နေ့စဉ် ဆုတောင်း ဝတ်ပြုခြင်း က အယ်လ် ဇိုင်းမား ရောဂါ ဖြစ်ပေါ် နိုင်ခြေ ကို ၅၀ ရာခိုင်နှုန်းအထိ လျော့ကျစေနိုင် ကြောင်း အစ္စရေးနှင့် အမေရိကန်တို့၏ ပူးတွဲလေ့လာချက်အရ သိရသည်။ အမေရိကန်ပြည်ထောင်စု အမျိုးသား ကျန်းမာရေးဌာန၏ လေ့လာချက်အရ နေ့စဉ် ဆုတောင်းဝတ်ပြုမှုပြုလုပ်သော အမျိုးသမီးများသည် အယ်လ်ဇိုင်းမား သို့မဟုတ် ဦးနှောက်ဆဲလ်များ ပျက်စီးယို ယွင်းခြင်းဖြစ်ပေါ်မှု ၅၀ ရာခိုင်နှုန်း လျော့ နည်းကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။ လွန်ခဲ့သည့်လအတွင်းက အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့၌ပြုလုပ်သော ညီလာခံ တစ်ရပ်တွင်လည်း အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပေါ်နိုင်သည့် အကြောင်းအရာများကို ဖော်ပြကာ ဆွေးနွေးခဲ့သည်။ ယင်း၌ နေ့ စဉ်ဆုတောင်းဝတ်ပြုခြင်းဖြင့် အယ်လ် ဇိုင်းမားရောဂါ ဖြစ်ပေါ်နိုင်ခြေကို ကာ ကွယ်နိုင်ကြောင်း တဲလ်အဗစ်တက္ကသိုလ် မှ သုတေသနပညာရှင် ပါမောက္ခ ရစ်ဗ် ကာအင်ဇယ်ဘက်က ပြောကြားခဲ့သည်။ ゞင်းအပြင် အစ္စရေးသုတေသနအဖွဲ့သည် အာရှတိုက်၌ လေ့လာမှုများ ပြုလုပ်ခဲ့ ရာတွင် မွေးကင်းစအရွယ်ကလေးငယ် များ သေဆုံးမှုနှင့် ရောဂါရမှုသည် ဘာ သာရေး ကိုင်းရှိုင်းသော လူမှုအသိုက် အဝန်း၌ လွန်စွာလျော့နည်းကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။
Sunday, August 5, 2012
ဒိန်းမတ် ဂိုးသမား လင်ဒီဂတ် ကို နောက်ထပ် လေးနှစ်စာချူပ်သက်တမ်း တိုးလိုက်တဲ့ မန်ချက်စတာ
လင်ဒီဂတ် မှာ ဖါဂူဆန်၏ နံပတ် ၁ အိပ်မက် ဂိုးသမား တစ်ယောက်ဖြစ်ခဲ့သော်လည်း လွန်ခဲ့သော ဇန်န၀ါရီလတုန်းက ခြေကျင်းဝတ် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး နားနေခဲ့ရသည်။ ယခုအခါ ပြန်လည် ကျန်းမာလာမည့် အချိန်မတိုင်ခင်မှာပင် ဖါဂူဆန်က ယခုကဲ့သို့ စာချူပ်သက်တမ်း တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။
ယူနိုက်တက်ဘော့စ် က "အန်ဒရီးစ် ဟာ အတော်လေးငယ်ပြီး ကောင်းမွန်တဲ့ ဂိုးသမား တစ်ယောက်ပါ။ ကျွန်တော်တို့ အသင်းကို ပြောင်းရွှေ့လာပြီး ကတည်းက အရမ်းကို တိုးတက်လာခဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ ကျွန်တော်တို့ အသင်းရဲ့ ဂိုးသမား ဌါနခွဲမှာ ကျန်းမာရေး ပိုမိုတိုးတက်လာဖို့ ကြိုးစားနေပါတယ်။ ဒါဟာ အကောင်းဆုံး ဂိုးသမား ဖြစ်လာမယ့် အနေအထား တစ်ရပ်ဖြစ်ပါတယ်။ ဟုတ်ပါတယ် အခုသူ့ကို ကျွန်တော်တို့ စာချူပ်သက်တမ်း တိုးလိုက်ပါတယ်။ ဒဏ်ရာတွေကနေပြန်လည် သက်သာလာတဲ့ အခုနွေရာသီ ခြေစမ်းပွဲစဉ်တွေမှာ သူ့လက်စွမ်းကို အကောင်းဆုံး မြင်တွေ့ရပါလိမ့်မယ် " ဟုပြောကြားခဲ့သည်။
်တရားမျှတမှုကိုအလိုရှိတဲ့ ခရစ္စတီယာနိုင်ရော်နယ်ဒို

espn နှင့်တွေ့ဆုံရာတွင် ရော်နယ်ဒိုမှ စပိန်ကို ပယ်နယ်တီဖြင့်ရှုံးနိမ့်ခဲ့ရသော ယူရိုအကြောင်းပြန်ပြောင်းပြောကြားရာတွင် " လူတွေက ကျနော် စောစောစီးစီးပယ်နယ်တီ ဘာလို့မကန်လဲဆိုပြီး အပြစ်တင်ချင်ကြတယ်။ ကျနော်ဘာမှသိပ်မပြောချင်ဘူး။ ကျနော် ပထမဆုံးပယ်နယ်တီကိုကန်မယ်ဆိုရင်လည်း ကျနော် လွဲချော်နိုင်တာပါပဲ။ ဘေယန်နဲ့ပွဲစဉ်တုန်းကလိုပေါ့ဗျာ ကျနော် ပထမဆုံးပယ်နယ်တီကို ကန်ခဲ့တယ် ကျနော်လွဲချော်ခဲ့တယ်။ စပိန်နဲ့ပွဲစဉ်မှာဖြစ်ခဲ့တာက ကျနော်အနိုင်ဂိုးကို သွင်းမယ်ဆိုတဲ့ စိတ်ကူးကြောင့်ပါ။ ကျနော့်ရဲ့ စိတ်ခံစားချက်ပါ။ ကျနော်မှားယွင်းခဲ့ပါတယ် ကျနော် ဘောလုံးသမားအဖြစ် အသက်မွေးလာတာ ဆယ်နှစ်ရှိပါပြီ ဒီလိုခံစားချက်တွေကို ကျနော်ခံနိုင်ရည်ရှိပါတယ်" ဟုပြောကြားခဲ့သည်။
ရော်နယ်ဒိုသည် ရီးရဲအတွက် နှစ်စဉ်ခြေစွမ်းပြခဲ့သော်လည်း မန်ယူအတွက်ကစားစဉ် ၂၀၀၈ ခုနှစ်တွင် အကောင်းဆုံးတစ်ကြိမ်ရခဲ့ပြိးနောက် နောင်နှစ်များတွင် ဘာစီလိုနာစတားမက်ဆီကြောင့် အကောင်းဆုံးဆုကို အကြိမ်ကြိမ်လွဲချော်ခဲ့ရသူဖြစ်သည်။
ဆက်လက်ပြီး ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု Ballon d'Or နှင့်ပတ်သက်ကာ ရော်နယ်ဒိုမှ ဆက်လက်ပြောကြားရာတွင်မူ " ကျနော်တရားမျှတမှုကိုအလိုရှိပါတယ်။ တရားမျှတမှုသာရှိမယ်ဆိုရင်ပေါ့ဗျာ ခင်ဗျားသိပါတယ် ဘယ်သူဒီဆုကိုရမလဲ ဘယ်သူကပိုထိုက်တန်လဲဆိုတာကိုပေါ့။ ကျနော်သိပ်တော့မပြောချင်ပါဘူး။ ဒါပေမယ့် ကျနော်မလိမ်ပါဘူး။ ကျနော် ဒီဆုကို ရချင်ပါတယ်။ ဒီလိုပဲ မော်ရင်ဟိုလည်း အကောင်းဆုံးနည်းပြဆုကိုရစေချင်ပါတယ်။ သူဟာ ကမ္ဘာမှာအကောင်းဆုံးနည်းပြဆိုတာ ပြသားပြီးသားပါ။ တရားမျှတမှုပါပဲ။ တရားမျှတမှုကလွဲပြီး ကျန်တာတွေကျနော်မတောင်းဆိုပါဘူး " ဟုပြောကြားသွားခဲ့သည်။
လာမယ့်ရာသီသစ်မှာ ကျောနံပါတ် ၇ ကိုဝတ်ဆင်ကစားရမှာဖြစ်လို့ စိတ်လှုပ်ရှားမိပါတယ်။ (မန်ယူတောင်ပံကစားသမား အန်တိုနီယို ဗလန်စီယာ)
ဇူလိုင်လဆန်းပိုင်းမှာ မန်ယူအသင်းအနေနဲ့ ရာသီအသစ်မှာ ဗလင်စီယာအနေနဲ့ နံပါတ် ၇ ကိုဝတ်ဆင်ကစားမှာဖြစ်ပြီး ကာဂါဝါကတော့ နံပါတ် ၂၆ ကိုဝတ်ဆင်မှာဖြစ်ကြောင်းကြေငြာခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ကျောနံပါတ် ၇ ဟာ သမိုင်းဝင် နံပါတ်တစ်ခုဖြစ်ပြီး ဂျော့ခ်ျဘက်စ် ကန်တိုနာ ဒေးဗစ်ဘက်ခမ်း ရော်နယ်ဒို အစရှိသူတွေဝတ်ဆင်ခဲ့တဲ့နံပါတ်ဖြစ်ပြီး မိုက်ကယ်အိုဝင် အသင်းက ထွက်ခွါသွားပြီးတဲ့နောက် လှစ်လပ်နေခဲ့တာဖြစ်ပါတယ်။
ယမန်နေ့က တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ဗလင်စီယာကပြောကြားခဲ့ရမှာတော့ " လာမယ့်ရာသီအသစ်မှာ ကျောနံပါတ် ၇ ကိုဝတ်ဆင်ရမှာဖြစ်လို့ စိတ်လှုပ်ရှားမိပါတယ်။ ဒီနံပါတ်ကိုကျနော်လေးစားပါတယ်။ မန်ယူအသင်းမှာ အထင်ကရတွေအများအပြားဒီနံပါတ်ကိုဝတ်ဆင်ပြီး အသင်းရဲ့သမိုင်းကိုရေးထိုးသွားပေးခဲ့ကြပါတယ်။ ကျနော်ကိုယ်တိုင်လည်း သမိုင်းသစ်ကိုရေးထိုးနိုင်မယ်လို့မျှော်လင့်ပါတယ်။ " ဟုဆိုပါတယ်။
ရာသီသစ်မှာ မန်စီးတီးဆီက ပရီးမီးယားလိဂ်သရဖူးကိုပြန်လည်ရယူနိုင်လိမ့်မယ်လို့လည်း သူကယုံကြည်နေပါတယ်။
မန်ယူနိုက်တတ်အနေနဲ့ ရာသီကြိုခြေစမ်းပွဲတွေအဖြစ် တောင်အာဖရိကနဲ့ တရုတ်နိုင်ငံတို့ကို သွားရောက်ခဲ့ပြီးနောက်မှာ ဥရောပကိုပြန်လာပြီး ဗယ်လာရမ်ဂါ ဘာစီလိုနာ ဟန်နိုဗာ အသင်းတွေနဲ့ ခြေစမ်းပွဲတွေကစားဦးမယ်လို့သိရပါတယ်။
မန်ယူအသင်းအနေနဲ့ ရာသီဖွင့်ပွဲအနေနဲ့တော့ အဲဗာတန်အသင်းနဲ့ သြဂုတ် ၂၀ ရက်နေ့မှာ ပွဲဦးထွက်ယှဉ်ပြိုင်ကစားရမှာဖြစ်ကြောင်းသိရပါတယ်။

Thursday, August 2, 2012
တမင်ရှုံးအောင် ကစားခဲ့တဲ့ အိုလံပစ် ပြိုင်ပွဲဝင် ကြက်တောင်အသင်း ကို ပြိုင်ပွဲမှ ထုတ်ပယ်။
အိုလံပစ်မှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ၂ ဦးတွဲ အမျိုးသမီး ကြက်တောင် အသင်း ၄ သင်း က စုစုပေါင်း အားကစား သမား ၈ ဉီး ကို ယှဉ်ပြိုင်ခွင့် ပိတ်ပင်လိုက် ပါတယ်။
၂ သင်းလုံး ရှုံးထွက်အဆင့် ကွာတားဖိုင်နယ်တက်ဖို့ သေချာပြီ ဖြစ်နေတဲ့ တရုတ်အသင်းနဲ့ တောင်ကိုရီးယားအသင်း ကစားနေကြတုန်းမှာ တဖက်နဲ့ တဖက် ရေကုန် ရေခမ်း ကစားတာ မရှိပဲ မရှုံး ရှုံးအောင် ကစားခဲ့တာပါ။
အဲဒီလို လုပ်တဲ့ အကြောင်းရင်းက လည်း ပွဲစဉ် ဇယားအရ အနိုင်ရတဲ့ အသင်းက ကွာတားဖိုင်နယ်မှာ သူတို့ထက် အရည်အချင်း ပိုသာတဲ့ အသင်းနဲ့ တွေ့ရမှာဖြစ်ပြီး ရှုံးခဲ့ရင် အရည်အချင်းအရ အခုန အသင်းထက် နိမ့်တဲ့ အသင်းနဲ့ တွေ့ရမှာမို့ အခုလို တမင်အလျှော့ ပေး ကစား ခဲ့ကြတာပါ။
ဘယ်လောက်အထိ တောင်ဖြစ်သလည်း ဆိုတော့ နှစ်ဖက် အပြန်အလှန် ရိုက်ကြတာ အများဆုံးက ၄ ချက် လောက်ပဲ ရှိတာတို့၊ ဆာဗင်ပေးတော့လည်း ပိုက်တိုး အောင်ထိုးတာတို့၊ ဆာဗင် ပေးရင် ပေးရတဲ့ အကွက်ကို ကျော်အောင် ထိုးတာလို့တွေ ကို နှစ်ဖက်စလုံး က လုပ်ကြပါတယ်။
ပွဲကစားချိန်မှာပဲ ဒိုင်လူကြီး Thorsten Berg က ပွဲရပ်ပြီး သတိပေးခဲ့ရပါပြီး၊ ပွဲကြည့်ပရိသတ်တွေကလည်း လှောင်ပြောင် အော်ဟစ်ခဲ့ကြပါတယ်။
ပွဲအပြီးမှာတော့ ရှုံးနိမ့် ခဲ့တဲ့ တရုတ် အသင်းက yu yang က သူတို့ဟာ နောက်တဆင့် တက်ဖို့ သေချာနေတာ ဖြစ်လို့ အလဟဿ အားကုန်အောင် မကစားတာ ပါလို့ ပြောပါတယ်။ ဒါပေမယ့်လည်း အားကစားစိတ်ဓာတ်နဲ့ မကိုက်ညီတဲ့ လုပ်ရပ်ဖြစ်တယ်ဆိုတဲ့ ဝေဖန်သံတွေ ထွက်ပေါ်နေပါတယ်။
တရုတ်အစိုးရ သတင်းစာဖြစ်တဲ့ ရှင်ဟွာ သတင်းဌာနကတော့ ရွှေတံဆိပ် ရဖို့ထက် သန့်ရှင်းတဲ့ အားကစား စိတ်ဓာတ်နဲ့ ကစားဖို့က ပိုပြီးအရေးကြီးတယ်လို့ ဝေဖန် ရေးသားပြီး အခု အဖြစ်ပျက်နဲ့ ပတ်သက်ပြီး တရုတ် အိုလံပစ် အသင်းက စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ဖော်ပြပါရှိပါတယ်။ အလားတူပဲ တခြား တောင်ကိုရီးယားအသင်း နဲ့ အင်ဒိုနီးရှား အသင်း တို့ကလည်း အားကောင်းတဲ့ တရုတ်အသင်း ကို ရှောင်ဖို့ တမင် တကာ မရှုံး ရှုံးအောင် ကစား ခဲ့တာကြောင့် အရေးယူခံရပါတယ်။
ကွားတား ဖိုင်နယ်ပွဲစဉ်တွေ ကတော့ မကြာမှီ အချိန်အတွင်းမှာ စတင်ကစား ကြတော့မှာ ဖြစ်ပါတယ်။
နှစ်ဦးတွဲ အမျိုးသမီး ကြက်တောင် အသင်း ၄ သင်းကတော့ တောင်ကိုးရီးယား က ၂ သင်း၊ တရုတ်အသင်း ၁ သင်း နဲ့ အင်ဒိုနီးရှား ၁ သင်း စုစုပေါင်း ၄ သင်းဖြစ်ကြပါတယ်။

ညီဖြစ်သူ သော်ဂန်အား ချယ်လ်ဆီး အသင်းမှ ခေါ်ယူခဲ့သည့် အတွက် ကျေနပ်နေသည့် ဟတ်ဇာတ်ဒ်
ချယ်လ်ဆီး အသင်း၏ တိုက်စစ်ကစားသမား ဟတ်ဇာတ်ဒ်မှ သူ၏ညီဖြစ်သူ သော်ဂန် ဟတ်ဇာတ်ဒ်အား ချယ်လ်ဆီး အသင်းမှ လက်မှတ်ထိုး ခေါ်ယူခဲ့သည့် အတွက် ကျေနပ်မိကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ ချယ်လ်ဆီး အသင်းသည် လိုင်လီမှ ဟတ်ဇာတ်ဒ်အား ပေါင် (၃၂)သန်းဖြင့် ခေါ်ယူပြီး တစ်ပတ်အကြာ ပြီးခဲ့သော အင်္ဂါနေ့က အသက် (၁၉)နှစ် အရွယ်ရှိ သော်ဂန်အား ခေါ်ယူခဲ့ခြင်း ဖြစ်ကာ ဟတ်ဇာတ်ဒ် ယခုလို ခေါ်ယူခဲ့ခြင်း အတွက် သူ၏ ပျော်ရွှင်မှုများကို ထုတ်ဖော် ပြောဆိုခဲ့သည်။ “ဟတ်ဇာတ်ဒ် နှစ်ယောက်က ချယ်လ်ဆီး အသင်းမှာ ရှိနေပါတယ် အဲဒီအတွက် ကျွန်တော် အရမ်းပျော်ရွှင်နေပါတယ်”ဟု ဟတ်ဇာတ်ဒ်မှ တွစ်တာ စာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။ သို့သော်လည်း ဟတ်ဇာတ်ဒ်တို့ ညီအစ်ကို နှစ်ဦးမှာ ယခုနှစ် ဘောလုံးရာသီတွင် အတူတကွ ကစားခွင့် ရဖွယ်မရှိပဲ သော်ဂန် အငှားဖြင့် ပြောင်းရွှေ့ ကစားရဖွယ် ရှိနေသည်။
အကြမ်းဖက် ပါကစ္စတန် တာလီဘန်အဖွဲ့ မြန်မာနိုင်ငံအပေါ် ခြိမ်းခြောက်မှု စိုးရိမ်ပူပန်ရန် မလိုဟုဆို
ပါကစ္စတန် နိုင်ငံ အခြေစိုက် တာလီဘန် အဖွဲ့တစ်ဖွဲ့ဖြစ်သော Tehreeke-Taliban (TTP) အဖွဲ့က ရခိုင် ပြည်နယ် ဖြစ်ပွားသော ကိစ္စများနှင့် ပတ်သက်ပြီး ပါကစ္စတန် နိုင်ငံရှိ မြန်မာသံရုံးနှင့် မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို တိုက်ခိုက်မည် ဖြစ်ကြောင်း ဇူလိုင် ၂၆ ရက်နေ့က သတင်းထုတ်ပြန်ရာ ယင်းထုတ်ပြန်ချက်ကို ပြည်တွင်း အစ္စလာမ်ဘာသာဝင်များက လက်မခံဘဲ ပယ်ချလိုက်ပြီး နယ်စပ်ရေးရာနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက ပြည်သူများ စိုးရိမ်ရန်မလိုကြောင်း ပြောဆိုလိုက်သည်။
တာလီဘန်အဖွဲ့၏ ခြိမ်း ခြောက်မှုနှင့်ပတ်သက်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးက “လုံခြုံရေး အပြည့်ရှိပါတယ်”ဟု ဇူလိုင်လ ၃၀ ရက်နေ့ ရန်ကုန်မြို့တွင် ကျင်းပ သော ရခိုင်အရေး သတင်းစာရှင်း လင်းပွဲတွင် ပြောဆိုသည်။ ပြည်တွင်း အစ္စလာမ်ဘာသာ ဝင် တစ်ဦးဖြစ်သော ၈၈ မျိုးဆက် ကျောင်းသား ကိုမြအေးက တာလီဘန်အဖွဲ့၏ ခြိမ်းခြောက်မှုအပေါ် လက်မခံကြောင်း ပြောဆိုသည်။ “အကြမ်းဖက်ဝါဒနဲ့ ပတ် သက်ပြီးတော့ လက်မခံဘူး။ တစ် ကမ္ဘာလုံးလည်း လက်မခံဘူး။ ဒီ နိုင်ငံမှာ အကြမ်းဖက်မှု ပေါ်ထွန်း လာမှာမလိုလားဘူး”ဟု ကိုမြအေး က ပြောဆိုသည်။
ပြည်တွင်း အစ္စလာမ်ဘာသာ ဝင်များ ဦးဆောင်ဖွဲ့စည်းထားသောအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမို ကရက်တစ်ပါတီမှ ဗဟိုအလုပ်အမှု ဆောင် ဦးအဘူလ်တာဟေရ်(ခေါ်) ဦးသာအေးက တာလီဘန်အဖွဲ့၏ ခြိမ်းခြောက်သည်ဆိုသော သတင်း အပါအဝင် သတင်းအများစုသည် နိုင်ငံတွင်း စည်းလုံးညီညွတ်မှုနှင့် ငြိမ်းချမ်းရေးပျက်ပြားအောင် လုပ် ဆောင်နေသည်ဟု ပြောဆိုသည်။
“အဲဒီ သတင်းတွေက ကျွန်တော်တို့နိုင်ငံ မတည်မငြိမ် ဖြစ် အောင် လုပ်နေတာ”ဟု ၄င်းက ဆို သည်။ ပြည်တွင်း အစ္စလာမ်ဘာသာ ဝင်အချို့ကလည်း တာလီဘန်အဖွဲ့ ၏ ခြိမ်းခြောက်မှုကို လက်မခံဟုပြောဆိုကြသည်။ အမေရိကန်ပြည်ထောင်စု၏ ထုတ်ပြန်ချက်အရTTP တာလီ ဘန်အဖွဲ့သည် ၂၀၁၀ ခုနှစ်၊ နယူး ယောက် မြို့လယ်ကောင် Time Square ဗုံးခွဲရန် ကြိုးစားမှု၊ ၂၀ဝ၉ခုနှစ် အာဖဂန်နစ္စတန်တွင် အသေခံ ဗုံးဖောက်ခွဲမှုကြောင့် အမေရိကန် စီအိုအေအဖွဲ့ဝင် ခုနစ်ဦးသေဆုံးမှု အတွက် တာဝန်ရှိသော အကြမ်း ဖက် အဖွဲ့အစည်းဖြစ်ကြောင်း သိရှိ ရသည်။

Subscribe to:
Posts (Atom)