BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Friday, May 17, 2013

မန်ယူတစ်နှစ်တာ အကောင်းဆုံးဆုကို ကာရစ် ရရှိခဲ့


ယခုနှစ် ရာသီအတွက် မန်ယူတစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ကွင်းလယ်လူ ကာရစ် ရရှိသွားခဲ့ကြောင်း
သိရသည်။ ကာရစ်မှာ ပေါစခိုးလ် ပထမအကြိမ် အနားယူခဲ့စဉ်က မန်ယူ ကွင်းလယ်တွင် အကောင်းဆုံး ခြေစွမ်းပြခဲ့ပြီး PFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ပဏာမစာရင်းတွင် ပါဝင်ခဲ့သူလည်းဖြစ်သည်။
ထို့အပြင် မန်ယူအတွက် ပရီးမီးယားလိဂ်ဂိုး ၂၅ဂိုး သွင်းယူနိုင်ခဲ့သည့် ဗန်ပါစီမှာ ပရိသတ်များ ရွေးချယ်သည့် အကောင်းဆုံး ကစားသမားဆု ရရှိခဲ့သည့်အပြင် ဗီလာနှင့်ပွဲတွင် ကိုက် ၂၀အကွာ မြေမကျကန်ချက်ဖြင့် သွင်းယူခဲ့သည့် ၎င်း၏ဂိုးကြောင့် တစ်နှစ်တာ အကောင်းဆုံးဂိုးဆုလည်း ဆွတ်ခူးနိုင်ခဲ့သည်။ အဆိုပါဆုပေးပွဲ အခမ်းအနားတွင် အရန်အသင်း အကောင်းဆုံး ကစားသမားဆုကို ဂျာနူဇတ် ရရှိခဲ့ပြီး လူငယ်အကောင်းဆုံးဆုကို ဘန်ပီယာဆန်က သိမ်းပိုက်သွားနိုင်ခဲ့သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဒေးဗစ်ဘက်ခမ်း ဘောလုံးလောကမှ အနားယူ


ပင်သစ် အခြေစိုက် PSG အသင်းတွင် ခြောက်လ ကျော်ကြာ ပါဝင် ကစားခဲ့ရာ၌ ပြင်သစ်လီဂူး ချန်ပီယံ ဆွတ်ခူး နိုင်ခဲ့သည့် ကမ္ဘာ့ ဘောလုံး အကျော်အမော် တစ်ဦး ဖြစ်သူ ဒေးဗစ်ဘက်ခမ်းသည် PSG အသင်း၏ စာချုပ် သက်တမ်းတိုး ကမ်းလှမ်းမှုကို ပယ်ချလိုက်ပြီး ဘောလုံး လောကမှ အနားယူတော့ မည်ဖြစ်ကြောင်း The Guardian တွင် ဖော်ပြ ထားသည်။
အသက် ၃၈ နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် ဟောင်းသည် အမေရိကန် အခြေစိုက် အယ်လ်အေ ဂလက်စီ အသင်းမှ PSG အသင်း သို့ ပြောင်းရွှေ့လာပြီးနောက် အသင်း၌ ခြေစွမ်းပြကာ ပွဲဦးထွက်တွင် ဂိုးသွင်း အနိုင်ယူခဲ့သလို အသင်း၏ ကစားသမားများ အပေါ်၌ လွှမ်းမိုးကာ အထောက် အကူပြုနိုင်ခဲ့သဖြင့် နည်းပြအန်ဆယ် လော့တီက စာချုပ် သက်တမ်းတိုးရန် ကမ်းလှမ်း ခဲ့သော်လည်း မိသားစုကိုပို၍ အချိန်ပေးလိုသဖြင့် ဟုဆိုကာ ထိုကမ်းလှမ်းချက်ကို ပယ်ချလိုက်ပြီး လန်ဒန်သို့ပြန် မည် ဖြစ်ကြောင်း သိရသည်။
ဘက်ခမ်းက "ကျွန်တော့်အပေါ် အခွင့်အရေးပေးပြီး လေးစားမှု ပြတဲ့ PSG အသင်းကို ကျေးဇူး အများကြီး တင်ပါတယ်။ ဒါပေမဲ့ ဒီအချိန်ဟာ ကျွန်တော့်ရဲ့အောင်မြင် မှုတွေကို အဆုံးသတ်ရမယ့် အချိန်လို့ ကျွန်တော်ခံစားရမိပါတယ်။ ကျွန်တော့် ခြေစွမ်းအရ အကောင်းဆုံး ကစားနိုင် ပါသေးတယ်" ဟု ပြောဆိုခဲ့သည်။ ဘက်ခမ်းသည် အင်္ဂလန်တွင် ကစားစဉ် ဆုဖလား ၁၁၅လုံး ရရှိခဲ့သည့် ကစားသမားအဖြစ် မှတ်တမ်း တင်ထားနိုင်သည့် ကစားသမားလည်း ဖြစ်သည်။
သူသည် လန်ဒန်သို့ပြန်လိုပြီး သူ၏ကလေးလေးဦးကို အချိန်ပေးကာ နေထိုင်လိုသော်လည်း သူဝါသနာပါရာ ဘောလုံး အားကစားနှင့် အဆက်အသွယ် မဖြတ်လို၍ အမေရိကန် အခြေစိုက်ကလပ် အသင်းတွင် ပေါင် ၁၆၅ သန်းခန့် ရင်းနှီးမြှုပ်နှံ ထားသူလည်း ဖြစ်သည်။ ယနေ့ကစပြီးတော့ မိသားစုမပါတဲ့ အောင်မြင်မှုတွေကို အဆုံးသတ်လိုက်ပါပြီ။ ကျွန်တော့်မိဘတွေရဲ့ အားပေးမှုကို အလွန် ပဲကြည်နူးခဲ့ရပါတယ်။
"ကျွန်တော့်မဟေသီ ဗစ်တိုးရီးယားနဲ့ ကလေးတွေအတွက် အချိန်ပေးရဦးမှာပါ။ သူတို့ဟာ ကျွန်တော် ခြေစွမ်းအကောင်းဆုံး အခြေအနေကို ဖန်တီးခဲ့ရာမှာ တကယ်ပဲ အထောက်အကူပြုခဲ့ပါတယ်" ဟု ထုတ်ဖော် ပြောကြားခဲံ့သည်။ ဒေးဗစ်ဘက်ခမ်းသည် ယခုအချိန်ထိ ဘောလုံးမင်းသားအဖြစ် ပရိသတ် လက်ခံထားသည့် ကစားသမားတစ်ဦး ဖြစ်ပြီး သူ၏ အကျော်ကြားဆုံးဖရီးကစ် ခြေစွမ်းကလည်း အောင်မြင်နေဆဲဖြစ် သည်။
သူသည် အင်္ဂလန် ပရီးမီးယားလိဂ်၊ စပိန်လာလီဂါ၊ အမေရိကန်မေဂျာလိဂ်နှင့် လက်ရှိ ကစားနေသည့် ပြင်သစ်လီဂူးလ် တို့တွင် ဖလားရယူပေးနိုင်သည့် တစ်ဦး တည်းသော အင်္ဂလန်အားကစားသမား တစ်ဦးအဖြစ် မှတ်တမ်းဝင်ကာ ဝင်ငွေ အကောင်းဆုံး ဘောလုံး အားကစားသမား တတိယနေရာက ရပ်တည်နေသည့် ကစားသမားဖြစ်သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ချဲလ်ဆီး၏ ဆုပေးပွဲတွင် မာတာ၊ အော်စကာ၊ လမ်းပတ်၊ အက်ကီတို့ ဆုရခဲ့


ချဲလ်ဆီးအသင်း၏ တစ်နှစ်တာ အကောင်းဆုံးဘောလုံးသမားဆုကို ကွင်းလယ်လူ မာတာရရှိသွားခဲ့ပြီး
အကောင်းဆုံး လူငယ်ဆုကို နာသန်အက်ကီ ဆွတ်ခူးခဲ့ကြောင်း သိရသည်။ မာတာမှာ ယခုရာသီတွင် ချဲလ်ဆီးအတွက် ၁၉ဂိုး သွင်းယူနိုင်ခဲ့ကာ ၂၈ဂိုး ဖန်တီးနိုင်ခဲ့သူဖြစ်ပြီး အကောင်းဆုံးဆု ရခဲ့ခြင်းအတွက် အသင်းဖော်များကို ကျေးဇူးတင်သည်ဟု
ပြောကြားခဲ့သည်။
မာတာက“ အံ့အားသင့်စရာ ကစားသမားတွေရှိတဲ့ ချဲလ်ဆီးလို အသင်းမျိုးမှာ ကစားခွင့်ရတဲ့အတွက် ကျွန်တော် ဂုဏ်ယူပါတယ်။ အခုလို ဆုရတဲ့အတွက်လည်း အသင်းဖော်တွေ အားလုံးကိုကျေးဇူးတင်ပါတယ်”ဟု
ဆိုသည်။ ယခုရာသီအတွက် အကောင်းဆုံးဂိုးဆုကို ချဲလ်ဆီး၂-၂ ဂျူဗင်တပ်နှင့်ပွဲမှ သွင်းဂိုးဖြင့်အော်စကာက ဆွတ်ခူးသွားခဲ့သည်။ ထို့အပြင် ချဲလ်ဆီးအတွက် ဂိုးအများဆုံး သွင်းယူထားသည့် လမ်းပတ်မှာ ရော်ဘီတမ်ဘလင်း ပေးအပ်သော အထူးအသိအမှတ်ပြုဆု ရရှိခဲ့ကြောင်း သိရသည်။

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Friday, May 10, 2013

မန်ယူမှ ရွန်နီ ထွက်ခွာဖြစ်ပါက ခေါ်ယူနိုင်ရန် ချယ်လ်ဆီးနှင့် အာဆင်နယ်တို့ စိတ်ဝင်စားနေ

မန်ချက်စတာ ယူနိုက်တက် အသင်းမှ တိုက်စစ်မှူး ဝိန်းရွန်နီ ထွက်ခွာနိုင်သည် ဆိုသော သတင်းအပေါ် ချယ်လ်ဆီး အပြင် အာဆင်နယ်ကပါ စိတ်ဝင်စား လာကြောင်း သိရှိရသည်။
မန်ယူ အသင်းတွင် ဆာအဲလက်စ် ဖာဂူဆန် မန်နေဂျာ ရာထူးမှ အနားယူရန် ဆုံးဖြတ်ကြောင်း ကြေညာသည့် နေ့တွင်ပင် ရွန်နီက အသင်းမှ ထွက်ခွာခွင့် တောင်းဆိုခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ Goal.com က အဆိုပါ အခြေအနေသည် အဲဗာတန်တွင် ရွန်နီ ကစားခဲ့စဉ်က ယခု မန်ယူအသင်း မန်နေဂျာသစ် ဖြစ်လာမည့် ဒေးဗစ်မိုယက်စ်နှင့် ပုဂ္ဂိုလ်ရေး ပြဿနာ အချို့ ရှိခဲ့ခြင်းကြောင့်ဟု ဖော်ပြခဲ့သည်။ ထိုသတင်းနှင့် အတူ ချယ်လ်ဆီးက ရွန်နီကို ပေါင်စတာလင် (၂၅)သန်းဖြင့် ကမ်းလှမ်း ဝယ်ယူရန် ကြိုးပမ်းနေသည်ဆိုသော ခန့်မှန်းချက်များလည်း ပေါ်ထွက်လာသည်။

ယခုအခါ အာဆင်နယ် အသင်းသည်လည်း ရွန်နီကို ဝယ်ယူရန် အားထုတ်လာဖွယ် ရှိနေကြောင်း သိရှိရသည်။ မန်နေဂျာသစ် မိုယက်စ် အနေဖြင့် မန်ယူ အသင်းတွင် ရွန်နီကို ဆက်လက် ရှိနေစေရန် လိုလားကြောင်း အသေအချာ မသိရသေးဘဲ ၎င်းတို့နှစ်ဦးကြား ဆွေးနွေးမှု ပြုလုပ်ရန် လိုအပ် လာခဲ့သည်။ မန်ယူ အသင်းနှင့် နီးစပ်သူ အချို့က ရွန်နီသည် အတိတ်က မိုယက်စ်နှင့် သဘောထား ကွဲလွဲမှုများ ရှိခဲ့ဖူးရာ ၎င်းလက်အောက်တွင် ကစားရန် ဆန္ဒ မရှိဘဲ ဖြစ်နေခြင်းဟု ပြောကြားခဲ့ကြသည်။ မိုယက်စ်သည် ရွန်နီကို ပရော်ဖက်ရှင်နယ် ကစားသမား ဘဝအတွက် ပထမဆုံး လမ်းဖွင့်ပေးခဲ့သူလည်း ဖြစ်သည်။

အဲဗာတန်တွင် ရွန်နီ ကစားခဲ့စဉ်က ယခု မန်ယူအသင်း မန်နေဂျာသစ် ဖြစ်လာမည့် ဒေးဗစ်မိုယက်စ်နှင့် ပုဂ္ဂိုလ်ရေး ပြဿနာအချို့ ရှိခဲ့ခြင်း...
ရွန်နီကို ပြင်သစ်ထိပ်သီး PSG၊ ဂျာမန်ချန်ပီယံ ဘိုင်ယန်မြူးနစ်တို့ကလည်း စိတ်ဝင်စားနေသည်။ ရွန်နီအနေဖြင့် အိုးလ်ထရက်ဖို့ဒ်တွင် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၂၀၀၀၀၀)မျှ ခံစားခွင့် ရှိနေရာ ၎င်းကို လက်တွေ့ ဝယ်ယူမည် ဆိုပါကလည်း ဥရောပ၏ အကြွယ်ဝဆုံး စာရင်းဝင် ကလပ်အသင်းများသာ ဖြစ်နိုင်ဖွယ် ရှိနေကြောင်း သိရှိရသည်။
Ref: Goal
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Wednesday, May 8, 2013

မော်ရင်ဟိုနှင့် ချဲလ်ဆီး စာချုပ်ချုပ်ဆိုပြီးခဲ့ဟု

ဒေါ့မွန်နှင့် ချန်ပီယံလိဂ် ဒုတိယအကျော့ ပွဲစဉ်အပြီးတွင် မိမိကိုချစ်သည့် ပရိသတ်များရှိရာ အသင်းသို့ ပြောင်းရွှေ့လိုသည်ဟု ရီးရဲလ်နည်းပြ မော်ရင်ဟိုက ၀န်ခံလာခဲ့သည်။ မော်ရင်ဟိုမှာ
ပြဿနာဖြစ်ပွားခဲ့ဖူးပြီး အသင်းတာဝန်ရှိသူများ၏
လွမ်းမိုးမှုကြောင့် ရီးရဲလ်မှထွက်ခွာလိမ့်မည်ဟု
ဖော်ပြမှုများရှိခဲ့ကာ ယခုအခါတွင် ၎င်းကိုယ်တိုင် တရားဝင်ဖွင့်ဟလာ ခဲ့ခြင်းဖြစ်သည်။
ရီးရဲလ်ကစားသမားများနှင့်
ထို့အပြင် ချဲလ်ဆီးနောက်ခံလူ အီဗန်နိုဗစ်ကလည်း မိမိတို့အားလုံး မော်ရင်ဟို
ပြန်လာမည့်အချိန်ကို မစောင့်ဆိုင်းနိုင်သည်အထိ
ဖြစ်နေကြသည်ဟု ဆိုသည်။ မော်ရင်ဟိုမှာ ချဲလ်ဆီးနှင့်အတူ အောင်မြင်မှုများ
ရယူထားနိုင်သူဖြစ်ပြီး ချဲလ်ဆီးအသင်းသား
အားလုံး မော်ရင်ဟိုအပေါ်
လေးစားကြခြင်းကြောင့် ၎င်းသာပြန်လည်နည်းပြပါက ချဲလ်ဆီးအနေဖြင့် ချန်ပီယံ ဆုများကို အဓိကစိန်ခေါ်နိုင်သည့် အသင်းတစ်သင်းဖြစ်လာမည်ဟု အီဗန်နိုဗစ်က ပြောကြားခဲ့သည်။
ထွက်ပေါ်နေသောသတင်းများအနက် Goal.com ၏ဖော်ပြချက်အရ မော်ရင်ဟိုမှာ လာမည့်ရာသီ တွင် ချဲလ်ဆီးကို ပြန်လည်ကိုင်တွယ်ရန် စာချုပ်ချုပ်ဆိုခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ချဲလ်ဆီးမှာ မော်ရင်ဟိုကို ၃နှစ်စာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့သည့်အပြင် အက်သလက်တီကို တိုက်စစ်မှူး ဖယ်လ်ကာအိုကိုလည်း ယူရို ၅၉သန်း လျှော်ကြေးပေး၍ ခေါ်ယူနိုင်ခဲ့ပြီးဖြစ်ကြောင်း Goal.com မှ ရေးသားဖော်ပြထားသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Thursday, April 11, 2013

ကမ္ဘာ့အမာကြောဆုံး အသားပိုင်ရှင်

တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်က အသက် ၃၆ နှစ်အရွယ် ကွန်ဖူး သိုင်းပညာ ရှင် ရှောင်လင်ဘုန်းကြီး Hu Qiong ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့က တရုတ်နိုင်ငံ အလယ်ပိုင်း Xiangfan မြို့  မှာ ယခုလို လက်စွမ်းပြပြီး ကမ္ဘာ့အသိအမှတ်ပြု ခံခဲ့ရပါတယ်။
သံဖောက် စူး၊ သံဖောက်လွ၊ Drill စက် အမျိုးမျိုးနဲ့ ဘော်ဒီ တစ်ခုလုံးကို မိနစ် အတော်ကြာ ဖောက်ပြီး ဘာမှ မဖြစ်တာကို သက်သေပြခဲ့ ပါတယ်။ လည်နေတဲ့ သံဖြတ်လွှနဲ့လည်း ဝမ်းဗိုက်ကို ဖြတ်ပြပြီး ဘာမှ မဖြစ်တာ ကို မြင်တွေ့ခဲ့ကြပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့အတွက် အပေါက်ဖောက် မော် တာစက် (Drilling machine) ကို အသုံးပြုပြီး ဦးနှောက် ဖောက်ပြတဲ့ စတန့်ပြကွက်ကတော့ ကမ္ဘာ့ပထမဆုံးပဲ ဖြစ်ပါတယ်။
ဒါကြောင့် သူ့ကို Unbreakable body ပိုင်ဆိုင်သော Superhuman လို့ ခေါ်ဆိုပါတယ်။ တရုတ်ရိုးရာ ကွန်ဖူး သိုင်းပညာရပ်ကို အခြေခံ လို့ လေ့ကျင့်ထားခြင်း ဖြစ်ပြီး သူ့ရဲ့  လက်တွေ့ပြ ဖောက်ပြမှုများ ကို အောက် ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

လား?လား? . . . ပေါင်းများစွာနှင့် ကျပ် ၁၅၀၀ တန်ဖုန်း

ကမ္ဘာ့ပေါ်တွင် ပထမဆုံး မိုဘိုင်းလ်ဖုန်း စတင်တီထွင် ခဲ့သည့် ၁၉၇၃ခုနှစ် ဧပြီလ ၃ရက်နေ့မှ နှစ်ပေါင်း၄၀ တိတိ ပြည့်ချိန်တွင် မြန်မာနိုင်ငံတွင် ကျပ်၁၅၀၀ နှုန်းဖြင့် မိုဘိုင်းလ်ဖုန်းများကို ၂၀၁၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့မှ စတင်ကာ ရောင်းချပေးမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ထုတ်ပြန်ကြေညာလိုက်ပြီး နောက်ပိုင်း ၁၅၀၀တန်ဖုန်းနှင့် ပတ်သက်သည့် မေးခွန်းပေါင်းများစွာ ပြည်သူလူထု အကြား ထွက်ပေါ်လာသည်။

G လား . . . C လား . . .
........................

မူလက GSM ဖုန်းများသာ ရောင်းချထား ပေးမည် ဆိုသည့် သတင်းများ ထွက်ပေါ်နေခြင်းကြောင့် လူအများစုက GSM သာ ချထားပေးမည်ဟု ထင်ကြသည်။

သို့သော် မြန်မာ့ဆက်သွယ်ရေးက ရောင်းချထားပေးမည့် မိုဘိုင်းလ်ဖုန်းများတွင် GSM 3G အမျိုးအစားဖြစ်သော WCDMA 3G ရော၊ CDMA 800 MHz ရော ပါဝင်မည်ဖြစ် သော်လည်း CDMA 800 MHz ကိုသာ ဦးစားပေးရောင်းချထား မည်ဖြစ်ပြီး WCDMA 3G များကို CDMA 800 ကွန်ရက် မရှိသည့် နေရာများတွင်သာ ရောင်းချထားပေးမည် ဖြစ်သည်။

WCDMA 3G ကို ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ် ဒေသ အချို့ကို ဦးစားပေးကာ အလုံအလောက် ရောင်းချသွားရန် စီစဉ်ထားပြီး အဆိုပါ လိုင်းကတ်များကို တစ်နိုင်ငံလုံးကို သယ်ယူ အသုံးပြုနိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းလ် အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောကြားသည်။

အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် တစ်လလျှင် CDMA 800 MHz လိုင်းကတ် သုံးသိန်းငါးသောင်း ရောင်းချသွား မည်ဖြစ်ပြီး ယင်းလိုင်းကတ်များမှာ CDMA 450 MHz ကွန်ရက်တွင် ဝင်ရောက်အသုံးပြု နိုင်မည်မဟုတ်ကြောင်း ၄င်းက ရှင်းပြသည်။
"GSM တွေကလည်း နောက်နှစ်လ လောက်ဆို လိုသလောက် ရောင်းနိုင်ဖို့ ပြင်ထားပါတယ်။ သိပ်မကြာပါဘူး လာပါလိမ့်မယ်"ဟု ၄င်းကဖြည့်စွက် ပြောကြားသည်။

ကန့်သတ်ချက်အနေနှင့် ဖုန်းကတ် ဝယ်ယူပြီး ၁၅ရက်အတွင်း ၅၀၀၀ ကျပ်တန် ကြိုတင်ငွေဖြည့်ကတ် ထည့်သွင်း အသုံးပြုရမည် ဖြစ်ပြီး တစ်လလျှင် ၂၅၀၀ ကျပ်ဖိုး အသုံးပြုရမည် ဖြစ်ကြောင်း၊ နှစ်လပြည့်ချိန်တွင် စတင်ဖြည့်ထားသည့် ၅၀၀၀ တန် ကြိုတင်ငွေဖြည့်ကတ်မှ အသုံးမပြုဖြစ်ဘဲ ကျန်ငွေများ ရှိနေသေးပါက ဖြတ်တောက်သွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး ၏ ကြေညာချက်တွင် ပါရှိသည်။

လိုင်းကျပ်မှာလား
...................

"ဖုန်းစရောင်းချိန်မှာ မြို့ကြီးတွေမှာ လိုင်းကျပ်မှု ပြဿနာတွေ ကြုံတွေ့မယ် ထင်တယ်။ နောက်ပိုင်းမှာ အဆင်ပြေသွားနိုင် တယ်"ဟု အိုင်တီပညာရှင် ဦးရဲမြတ်သူက ပြောကြားသည်။
ဖုန်းခေါ်ဆိုရာတွင် ကြည်လင်ပြတ်သားမှု မရှိခြင်း၊ ဖုန်းလိုင်းမကြာခဏကျခြင်း၊ အခန်းအတွင်းမှ အလွယ်တကူပြော၍ မရဘဲ အများအားဖြင့် အိမ်ပြင်ထွက် ပြောရခြင်း၊ မြို့တွင်းတွင် ရှိနေသော်လည်း ဆက်သွယ်မှု ဧရိယာ ရောက်နေသဖြင့် ခေါ်ဆိုမရကြောင်းသာ ဖြေကြားနေခြင်း စသည့် ဝန်ဆောင်မှုပိုင်း အားနည်းချက်များကြောင့် ဖုန်းလိုင်းအသစ် ထပ်တိုးတိုင်း ပြည်သူလူထုမှာ လိုင်းကျပ်ပြီး ခေါ်ဆိုမရ ဖြစ်မည်ကို စိုးရိမ်သောက ဖြစ်လေ့ရှိသည်။

ယခုလည်း GSM ထက် CDMA က လိုင်းပိုမိသည်ဆိုသဖြင့် CDMA ဝယ်ထား ကြသူများမှာ CDMA လိုင်းများထပ်မံချ ထားပေးမည်ဆို၍ လိုင်းကျပ်ပြီး အလုပ် မဖြစ်မည်ကို စိုးရိမ်နေကြသည်။
"လိုင်းကတော့ CDMA နဲ့ GSM နဲ့က မတူဘူးလေ။ CDMA တာဝါတိုင် တစ်ခုဆိုရင် သူ့ရဲ့ ကွန်ရက်လွှမ်းခြုံနိုင်မှုက GSM ထက်ပိုကျယ်တယ်။ အဲ့ဒီတော့ လူနေ ပြန့်တဲ့ ဒေသတွေမှာ CDMA နဲ့ မြို့ကြီး တွေမှာ GSM ကို ဦးစားပေးချထားရင် အဆင်ပြေမယ်ထင်တယ်။ လိုင်းကျပ်တာက အစပိုင်းလောက်တော့ ရှိနိုင်တယ်။ ဒါပေမဲ့ သူတို့ဖြေရှင်းလိုက်ရင် ခဏပါ" ဟု ဦးရဲမြတ်သူ က သုံးသပ်ပြသည်။

လက်ရှိမြန်မာနိုင်ငံ
....................

အနေအထားအရ CDMA 800 MHz မှာ အသုံးပြုမှု နည်းပါးနေသေးပြီး လိုင်းအင်အားတိုးချဲ့မှု အလုံအလောက် ပြုလုပ်ထား၍ လိုင်းမကျပ်နိုင်ကြောင်း၊ ယင်းအပြင် လိုင်းအရည်အသွေးတွင် GSM/3G လိုင်းများထက် ပိုမိုကောင်းမွန်နိုင်ပြီး ဆက်လက်၍လည်း ကွန်ရက်များ တိုးချဲ့ သွားရန်ရှိသဖြင့် လိုင်းကျပ်စရာ မရှိကြောင်း အိုင်တီပညာရှင်များက ပြောကြားသည်။

"800 MHz ကွန်ရက်တွေက တော်တော်များများ ပြင်ဆင်ပြီး ဖြစ်လို့ လိုင်းကျပ်စရာတော့ မရှိပါဘူး။ နောက်ပြီး MEC က လိုင်းတွေ ထပ်ချဲ့ဖို့ မြန်မာ့ဆက်သွယ်ရေးနဲ့ သဘောတူထားတယ်။ တာဝါတိုင်တွေ အဆောက်အအုံတွေ အသုံးပြုခွင့်ပေါ့။ အဲ့တော့ ရောင်းနေရင်းနဲ့ ကွန်ရက်ကို ထပ်ချဲ့သွားမှာ ဆိုတော့ လိုင်းကျပ်စရာ မရှိပါဘူး" ဟု မကွေးတိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေး မြို့နယ်တာဝန်ခံ အင်ဂျင်နီယာက ရှင်းပြသည်။

Sim Card များ ရရှိပြီးနောက် ဖုန်းလိုင်းများ ကျပ်တည်းမှု မရှိစေရေးအတွက် လည်း ကြိုတင်စီမံ ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း နိုင်ငံတော်သမ္မတကြီး ကလည်း မတ်လ ၂၉ရက်နေ့က ပြောကြားထားသည်။

အဝင်ခေါ်ဆိုခ ပေးရမှာလား
...............................

ဧပြီလ ၂၄ရက်နေ့တွင် စတင်ရောင်းချမည့် မိုဘိုင်းဖုန်းများမှာ ပြည်သူလူထု မျှော်လင့်ထားသည့် နှုန်းထားထက် များစွာ ဈေးနှုန်းချိုသာနေသဖြင့် ဖုန်းခေါ်ဆိုခများ သီးခြားတိုးမြှင့် ကောက်ခံမည်၊ အဝင်ခေါ်ဆိုခ ပေးရမည် စသဖြင့် ပြည်သူများအကြား ထင်ကြေးသတင်းများ ပျံ့နှံ့လျက်ရှိသည်။

ယင်းနှင့် ပတ်သက်၍ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းကို ဆက်သွယ်မေးမြန်းရာ ဖုန်းခေါ်ဆိုခ နှုန်းထားများကို မူလအတိုင်း တစ်မိနစ် ကျပ် ၅၀နှုန်းဖြင့်သာ ကောက်ခံမည်ဖြစ်ပြီး အဝင်ခေါ်ဆိုခကို ကောက်ခံမည် မဟုတ်ကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားသည်။

သို့သော် ကန့်သတ်ချက်အနေနှင့် ဖုန်းလက်လွှဲလက်ပြောင်း ရောင်းချမှု မရှိစေရန် ဖုန်းကတ်ဝယ်ပြီး ၁၅ရက်အတွင်း အနည်းဆုံး ငါးထောင်ကျပ်တန် ကြိုတင် ငွေဖြည့်ကတ်ထည့်၍ အသုံးပြုရမည်ဖြစ်ပြီး ၁၅ရက်အတွင်း အသုံးမပြုပါက အလိုအလျောက် လိုင်းပိတ်သိမ်းမည် ဖြစ်ကြောင်း၊ တစ်လလျှင် ၂၅၀၀ ကျပ်ဖိုး အသုံးပြုရမည်ဖြစ်ပြီး နှစ်လပြည့်ချိန်တွင် စတင်ဖြည့်ထားသည် ကျပ် ၅၀၀၀ တန် ကြိုတင်ငွေဖြည့်ကတ်မှ အသုံးမပြုဖြစ်ဘဲ ကျန်ငွေများ ရှိနေသေးပါက ဖြတ်တောက် သွားမည် ဖြစ်ကြောင်းသာ မြန်မာ့ဆက်သွယ်ရေးက ထုတ်ပြန်ထားသည်။

အင်တာနက်ပါမှာလား
........................

မိုဘိုင်းဖုန်း ကိုင်ဆောင်သူ အများစုမှာ အင်တာနက်လျှောက်ထား အသုံးပြုလေ့ ရှိသဖြင့် ဖုန်းဝယ်ယူချိန်တွင် အင်တာနက်ပါ တစ်ပါတည်း ပါလာစေလိုကြရာ ယခု အသစ်ချထားပေးမည့် ၁၅၀၀ တန် မိုဘိုင်းလ် ဖုန်းများတွင် အင်တာနက်ပါလာမည်လား ဆိုသည့် မျှော်လင့်ချက်များ ရှိကြသည်။
"CDMA 800 MHz က အဓိက ဖုန်းပြောဖို့အတွက်ပဲ ရည်ရွယ်တယ်။ နယ်တွေမှာ လူတိုင်း အင်တာနက်သုံးမှာ မဟုတ်ဘူးလေ။ အင်တာနက် သုံးချင်လည်း သုံးလို့ရပါတယ်။ အဲတော့ သုံးချင်တဲ့သူ အတွက် သီးသန့်လျှောက်ဖို့တော့ လိုမယ်" ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းလ် အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ရှင်းပြသည်။

လိုင်းဖွင့်ခနှုန်းထားကိုမူ ညွှန်ကြားချက် မလာသေးသဖြင့် ယခင်ကကဲ့သို့ ကျပ် တစ်သောင်း သတ်မှတ်မည်၊ မသတ်မှတ်မည် ကိုမူ မပြောနိုင်သေးကြောင်း ၄င်းက ဆိုသည်။

၁၀လုံးလား.. ၁၁လုံးလား
............................

မြန်မာနိုင်ငံတွင် ချထားပေးသည့် ဖုန်းအမျိုးအစား များသကဲ့သို့ ဖုန်းအမျိုး အစားပေါ်မူတည်ပြီး ဂဏန်းအရေအတွက် မှာလည်း ၀၉ အပါအဝင် ၉လုံး၊ ၁၀လုံး၊ ၁၁လုံးဟူ၍ရှိရာ ယခုချထားပေးမည့် ဖုန်း များမှာ ဂဏန်းအရေအတွက် မည်မျှဖြစ်မည် ဆိုသည်မှာလည်း စိတ်ဝင်စားဖွယ် ဖြစ်လာသည်။
မကွေးတိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေး မြို့နယ်တာဝန်ခံ အင်ဂျင်နီယာ၏ ပြောကြားချက်အရမူ ယခုချထားပေးမည့် CDMA 800 MHz ဖုန်းများမှာ ယခင် ကျပ်ငါးသိန်း ဖုန်းများကဲ့သို့ ၀၉၇၃ နှင့်စပြီး ၁၀ လုံး ဖြစ်မည်ဖြစ်ပြီး 3g WCDMA မှာလည်း ယခင် ကျပ်နှစ်သိန်းငါးသောင်း ဖုန်းများကဲ့သို့ ၀၉ အပါအဝင် ၁၁လုံးဖြစ်မည် ဖြစ်ကြောင်း ပြောဆိုသည်။
"ဂဏန်းထပ်တိုးဖို့ မရှိပါဘူး။ တိုးစရာလည်း မလိုပါဘူး" ဟု၎င်းကပြောဆိုသည်။

သိန်းလား.. သန်းလား
........................

ဖုန်းလိုင်းချထားပေးမှုနှင့် ပတ်သက်ပြီး ၂၀၁၃-၂၀၁၄ ခုနှစ်တွင် လိုင်းရှစ်သန်း၊ ၂၀၁၄-၂၀၁၅တွင် လိုင်း ၁၈ သန်း စုစုပေါင်း ၂၆ သန်း တိုးချဲ့တပ်ဆင် ပေးသွားမည် ဖြစ်ပါကြောင်း၊ သိပ်သည်းဆအားဖြင့် ၂၀၁၂- ၂၀၁၃ တွင် ၁၀ ရာခိုင်နှုန်း၊ ၂၀၁၃-၂၀၁၄ တွင် ၂၇ ရာခိုင်နှုန်းနှင့် ၂၀၁၄-၂၀၁၅ တွင် ၅၀ ရာခိုင်နှုန်း ဖြစ်လာအောင် လျာထား ဆောင်ရွက်လျက် ရှိပါကြောင်း နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က မတ် ၂၉ ရက်နေ့ ကျင်းပသည့် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ယင်းလျာထားချက်မှာ အနိမ့်ဆုံး ရည်မှန်းချက်ဖြစ်ပြီး ယင်းရည်မှန်းချက် ဖြစ်မြောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သမ္မတကြီးက ဆိုသည်။
တစ်လလျှင် Sim Card ၃၅၀,၀၀၀ နှုန်းဖြင့် စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးမည် ဖြစ်ပြီး ရောင်းချပေးရာတွင် တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရ၏ အစီအမံဖြင့် ရောင်းချ ပေးမည် ဖြစ်ကြောင်း သမ္မတကြီးက ယင်း အစည်းအဝေးတွင် ပြောကြားထားသည်။

ယခုချထားပေးမည့် အစီအစဉ်မှာ CDMA ကို တစ်လလိုင်းကတ် ၃၅၀,၀၀၀ ချပေးမည်ဖြစ်ပြီး ပြည်နယ်နှင့် တိုင်း ဒေသကြီးများကို အချိုးကျဖြန့်ချိမည် မဟုတ်ဘဲ လူဦးရေ အချိုးစားလိုက် လူနေ ထူထပ်သော ဒေသများကို အရေအတွက် ပိုမိုချထားပေးမည် ဖြစ်ကြောင်း ဦးဌေးဝင်း က ရှင်းပြသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ အနေဖြင့် Sim Card များကို သတ်မှတ်ပေးထားသည့် ဈေးနှုန်းအတိုင်း ပြည်သူများထံ မှန်မှန်ကန်ကန်နှင့် မျှမျှတတ ဖြန့်ဝေပေးသွားရန် ဖြစ်ပါကြောင်း၊ Sim Card များ ကို လစဉ်ဈေးနှုန်း မပြောင်းလဲဘဲ ဖြန့်ဝေပေးမည် ဖြစ်သည့်အတွက် ယခုလ မရရှိပါ က နောက်လတွင် ရရှိမည်ဖြစ်ကြောင်း သမ္မတကြီးက ပြောကြားထားသည်။

Handset တွေ ဈေးတက်မှာလား
.....................................

မူလက GSM သာချပေးမည် ဆိုသည့် သတင်းကြောင့် မိုဘိုင်းလ်ဖုန်းဆိုင် အချို့ မှာ GSM များသာ ဝယ်ယူထားသဖြင့် မူလကတည်းက ဈေးကွက်အတွင်း များများ စားစား မတွေ့ရသည့် CDMA 800 MHz Handset များမှာ ဈေးနှုန်းမြင့်တက်ဖွယ် ရှိကြောင်း အများစုက ထင်ကြေးပေး ပြော ကြားကြသည်။
"ကတ်အရေအတွက် ဘယ်လောက် ပေးမယ်ဆိုတာ အဓိကကျပါတယ်။ CDMA 800 MHz က Handset မှာ GSM လောက် တော့ မော်ဒယ်မများဘူး။ ဒါပေမဲ့ ပစ္စည်းပြတ်မယ်တော့ မထင်ပါဘူး။ အလုံအလောက် Supply လုပ်နိုင်မှာပါ။ ဆင်းကတ် အလုံ အလောက် မရမှာဘဲ စိုးရိမ်ပါတယ်။ Handset ဈေးတွေကတော့ အနည်းဆုံး Huawei ကျပ်လေးသောင်းဝန်းကျင် ကနေ အများဆုံး HTC ကျပ်နှစ်သိန်းကျော် အထိ ရှိပါတယ်" ဟု လူကြီးမင်းဖုန်း ဆိုင်မှ အထွေထွေမန်နေဂျာ ဒေါ်ဇာခြည် က ဆိုသည်။

ယင်းသို့ပင် မန္တလေး မိုဘိုင်းလ်မားသား ဖုန်းဆိုင်မှ ဦးအောင်မြတ်ကိုကို ကလည်း မထင်ထားသည့် CDMA 800 MHz ကို အရင်ချပေးသဖြင့် Handset ဈေးကွက် နည်းနည်း ပြောင်းသွားနိုင်ကြောင်း၊ သို့သော် ဈေးတက်မည် မထင်ကြောင်း ရှင်းပြသည်။
"ခုကတော့ Handset ဈေးကွက်ကြီး ဖြစ်သွားပြီပေါ့။ အဲဒီမှာ ဒီလုပ်ငန်းကို တစ်ကယ် လုပ်တဲ့သူနဲ့ ငါးပွက်ရာ ငါးစာချတဲ့ စီးပွားရေးသမားတွေ ထိပ်တိုက်တွေ့မယ် ထင်ပါတယ်။ သုံးတဲ့သူ များလာတဲ့အတွက် Complaint တော့ များလာမှာပေါ့" ဟု ၄င်းက သုံးသပ်သည်။

ကနဦး အခြေအနေတွင် GSM ဖုန်းများ ထွက်ပေါ်မည်ဟု သတင်းများ ထွက်ပေါ်နေ၍ Handset အရောင်းဆိုင်များတွင် GSM Handset များကိုသာ ဝယ်ယူထားကြ ပြီး CDMA Handset က ဈေးကွက်အတွင်း အနည်းငယ်သာ ရှိသဖြင့် ရက်ပိုင်းအတွင်း CDMA Handset ဈေးကွက် လှုပ်ခတ်သွားနိုင်ကြောင်း စမ်းချောင်းမြို့နယ်ရှိ Win Mobile ဖုန်းဆိုင်မှ ဦးစိုးနောင်ဝင်းက ပြောကြားသည်။
"တစ်ရက်နှစ်ရက်တော့ အရမ်းလှုပ်သွားမယ်။ အချိန်ရသေးတဲ့ အတွက် ဈေးပြန်ကျမှာပါ" ဟု ၄င်းက ဆိုသည်။

ဖုန်းကတ်များ ရောင်းမည့်အချိန်နှင့် ရက်ပေါင်း ၂၀ ခန့်ကြိုတင် အသိပေးထားခြင်း ဖြစ်သဖြင့် Handset တင်သွင်းချိန် အလုံအလောက် ရရှိထားသဖြင့် ဈေးနှုန်း မြင့်တက်နိုင်ဖွယ် နည်းပါးကြောင်း လူကြီးမင်း ဖုန်းအရောင်းဆိုင်မှ အထွေထွေမန်နေဂျာ ဒေါ်ဇာခြည်မှ သုံးသပ်သည်။
CDMA Handset ဈေးနှုန်းများမှာ လက်ရှိပေါက်ဈေးအရ အနိမ့်ဆုံး ကျပ် လေးသောင်းမှ အမြင့်ဆုံးနှစ်သိန်း ဝန်းကျင်တွင် ရှိနေပြီး Handset များကို တရုတ် ပြည်သူ့သမ္မတနိုင်ငံက အများဆုံး တင်သွင်း ကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။

GSM အမျိုးအစား WCDMA 3G လိုင်းကတ်များရောင်းချသော နယ်ဒေသ များတွင် GSM Handset များ ဈေးကွက်ရနိုင်မည် ဖြစ်ကြောင်း ဦးစိုးနောင်ဝင်းက ဆိုသည်။
"GSM မကြာမီမှာ ရောင်းမယ်ဆိုတဲ့ သတင်းတွေ ထွက်နေတဲ့အတွက် GSM Handset လှောင်ထားတဲ့ သူတွေက ကိုင်ထားလက်စနဲ့ ဆက်ကိုင်ထားလိမ့်မယ်" ဟု ၄င်းက ထပ်မံပြောကြားသည်။

သို့သော် CDMA အတွက် Handset အမြင့်များ ပြည်တွင်းဈေးကွက်တွင် နည်းပါးသဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ တင်သွင်းထားသည့် Handset များသာ ဝယ်ယူအသုံးပြုရမည် ဖြစ်ပြီး အင်တာနက် လိုင်းတွင် GSM/3G တို့ထက် နှေးကွေးမည် ဖြစ်ကြောင်း အိုင်တီပညာရှင်များက ဆိုသည်။

မောင်မိုးညို၊နော်ကိုကို
The Voice Journal
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed