BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Saturday, March 2, 2013

ဟန်းဖုန်း ခေါင်းအုံးမအိပ်ပါနှင့်

ခေါင်းမအုံးဘူး။ ဘေးမှာပဲ ထားအိပ်တယ်ဆိုလည်း မရပါဘူး။ အနည်းဆုံး လေးပေ၊ ငါးပေလောက်တော့ ခွာပြီး ထားရမယ့် ပစ္စည်း ဖြစ်ပါတယ်။
သူ့ဆီကနေ ထွက်တဲ့ ရေဒီယိုဓာတ်ကြွရောင်ခြည်က ရောဂါ အမျိုးမျိုး ဖြစ်ပေါ် စေပါတယ်။ ခန္ဓာကိုယ် ပြင်ပ အရေအပြားကစလို့ အတွင်း အထိကို ထိပါတယ်။ အနီးစပ်ဆုံးကတော့ ဦးနှောက်ကို ထိပြီး အသက်ကြီး လာတဲ့ အခါ ပိုမိုခံရပါတယ်။ ဦးနှောက်အတွင်းမှာ ရှိတဲ့ အရေအပြားနဲ့ ဆဲလ်များဟာ အင်မတန်နူးညံ့ပြီး နေ့စဉ် ထိတွေ့ နေတဲ့ ဓာတ်ရောင်ခြည်ကြောင့် သေဖို့ ပိုများပါတယ်။ ရှင်သန်မယ့် ဆဲလ်အရေ အတွက်ထက် သေတဲ့ ဆဲလ်ပိုများတဲ့အခါ ရေရှည်မှာ ဦးနှောက် သောတို့၊ ဦးနှောက်ကင်ဆာတို့ကိုတောင် ဖြစ်ပေါ်စေနိုင်ပါတယ်။
ယနေ့ ကမ္ဘာရဲ့  ခေတ်မှီဖွံ့ဖြိုးတိုးတက်မှုမှာ လူတိုင်းဟာ ဓာတ်ရောင်ခြည် အမျိုးမျိုးနဲ့ ထိတွေ့နေရပြီး ဒါတွေကို သိရှိနားလည်လို့ အတတ်နိုင် ဆုံး ရှောင်ကြဉ်တတ်ရန် လိုအပ်တယ်လို့ တိုက်တွန်းထားကြောင်း သိရ ပါတယ်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဒူဘိုင်းမှ ရေအောက်ဟိုတယ်

ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံများ စာရင်းမှာ ယူအေအီးလည်း ပါရှိပါတယ်။ ရေနံ သူဌေးများ စုစည်းနေထိုင်တဲ့ နိုင်ငံ ဖြစ်ပြီး ဒူဘိုင်းဆိုရင် ကမ္ဘာ့ ထိပ်တန်းမြို့ ကြီးတွေထဲက တစ်ခုပါပဲ။
ကမ္ဘာ့အမြင့်ဆုံး မိုးမျော်တိုက်များနဲ့ စံချိန်တင်လို့ မဝသေးလို့ ကမ္ဘာ့ ပထမဆုံး ရေအောက်ဟိုတယ် ကိုလည်းတည်ဆောက်မှာ ဖြစ်ပါတယ်။ ဒီအတွက် စီစဉ်နေတာ ကြာပါပြီ။ ဆောက်လုပ်ရေး စီမံကိန်း စတင်နေပြီလို့လည်း ဆိုပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့ အတိုင်း ရေပေါ်၊ ရေအောက် နှစ်မျိုးခွဲထားပြီး၊ ရေအောက်မှာ တည်းဖို့ အတွက် ဈေးပိုကြီးမှာ ဖြစ်ပါတယ်။
ကြယ်ငါးပွင့်အဆင့် ဟိုတယ်ပါပဲ။ ပင်လယ်ရေသတ္တဝါနဲ့ သန္တာကျောက် တန်းများကို အိပ်ယာပေါ်ကနေ အတိုင်းမှာ မြင်နေရ မှာ ဖြစ်ပါတယ်။ မှန်အကြည် အထူသားနဲ့ ပိတ်ထားပြီး လုံခြုံရေးအတွက်လည်း အဆင့်ဆင့်ခံထားပါတယ်။ ဆူနာမီရေလှိုင်းတိုက်ရင်တောင် မပျက် ဆီး နိုင်လောက်အောင် အကြမ်းခံမယ်လို့လည်းဆိုပါတယ်။်
တကယ် တည်ဆောက်ပြီးစီးရင်တော့ ကမ္ဘာ့ပထမဆုံး ကြယ်ငါးပွင့်အဆင့် ရေအေက် ဟိုတယ်တစ်ခု ဖြစ်လာမှာ ဖြစ်ကြောင်း သိရပါတယ်။
--
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မြန်မာနိုင်ငံတွင် ဖို့ဒ်ကားများ ရောင်းတော့မည်

မြန်မာနိုင်ငံတွင် အမေရိကန် ကားကုမ္ပဏီ ဖို့ဒ်ကားများ ဖြန့်ဖြူးရန် ဖို့ဒ်ကား ကုမ္ပဏီနှင့် သဘောတူ လက်မှတ် ရေးထိုးလိုက်ကြောင်း ဖို့ဒ်ကုမ္ပဏီနှင့် တွဲဖက်လုပ် ကိုင် မည့် မြန်မာနိုင်ငံ ဘက်မှ Capital Automotive ကုမ္ပ ဏီ အကြီးအကဲ ကပြောကြားသည်။
ရန်ကုန်မြို့၌ ပထ မဦး ဆုံးဖွင့်လှစ်မည့် ဖို့ဒ်ကားအ ရောင်းဆိုင်တွင် အိမ်စီးကားများနှင့် ပစ်ကပ်ကားများ ရောင်းချသွား မည်ဖြစ်ပြီး လာမည့်မေလမှာပင် အရောင်းပြခန်း စတင်ဖွင့်လှစ်သွားဖွယ်ရှိကြောင်း Capital Autom otive မှ ဒါရိုက်တာဦး ခင်ထွန်း ကပြောသည်။
ဖို့ဒ် ကုမ္ပဏီ ပြောခွင့်ရပုဂ္ဂိုလ် နီးလ်မက်ကာသီကမူ ၎င်းတို့ကုမ္ပ ဏီအနေဖြင့် မြန်မာဈေး ကွက်အတွင်း ၀င်ရောက်ရန် ပြင်ဆင်နေပြီး တွဲဖက်လုပ်ကိုင်မည့် ကုမ္ပဏီလည်း ရှိနေပြီဖြစ်ကြောင်း ပြောကြားသော် လည်း အသေးစိတ် အချက်အလက် များကိုမူ ပြောကြားခြင်းမရှိသေးပေ။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသော မြန်မာနိုင်ငံတွင် အမေရိကန်နိုင်ငံမှ ပက်စီ၊ ကိုကာကိုလာ၊ GE ၊ Caterpillar နှင့် ဒိန်းမတ် အဖျော်ယမကာကုမ္ပဏီ Carlsberg တို့သည် ၎င်းတို့ကုန်ပစ္စည်းများ ဖြန့်ချိရန် ဒေသခံကုမ္ပဏီများနှင့် သဘောတူညီချက်များ ရရှိထားပြီဖြစ်သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Thursday, January 17, 2013

မင်မလိုသော တစ်သက်လုံး သုံးလို့ရသည့် ဘောလ်ပင်


Beta Pen လို့အမည်ပေးထားတဲ့ ပုံက ဘောလ်ပင်ဟာ တကယ် မင်မလို ပါဘူး။ မင်တံထည့်ရတာတို့၊ မင်ရည်ဖြည့်ရတာတို့ လုံးဝ လုပ်စရာ မလိုပဲ တစ်သက်လုံး သုံးလို့ရမှာ ဖြစ်ပါတယ်။

ဒီတော့ သူ့က ဘာကို သုံးပြီးရေးတာလဲလို့ စိတ်ဝင်စားသွားကြမှာ ဖြစ်ပါ တယ်။ ၆.၂၅ လက်မရှည်တဲ့ Pen တစ်ခုလုံးက သတ္တုအလွိုင်းနဲ့ ပြုလုပ် ထားပြီး ထိပ်ဖူးကို ခဲ သတ္တုနဲ့ ဖုံးထားပါတယ်။ ဒီတော့ ရေးချလိုက်ရင် ခဲရောင်က ထင်ပါတယ်။ ယင်းခဲယောက်က ဘော်ပင်က မင်ရောင် လိုပဲ ဖြစ်ပါတယ်။ သူတော့ အနက်ဖြစ်ပြီး ခဲဖျက်နဲ့ ဖြတ်လို့ မပျက်ပါ ဘူး။ ဘောလ်ပင် မင်နက်လိုပဲ ဖြစ်ပါတယ်။
အဖုံးဖွင့်ထားလို့ မင်ခြောက်မှာလည်း မစိုးရိမ်ရပါဘူး။ ရေထဲ မှာတောင် ရေး လို့ ရတယ်လို့ သက်သေပြထားပါတယ်။ မင်ရည်ယိုတာတွေ လည်း ဖြစ်နိုင်တော့မှာ မဟုတ်ပါဘူး။ ခဲသားပေမယ့် အရောင်တောက် ပါတယ်။ မင်တုံး၊ မင်ချွံ ကိုယ်လိုသလို ဖန်တီးယူလို့ ရပါတယ်။ သံစားတဲ့ ဘရတ်ခ်ျ စက္ကူနဲ့ ပွတ်စားပြီး အချွံသော်လည်းကောင်း၊ အတုံးသော် လည်းကောင်း လိုသလို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
တစ်သက်လုံးလည်း သုံးရမယ်။ မင်လည်းဖြည့်စရာ၊ အစားထိုးစရာ မလိုဘူး ဆိုတော့ သုံးပျော်မယ့် ဘောလ်ပင်လေး ဖြစ် ပါတယ်။ ဈေးနှုန်းက လည်း ဒေါ်လာ ၃၀ ဝန်းကျင်ပဲ ရှိပါတယ်။ သို့ပေမယ့် မြန်မာပြည်ရောက် မရောက်တော့ မသိပါဘူး။ Beta pen အား အသုံးပြုပြနေတဲ့ ဗီဒီယိုကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
ရိုးရာလေး
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

လက်ကို မောက်စ့်အဖြစ် သုံးနိုင်မည့် evoMouse


evoMouse ကတော့ Bluetooth ပါတဲ့ Gadget ဖြစ်ပါတယ်။အရွယ်လည်း သိပ်မကြီးပါဘူး ကွန်ပြူတာနဲ့ USB ပေါက်ထိုးထားလိုက်ပြီးရင် လက်ကို မောက်စ်လို့ သုံးနိုင်ပြီ ဖြစ်ပါတယ်။လပ်တော့၊ PC , Tablet အားလုံးနဲ့ အသုံးပြုလို့ ရပါတယ်။ Sensor ကောင်းပြီး အသုံးပြုလို့လည်း လွယ်ကူပါတယ်။ သုံးပုံသုံးနည်း ကိုလည်း ပေးထားပြီး ကိုယ်လိုချင်သလိုလည်း Train ထားပေးလို့ ရပါ တယ်။ USB ပေါက်မထိုးပဲနဲ့ Bluetooth ဖွင့်ပြီး ကြိုးမဲ့လည်း အသုံးပြုလို့ ရပါတယ်။ အားတော့ ပြန်သွင်းဖို့ လိုပါတယ်။
အသေးစိတ် အချက်အလက်ကို အောက်ပါ လခ့်မှာ ဝင်ရောက် လေ့ လာ နိုင်ပါတယ်။
ရိုးရာလေး

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Android OS အတွက် အသုံးဝင် လျှို့ ဝှက်ကုဒ်အချို့ 


Android OS သုံး စမတ်ဖုန်း၊ နဲ့ အခြား Gadget အသုံးပြုသူများအတွက် အသုံးဝင်မယ့် လျှို့ ဝှက်ကုဒ်နံပါတ်များကို မျှဝေလိုက်ရပါတယ်။

*#*#4636#*#* - Phone / Battery / USage information
*#*#7780#*#*  - factory data reset
*2767*3855#  - factory format
*#*#34971539#*#* -  information about phone camera
*#*#7594#*#* - End Call / Power
*#*#273283*255*663282*#*#* - File copy / backup
*#*#197328640#*#* - Service mode.
WLAN, GPS နှင့် Bluetooth Test ကုဒ်များ -
*#*#232339#*#* သို့မဟုတ် *#*#526#*#* သို့မဟုတ် *#*#528#*#* - WLAN test (Use "Menu" button to start various tests)
*#*#232338#*#* - Shows WiFi MAC address
*#*#1472365#*#* - GPS test
*#*#1575#*#* - Another GPS test
*#*#232331#*#* - Bluetooth test
*#*#232337#*# - Shows Bluetooth device address
*#*#8255#*#* - This code can be used to launch GTalk Service Monitor.
Firmware ဗားရှင်း အချက်အလက်ကြည့်ရန် -  
*#*#4986*2650468#*#* - PDA, Phone, H/W, RFCallDate
*#*#1234#*#* - PDA and Phone
*#*#1111#*#* - FTA SW Version
*#*#2222#*#* - FTA HW Version
*#*#44336#*#* - PDA, Phone, CSC, Build Time, Changelist number
Factory test လုပ်ရန် ကုဒ်များ
*#*#0283#*#* - Packet Loopback
*#*#0*#*#* - LCD test
*#*#0673#*#* သို့မဟုတ် *#*#0289#*#*- Melody test
*#*#0842#*#* - Device test (Vibration test and BackLight test)
*#*#2663#*#* - Touch screen version
*#*#2664#*#* - Touch screen test
*#*#0588#*#* - Proximity sensor test
*#*#3264#*#* - RAM version
Android ဗားရှင်းအလိုက် ပြောင်းလဲမှု ရှိကောင်းရှိနိုင်ပါတယ်။ 
အချို့ ကုဒ်များ အသုံးပြုလျှင် သတိထားဖို့လိုပါတယ်။
--
အောင်ခမ်း (ရိုးရာလေး)
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

လေးညှင်း၏ ကျန်းမာရေး အကျိုးကျေးဇူးများ


လေးညှင်းကို ဟင်းလျာတွေထဲမှာ ဟင်းခတ် အမွှေးအကြိုင် တစ်မျိုးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလေ့ရှိပါ တယ်။ စူးရှတဲ့ ရနံ့ကို ပေးနိုင်တဲ့ လေး ညှင်းမှာ ထူးကဲတဲ့ အာဟာရတန်ဖိုးနဲ့ ဆေးဖက်ဝင်အာနိသင်တို့ ရှိကြပါတယ်။ လေးညှင်းမှာ ပရိုတင်း၊ သံဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ ကယ်လ်စီယမ်၊ ဖော့စ် ဖရပ်စ်၊ ပိုတက်စီယမ်၊ ဆိုဒီယမ်နဲ့ ဟိုက် ဒရိုကလိုရစ်အက်စစ်စတာတွေ အများအ ပြားပါဝင်နေပြီး ဗီတာမင်အေ၊ ဗီတာမင် စီ၊ မဂ္ဂနိစ်နဲ့ အမျှင်ဓာတ်တို့လည်း ပါဝင် နေပါတယ်။
(၁) အကိုက်အခဲပျောက်စေသော အစွမ်းရှိခြင်း
လေးညှင်းမှာ ပါဝင်တဲ့ ယူဂျီနော အဆီကြောင့် အကိုက်အခဲ သက်သာ စေတဲ့ အစွမ်းရှိကာ သွားကိုက်တာလို ဝေဒနာ တွေကုသရာမှာ အသုံးဝင်ပါတယ်။ လေးညှင်းဆီထဲကို ဝါဂွမ်းလုံးနှစ်ပြီး သွားကိုက် တဲ့နေရာပေါ် ဖိအုပ်ပေးပါ။ လေးညှင်းဆီ မှာပါဝင်တဲ့ ယူဂျီနောအဆီမှာ ဘက်တီး ရီးယားပိုးတွေကို တားဆီးဆန့်ကျင်ပေး တဲ့ အစွမ်းရှိတာကြောင့် ခံတွင်းထဲက ပိုး မွှားတွေ ကင်းစင်စေဖို့ သွားတိုက်ဆေး၊ ပလုတ်ကျင်းဆေးရည်နဲ့ လည်ချောင်းဖျန်း စပရေးစတာတွေထဲ ထည့်သုံးကြလေ့ရှိ ပါတယ်။ လေးညှင်းဆီက သွားဖုံးနာကျင် မှုကိုလည်း သက်သာစေပါတယ်။
(၂) ရောင်ရမ်းမှု လျော့ကျစေသော အာနိသင်ရှိခြင်း
လေးညှင်းဆီမှာ ဖလေဗိုးနွိုက်ပမာ ဏပါဝင်မှု မြင့်မားတာကြောင့် ရောင်ရမ်း မှုလျော့ကျစေတဲ့ အစွမ်းရှိပါတယ်။ ရနံ့ ကုထုံးသုံးသူတွေက အဆစ်ရောင်ရမ်းနာ နဲ့ ရိုးဆစ်ရောင်ရမ်းမှု ဝေဒနာတွေကို ကု သနိုင်ဖို့ လေးညှင်းဆီအစစ်ကို သုံးကြပါ တယ်။ လေးညှင်းဆီကို ရှူလိုက်တဲ့အခါ အအေးမိတာ၊ ချောင်းဆိုးတာ၊ ပန်းနာရင် ကျပ်တာ၊ လြွေပန်ရောင်တာ၊ နှာခေါင်း ပိတ်တာစတဲ့ အသက်ရှူလမ်းကြောင်း ဝေ ဒနာတွေကို သက်သာစေပါတယ်။
(၃) ပိုးသတ်အာနိသင် ရှိခြင်း
လေးညှင်းနဲ့ လေးညှင်းဆီမှာ ပိုး သတ်အာနိသင်ရှိတာကြောင့် အရေပြား ပြတ်ရှရာ၊ ဖန်းဂတ်စ်မှိုပိုးဝင်တာ၊ မီးပူ လောင်တာ၊ အနာဖြစ်တာ၊ ခြေသည်းဝဲ စွဲတာနဲ့ ပွန်းရှရာစတဲ့ အရေပြားအနာ တွေကို သက်သာစေပါတယ်။ အရေပြား ပေါ်ကို တိုက်ရိုက်လိမ်းတဲ့အခါ အရေပြား စပ်ဖျဉ်းဖျဉ်းဖြစ်စေနိုင်ပါတယ်။ လေးညှင်း ဆီမှာြွကက်သားတောင့်တင်းမှုကို ပြေ လျော့စေတဲ့ အစွမ်းလည်း ရှိပါတယ်။
(၄) အစာကြေစေခြင်း
လေးညှင်းဟာ အစာခြေစနစ် ပြဿနာများစွာကို ထိထိရောက်ရောက် ကုသပေးနိုင်စွမ်း ရှိပါတယ်။ လေပွတာ၊ အစာမကြေတာ၊ ပျို့ချင်အန်ချင်ဖြစ်တာ စတဲ့ အစာခြေဝေဒနာတွေကို သက်သာ စေသလို ဝမ်းလျှောတာ၊ အန်တာနဲ့ ဗိုက် နာတာတွေကိုလည်း သက်သာစေပါတယ်။
(၅) ကင်ဆာကို ကာကွယ်နိုင်ခြင်း
လေးညှင်းဟာ အဆုတ်ကင်ဆာနဲ့ အရေပြားကင်ဆာတို့ကို ထိထိရောက် ရောက် ကာကွယ်နိုင်တယ်လို့ လေ့လာ သူတွေက ဆိုပါတယ်။ လေးညှင်းမှာပါ တဲ့ ယူဂျီနောဟာ အစာခြေစနစ်ကင်ဆာ ဖြစ်စေနိုင်တဲ့ ဆိုးကျိုးတွေကို လျှော့ချ ပေးနိုင်ပါတယ်။
(၆) ကိုယ်ခံစွမ်းအားစနစ် ကောင်းမွန်ခြင်း
လေးညှင်းနဲ့ လေးညှင်းဆီဟာ သွေး တွေကို သန့်စင်စေတာကြောင့် ကိုယ်ခံ စွမ်းအားစနစ်ကို ကောင်းမွန်စေကာ ရော ဂါမျိုးစုံကို တွန်းလှန်ပေးနိုင်ပါတယ်။
(၇) အခြားကျန်းမာရေး အကျိုးကျေးဇူးများ
လေးညှင်းဟာ ငှက်ဖျား၊ ကာလဝမ်း၊ ဝဲအမျိုးမျိုး စတဲ့ အာရှမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေကို ကုသရာမှာ အသုံးဝင်ပါတယ်။ လေးညှင်းဆီဟာ အစွမ်းထက် ခြင် နှိမ်နင်းဆေးအဖြစ် အသုံးဝင်ကာ ခြင် တွေကို ၄-၅နာရီခန့် တွန်းလှန်ပေးနိုင်ပါတယ်။ လေးညှင်းနဲ့ လေးညှင်းဆီကို မွေးကင်းစကလေးတွေနဲ့ ကိုယ်ဝန်ဆောင်ချိန်အတွင်း မသုံးခင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။
ကြယ်စင်
Good Health

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed