BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Wednesday, June 20, 2012

အင်္ဂလန်နှင့် ကစားရမည်ကို အသင်းတိုင်း က ကြောက်ရွံ့နေပြီဟု ရွန်းနီကြုံးဝါး

ဝိန်းရွန်းနီမှ သူ၏ အင်္ဂလန် အသင်းသည် ယူရို- ၂၀၁၂ ပြိုင်ပွဲ တွင် အမြင့်ဆုံး
အဆင့် ထိ ရောက်နိုင်ကြောင်းနှင့် ရှုံးထွက် အဆင့် ပွဲစဉ်များတွင် အင်္ဂလန် အသင်းနှင့် တွေ့ဆုံရမည်ကို အသင်းတိုင်းက ကြောက်ရွံ့နေပြီ ဖြစ်ကြောင်း ကြုံးဝါးပြောဆိုခဲ့သည်။
(၂) ပွဲပွယ် ပြစ်ဒဏ်မှ ပြန်လာခဲ့သည့် ရွန်းနီသည် ယူကရိန်းနှင့် ပွဲစဉ်တွင် ပွဲစမှ ပါဝင် ကစားခဲ့ပြီး အင်္ဂလန် အသင်း အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေး ခဲ့သည်။ အုပ်စု (ဃ)၏ အုပ်စုဗိုလ်နေရာကို ရရှိခဲ့သည့် အတွက် အင်္ဂလန် အသင်းသည် ကွာတားဖိုင်နယ် ပွဲစဉ်မကစားမီ နားရက်ပိုမို ရခဲ့ပြီး ရွန်းနီမှ ယခုလို နားရက် ပိုမို ရရှိခဲ့ခြင်းမှာ ကောင်းမွန်သော အခြေအနေဖြစ်သည်ဟု ပြောဆိုခဲ့သည်။
"ကျွန်တော်တို့တွေက ကိုယ့်အရည်အချင်းကို ကိုယ်သိပြီး ဘယ်တွေလုပ်နိုင်တယ် ဆိုတာကို သိနေတယ်လို့ ကျွန်တော် ထင်ပါတယ်၊ ကျွန်တော်တို့ အတူတကွ စုစုစည်းစည်းနဲ့ ကြိုစားခဲ့ကြပါတယ်၊ လေ့ကျင့်ရေးကွင်းမှာလည်း နည်းစနစ် မျိုးစုံနဲ့ ကစားခဲ့ပြီး ကျွန်တော်တို့ အသင်းကို အနိုင်ယူဖို့ဆိုတာ အရမ်းခက်ခဲ ပါလိမ့်မယ်၊ ကျွန်တော်တို့ အသင်းနဲ့ တွေ့ဆုံရလို့ ပျော်တဲ့ အသင်းရှိမယ်လို့ မထင်ပါဘူး"ဟု ရွန်းနီမှ ITVသို့ ပြောဆိုခဲ့သည်။ အင်္ဂလန် အသင်းသည် လာမည့် တနင်္ဂနွေနေ့တွင် ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် အီတလီ အသင်းနှင့် ကစားရမည် ဖြစ်သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်