BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Thursday, December 8, 2011

(၃)ပွဲပယ်ပြစ်ဒဏ် ကျခံခဲ့ရ၍ အယူခံဝင်ထားသော ရွန်းနီ၏ အယူခံ အောင်မြင်


(၃)ပွဲပယ်ပြစ်ဒဏ် ကျခံခဲ့ရ၍ အယူခံဝင်ထားသော ရွန်းနီ၏ အယူခံ အောင်မြင်
(၃)ပွဲပယ်ပြစ်ဒဏ် ကျခံခဲ့ရ၍ အယူခံဝင်ထားသော ရွန်းနီ၏ အယူခံ အောင်မြင်
မွန်တီနီဂရိုးဖြင့် ရင်ဆိုင်ခဲ့သော ပွဲစဉ်တွင် တိုက်ရိုက်အနီကဒ် ပြခံထားရသော ရွန်းနီသည် အဆိုပါ အနီကဒ်ကြောင့် (၃)ပွဲ ပယ်ပြစ်ဒဏ် ကျခံခဲ့ရသည်။ ထို (၃)ပွဲပယ်ပြစ်ဒဏ်ကြောင့် ရွန်းနီသည် ယူရို၂၀၁၂၏ အုပ်စုပွဲစဉ်များဖြင့် လွဲချော်ရမည့် အရေးဖြင့် ရင်ဆိုင်ခဲ့ရသည်။

သို့သော်လည်း ရွန်းနီ၏ ပြစ်ဒဏ်အတွက် ယူအီးအက်ဖ်အေသို့ အယူခံဝင်ခဲ့ရာ ယူအီးအက်ဖ်အေက (၃)ပွဲပယ်ပြစ်ဒဏ်ကျခံ ထားရသော ရွန်းနီအား (၁)ပွဲလျော့ပေါ့ပေးကာ (၂)ပွဲပယ်ပြစ်ဒဏ်အဖြစ် ပြန်လည်ပြင်ဆင် သတ်မှတ်ပေးခဲ့သည်။ ထို့ကြောင့် ရွန်းနီသည် အဖွင့်ပွဲစဉ်အဖြစ် ပြင်သစ်ဖြင့် ကစားရမည့်ပွဲစဉ်၊ ဆွီဒင်ဖြင့် ကစားရမည့် ပွဲစဉ်များကို လွဲချော်ရမည် ဖြစ်သော်လည်း၊ အိမ်ရှင် ယူကရိန်းဖြင့် ရင်ဆိုင်ရမည့် ပွဲစဉ်တွင် ပြန်လည်ပါဝင်ခွင့် ရတော့မည် ဖြစ်သည်။

ပြစ်ဒဏ်ကျူးလွန်ပြီးပြီးခြင်း ပြစ်ဒဏ်ကျူးလွန်ခံခဲ့ရသော မွန်တီနီဂရိုး ကစားသမားအား ပြန်လည်တောင်းပန်ကာ၊ ကွင်းလယ်ဒိုင်အား စောဒကမတက်ဘဲ ကွင်းပြင်ထွက်ခွာခဲ့သည့် အချက်သည် ပွဲပယ်ပြစ်ဒဏ် လျော့ပေါ့ရေး ဆုံးဖြတ်ချက် ချမှတ်ခဲ့ရာတွင် အဓိက အချက်တစ်ချက် ဖြစ်ကြောင်း သိရသည်။


--
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed