွေနဲ့ ဆဲလ်ကြီးထွားမှုမြန်ဆန်တာနဲ့ ဆက်စပ်နေတဲ့ ခုခံအားစနစ်၊ အရေပြားနဲ့ အူတွေရဲ့လုပ်ဆောင်ချက်တွေမှာ အကျိုးသက်ရောက်မှု ပိုမိုများတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

အဘွားဖြစ်သူက ရှစ်လအရွယ် မြေးမလေး၏ လက်များကို ခုတ်ဖြတ်ပစ်ခဲ့သော်လည်း ဆရာဝန်များက ပြန်ဆက်ပေးနိုင်ခဲ့

တရုတ်နိုင်ငံ ရှန်ဒေါင်းပြည်နယ်တွင် မိဘနှစ်ဦး အလုပ်သွားနေခိုက် ရှစ်လအရွယ် သမီးငယ်ကို အဘွားဖြစ်သူနှင့် ထားခဲ့ရာ အဘွားဖြစ်သူက လက်နှစ်ဖက်စလုံး ကို ခုတ်ဖြတ်ပစ်ခဲ့သည်ဟု DMသတင်း ဌာနကဇွန်လ ၂၆ရက်နေ့တွင် ဖော်ပြသည်။ အဆိုပါ အဘွားဖြစ်သူမှာလည်း ကလေးငယ်၏ လက်များကို ခုတ်ဖြတ်ပြီးနောက် မိမိကိုယ်မိမိ သေကြောင်းကြံခဲ့ရာ ယခုတိုင် သတိမေ့မြောနေဆဲ ဖြစ်သောကြောင့် ကလေး၏လက်များကို ခုတ်ပစ်ရ သည့်အကြောင်းရင်းကို သိရှိရခြင်း မရှိ သေးဟုဆိုသည်။ ကလေးငယ်၏ မိခင်သည် အိမ်သို့ပြန်ရောက်လာသည့်အခါ ကလေးငယ်အားချီလျက် ဆေးရုံသို့၁၀မိနစ်အတွင်း အရောက်ပြေးခဲ့သည်။ ဆေးရုံသို့ ရောက်ရှိသည့်အခါ ခင်ပွန်းထံ အဘွားဖြစ်သူက ရှစ်လအရွယ် မြေးမလေး၏ လက်များကို ခုတ်ဖြတ်ပစ်ခဲ့သော်လည်း ဆရာဝန်များက ပြန်ဆက်ပေးနိုင်ခဲ့ ဖုန်းဆက်လျက်  ကလေးငယ်၏ လက်နှစ်ဖက်ကို အိမ်သို့ပြန်ယူခိုင်းခဲ့သည်။ ဆရာဝန်များက ၁၂နာရီကြာသည့် ခွဲစိတ်ကုသမှု ပြုလုပ်ကာ ကလေးငယ်၏ လက်နှစ်ဖက်ကို အောင်မြင်စွာ ပြန်ဆက်ပေးနိုင်ခဲ့သည်။ ကလေးငယ်အား နောက်ထပ်ကုသမှုများပေးရန် လိုအပ်သေးသော်လည်း ကလေးငယ်၏ လက်များသည် အပြည့်အ၀ အလုပ်ပြန်လုပ်နိုင်လိမ့်မည် ဟုဆိုသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

လစာငွေ အများဆုံး ရရှိသည့် ကစား သမားစာရင်းတွင် ပါဝင်လာ မည့် ဒေးဗစ်ဆေးလ်ဗား

လာမည့် အပတ်ထဲတွင် စာချုပ်သစ် ချုပ်ဆိုမည့် ဒေးဗစ်ဆေးလ်ဗား သည် မန်စီးတီး အသင်း၏ လစာငွေ အများဆုံး ရရှိသည့် ကစားသမား စာရင်းတွင် ပါဝင်လာမည် ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် တစ်ပတ်လုပ်ခ ပေါင် (၁၃၀၀၀၀) ရရှိနေသည့် ဆေးလ်ဗားသည် ယမန်နှစ် ရာသီက ပြသခဲ့သည့် ခြေစွမ်းကြောင့် လစာငွေ တိုးမြှင့်ရရှိမည် ဖြစ်ကာ တစ်ပတ်လုပ်ခ ပေါင် (၁၉၀၀၀၀)ကျော် ရရှိခဲ့မည် ဖြစ်ပြီး ယာယာတိုရေး၊ တီးဗက်ဇ် နှင့် အဂူရိုတို့ ရရှိသည့် လစာငွေနှင့် တူညီသွားမည် ဖြစ်သည်။ ဆေးလ်ဗား၏ အေးဂျင့် ဖြစ်သူနှင့် စီးတီးအသင်း၏ ကိုယ်စာလှယ်တို့သည် ဘာစီလိုနာမြို့တွင် တွေ့ဆုံခဲ့ပြီး ၎င်း၏ စာချုပ်သစ် အတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကာ ဆေးလ်ဗားသည် သူ၏ အားလပ်ရက် အပြီးတွင် (၄) နှစ် သက်တမ်းရှိ စာချုပ်သစ်တွင် လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း သိရသည်။ ရီးရဲလ်မက်ဒရစ် အသင်းမှ ချဉ်းကပ်ခြင်း ခံခဲ့ရသော်လည်း ဆေးလ်ဗားသည် သူ၏ အနာဂတ်အား မန်စီးတီး အသင်းတွင်သာ ဆက်ရှိနေရန် ဆုံးဖြတ်ခဲ့ပြီး ယခုလို စာချုပ်သက်တမ်းတိုးရန် စီစဉ်ခဲ့ခြင်းလည်း ဖြစ်သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, July 22, 2012

တရုတ်နိုင်ငံမှ အမျိုးသမီးတစ်ယောက် လမ်းမပေါ်တွင် ကလေးမွေးဖွား

တရုတ်နိုင်ငံ၊ ဂွမ်ချိုပြည်နယ် မှာ ကိုယ်ဝန် ဆောင် အမျိုး သမီးနဲ့ သူ့အမျိုး သားဟာ ကလေး မွေးဖွား ဖို့ ဆေးရုံ အသွား လမ်းခရီးမှာ ရုတ်တရက်ဗိုက်နာတာကြောင့် လမ်းမပေါ်မှာပင် ကလေးမွေးဖွားလိုက်ရပါတယ်။ ကလေးငယ် ခေါင်းထွက်စပြု လာတာနဲ့တစ်ပြိုင်နက် သူတို့အနေနဲ့ ဘာမှရွေးချယ်စရာမရှိ တော့တာကြောင့် သူမရဲ့အမျိုးသားကိုယ်တိုင် မွေးဖွားပေးခဲ့ ရခြင်းဖြစ်တယ်လို့ သိရပါတယ်။ သူမရဲ့အမျိုးသားအနေနဲ့ အနီးအနားမှ သွားဆေးခန်းကို အကူအညီတောင်းခဲ့ပေမယ့် သွားဆေးခန်းမှ သွားဆရာဝန်က သူ့မှာ ကလေးမွေးတဲ့ အတွေ့အကြုံမရှိကြောင်း၊ သူ့အနေနဲ့ မီးဖွားခြင်းဆိုင်ရာဆေး ပညာကို မသင်ယူခဲ့ကြောင်း ပြောကြားခဲ့တာမို့ ဆေးရုံကား ကို စောင့်နေစဉ်အတွင်းမှာပင် သူမရဲ့ အမျိုးသားဟာ သူဝတ် ထားတဲ့ ကုတ်အင်္ကျီကိုချွတ်ကာ သားဖွားဆရာမတွေလို ပြုမူပြီး ဘေးမှကြည့်ရှုသူတွေရဲ့ အားပေးမှုနဲ့ မိမိကလေးကို အောင် မြင်စွာ မွေးဖွားခဲ့ပြီးနောက် သူနဲ့ ကလေးအမေဟာ ဆေးရုံကို ကျန်းမာရေးစစ်ဆေးဖို့ ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed