BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Saturday, March 1, 2014

ပထမဆုံး ရွှေခါးပတ်ရခဲ့စဉ်က မိုဟာမက်အလီ ၀တ်ဆင်ခဲ့သည့် လက်အိတ် ပေါင် ၃၀၂၀၀၀ဖြင့် လေလံအောင်မြင်

မိုဟာမက်အလီ ပထမဆုံး ဟဲဗီးဝိတ်ချန်ပီယံ ရွှေခါးပတ် ရရှိခဲ့သည့် ပြိုင်ပွဲတွင် ၀တ်ဆင်ခဲ့သည့်
လက်အိတ်မှာ ပေါင် ၃၀၂၀၀၀ဖြင့်လေလံအောင်မြင်ခဲ့ကြောင်း သိရသည်။ မိုဟာမက်အလီမှာ ၁၉၆၄ခုနှစ်တွင် ကက်စီးယက်စ်ကလေးဟူသော အမည်ဖြင့် ဆွန်းနက်လစ်တန်ကို အမှတ်ဖြင့် အနိုင်ယူကာ ပထမဆုံး ဟဲဗီးဝိတ်ချန်ပီယံ ရွှေခါးပတ် ရရှိခဲ့ပြီး ထိုစဉ်က ၎င်းဝတ်ဆင်ခဲ့သည့် လက်အိတ်ကို ၎င်း၏လေ့ကျင့်ရေးမှုးဟောင်း ဒန်ဒီက သိမ်းဆည်းထားခဲ့ခြင်းဖြစ်သည်။

နယူးယောက်မြို့တွင် ကျင်းပနေသည့် အမွေအနှစ်ပစ္စည်းများ လေလံပွဲတွင် မိုဟာမက်အလီ၏ လက်အိတ်လေလံအောင်မြင်ခဲ့ခြင်းဖြစ်ပြီး အားကစားလောကမှ ရှေးဟောင်း ပစ္စည်းများ စုဆောင်းသည့်ကုမ္ပဏီ ဒါရိုက်တာ ခရစ်အိုင်ဗီက မိုဟာမက်အလီမှာ လက်ဝှေ့လောကနှင့် အမေရိက၏ ပြယုဂ်ဖြစ်ရုံသာမက တစ်ကမ္ဘာလုံးကို ပိုင်စိုးထားသူဟု ဂုဏ်ပြုခဲ့သည်။ မိုဟာမက်အလီမှာ ကက်စီးယက်စ်ကလေးဟူသော အမည်ဖြင့် လက်ဝှေ့လောကသို့ ၀င်ရောက်လာခဲ့သော်လည်း အစ္စလာမ်ဘာသာ ပြောင်းခဲ့ပြီးနောက် မိုဟာမက်အလီဟု အမည်ပြောင်းခဲ့ခြင်းဖြစ်သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မြန်မာ- ထိုင်း- မလေးရှားအကြား မိုဘိုင်းလ် ဖုန်းဖြင့် ငွေလွှဲနိုင်ရန် တယ်လီနော ဝန်ဆောင်မည်ဟုဆို

နော်ဝေ ဆက်သွယ်ရေး ကုမ္ပဏီ တယ်လီနောက မိုဘိုင်းလ် ဆက်သွယ်ရေး ကွန်ရက် ရှိထားပြီး ဖြစ်သည့် ထိုင်း၊ မလေးရှား နိုင်ငံတို့နှင့် မိုဘိုင်းလ် ဖုန်းမှ တစ်ဆင့် အပြန်အလှန် ငွေကြေး လွှဲပြောင်းသည့် ဝန်ဆောင်မှု မြန်မာနိုင်ငံတွင် ဝန်ဆောင် ပေးနိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တယ်လီနော အာရှငွေကြေး ဝန်ဆောင်မှု ဌာန အကြီးအကဲ Roar Bjaerum က The Voice သို့ ပြောကြားသည်။
“ထိုင်းနဲ့ မလေးရှားကြားမှာ အပြန်အလှန် ပြောင်းရွှေ့ နေထိုင်သူတွေ ရှိတယ်။ အလုပ် လုပ်နေတဲ့ သူတွေလည်း ရှိနေတဲ့ အတွက်ကြောင့် ငွေလွှဲ ဝန်ဆောင်မှု ပေးနိုင်ဖို့ အစီအစဉ် ရှိတယ်။ နောက်ပြီး မြန်မာနိုင်ငံကနေ သွားပြီး အလုပ် လုပ်တဲ့သူတွေ ရှိတဲ့ အတွက်ကြောင့် တိုက်ရိုက် ငွေကြေး လွှဲပြောင်းနိုင်ဖို့ အတွက်လည်း စဉ်းစားနေပါတယ်” ဟု ၎င်းက ဆိုသည်။
လတ်တလောတွင် တယ်လီနော ကွန်ရက်ရှိသော နိုင်ငံများအကြား တိုက်ရိုက် ငွေလွှဲနိုင်သည့် ဝန်ဆောင်မှုမျိုး မရှိသေးသော်လည်း လာမည့် ကာလများတွင် ပြုလုပ်သွားရန် စီစဉ်နေကြောင်း ၎င်းက ဆိုသည်။ “ဘယ်တော့လောက် စဖြစ်မလဲဆိုတာ အတိအကျ မပြောနိုင်သေးဘူး။ ဘာလို့လဲဆိုတော့ နည်းပညာအရ အခက်အခဲ ဖြစ်နေလို့ မဟုတ်ဘူး။ အခု လောလောဆယ် ဒီနိုင်ငံတွေ ကြားထဲမှာ ငွေလွှဲတယ် ဆိုတာက ရှိနေပြီးသား။ အဲဒါတွေထက် ပိုကောင်းအောင် လုပ်ဖို့ ပြင်ဆင်နေတာပါ။ ပိုပြီး လုပ်နိုင်ပြီ ဆိုရင်တော့ စပါမယ်။ ဒီဟာတွေကို မကျော်နိုင်ပဲနဲ့ ဒီနေ့ စဖို့ကတော့ မဖြစ်နိုင်ပါဘူး” ဟု ၎င်းက ဆိုသည်။
မြန်မာရွှေ့ပြောင်း လုပ်သား အများစုရှိရာ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ ဟွန်ဒီ စနစ်ဖြင့် ငွေကြေး လွှဲပြောင်းသည့် ဝန်ဆောင်မှု လုပ်ငန်းများ ရှိသော်လည်း မိုဘိုင်းလ် ဖုန်းဖြင့် ငွေလွှဲနိုင်မည် ဆိုပါက ရွှေ့ပြောင်း လုပ်သားများအတွက် အလွန် အကျိုးရှိနိုင်ကြောင်း ကွာလာလမ်ပူရှိ စားသောက်ဆိုင် တစ်ခုတွင် အလုပ် လုပ်ကိုင်နေသူ ကိုမောင်မောင်ဦးက ဆိုသည်။
“အချိန်ကုန် သက်သာသွားမယ်။ အခု ဟွန်ဒီကနေ လွှဲရင် ဒီနေ့လွှဲရင် မနက်ဖြန်မှ ထုတ်လို့ ရတယ်။ မိုဘိုင်းလ် ဖုန်းနဲ့ လွှဲလို့ ရရင် ချက်ချင်း ထုတ်လို့ ရနိုင်တယ်။ အဲဒါ ကောင်းတာပေါ့” ဟု ၎င်းက ဆိုသည်။ တယ်လီနော မြန်မာက မြန်မာနိုင်ငံ အတွင်းရှိ ဘဏ်ဝန်ဆောင်မှု အသုံးမပြုနိုင်သူများ အတွက် မိုဘိုင်းလ် ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ရန် ပြင်ဆင်နေပြီး မိုဘိုင်းလ် ဖုန်းမှ တစ်ဆင့် လစာ ပေးချေခြင်း လုပ်ငန်း၊ လူမှု ဖူလုံရေး လုပ်ငန်း ဆောင်ရွက်ခြင်းနှင့် ငွေကြေး လွှဲပြောင်းမှု လုပ်ငန်းများကို လုပ်ကိုင်သွားမည် ဖြစ်ကြောင်း တယ်လီနော မြန်မာထံမှ သိရှိရသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

လူသားဟင်း ရောင်းချသည့် နိုင်ဂျီးရီးယား စားသောက်ဆိုင် အာဏာပိုင်တို့ ပိတ်သိမ်း

နိုင်င်ဂျီးရီးယားနိုင်ငံ အနမ်ဘရာ ပြည်နယ်ရှိ စားသောက်ဆိုင် တစ်ခုတွင် လူသားကင်များ၊ လူသားဖြင့် ပြုလုပ် ထားသည့် ဟင်းလျာများ ရောင်းချနေသည်ကို စစ်ဆေး တွေ့ရှိခဲ့ရခြင်းကြောင့် အာဏာပိုင်များက ဆိုင်ကို ပိတ်သိမ်း လိုက်ကြောင်း Ibtime သတင်းတွင် ဖော်ပြထားသည်။ လျှို့ဝှက် သတင်းပေး ပြောကြားချက်အတိုင်း လိုက်လံ စုံစမ်းပြီးနောက် လူသားများ ရောင်းချနေ သည်ကို ရဲတပ်ဖွဲ့ဝင်များက တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
စားသောက်ဆိုင် ပိုင်ရှင်၊ အမျိုးသမီး ခြောက်ဦးနှင့် အမျိုးသား လေးဦးတို့ကို ထိန်းသိမ်းလိုက်ပြီး လူခေါင်း နှစ်ခုကိုလည်း နိုင်ဂျီးရီးယား ရဲတပ်ဖွဲ့ဝင်များ ရှာတွေ့ခဲ့သည်။ သွေးများ ပေနေသည့် လူခေါင်း နှစ်ခုအပြင် AK-47 ချေမှုန်းရေး ရိုင်ဖယ်နှစ်ခု၊ အခြားသော လက်နက်များ၊ ကျည်ဆန် ဒါဇင်ပေါင်း များစွာနှင့် ဆဲလ်ဖုန်း များစွာကို အစိုးရ အရာရှိများက သိမ်းဆည်း ရရှိခဲ့သည်။
“ဟိုတယ်တွင်းကို ထူးထူးဆန်းဆန်း လူတွေ ဝင်ထွက်နေတာ ဟိုတယ်နားက ဈေးသွားတိုင်း ကျွန်တော်တွေ့တယ်။ သူတို့တွေက ညစ်ပတ်ပြီး ရိုင်းရိုင်းစိုင်းစိုင်းလည်း ပြုမူတတ်ကြတယ်။ လူသား ရောင်းတာကို ရဲတပ်ဖွဲ့တွေ ရှာတွေ့သွားတာ ကျွန်တော်တော့ သိပ်မအံ့သြဘူး” ဟု ဒေသခံတစ်ဦး ဖြစ်သူ အိုဆန်ဒီဖန်ဒါက ပြောကြားသည်။ လူသားများဖြင့် ချက်ပြုတ်ထားသည့် ဟင်းလျာများမှန်း မသိဘဲ စားသုံးမိခဲ့သည့် ခရစ်ယာန်သင်းအုပ် ဆရာတစ်ဦးမှာ တုန်လှုပ် ချောက်ချားလျက်ရှိပြီး ရဲတပ်ဖွဲ့ဝင်များကို ကန့်ကွက် ပြောကြားလျက်ရှိသည်။
“ဒီနှစ် အစောပိုင်းက ဟိုတယ်ကို ကျွန်တော် သွားခဲ့တယ်။ အသား တစ်တုံးကို ၂ ပေါင်ခွဲ ကျတယ် ဆိုတော့ ကျွန်တော် တော်တော် အံ့သြ သွားတယ်။ အဲဒါတွေက လူသားနဲ့ လုပ်ထားတာ ဆိုတာ ကျွန်တော် မသိဘူး။ အဲဒီလိုမျိုး အစား အသောက်တွေကို ကျွန်တော် ဈေးကြီးပေးပြီး စားမိခဲ့တယ်” ဟု အမည်မဖော်လိုသူ သင်းအုပ်ဆရာက ပြောကြားသည်။ လူသားစားသည့် သတင်းများ နိုင်ဂျီးရီးယားနိုင်ငံ၌ တစ်ခါတစ်ရံ ထွက်ပေါ်လာလေ့ ရှိသော်လည်း လူသားဖြင့် ချက်ပြုတ်စားသည့် အစားအသောက်များ ရောင်းချသည့် စားသောက်ဆိုင် သတင်းမှာမူ ပထမဆုံးအကြိမ် ပေါ်ထွက်လာခြင်း ဖြစ်သည်။ 
The Voice Journal

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Saturday, February 22, 2014

ရုရှားနိုင်ငံ ကောင်းကင်ယံတွင် သခင်ယေရှုလက်ဝါးကပ်တိုင်ပုံ


ရုရှားနိုင်ငံ ကောင်းကင်ယံတွင် သခင်ယေရှုလက်ဝါးကပ်တိုင်ပုံ ထူးဆန်းစွာထွက်ပေါ်လာသောVIDEO ဖိုင်ကို အားလုံးသိအောင်ဝေမျှလိုက်ပါသည်။ —
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, February 16, 2014

ထမင်း စားပြီးလျှင် ရှောင်ကြဉ် သင့်သည့် အချက်များ


မြန်မာ လူမျိုးတို့၏ အဓိက အစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ် စားနေကြသည် ဖြစ်ရာ ထမင်းစားပြီး ရှောင်ကြဉ် သင့်သော အချက်(၇)ချက်ကို ကျန်းမာရေး အသိ ရှိစေရန် ဖော်ပြ လိုက်ရ ပါသည်။
(၁) ဆေးလိပ်မသောက်ပါနှင့်။

ကျွမ်းကျင်သူများ၏ လေ့လာ သုတေသန ပြုချက်များ အရ ထမင်းစားပြီး စီးကရက် တစ်လိပ် သောက်ခြင်းသည် စီးကရက် ဆယ်လိပ် သောက်ခြင်းနဲ့ ညီမျှပြီး ကင်ဆာ ရောဂါ ဖြစ်ပွားရန် အခွင့်လမ်း အများဆုံး ဖြစ်ကြောင်း သိရှိရသည်။

(၂) သစ်သီးများကိုချက်ချင်း မစားပါနှင့်။

ထမင်းစားပြီး သစ်သီးများကို ချက်ချင်း စားခြင်းသည် အစာအိမ် လေခံစေသည်။ ထို့ကြောင့် သစ်သီးများ စားသုံးမည် ဆိုပါက ထမင်းစားပြီး တစ်နာရီ(သို့) နှစ်နာရီ အကြာနှင့် ထမင်း မစားမီ တစ်နာရီ အလိုတွင်သာ စားသုံးသင့်သည်။

(၃)လက်ဖက်ရည် မသောက်ပါနှင့်။

လက်ဖက် ရွက်တွင် အက်ဆစ် ပါဝင်မှုနှုန်း မြင့်မားပြီး ၄င်းသည် ကျွန်ုပ်တို့ စားသုံးလိုက်သော အစာအိမ်ရှိ ပရိုတိန်း ဓာတ်များကို မာကျောစေသည့် အတွတ် အစာချေရန် အခက်အခဲ ဖြစ်စေသည်။

(၄) သင်၏ခါးပတ်ကို မဖြည်လိုက်ပါနှင့်။

ထမင်းစားပြီး ခါးပတ်ကို ဖြည်လိုက်ခြင်း (တစ်နည်း အနည်းငယ် လျှော့လိုက်ခြင်း)သည် ၀မ်းအတွင်းရှိ အူကို ခေါက်စေသည်။

(၅) ရေမချိုးပါနှင့်။

ထမင်းစားပြီး ရေချိုးခြင်းသည် လက်များ၊ ခြေထောက်များနှင့် ခန္ဒာကိုယ်များသို့ သွားသော သွေးပမာဏကို တိုးပွားစေပြီး အစာအိမ် တစ်ဝိုက်တွင်မှု သွေးပမာဏ လျော့ကျ သွားသည့် အတွက် ကျွန်တော်တို့ အစာအိမ်ရှိ အစာချေ စနစ်ကို အားနည်း သွားစေသည်။


(၆) လမ်းမလျှောက်ပါနှင့်။

လူအများက ပြောနေကြသည်မှာ ထမင်းစားပြီး လမ်းလျှောက် ခြင်းသည် ခြေလမ်းပေါင်း တစ်ရာ လမ်းလျှောက်ခြင်းနှင့် ညီမျှပြီး အသက်(၉၉) နှစ်အထိ အသက် ရှည်ရှည် နေရ မည် ဖြစ်ကြောင်း ပြောဆိုကြသည်ကို ကြားဖူးပါသည်။

တစ်ကယ်တော့ ထိုသို့ ပြုလုပ်ခြင်းကြောင့် အစာချေ စနစ်သည် ကျွန်ုပ်တို့ စားသုံးလိုက်သော အစာအာဟာရများကို စုပ်ယူရန် အခက်ခဲ ဖြစ်သွား ပါသည်။ ထို့ကြောင့် ထမင်းစားပြီး လမ်းမလျှောက်ပါနှင့်။

(၇) ချက်ချင်းမအိပ်ပါနှင့်။

ထမင်းစားပြီး ချက်ချင်း အိပ်လိုက်ခြင်းကြောင့် ကျွန်ုပ်တို့ စားသုံးလိုက်သော အစာများသည် ကောင်းစွာ အစာမကျေ နိုင်တော့ပေ။ 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဘောလုံး လောကရဲ့ လုပ်ခ အမြင့်ဆုံး ကစားသမား ဖြစ်လာတဲ့ ခရစ္စတီယာနို ရော်နယ်ဒို


ရီးရဲလ်မက်ဒရစ် စတား ခရစ္စတီယာနိုသည် အသင်းဖြင့် ၂၀၁၈ ခုနှစ် အထိ သက်တမ်းရှိ စာချုပ်တစ်ရပ်ကို တိုးမြှင့် ချုပ်ဆိုလိုက်သည်။


 အဆိုပါ စာချုပ်ကြောင် ခရစ္စတီယာနိုသည် ဘောလုံးလောက၏ လုပ်ခ လစာ အမြင့်မားဆုံး ရရှိသော ကစားသမား တစ်ဦး ဖြစ်လာခဲ့သည်။ စပိန် သတင်းစာများ၏ ဖော်ပြချက် အရ ခရစ္စတီယာနိုသည် စာချုပ်သစ်ပါ အချက် အလက်အရ တစ်နှစ်လုပ်ခ အသားတင် ယူရို (၁၇) သန်းအထိ ရရှိ ခံစား ခွင့်ရမည် ဖြစ်သည်။

 အဆိုပါ ပမာဏမှာ လက်ရှိ အမြင့်ဆုံး လုပ်ခ လစာကို ခံစားနေသော အသင်းဖော် ဂါရတ် ဘေးလ်နှင့် ဘာစီလိုနာ စတား မက်ဆီတို့ထက် မြင့်မားသော လုပ်ခ လစာ ဖြစ်သည်။ ခရစ္စတီယာနိုက - "ရီးရဲလ်မက်ဒရစ် အတွက် နောက်ထပ် နှစ်ပေါင်းများစွာ ကစားခွင့် ရတော့မယ့် အခွင့် အရေးဟာ ကျွန်တော့် အတွက် တကယ့် မဟာအခွင့် အရေးပါ၊ ကျွန်တော် အရမ်းပျော်ပါတယ်၊ ဒီဂျာစီအတွက် ကျွန်တော် အစွမ်းကုန် ပေးဆပ် သွားပ့ါမယ်၊ အသင်းကို ကျွန်တော် ဘယ်လောက်ထိ ချစ်တယ်ဆိုတာကို သက်သေပြသွားချင်တယ်၊ အသင်း ပရိတ်သတ်တွေ၊ အသင်းဖော်တွေ၊ ဥက္ကဌနဲ့ အားကစား ဒါရိုက်တာ အားလုံးကို အထူးကျေးဇူးတင်ပါတယ်၊ သူတို့ကြောင့် စာချုပ်သက်တမ်း တိုးမယ့် ဆုံးဖြတ်ချက်ကို ကျွန်တော် လွယ်လွယ်ကူကူ ချမှတ် နိုင်ခဲ့တာပါ" ဟု ပြောကြား သွားခဲ့သည်။

 ဥက္ကဌ ပီရက်ဇ်က - "ခရစ္စတီယာနိုဟာ ကျွန်တော်တို့ရဲ့ ကစားသမား အဖြစ်နဲ့ နောက်ထပ် (၅)နှစ် တိတိ ဘာနေဗျူးမှာ ဆက်ရှိသွားတော့မှာ ဖြစ်ပါတယ်" ဟု တရားဝင် ကြေငြာသွားခဲ့သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, February 9, 2014

ပရီးမီးယားလိဂ် ချန်ပီယံစာရင်းတွင် ချဲလ်ဆီး မပါသေးဟု မော်ရင်ဟို သုံးသပ်

ချဲလ်ဆီးနည်းပြ မော်ရင်ဟိုက မိမိတို့အသင်းမှာ ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို ပြင်းပြင်းထန်ထန်
စိန်ခေါ်နိုင်စွမ်းမရှိသေးကြောင်း မန်စီးတီးကို အနိုင်ရသောပွဲအပြီး
ပြောကြားခဲ့သည်။ ချဲလ်ဆီးမှာ အီဗန်နိုဗစ်၏ ၂၄ကိုက်ကန်ချက်ဖြင့် မန်စီးတီးကို အနိုင်ရရှိခဲ့ပြီး တန်ပြန်တိုက်စစ်မှတစ်ဆင့် မန်စီးတီးကို အကောင်းဆုံးဒုက္ခပေးနိုင်ခဲ့သည်။ ယင်းနိုင်ပွဲကြောင့် ချဲလ်ဆီးမှာ မန်စီးတီးနှင့် ရမှတ်တူသွားခဲ့သော်လည်း ဂိုးကွာခြားချက်ကြောင့် အဆင့်(၃)နေရာ၌သာ ဆက်ရှိနေခဲ့သည်။ သို့သော် မော်ရင်ဟိုက အာဆင်နယ်နှင့် မန်စီးတီးတို့သာ ပရီးမီးယားလိဂ် ချန်ပီယံစာရင်းဝင်နေသည်ဟု သုံးသပ်ခဲ့သည်။
မော်ရင်ဟိုက “ပရီးမီးယားလိဂ်ဖလားက မြင်းကြီးနှစ်ကောင်နဲ့ အင်အားနည်းပြီး ဖွံ့ဖြိုးတိုးတက်ဖို့ လိုသေးတဲ့ မြင်းလေးတစ်ကောင်ရဲ့ အားပြိုင်ပွဲပါ။ ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို ချဲလ်ဆီး စိန်ခေါ်နိုင်စွမ်းရှိနေပြီဆိုတဲ့ သုံးသပ်ချက်တွေကို ကျွန်တော် သဘောမတူပါဘူး။ ကျွန်တော်တို့ အသင်းရဲ့ ဒီရာသီ မျှော်မှန်းချက်က အသင်းတည်ဆောက်ရေးဖြစ်ပြီး လာမယ့်နှစ်ကျမှ ပရီးမီးယားလိဂ်ဖလားကို စတင်မျှော်မှန်းသွားမှာပါ”ဟု ပြောခဲ့သည်။
မန်စီးတီးမှာ ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အိမ်ကွင်းပွဲစဉ်(၁၁)ပွဲဆက် အနိုင်ရထားသည့် အသင်းဖြစ်ပြီး ၁၁၇၉ရက်အတွင်း ပထမဆုံးအကြိမ် အိမ်ကွင်းသွင်းဂိုး မရရှိခဲ့ခြင်းဖြစ်သည်။ သို့သော် ချဲလ်ဆီးမှာ မန်စီးတီးနှင့် နှစ်ကျော့ကစားရာတွင် ၆မှတ်အထိ ရရှိခဲ့ပြီး ၂၀၁၀-၁၁ ရာသီနောက်ပိုင်း မန်စီးတီးထံမှ ၆မှတ်အပြည့် ရယူနိုင်သည့် ပထမဆုံးအသင်းဖြစ်လာခဲ့သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed