Share |
အင်ဒိုနီးရှား အသင်းအား တစ်လုံးတည်းသော နောက်ကျဂိုးဖြင့် အနိုင်ရခဲ့ပြီး နောက်တွင် ၄ပွဲကစား ၃ပွဲနိုင် ရမှတ် ၁၀မှတ်ဖြင့် ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ပြီ ဖြစ်သည့် မြန်မာ ယူ-၁၉ နည်းပြ မစ္စတာ ဂတ် ဖရိုင်းဒရစ်က ဆီမီးဖိုင်နယ် ပွဲစဉ်တွင် ကစားပုံ ပိုမို ကောင်းမွန် လာလိမ့်မည်ဟု ပြောကြားခဲ့သည်။
မြန်မာ အသင်းသည် ယနေ့ပွဲတွင် ပွဲပယ်ခံထားရသည့် ကစားသမား နှစ်ဦးကြောင့် လူအင်အား လျော့နည်းခဲ့ရခြင်း ဖြစ်ကာ ကွင်း အနေအထားကြောင့် ပုံမှန် ကစားကွက် အတိုင်း မဟုတ်ဘဲ ကစားကွက် အသစ်ဖြင့် ပြောင်းလဲ ကစားခဲ့ရသည်ဟု သိရသည်။ "ဆီမီးရောက်ဖို့ အနိမ့်ဆုံး မျှော်လင့်ခဲ့တယ်။ ဒီနေ့ပွဲမှာ ပုံမှန် ကစားနေကျ ပုံစံ မဟုတ်ဘဲ ပြောင်းကစား ခဲ့ရပါတယ်။ ဒါပေမဲ့ ကလေးတွေ အကောင်းဆုံး ကစားခဲ့ပါတယ်။ အခွင့်အရေး တွေလည်း ပိုရတယ်။ ဂိုးသွင်းအား နည်းတာကို ပြင်ဖို့လေးပဲ လိုပါတယ်။ ကလေးတွေကိုတော့ ချီးကျူးပါတယ်။ ကစားသမား နှစ်ယောက် ပွဲပယ် ခံထားရလို့ လူထုတ်တာမှ အခက်တွေ့ ခဲ့ရပါတယ်။ ဒီလို အချိန်မှာ ကလေးတွေကို အပြစ်မတင် လိုပါဘူး။ သူတို့ တကယ့်ကို ကြိုးစား အားထုတ် ခဲ့ကြတာပါ။ ထိုင်း အသင်းက ဗီယက်နမ်နဲ့ အဆင့်တူ လောက်ပါပဲ။ ထိုင်းနဲ့ ပွဲမှာ ပွဲပယ် ခံထားရသူတွေ ပြန်ပါလာမှာမို့ ကစားပုံ ပိုတောင် ကောင်းလာ နိုင်ပါတယ်။ အနိုင်ရဖို့လည်း မျှော်လင့်ပါတယ်" ဟု မစ္စတာဂတ်က ပြောကြားခဲ့သည်။
ထို့အတူ ကွင်း အနေအထားနှင့် ပတ်သက်၍ အခက်တွေ့ ခဲ့ရသည်ဟုလည်း ဆိုခဲ့ကာ "ကွင်း မျက်နှာပြင်ကြောင့် ကစားရ ပိုခက်ခဲ့ပါတယ်။ ကွင်းက အရမ်းကို ညံ့တယ်။ ဒါပေမဲ့ အပြစ်မဖို့ လိုပါဘူး" ဟု ပြောကြားခဲ့သည်။ မြန်မာ အသင်းသည် စက်တင်ဘာ ၁၉ရက်နေ့တွင် ထိုင်းအသင်းနှင့် ဆီမီးဖိုင်နယ် ပွဲစဉ်အား ယှဉ်ပြိုင်ရမည် ဖြစ်ကာ ထိုပွဲစဉ်အား သုဝဏ္ဏ ကွင်းတွင် ကစားခွင့် ရရေး ညှိနှိုင်းမှုများ ပြုလုပ်လျှက် ရှိကြောင်း သိရသည်။

ယူ-၁၉ နည်းပြ ဂတ် ဖရိုင်းဒရစ်

0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်