မန်ချက်စတာ ယူနိုက်တက်အသင်း၏ တိုက်စစ်မှူး ဒီအော့ဖ် ဂျာမန်ကလပ် ဟန်နိုဗာ အသင်းသို့ ပြောင်းရွှေ့
ဆီနီဂေါနိုင်ငံ လက်ရွေးစင် အသင်း၏ တိုက်စစ်မှူး ဒီအော့ဖ်သည် မန်ချက်စတာ ယူနိုက်တက် အသင်းတွင် ၂ နှစ်ခွဲကြာ ရှိနေခဲ့ပြီးနောက် ထင်သလောက် အစွမ်းမပြနိုင်ဖြစ်ခဲ့ရပြီးနောက် လာမည့် တနင်္လာနေ့မှ စတင်ပြီး ဂျာမဏီအခြေစိုက် ဟန်နိုဗာ အသင်းသို့ ပြောင်းရွှေ့ ကစားရန် သဘောတူညီမှု ရရှိခဲ့ပြီဟု သိရသည်။
ဟန်နိုဗာ အသင်း နည်းပြ မာကိုစလိုကာ က "မန်ယူက ဒီအော့ဖ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပါပြီ။ ဘွန်ဒီလီဂါ နဲ့ ယူရိုပါလိဂ် မှာ သူ့လို ကစားသမားမျိုးက ကျွန်တော်တို့ အသင်းအတွက် ကူညီနိုင်မှာပါ။" ဟု ပြောကြားခဲ့သည်။ ဒီအော့ဖ်အား ခေါ်ယူရန် ပရီးမီးယားလိဂ်မှ ၀ုဖ်စ် အသင်းကလည်း ခေါ်ယူရန် ကြိုးစားခဲ့သေးသည်။ |
ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com