BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Saturday, May 25, 2013

ချင်းပြည်နယ် မူလတန်းကျောင်းများတွင် ချင်းစာပေ သင်ကြားမည်

ချင်းပြည်နယ် အတွင်းရှိ မူလတန်း ကျောင်းများတွင် လာမည့် ၂၀၁၃-၂၀၁၄ ပညာ သင်နှစ်မှ စတင်၍ ချင်းဘာသာ စကားနှင့် စာပေကို ထည့်သွင်း သင်ကြားသွားမည် ဖြစ်ကြောင်း ချင်းပြည်နယ် လူမှုရေး ဝန်ကြီး ဒေါက်တာ ဘမောင်က ပြောကြားသည်။ "အခုမှ စရမှာဆိုတော့ စိတ်တိုင်းကျ အကုန်အဆင်ပြေမယ် မပြေဘူး ဆိုတာက လက်တွေ့လုပ်မှ သိရမှာ" ဟု ၄င်းကဆိုသည်။
ချင်းပြည်နယ် အတွင်း မူလတန်း ကျောင်းပေါင်း ၁၀၀၀ ကျော်ရှိပြီး ချင်းဘာသာစာပေ သင်ကြားရာတွင် ကြုံတွေ့ရမည့် အခက်အခဲများမှာ သင်ကြားပေးမည့် ဆရာ ဆရာမ များ၏ ဘာသာ စကားအခက် အခဲနှင့် လစာအခက် အခဲပင် ဖြစ်ကြောင်း ဒေါက်တာ ဘမောင်က ရှင်းပြသည်။
သင်ကြားပေးမည့် ဆရာ ဆရာမများ သည် မြေပြန့် ဘက်မှ လာသူများဖြစ်၍ ချင်း စကားနှင့် ချင်းစာကို မကျွမ်းကျင်ကြကြောင်း၊ လာမည့်နွေရာသီ ကျောင်းပိတ်ရက်တွင် မူလတန်းပြဆရာ၊ ဆရာမများကို သက်ဆိုင်ရာ မြို့နယ်အလိုက် ခေါ်ယူကာ ချင်းစာပေ သင်ကြားပေးမည်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာန က ဆရာ၊ ဆရာမ ၁၀ ဦး အတွက်သာ လစာပေးမည်ဟု ကြားသိထားကြောင်း၊ မူလတန်း ကျောင်း ၁၀၀၀ ကျော်မှ ဆရာ၊ ဆရာမ ၁၀၀၀ ကျော်အတွက် ကုန်ကျမည့် လစာကို ပြည်နယ်အစိုးရ ကလည်း မပေးနိုင်သဖြင့် ယင်းအခက်အခဲ ပြေလည်စေရန် ဒေသ အလိုက် စေတနာဖြင့် သင်ကြားပေးမည့် တိုင်းရင်းသား ဆရာ၊ ဆရာမများ လိုအပ်ကြောင်း ဝန်ကြီးက ရှင်းလင်းပြော ဆိုသည်။
"ကိုယ့်တိုင်းရင်းသား စာပေသင်ကြား ရတာကတော့ ကောင်းပါတယ်။ အစိုးရက ခုလို သတ်သတ် မှတ်မှတ် အသိအမှတ်ပြု သင်ကြားခွင့် ပေးလိုက်တယ် ဆိုတော့လေ" ဟု တီးတိန်မြို့ခံ ချင်းတိုင်းရင်းသား ဦးငင်ခေါဂင်က ၄င်း၏အမြင်ကို ပြောကြားသည်။ ချင်းစာပေ သင်ကြားနိုင်ရေးအတွက် ပြည်နယ်အတွင်းရှိ ကျေးရွာအချို့မှာ စိတ်အားထက်သန်နေပြီး သင်ကြားပေးနိုင်မည့် စေတနာရှင်ဆရာများ ရှာဖွေထားကြောင်း ဝန်ကြီးက ဆက်လက ပြောကြားသည်။ ချင်းတိုင်းရင်းသားများ အနေနှင့် မိမိတို့ ဘာသာစကားကို ဆန်းဒေး စကူးလ်များတွင် အပတ်စဉ် သင်ကြားပို့ချပေးလေ့ ရှိကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့ပေါ်ရှိ ချင်းတိုင်း ရင်းသား များထံမှ သိရသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Thursday, May 23, 2013

LG စက္ကူဖုန်း (Paper touch)


LG Paper touch လို့အမည်ပေးထားတဲ့ ဖုန်းကတော့ LG ရဲ့  အနာဂတ်မှာ ထုတ်လုပ်မယ့် ဖုန်းဒီဇိုင်းပဲ ဖြစ်ပါတယ်။ သိပ်မဝေးတော့ပါ ဘူး။ ခေါက်ချိုး ချိုးလို့ရတဲ့ အီလက်ထရောနစ် စက္ကူနဲ့ ပျော့ပျော့ပျောင်းပျောင်း OLED မျက်နှာပြင်ကို ၂၀၀၇ နောက်ပိုင်း ကတည်းက နည်းပညာ ကုမ္မဏီ တော်တော်များများ တီထွင်နိုင်ပြီး ဖြစ်ပါတယ်။

ပစ္စည်းအခက်အခဲကြောင့်သာ ခေါက်ချိုးချိုးပြီး သိမ်းလို့ ရတဲ့ ဖုန်းများကို ထုတ်လုပ်မှု မပြုလုပ်ကြသေးခြင်း ဖြစ်ပါတယ်။ ယခုတော့ ရှိတဲ့ ပစ္စည်းထဲနေ အကောင်းဆုံး နာနိုနည်းပညာကို ရှာဖွေလို့ အသုံးဝင်မယ့် အီလက်ထရော နစ် အစိတ်အပိုင်းများကို အားလုံး ဖန်တီးနေကြပြီ ဖြစ်ပါတယ်။ Samsung တောင် နောက်ထွက်မယ့် Galaxy S4 က ကွေးညွန့်လို့ရမယ့် မျက်နှာပြင်နဲ့ ထွက်မယ်ုလို့တောင် ကောလဟာလ ထွက်နေပါတယ်။
စက္ကူလိုခေါက်ချိုးလို့ရတဲ့ ဖုန်းကတော့ ကောလဟာလ မဟုတ်ပါဘူး။ LG ကိုယ်တိုင် အနာဂတ် ဒီဇိုင်းအဖြစ် ကြေငြာထားခြင်း ဖြစ်ပါတယ်။ ၇ လက်မ အရွယ်ရှိပြီး အခေါက်အရေအတွက် တော်တော်များများ ချိုးထားလို့ ရပါတယ်။ ချိုးပြီးရင်ချိုးလို့ရသလောက်အထိကို မျက်နှာပြင်တည်ဆောက် မှုက ပြောင်းလဲပေးပြီး ရုပ်ပုံဖော်ပြပေးမှုများက အလိုအလျောက် လိုက်လံပြောင်းလဲပေးနေမှာ ဖြစ်ပါတယ်။ ဥပမာ လေးခေါက် ခေါက်ထား လည်း ယင်းထဲမှာ အချက်အလက်အားလုံး စုံလင်စွာ ဖော်ပြသနိုင်သလို အပြည့် ၇ လက်မနဲ့ ကြည့်လည်း ဒီရုပ်ပုံတွေပဲ မြင်ရမှာ ဖြစ်ပါတယ်။
အသုံးပြုမယ့် ပစ္စည်းကတော့ အီလက်ထရောနစ် စက္ကူလို့ခေါ်တဲ့ သတ္တုတစ်မျိုးနဲ့ဖြစ်ပြီး ခွေခေါက်လို့ရတဲ့ OLED Display လည်းပါဝင်အုံးမယ် ဆိုပါတယ်။ ဒါကြောင့် အကြမ်းလဲခံပြီး resolution ကောင်းတဲ့ ရုပ်ပုံများကို မြင်တွေ့ ရမှာ ဖြစ်ပါတယ်။
LG ရဲ့  Paper touch mobile ကို နောက် ငါးနှစ်အတွင်း ဖြစ်လာလို့ ကြိုးပမ်း လျက် ရှိကြောင်း သိရပါတယ်။ 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Saturday, May 18, 2013

ခွေခေါက်၍ သိမ်ဆည်းထားနိုင်သော နိုကီယာ စမတ်ဖုန်း


လွန်ခဲ့တဲ့ နှစ်နှစ်ကတည်း Nokia မှ Concept အနေနဲ့ ဒီဇိုင်းပြပွဲမှာ ထုတ်ဖော်ပြသခဲ့ဖူးတဲ့ ဖုန်း ဖြစ်ပါတယ်။
UK ကိန်းဘရိတ်ခ်ျတက္ကသိုလ် နဲ့ Nokia နည်းပညာ သုတေသန ဌာန နှစ်ခု ပူေးပါင်းပြီး ဖန်တီးတဲ့ ဖုန်း ဖြစ်ပါတယ်။ နာနိုနည်းပညာကို အဓိက အသုံးပြုပြီး ရာဘာလို ခွေခေါက်ထားနိုင်မယ့် စမတ်ဖုန်း ဖြစ်ပါတယ်။ ဒီထွက် အဓိကလိုအပ်တာက အဆင့်မြင့် နာနိုနည်းပညာ ဖြစ်ပြီး အသုံးပြုမယ့် သတ္တုကလည်း ထည့်စဉ်းစားစရာ တစ်ချက် ဖြစ်ပါတယ်။ Flexible Material က လက်ရှိမှာ လွယ်လွယ်ကူကူ မရနိုင်ပါဘူး။ အထူးသဖြင့် Nano tech ပုံလောင်းသွင်းနိုင်လောက်အောင် ပျော့ပြောင်း အကြမ်းခံမယ့် သတ္တုဆိုတာ ဈေးကြီးကြီးပေးဝယ်ရတယ်ဆိုပါတယ်။
သို့ပေမယ့် အနာဂတ်မှာ ဈေးပေါပေါနဲ့ ရောင်းချဖို့ Nokia က ကြိုးစားနေ တယ် ဆိုပါတယ်။ အနည်းဆုံး ၇ နှစ်လောက်ကတော့ အာမခံနဲ့ အသုံးပြုနိုင် လောက်အောင် အကြမ်းလဲ ခံမှာ ဖြစ်ပါတယ်။ ထိခိုက် ပျက်ဆီးမှာ စိတ်မပူရ ပါဘူး။ ရေထဲကျရင်တောင် ပျက်ဆီးစရာ Hardware မရှိဘူးလို့ ဆိုပါတယ်။
အမှန်တော့ ယခုလို ပျော့ပျော့ပျောင်းပျောင်း Smart Gadget များကို နည်းပညာ ကုမ္မဏီတော်တော်များများက  ကြိုးပမ်းနေပြီ ဖြစ်ပါတယ်။ ဥပမာ- Samsung တို့မှာလည်း အစမ်းတီထွင်ထားတဲ့ Flexible smart phone များ ရှိပါတယ်။ Nokia ကုမ္မဏီကတော့ ၂၀၀၇ ခုနှစ်ကစပြီး ကိန်းဘရိတ်ခ်ျ တက္ကသိုလ်နဲ့ ပူးပေါင်းဖန်တီးနေတာ ဖြစ်ပါတယ်။
Nokia ရဲ့ ခန့်မှန်းချက်အရဆိုရင် နောက် ၁၀ နှစ်အတွင်း ထုတ်လုပ်ဖြစ်လာ မယ့် ဖုန်းလို့ သိရပါတယ်။ 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ကမ္ဘာအသက်အကြီးဆုံး မှတ်တမ်းတင်ခံခဲ့ရသူထက် အသက်ကြီးသူ ကလေးမြို့တွင်တွေ့


ကမ္ဘာ့ အသက် အကြီးဆုံး အဖြစ် ဂင်းနစ် စံတော် ချိန်တွင် မှတ်တမ်းတင် ခံခဲ့ရသော ဂျပန် အမျိုးသား Jiroman Kimura ထက် အသက် ပိုကြီးသော အမျိုးသမီး တစ်ဦး မြန်မာနိုင်ငံ ကလေးမြို့တွင် တွေ့ရကြောင်း ချင်းဘာသာ စာပေဖြင့် ဒေသတွင်း ထုတ်ဝေသော the chin times journal အတွဲ အမှတ် (၂၃)တွင် ဖော်ပြချက် အရ သိရသည်။
အဆိုပါ ကမ္ဘာ့ အသက်အကြီးဆုံး လူသား အဖြစ် ဂင်းနစ် မှတ်တမ်း တင်ခံခဲ့ရသော ဂျပန် အမျိုးသားကြီးသည် ၁၈၉၇ခုနှစ်တွင် မွေးဖွား ခဲ့ပြီး အသက်မှာ (၁၁၆) နှစ်ရှိပြီး ဖြစ်ကြောင်း BBC သတင်းဌာနက ဖော်ပြခဲ့သည်။ ကမ္ဘာ့ အသက် အကြီးဆုံး အဖြစ် ဂင်းနစ် စံချိန်ချိုးခဲ့သော ဂျပန် အမျိုးသား ကြီးထက် ယခုအခါ အသက်ပို ကြီးသော အမျိုးသမီး တစ်ဦး မြန်မာနိုင်ငံတွင် ပေါ်ထွက် လာခဲ့ပြီး ဖြစ်သည်။
ကမ္ဘာ့အသက် အကြီးဆုံး စံချိန်တင် ခဲ့သော ဂျပန်အမျိုးသား ကြီးအထက် အသက်ပို ကြီးသော သူမှာ အမျိုးသမီးကြီး တစ်ဦးဖြစ်ပြီး ယခုလက်ရှိ စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့ စမ်းမြို့(၁)ရပ်ကွက်တွင် နေထိုင် လျှက်ရှိသည်။ သူမ၏ နာမည်မှာ Hme Thluai ဖြစ်ပြီး ချင်းအမျိုးသမီး တိုင်းရင်း သူတစ်ဦး ဖြစ်သည်။ သူမ၏ မွေးသက္ကရာဇ်မှာ ၁၈၉၅ ခုနှစ်ဖြစ်သဖြင့် ယခုအခါ အသက် (၁၁၈) နှစ်ရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ကလေးမြို့ လ၀ကဌာနမှ အထောက်အထား ခိုင်လုံစွာဖြင့် အတည်ပြုချက် ပေးထားပြီ ဖြစ်သည်။ 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မြန်မာသံရုံးကို ဗုံးခွဲရန် ကြံစည်သူ ၇ ဦးကို ပစ်သတ်ခဲ့ပြီး ၁၃ ဦးကိုဖမ်းဆီး


အင်ဒိုနီးရှားတွင် မြန်မာ သံရုံးကို ဗုံးခွဲရန် ကြံစည် ခဲ့သည့် အစ္စလာမ္မစ် စစ်သွေးကြွ များကို ရဲတပ်ဖွဲ့က ပစ်ခတ် ဖမ်းစီး ခဲ့သည်ဟု ထုတ်ဖော် ပြောကြား ခဲ့သည်။ ယင်းစစ်သွေးကြွ များသည် အကြမ်းဖက် လုပ်ရပ်များ အတွက် ရန်ပုံငွေ ရရှိရန် ဘဏ်များကို ဓားပြ တိုက်ခဲ့ပြီး၊ ဖောက်ထွင်း ခိုးယူမှု များလည်း ပြုလုပ် ခဲ့သည်ဟု စုံစမ်း စစ်ဆေးရေး အရာရှိ များကလည်း ဆိုသည်။ မကြာမီက မြန်မာ သံရုံးကို ဗုံးခွဲရန် ကြံစည် သူများနှင့် ဆက်နွယ်သည့် အဖွဲ့ကို အကြမ်းဖက်မှု နှိမ်းနင်းရေး အဖွဲ့က လိုက်လံရှာဖွေ ပစ်ခတ်ကြခြင်းပင် ဖြစ်သည်။
အဆိုပါ စစ်သွေးကြွ များသည် လုယက်မှုများ ပြုလုပ်ရန်လည်း စီစဉ်ခဲ့ကြောင်း ရဲချုပ်က သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ဖော် ခဲ့သည်။ ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့သော သူများသည် လက်နက်ချ အဖမ်းခံရန် ငြင်းဆိုခဲ့ပြီး အိမ်တွင်းဖြစ် လက်နက်ပုံးများနှင့် သေနတ် များဖြင့် ရဲများကို ပြန်လည် ပစ်ခတ် တိုက်ခိုက် သည်ဟု သိရသည်။
ယင်းသို့ ပစ်ခတ် ခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်များ ဘက်မှ ဒဏ်ရာ အနာတရ ရရှိခြင်း မရှိဟု သိရသည်။ အနောက် ဂျားဗား ကျေးရွာ ဆီပါစင်း၌ ဖမ်းဆီး ရမိခဲ့သည့် လက်နက် ထုတ်လုပ်သူ တစ်ဦးထံမှ သတင်း ရရှိခဲ၍ ကျန်အမှု တွဲများကိုလည်း ကွင်းဆက် အနေဖြင့် ဖော်ထုတ်နိုင်ခဲ့ ခြင်းဖြစ်သည်။ အကြမ်းဖက် သူများကို လိုက်လံရှာဖွေ ဖမ်းဆီးခဲ့ရာ ပိုဆိုဒေသတွင် စစ်သွေးကြွ ၇ နှစ်ဦး အသေပစ်သတ် ခဲ့ပြီး ၁၃ ဦးကို အရှင်ဖမ်းစီး ခဲ့သည်။
ပိုဆို ဒေသသည် ၁၉၉၈ ခုနှစ်မှ ၂၀၀၂ ခုနှစ်အတွင်း မူဆလင်-ခရစ်ယာန် ပဋိပက္ခ ကြောင့် လူ ၁၀၀၀ ကျော် သေဆုံးခဲ့ရာ ဒေသလည်း ဖြစ်သည်။ ယခု ရက်ပိုင်းမှာပင် အစ္စလာမ္မစ် အစွန်း ရောက်များက အစ္စလာမ် မဟုတ် သူများကို နှိပ်ကွက်သည့် အစ္စလာမ္မစ် ဦးစားပေးရေး ဥပဒေကို တောင်းဆိုခဲ့ပြီး အဓိကရုဏ်း များဖြစ်အောင် ဖန်တီး ခဲ့သောကြောင့် အကြမ်းဖက် နှိမ်နှင်းရေး အဖွဲ့များက စစ်သွေကြွ ၁၀၀ ခန့်ကို ပစ်ခတ်ခဲ့ပြီး ဒါဇင်ပေါင်း များစွာ ဖမ်းစီး ခဲ့သည်။ 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Friday, May 17, 2013

မန်ယူတစ်နှစ်တာ အကောင်းဆုံးဆုကို ကာရစ် ရရှိခဲ့


ယခုနှစ် ရာသီအတွက် မန်ယူတစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ကွင်းလယ်လူ ကာရစ် ရရှိသွားခဲ့ကြောင်း
သိရသည်။ ကာရစ်မှာ ပေါစခိုးလ် ပထမအကြိမ် အနားယူခဲ့စဉ်က မန်ယူ ကွင်းလယ်တွင် အကောင်းဆုံး ခြေစွမ်းပြခဲ့ပြီး PFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ပဏာမစာရင်းတွင် ပါဝင်ခဲ့သူလည်းဖြစ်သည်။
ထို့အပြင် မန်ယူအတွက် ပရီးမီးယားလိဂ်ဂိုး ၂၅ဂိုး သွင်းယူနိုင်ခဲ့သည့် ဗန်ပါစီမှာ ပရိသတ်များ ရွေးချယ်သည့် အကောင်းဆုံး ကစားသမားဆု ရရှိခဲ့သည့်အပြင် ဗီလာနှင့်ပွဲတွင် ကိုက် ၂၀အကွာ မြေမကျကန်ချက်ဖြင့် သွင်းယူခဲ့သည့် ၎င်း၏ဂိုးကြောင့် တစ်နှစ်တာ အကောင်းဆုံးဂိုးဆုလည်း ဆွတ်ခူးနိုင်ခဲ့သည်။ အဆိုပါဆုပေးပွဲ အခမ်းအနားတွင် အရန်အသင်း အကောင်းဆုံး ကစားသမားဆုကို ဂျာနူဇတ် ရရှိခဲ့ပြီး လူငယ်အကောင်းဆုံးဆုကို ဘန်ပီယာဆန်က သိမ်းပိုက်သွားနိုင်ခဲ့သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဒေးဗစ်ဘက်ခမ်း ဘောလုံးလောကမှ အနားယူ


ပင်သစ် အခြေစိုက် PSG အသင်းတွင် ခြောက်လ ကျော်ကြာ ပါဝင် ကစားခဲ့ရာ၌ ပြင်သစ်လီဂူး ချန်ပီယံ ဆွတ်ခူး နိုင်ခဲ့သည့် ကမ္ဘာ့ ဘောလုံး အကျော်အမော် တစ်ဦး ဖြစ်သူ ဒေးဗစ်ဘက်ခမ်းသည် PSG အသင်း၏ စာချုပ် သက်တမ်းတိုး ကမ်းလှမ်းမှုကို ပယ်ချလိုက်ပြီး ဘောလုံး လောကမှ အနားယူတော့ မည်ဖြစ်ကြောင်း The Guardian တွင် ဖော်ပြ ထားသည်။
အသက် ၃၈ နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် ဟောင်းသည် အမေရိကန် အခြေစိုက် အယ်လ်အေ ဂလက်စီ အသင်းမှ PSG အသင်း သို့ ပြောင်းရွှေ့လာပြီးနောက် အသင်း၌ ခြေစွမ်းပြကာ ပွဲဦးထွက်တွင် ဂိုးသွင်း အနိုင်ယူခဲ့သလို အသင်း၏ ကစားသမားများ အပေါ်၌ လွှမ်းမိုးကာ အထောက် အကူပြုနိုင်ခဲ့သဖြင့် နည်းပြအန်ဆယ် လော့တီက စာချုပ် သက်တမ်းတိုးရန် ကမ်းလှမ်း ခဲ့သော်လည်း မိသားစုကိုပို၍ အချိန်ပေးလိုသဖြင့် ဟုဆိုကာ ထိုကမ်းလှမ်းချက်ကို ပယ်ချလိုက်ပြီး လန်ဒန်သို့ပြန် မည် ဖြစ်ကြောင်း သိရသည်။
ဘက်ခမ်းက "ကျွန်တော့်အပေါ် အခွင့်အရေးပေးပြီး လေးစားမှု ပြတဲ့ PSG အသင်းကို ကျေးဇူး အများကြီး တင်ပါတယ်။ ဒါပေမဲ့ ဒီအချိန်ဟာ ကျွန်တော့်ရဲ့အောင်မြင် မှုတွေကို အဆုံးသတ်ရမယ့် အချိန်လို့ ကျွန်တော်ခံစားရမိပါတယ်။ ကျွန်တော့် ခြေစွမ်းအရ အကောင်းဆုံး ကစားနိုင် ပါသေးတယ်" ဟု ပြောဆိုခဲ့သည်။ ဘက်ခမ်းသည် အင်္ဂလန်တွင် ကစားစဉ် ဆုဖလား ၁၁၅လုံး ရရှိခဲ့သည့် ကစားသမားအဖြစ် မှတ်တမ်း တင်ထားနိုင်သည့် ကစားသမားလည်း ဖြစ်သည်။
သူသည် လန်ဒန်သို့ပြန်လိုပြီး သူ၏ကလေးလေးဦးကို အချိန်ပေးကာ နေထိုင်လိုသော်လည်း သူဝါသနာပါရာ ဘောလုံး အားကစားနှင့် အဆက်အသွယ် မဖြတ်လို၍ အမေရိကန် အခြေစိုက်ကလပ် အသင်းတွင် ပေါင် ၁၆၅ သန်းခန့် ရင်းနှီးမြှုပ်နှံ ထားသူလည်း ဖြစ်သည်။ ယနေ့ကစပြီးတော့ မိသားစုမပါတဲ့ အောင်မြင်မှုတွေကို အဆုံးသတ်လိုက်ပါပြီ။ ကျွန်တော့်မိဘတွေရဲ့ အားပေးမှုကို အလွန် ပဲကြည်နူးခဲ့ရပါတယ်။
"ကျွန်တော့်မဟေသီ ဗစ်တိုးရီးယားနဲ့ ကလေးတွေအတွက် အချိန်ပေးရဦးမှာပါ။ သူတို့ဟာ ကျွန်တော် ခြေစွမ်းအကောင်းဆုံး အခြေအနေကို ဖန်တီးခဲ့ရာမှာ တကယ်ပဲ အထောက်အကူပြုခဲ့ပါတယ်" ဟု ထုတ်ဖော် ပြောကြားခဲံ့သည်။ ဒေးဗစ်ဘက်ခမ်းသည် ယခုအချိန်ထိ ဘောလုံးမင်းသားအဖြစ် ပရိသတ် လက်ခံထားသည့် ကစားသမားတစ်ဦး ဖြစ်ပြီး သူ၏ အကျော်ကြားဆုံးဖရီးကစ် ခြေစွမ်းကလည်း အောင်မြင်နေဆဲဖြစ် သည်။
သူသည် အင်္ဂလန် ပရီးမီးယားလိဂ်၊ စပိန်လာလီဂါ၊ အမေရိကန်မေဂျာလိဂ်နှင့် လက်ရှိ ကစားနေသည့် ပြင်သစ်လီဂူးလ် တို့တွင် ဖလားရယူပေးနိုင်သည့် တစ်ဦး တည်းသော အင်္ဂလန်အားကစားသမား တစ်ဦးအဖြစ် မှတ်တမ်းဝင်ကာ ဝင်ငွေ အကောင်းဆုံး ဘောလုံး အားကစားသမား တတိယနေရာက ရပ်တည်နေသည့် ကစားသမားဖြစ်သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed