BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Tuesday, August 28, 2012

မြန်မာကာယ အလှမယ်နှစ်ဦး အာရှကာယ ဗလနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲ ဝင်မည်


(၄၆)ကြိမ်မြောက် အာရှကာယ ဗလနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ကာယ အလှမယ်နှစ် ဦးဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ ပြိုင်ပွဲကို တရုတ် နိုင်ငံ၊ ကွမ်ကျိုးမြို့တွင် လာမည့် စက်တင်ဘာ ၁၉ ရက်မှ ၂၅ ရက် အထိ ကျင်း ပမည်ဖြစ်သည်။
ပြည်တွင်း၌ ပြီးခဲ့သည့် ဇွန်လက ကျင်းပခဲ့သော ပြောင်းလဲပြင်ဆင် လိုက်သည့် ဝတ်စားဆင်ယင်မှု အသစ် ကာယအလှမယ်ပြိုင်ပွဲမှ ပထမဆုရ ပြိုင်ပွဲဝင်နှစ်ဦးသည် အာရှအဆင့်ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ "ပြီးခဲ့တဲ့ ပြိုင်ပွဲကနေ ပဏာမ လက်ရွေးစင်ငါးဦးရွေးချယ်လိုက် ပြီး အာရှအဆင့်ပြိုင်ပွဲအတွက် လေ့ကျင့်ပေးခဲ့ပါတယ်။ ထိုင်းနည်း ပြဆရာနှစ်ဦးလည်း နှစ်ပတ်ခန့် လာရောက်ပြီး လေ့ကျင့်အကြံပေး မှုတွေပြုလုပ်ပေးခဲ့ပါတယ်။ ခု တော့ လက်ရွေးစင်နှစ်ဦးကို ရွေး ချယ်လိုက်ပါပြီ" ဟု မြန်မာနိုင်ငံ ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ ချုပ်အမှုဆောင် ဒေါ်ရီရီဝင်းက ပြောသည်။
အာရှအဆင့်ပြိုင်ပွဲသို့ သွား ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခံခဲ့ ရသည့် ကာလအလှမယ်နှစ်ဦးမှာ ပြီးခဲ့သည့် အိုလံပစ်နေ့အထိမ်း အမှတ်ကျင်းပခဲ့သည့် အမျိုးသမီး ကာယကြံ့ခိုင်မှုပြိုင်ပွဲ Model Physique ခေါင်းစဉ်ပြိုင်ပွဲတွင် ပထမရရှိခဲ့သည့် မဝတ်ရည်ဖြိုးနှင့် Fitness Physique ခေါင်းစဉ်ပြိုင် ပွဲတွင် ပထမရရှိခဲ့သည့် မအေး အေးစိုးတို့ဖြစ်ကြောင်း သိရသည်။
နှစ်ပေါင်း ၃၀ ကျော်နောက် ပိုင်း ပထမဆုံးအကြိမ် ဝတ်စား ဆင်ယင်မှုအသစ်ဖြစ်သည့် အင်္ကျီ လက်ပြတ်၊ ဘောင်းဘီတို၊ အား ကစားဝတ်ဖြင့် ယှဉ်ပြိုင်ရသည့် ကာယအလှမယ်ပြိုင်ပွဲကို ပြီးခဲ့ သည့် ဇွန်လက ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။
ဗိုလ်ဗိုလ်ဝင်း
7Day News
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

သုံးနှစ် အရစ်ကျသွင်းပါက မော်ဒယ်မြင့် တက္ကစီကားသစ်များ ရရှိမည် ဟုဆို

အငှားယာဉ် ဝယ်ယူ လိုသူများ အတွက် ကနဦး ကျပ်သိန်း ၄၀ ပေးချေကာ တစ်ရက်လျှင် ကျပ် ၁၃၀ဝ၀ ဖြင့်သုံးနှစ် အရစ်ကျပေးချေ ပြီးပါကToyota Belta, Toyota Caldina အပါအဝင် မော်ဒယ်မြင့် တက္ကစီ ကားများ ရရှိမည်ဖြစ်ကြောင်း Best Auto Service ကားကုမ္ပဏီ ထံမှ သိရသည်။
"ဒါဟာ အများပိုင် ကုမ္ပဏီ ဖြစ်ပါတယ်။ ရောင်းချမယ့် ပုံစံက တော့ ခိုင်လုံတဲ့ Customer ၊တကယ်လိုချင်တဲ့ Customer နဲ့ ကြိုတင်ငွေ အများဆုံးတင်သွင်းနိုင် တဲ့ Customer တွေကို ဦးစားပေးရောင်းချမှာပါ။ ပိုင်ရှင်တစ်ဦးကို Driver သုံးဦးစာ Register တင်ခွင့် ရှိပါတယ်" ဟုBest Auto Service ကားကုမ္ပဏီမှ မန်နေဂျာ ဦးစိုး တင့်က သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပြောသည်။
အရစ်ကျရောင်းချသွားမည့် အငှားယာဉ်များမှာToyota Corolla Van၊ Toyota Caldina Van ကား မော်ဒယ် ၉၇ နှင့် ၂၀၁၀ အကြား အင်ဂျင်ပါဝါ (ဓာတ်ဆီ အင်ဂျင်) ၁၃၀ဝ စီစီ၊ ဒီဇယ်အင်ဂျင် ၂၅၀ဝ စီစီကားများ၊Toyota Probox၊ Toyota Belta ကားမော်ဒယ် ၂၀ဝ၆၊ ဝ၇၊ ဝ၉၊ အင်ဂျင်ပါဝါ ၁၃၀ဝ စီစီကားများနှင့် ၂၀ဝ၇ မော်ဒယ်အင်ဂျင်ပါဝါ ၁၃၀ဝ စီစီ၊ Nissan Ad-Van ကားများဖြစ်ပြီးမည်သည့်ကားမဆို ဈေးနှုန်းတစ်ခု တည်း ရောင်းချသွားမည် ဖြစ် ကြောင်း သိရသည်။
"ဒီကိစ္စက အောက်ကားပိုင်ရှင် တက္ကစီ ဝယ်ယူချင်သူတွေ အတွက် အထောက်အကူ ပြုပါတယ်။ ဘာ ဖြစ်လို့လဲ ဆိုတော့ အောက်ကား ရောင်းပြီး ရတဲ့ငွေက တက္ကစီတစ်စီး ပြန်ဝယ်ဖို့ မလွယ်ကူပါဘူး"ဟု အငှားယာဉ်မောင်းနှင်သူ တစ်ဦးက ဆိုသည်။
အများပိုင်ကုမ္ပဏီမှ တက္ကစီ များကို ကနဦးသိန်း ၄၀ ပေးသွင်း ကာ တစ်ရက်လျှင် ကျပ် ၁၃၀ဝ၀ နှုန်း သုံးနှစ် အရစ်ကျပေးသွင်းကာဝယ်ယူနိုင်ပြီး ကားများကို စနစ် တကျ မောင်းနှင်မှု ရှိ မရှိ ၊Driver နှင့် ကားပိုင်ရှင်များ စည်းကမ်း လိုက်နာမှု ရှိ မရှိ ကုမ္ပဏီက စစ် ဆေးသွားမည်ဖြစ်ကြောင်း၊ ယခု အခါ အငှားယာဉ်မောင်း များ၏ အုံနာကြေးမှာ ကျပ် ၁၅၀ဝ၀ ဝန်း ကျင်ရှိပြီး ကားစလစ် ဈေးများမှာ ကျပ်သိန်း ၇၀ ဝန်းကျင် အရောင်း အဝယ် ပြုလုပ်နေကြကြောင်း၊ မြန်မာနိုင်ငံအတွင်းတွင် ရန်ကုန် တိုင်းဒေသကြီးတစ်ခုသာ အငှား ယာဉ် အသုံးပြုကြကြောင်း သိရ သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

နာနီအား ပေါင်(၂၅)သန်းဖြင့် ကမ်းလှမ်းမည့် ဇင်းနစ်

ဇင်းနစ်အသင်းသည် မန်ယူ အသင်းနှင့် စာချုပ်သစ် အတွက် သဘောတူညီမှု ရရှိခြင်း မရှိသေးသည့် တောင်ပံ ကစားသမား နာနီအား ပေါင် (၂၅)သန်းဖြင့် ကမ်းလှမ်းမည် ဖြစ်ကြောင်း သိရသည်။ နာနီ၏ အေးဂျင့်ဖြစ်သူသည် ဇင်းနစ်အသင်း တာဝန်ရှိသူများနှင့် အမ်စတာဒမ်မြို့တွင် တွေ့ဆုံခဲ့ပြီး ကစားသမား၏ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ဇင်းနစ်အသင်း၏ နည်းပြဖြစ်သူ စပယ်လက်တီမှလည်း နာနီနှင့် ပတ်သက်သော သတင်းများမှာ မှန်ကန်ကြောင်း ယခုလ အစောပိုင်းက အတည်ပြု ပြောဆိုခဲ့ဖူး သော်လည်း ကစားသမား၏ အပြောင်းအရွှေ့ အတွက် ကုန်ကျမှုပေါ်မူတည်၍ အပြောင်းအရွှေ့ ဖြစ်မြောက်နိုင်ကြောင်းနှင့် အသင်းမှ ငွေကြေးများစွာ သုံးစွဲနိုင်မှာ မဟုတ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
Soccer

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, August 26, 2012

ဘန်ကောက်မှာ ခွဲစိတ်မှုတစ်ခု ပြုလုပ်မယ့် မို့မို့မြင့်အောင်

မို့မို့မြင့်အောင် က သြဂုတ်လ ၁၈ရက်နေ့ မှာတော့ ဘန်ကောက်ကို ကြော်ငြာ ဓာတ်ပုံ ရိုက်ကူးရေး အတွက်ရော၊ ကျန်းမာရေး အတွက် ပါဆေးစစ် မှုတွေ ပြု လုပ်ခဲ့ မှာဖြစ်သလို၊ ကျီးပေါင်းကြောင့် ခွဲစိတ်မှုလည်း ပြုလုပ်ခဲ့မယ်လို့ ဆိုတာကြောင့်..''မမို့ ဘန်ကောက်မှာ ကြော်ငြာဓာတ်ပုံ ရိုက်မယ်။ ပြီးရင် ခွဲစိတ်မှုလုပ်ရမယ်။ မမို့ ခေါင်းအနောက်က အတက်က အာရုံကြောကို ဖိတော့ ညာဘက်လက်က နည်းနည်းလေး စသိမ်နေပြီ။ ခြေထောက် ကလည်း နည်းနည်းစလာပြီ။ ဒီထက်ပိုမဆိုးအောင်ပေါ့။ နောက်ဆုံးအဖြေက သူက ပြန်ကောင်း တာတော့ မရှိဘူး။ အောက်ပိုင်းသေ တာတွေဖြစ်နိုင်တယ်။ မမို့ အစ်မရဲ့ရုံးက ဝန်ထမ်းတစ်ယောက်ကလည်း ဒီလိုဖြစ်တော့ သွားလုပ်ပြီး သွားပြီ။ သူက မမို့လောက်တောင် မဆိုးပါဘူး။ အဲဒါ အစ်မက သွားလုပ်သင့် တယ်လို့ ပြောတာနဲ့ ဓာတ်ပုံ ရိုက်ပြီးရင်တော့ ခွဲစိတ်မှု လုပ်လိုက်တော့မယ်။ တစ်ပတ် ဆယ်ရက်လောက်တော့ ကြာမှာ ပေါ့။ ဒီလိုဖြစ်ခဲ့တာ က တော်တော်ကြာပြီ။
ဒါရိုက်တာမောင်ဝဏ္ဏနဲ့ မိုးမင်းစရိုက်တဲ့ကား မှာ ဖြစ်တာ အဲဒီကားမှာ ကျွမ်းထိုးလိုက်တာ။ အစတုန်းက ကိုယ်ကိုယ် တိုင်နှစ်တန်းခုန်၊ ကျွမ်းဘား တို့ကို လုပ်တာ။ ဘာမဟုတ်တဲ့ မြေညီမှာ ကျွမ်းဘား သွားထိုး လိုက်တာ ဇက်နည်းနည်း လေးလည်သွားတာ။ အဲဒီက စပြီး အုံးခဏ ခဏ လွဲတယ်ဆိုပြီး ဓာတ်မှန်ရိုက်လိုက်တာ အရိုး ၅နဲ့၆ကြားမှာ ကျီးပေါင်း တက်နေတယ်။ အဲဒီကျီးပေါင်းကလာပြီး ထောက်နေတာ။ ပြန် စဉ်းစားတော့ လည်း အနုပညာကို ချစ်တဲ့စိတ်နဲ့ဇွတ်တရွတ် လုပ်တာက ဒီဒဏ်တွေ ထွက်လာတာပါပဲ။ ခွဲစိတ်မှုကတော့ မိုင်နာလို့တော့ ပြောတယ်။ နောက်ပြီး မမို့ရဲ့ နှလုံးလို့ အဖြေ ထွက်ထားတာကိုလည်း အဖြေရှာ ရမယ်။ နောက် အပျိုကြီးလိုဖြစ်ရတဲ့ရောဂါကိုလည်း အဲဒီမှာ အကုန် လုံးပြန်ဆေးစစ်ခဲ့မယ်။ အနုပညာကို ချစ်တဲ့စိတ်နဲ့မိုက်မိုက်ကန်းကန်း စွန့် လုပ်ခဲ့တာတွေရှိတယ်။ဒါပေမဲ့ ဘယ်လောက် သတ္တိကောင်းတဲ့ လူဖြစ်ဖြစ် တကယ် ခွဲစိတ်ခန်း ဝင်ရတော့မယ် ဆိုရင်တော့ ငါ အောက်ပိုင်းသေသွားရင် ဘယ်လို လုပ်မလဲလို့ တွေးမိတယ်''လို့ ပြောပြခဲ့ပါတယ်။
မေမွန်မောင်

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ကျန်းမာရေး အကောင်းဆုံး ၁၀ နိုင်ငံ

ဘလွန်းဘာ့ဂ်သုတေသန ဆာဗေးအရ စင်္ကာပူမှာ ကမ္ဘာ့ပေါ်တွင် ကျန်းမာရေး အကောင်းဆုံးနိုင်ငံဖြစ်သည်ဟု သိရသည်။ လူ့သက်တမ်း၊ ဆေးလိပ်သောက်ခြင်း နှုန်းထား၊  သေဆုံးနှုန်းတို့မှာ ပါဝင်သော စစ်တမ်းအရ လေ့လာခဲ့သည်။
၁၄၅ နိုင်ငံစစ်တမ်းတွင် စင်္ကာပူက ရမှတ် ၈၉ ဒသမ ၄၅ ရရှိခဲ့သည်။
အီတလီနှင့် သြစတြေးလျတို့က ဒုတိယနှင့် တတိယ နေရာများတွင် ရှိနေသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

လူသားခန္ဓာကိုယ် ဆေးသိပ္ပံပြတိုက် အာရှတွင် ပထမဆုံး ဖွင့်လှစ် (ဗီဒီယို)

သက်မဲ့ ဆေးစိမ် လူသား ခန္ဓာကိုယ်ပုံစံအစစ် ၃၁ မျိုးတို့ကို ပကတိ တွေ့မြင်ရသည်။ လူသားကိုယ်ခန္ဓာ အစိတ်အပိုင်း အစစ်များကို အသုံးပြုသည့် ပြတိုက်ကို အာရှ၏ ပထမဆုံးအနေဖြင့် ချုလာလောင်ကွန်းတက္ကသိုလ်က ဖွင့်လှစ်လိုက်သည်။
အတွင်းပိုင်း အင်္ဂါအစိတ်အပိုင်းများ၊ ကြွက်သားများ၊ ခြေလက်အင်္ဂါများ၊ ကလေးမွေးဖွားပုံ၊ သန္ဓေသား ဖွံ့ဖြိုးပုံ အဆင့်ဆင့်တို့ကို plastination technique နည်းပညာ အသုံးပြုလျက် ပြသထားခြင်းဖြစ်သည်။
ဘန်ကောက်ရောက်လျှင် အခမဲ့ ၀င်ရောက်ကြည့်ရှုနိုင်သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ကလေးများကွန်ပျူတာကို တစ်ရက် တစ်နာရီသာ အသုံးပြုသင့်

အသက် ၁၀ နှစ် မှ ၁၅ နှစ် အတွင်း ကလေးငယ်များသည် ကွန်ပျူတာ အလွန်အကျွံ သုံးစွဲနေမှုကြောင့် ကွန်ပျူတာ အမြင်အာရုံချို့တဲ့မှုရောဂါ ဝေဒနာကို ခံစားနိုင်ရကြောင်း သိရပါသည်။ ရောဂါလက္ခဏာများအနေဖြင့် သတိလစ်ခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ အမြင်ေ၀၀ါးခြင်းတို့အပြင် အခြားသော လည်ပင်းနှင့် ကျောရိုးဝေဒနာ များကိုလည်း ခံစားနိုင်ရကြောင်း ထိုင်း မျက်စိပညာအထူးကုသမားတော်က သတိပေးထားသည်။
ဖရာ့နန်ကလောင် ဆေးရုံမှ ဒေါက်တာ သပန်န၀န်တန်ဂုရိုင်ဝန်က ကလေးများကွန်ပျူတာပေါ်တွင် အချိန်ကြာမြင့်စွာ သုံးစွဲခြင်းနှင့် အခြားသော စမာ့ဖုန်းများ၊ တက်ဘ်လပ်များဖြင့် အင်တာနက် အသုံးပြုခြင်းတို့ကို အလွန်အကျွံ ပြုလုပ်နေ ကြကြောင်း ဆိုပါသည်။

ကွန်ပျူတာ အလွန်အကျွံ အသုံးပြုခြင်းကြောင့် ခါးဝေဒနာ၊ လည်ပင်းနှင့် ခေါင်းကိုက်ခြင်းတို့ ပိုမို ဖြစ်ပွားစေ သည်ဟု ဆိုပါသည်။ ကွန်ပျူတာနှင့် စမာ့ဖုန်း စခရင်တို့ကို အနီးကပ်ကြည့်ရှုခြင်းကြောင့် အနီးမှုန်ခြင်း၊ မျက်လုံးအိမ် နာကျင်ခြင်း၊ အမြင်အာရုံေ၀၀ါးခြင်းတို့ ခံစားရနိုင်သည်။
ထို့အပြင် လူမှုဆက်ဆံရေးနှင့် မိသားစုနှင့် ဆွေးနွေးပြောဆိုချိန် နည်းပါးလှသည့်အတွက် အမျက်ဒေါသ ထွက်လွယ်ပြီး၊ အဖျက်အနှောက် လုပ်လိုသော အပြုအမူတို့လည်း တိုးပွားစေနိုင် သည်။
ကလေးများသည် ကွန်ပျူတာကို တစ်ရက်လျှင် တစ်နာရီသာ အသုံးချခွင့် ပြုသင့်သည်ဟု သမားတော်ကြီးက ဆိုပါသည်။ မှောင်သော အခန်းတွင်းတွင် အသုံးမပြုသင့်ပါ။ စခရင် အလင်းအမှောင်ချိန်ထားသင်ပြီး တစ်မီတာ အကွာမှ ကြည့်ရှု သင့်သည်ဟု အကြံပြုထားသည်။
မောက္ခသတင်

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed