BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Thursday, September 22, 2011

မန်ယူ၏ နံပါတ် ၁ ဂိုးသမားနေရာအတွက် အသင့်ဖြစ်နေပြီဟု လင်ဒါဂါ့ဒ်ပြောကြား


ဘင်ဖီကာနှင့် ကစားသည့် ချန်ပီယံလိဂ် ပွဲစဉ်တွင် အထူးလက်စွမ်းပြခဲ့ပြီးနောက် မန်ချက်စတာ ယူနိုက်တက် ဂိုးသမား အန်းဒရက်စ် လင်ဒါဂါ့ဒ်က ဒေးဗစ်ဒီဂီယာလက်မှ နံပါတ်၁ ဦးစားပေး ဂိုးသမားနေရာကို ရယူရန် အသင့်ဖြစ်နေပြီဟု  ပြောကြားလိုက်သည်။ ဒိန်းမတ်လက်ရွေးစင် ဂိုးသမားသည် ဘင်ဖီကာ၏ အိမ်ကွင်းတွင် (၁)ဂိုးစီ သရေကျသော ပွဲတွင် ထူးထူးချွန်ချွန် လက်စွမ်းပြ ကာကွယ်မှုများ ပြုလုပ်ခဲ့သည်။ အင်္ဂလန် ချန်ပီယံ ယူနိုက်တက်သည် အက်ဒွင်ဗန်ဒါဆား အနားယူသွားပြီးနောက် စပိန်ကလပ် အက်သလက်တီကို မက်ဒရစ်မှ အသက်(၂၀)အရွယ် လူငယ်ဂိုးသမားလေး ဒီဂီယာကို ခေါ်ယူထားပြီး ဦးစားပေးဂိုးသမားအဖြစ် သတ်မှတ်ထားသည်။ သို့သော်လည်း ဒီဂီယာသည် အင်္ဂလန် ကစားဟန်နှင့် ရုတ်တရက် အံမ၀င်ဘဲ ဖြစ်နေသေးပြီး ပရီးမီးယားလိဂ် အစောပိုင်း ပွဲစဉ်များတွင် အမှားများ ရှိနေခဲ့သည်။ ယခုအခါ အသက်(၂၇)နှစ်ရှိ လင်ဒါဂါ့ဒ်က ၎င်းသည် အိုးလ်ထရက်ဒ်ဖို့၏ ဂိုးပေါက်ကို လုံခြုံစွာစောင့်ကြပ်ရန် တာဝန်အပေါ် အပြည့်အ၀ မျှော်လင့်နေပြီဟု ပြောကြားခဲ့သည်။ “ကျွန်တော် ဒုတိယဂိုးသမား နေရာမှာ ပျော်ရွှင်မနေပါဘူး။ ကျွန်တော် အင်္ဂလန်ကို ရောက်လာတာဟာ နံပါတ်(၁) နေရာအတွက်ပါ”ဟု လင်ဒါဂါ့ဒ်ကဆိုသည်။ ၎င်းက ယူနိုက်တက်သို့ ပြောင်းရွှေ့ခွင့် ရလာခြင်းကြောင့် ပိုမိုလက်စွမ်းတက်လာကြောင်းနှင့် ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်ထံမှ အကောင်းဆုံး အကူအညီများ ရရှိခဲ့ကြောင်း ဖွင့်ဟပြောဆိုသွားသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

တယ်ရီနှင့်လမ်းပတ်တို့က လူနာတင်လေယာဉ်ဝယ်ယူရန် ပါဝင်ကူညီ


Monday, 19 September 2011 10:59
အင်္ဂလန်လက်ရွေးစင်နှင့် ချယ်လ်ဆီးအသင်းတို့မှ နာမည်ကျော် ကစားသမား နှစ်ဦးဖြစ်သည့် ဂျွန်တယ်ရီနှင့် ဖရန့်ခ်လမ်းပတ်တို့သည် လူနာတင် လေယာဉ်ဝယ်ယူရန် ရည်ရွယ်သော ရန်ပုံငွေ တစ်ရပ်အတွက် ပါဝင်ကူညီခဲ့ကြောင်း သိရသည်။ ၎င်းတို့နှစ်ဦးသည် လက်မှတ်ထိုးထားသော ဘောလုံးကန်ဖိနပ် တစ်ရန်စီကို လှူဒါန်းပြီး ယင်းတို့ကို Onlineမှတဆင့် လေလံတင် ရောင်းချသွားမည်ဖြစ်သည်။ Umbro၏ Special Revolutionအမျိုးအစား ဖိနပ်နှင့် Adidas၏ Adipureတစ်ရန်စီကို ၎င်းတို့က ပေးအပ်ခဲ့ပြီး eBayမှတဆင့် လေလံတင်သွားမည်ဖြစ်သည်။ တယ်ရီ၏ ဖိနပ်တွင် ၎င်း၏ ချယ်လ်ဆီးအသင်းတွင် ၀တ်ဆင်သော နံပါတ် (၂၆)ကို ထည့်သွင်းဖော်ပြထားသလို သမီးနှစ်ဦးဖြစ်သည့် ဂျော်ဂျီနှင့် ဆမ်မာတို့၏ အမည်များကိုလည်း ရေးထိုးထားသည်။
လမ်းပတ်၏ ဖိနပ်မှာ (၂၀၀၈/၀၉) ဘောလုံးရာသီ FAရှုံးထွက်ဖလား ဗိုလ်စွဲစဉ်က ၀တ်ဆင်ထားခဲ့ခြင်းဖြစ်ပြီး အဖြူရောင် ဖိနပ်ပေါ်တွင် Luna 8၊ Isle 8နှင့် Mumဟူသော စာလုံးများ ရေးထားသည်။ ချယ်လ်ဆီးအသင်း တာဝန်ရှိသူ တစ်ဦးက “တယ်ရီနဲ့ လမ်းပတ်တို့ဟာ ကန့်၊ ဆာရေးနဲ့ ဆက်ဆက်စ်တို့မှာ လေကြောင်း လူနာတင်ယာဉ်စနစ် ထူထောင်ဖို့အတွက် တစ်တပ်တစ်အား ပါဝင်လှူဒါန်းခဲ့ပါတယ်။ သူတို့ရဲ့ ဖိနပ်တွေကို လေလံတင် ရောင်းချပြီး ရလာတဲ့ ငွေတွေကို ရန်ပုံငွေအတွက် လွှဲအပ်ပေးမှာပါ”ဟု ပြောကြားခဲ့သည်။ ယခုရန်ပုံငွေအတွက် Big Brother အစီအစဉ်မှူး ဒါဗီနာမက်ကောလ်ကလည်း ပေါင်စတာလင် (၅၀၀) ထည့်ဝင်လှူဒါန်းခဲ့သေးကြောင်း သိရသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Friday, September 16, 2011

MISS UNIVERSE 2011

အကြိမ်(၆၀) မြောက် မယ်စင်္ကြဝဠာ ရွေးပွဲကို (၂၀၁၁)ခုနှစ် စက်တင်ဘာလ (၁၂)ရက်နေ့က ဘုရာဇီး နိုင်ငံ ဆာပေါ်လိုမြို့၊ Credicardခန်းမမှာ ကျင်းပရာ (၈၉) နိုင်ငံက ကိုယ်စားပြု မယ်တွေ ဝင် ရောက် ယှဉ်ပြိုင် ခဲ့ပါတယ်။
အကြိုဗိုလ်လုပွဲမှာ အနိုင်ရခဲ့တဲ့ (၁၀)ဦး ဆက်လက် ယှဉ်ပြိုင်ကြရာ မယ်စင်္ကြဝဠာဘွဲ့ကို အင်ဂိုလာ နိုင်ငံသူ လိုင်လာလိုပက်စ်က ဆွတ်ခူးရရှိသွားခဲ့ပါတယ်။
ပထမဆုကို ယူကရိန်းနိုင်ငံမယ် အိုလက်စ်ယာစတီဗင်ကို၊ ဒုတိယဆုကို ဘရာဇီးလ်မယ် ပရစ္စဆီလာ မာချာဒို၊ တတိယဆုကိုတော့ ဖိလစ်ပိုင်မယ် ရှမ်ဆီဆပ်ဆပ်က ဆွတ်ခူးသွားခဲ့ပါတယ်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ထိုင်းနှင့် ဆီမီးပွဲတွင် ပိုကောင်း လာမည်ဟု ဂတ် ဖရိုင်းဒရစ်ဆို

Share |
အင်ဒိုနီးရှား အသင်းအား တစ်လုံးတည်းသော နောက်ကျဂိုးဖြင့် အနိုင်ရခဲ့ပြီး နောက်တွင် ၄ပွဲကစား ၃ပွဲနိုင် ရမှတ် ၁၀မှတ်ဖြင့် ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ပြီ ဖြစ်သည့် မြန်မာ ယူ-၁၉ နည်းပြ မစ္စတာ ဂတ် ဖရိုင်းဒရစ်က ဆီမီးဖိုင်နယ် ပွဲစဉ်တွင် ကစားပုံ ပိုမို ကောင်းမွန် လာလိမ့်မည်ဟု ပြောကြားခဲ့သည်။

မြန်မာ အသင်းသည် ယနေ့ပွဲတွင် ပွဲပယ်ခံထားရသည့် ကစားသမား နှစ်ဦးကြောင့် လူအင်အား လျော့နည်းခဲ့ရခြင်း ဖြစ်ကာ ကွင်း အနေအထားကြောင့် ပုံမှန် ကစားကွက် အတိုင်း မဟုတ်ဘဲ ကစားကွက် အသစ်ဖြင့် ပြောင်းလဲ ကစားခဲ့ရသည်ဟု သိရသည်။ "ဆီမီးရောက်ဖို့ အနိမ့်ဆုံး မျှော်လင့်ခဲ့တယ်။ ဒီနေ့ပွဲမှာ ပုံမှန် ကစားနေကျ ပုံစံ မဟုတ်ဘဲ ပြောင်းကစား ခဲ့ရပါတယ်။ ဒါပေမဲ့ ကလေးတွေ အကောင်းဆုံး ကစားခဲ့ပါတယ်။ အခွင့်အရေး တွေလည်း ပိုရတယ်။ ဂိုးသွင်းအား နည်းတာကို ပြင်ဖို့လေးပဲ လိုပါတယ်။ ကလေးတွေကိုတော့ ချီးကျူးပါတယ်။ ကစားသမား နှစ်ယောက် ပွဲပယ် ခံထားရလို့ လူထုတ်တာမှ အခက်တွေ့ ခဲ့ရပါတယ်။ ဒီလို အချိန်မှာ ကလေးတွေကို အပြစ်မတင် လိုပါဘူး။ သူတို့ တကယ့်ကို ကြိုးစား အားထုတ် ခဲ့ကြတာပါ။ ထိုင်း အသင်းက ဗီယက်နမ်နဲ့ အဆင့်တူ လောက်ပါပဲ။ ထိုင်းနဲ့ ပွဲမှာ ပွဲပယ် ခံထားရသူတွေ ပြန်ပါလာမှာမို့ ကစားပုံ ပိုတောင် ကောင်းလာ နိုင်ပါတယ်။ အနိုင်ရဖို့လည်း မျှော်လင့်ပါတယ်" ဟု မစ္စတာဂတ်က ပြောကြားခဲ့သည်။
ယူ-၁၉ နည်းပြ ဂတ် ဖရိုင်းဒရစ်

ထို့အတူ ကွင်း အနေအထားနှင့် ပတ်သက်၍ အခက်တွေ့ ခဲ့ရသည်ဟုလည်း ဆိုခဲ့ကာ "ကွင်း မျက်နှာပြင်ကြောင့် ကစားရ ပိုခက်ခဲ့ပါတယ်။ ကွင်းက အရမ်းကို ညံ့တယ်။  ဒါပေမဲ့ အပြစ်မဖို့ လိုပါဘူး" ဟု ပြောကြားခဲ့သည်။ မြန်မာ အသင်းသည် စက်တင်ဘာ ၁၉ရက်နေ့တွင် ထိုင်းအသင်းနှင့် ဆီမီးဖိုင်နယ် ပွဲစဉ်အား ယှဉ်ပြိုင်ရမည် ဖြစ်ကာ ထိုပွဲစဉ်အား သုဝဏ္ဏ ကွင်းတွင် ကစားခွင့် ရရေး ညှိနှိုင်းမှုများ ပြုလုပ်လျှက် ရှိကြောင်း သိရသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ခရိုအေးရှား လူငယ်ကြယ်ပွင့် ကိုဗာဆစ်ကို အာဆင်နယ်နှင့် မန်ချက်စတာာ ယူနိုက်တက်တို့ အပြိုင် စိတ်ဝင်စားနေ

Share |
အာဆင်နယ်နှင့် မန်ချက်စတာ ယူနိုက်တက် အသင်းတို့သည် ခရိုအေးရှား၏ တောက်ပသော လူငယ်သွေးသစ် ကြယ်ပွင့်လေး မက်တီယို ကိုဗာဆစ်အား အပြိုင်အဆိုင် စိတ်ဝင်စား နေကြောင်း သိရှိရသည်။

အာဆင်နယ် အသင်း မန်နေဂျာ အာစင် ၀င်းဂါးသည် အသင်း၏ ကွင်းလယ်ကို အားဖြည့်မှုများ ပြုလုပ်ရန် စီစဉ်နေရာ ခြေစွမ်း ထက်မြက်သည့် အသက်(၁၇)နှစ်အရွယ် လူငယ်လေးအား အထူး မျက်စိကျလျက် ရှိသည်။ ဒိုင်နမို ဇာဂရက်ဘ်တွင် ကစားနေသော ကိုဗာဆစ်ကို အင်္ဂလန် ချန်ပီယံ မန်ချက်စတာ ယူနိုက်တက် ကလည်း စောင့်ကြည့်လျက် ရှိသည်။ မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်သည် ကိုဗာဆစ် အပြင် ဒိုင်နမို အသင်းမှ အခြားကစား သမားလေး တစ်ဦးဖြစ်သော မာရီယို ဆိုင်တမ်ကိုလည်း စိတ်ဝင်စားလျက် ရှိသည်။
ခရိုအေးရှား၏ တောက်ပသော လူငယ်သွေးသစ် ကြယ်ပွင့်လေး မက်တီယို ကိုဗာဆစ်

လက်ရှိတွင် ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်အဖြစ် ရီးယဲလ် မက်ဒရစ်နှင့် ယှဉ်ပြိုင်ရာတွင် ဇာဂရက်ဘ် အသင်းအတွက် ပါဝင် ကစားခဲ့သည့် ကိုဗာဆစ်ကို အီတလီ ကလပ် ဂျူဗင်းတပ်စ် ကလည်း မျက်စိကျ နေသည်။ မန်ချက်စတာ ယူနိုက်တက်သည် ပေါလ်စခိုးလ် အနားယူ သွားပြီး မိုက်ကယ်ကာရစ် အသက်အရွယ် အရ အကျပိုင်း ရောက်လာချိန်တွင် ငယ်ရွယ် နုပျိုသော ကွင်းလယ် ကစားသမား တစ်ဦးကို ရှာဖွေလျက် ရှိသည်။ ၀င်းဂါးမှာလည်း ဆမ်မီနာဆရီနှင့် ဆက်စ်ဖာ ဘရီဂက်စ် တို့အား ရောင်းထုတ်ခဲ့ ပြီးနောက် ဖန်တီးမှု စွမ်းရည် မြင့်မားသော လူငယ်သွေးသစ် ကွင်းလယ်လူ တစ်ဦးကို ရှာဖွေနေရာ နှစ်သင်းလုံး ကိုဗာဆစ်ကို အပြိုင်အဆိုင် စိတ်ဝင်စား နေခြင်းဖြစ်သည်။

ဝင်းဂါး အနေနှင့် ပြိုင်ဘက်ကြီး ဖာဂူဆန်ထက် လက်ဦးမှု ယူကာ ကိုဗာဆစ်ကို ကမ်းလှမ်းရန် စဉ်းစားဖွယ် ရှိနေကြောင်းလည်း talkSportက ဖော်ပြခဲ့သည်။ ကိုဗာဆစ်သည် အသက် အရွယ်အရ နုနယ် လွန်းသော်လည်း အသင်းတွင် အဆင်ပြေစွာ ကစားနိုင်မည်ဟု ၀င်းဂါးက ယုံကြည် နေကြောင်းလည်း သိရှိရသည်။

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ပရီးမီးယားလိဂ် ပွဲစဉ်များ

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မန်ချက်စတာ ယူနိုက်တက်ကို ကြောက်ရွံ့နေမည် မဟုတ်ကြောင်း အိုင်ဗန် နိုဗစ်ပြောကြား

Share |

မန်ချက်စတာ ယူနိုက်တက် အသင်းကို မိမိတို့ ကြောက်ရွံ့နေမည် မဟုတ်ကြောင်း ချယ်လ်ဆီး နောက်ခံလူ ဘရာနီ ဆလက်ဗ် အိုင်ဗန် နိုဗစ်က ပြောကြားလိုက်သည်။

တနင်္ဂနွေ နေ့တွင် ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်း အဖြစ် ထိပ်သီးနှစ်သင်း ကစားမည့် ပွဲစဉ် မတိုင်မီ ဆာဘီးယား ခံစစ်မှူးက ပြိုင်ဘက် အသင်းအပေါ် စကားစစ် ထိုးမှု ပြုလုပ်လိုက်သည်။ ၎င်းက ပြီးခဲ့သည့် ရာသီက ချန်ပီယံ လိဂ်နှင့် ပရီးမီးယား လိဂ်တို့တွင် မန်ချက်စတာ ယူနိုက်တက်၏ နှစ်ထပ်ကွမ်း အနိုင် ယူခဲ့ခြင်းကို မမေ့သေး ကြောင်းလည်း ဆိုသည်။ အိုးလ်ထရက် ဖို့ဒ်တွင် ကစားမည့် ပွဲစဉ် အတွက် မိမိတို့သည် ကြောက်ရွံ့မှု မရှိဘဲ ရင်ဆိုင်သွားမည် ဟုလည်း အတွေ့အကြုံရင့် ခံစစ် သမားက ပြောကြားသွားသည်။ "တနင်္ဂနွေနေ့ ပွဲကတော့ ကျွန်တော်တို့ မန်နေဂျာ အတွက် ပထမဆုံး ကြုံရမယ့် ကြီးကြီးမားမား စမ်းသပ်မှု ကြီးပါပဲ။ ဒါဟာ ကျွန်တော်တို့ အသင်း ဘယ်လောက်ထိ တိုးတက် လာသလဲဆိုတာ သက်သေပြဖို့ အခွင့်အရေး ဖြစ်သလို ရလဒ်ကလည်း နှစ်သင်းလုံး အတွက် စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေ အများကြီး ဖြစ်လာစေနိုင် ပါတယ်" ဟု အိုင်ဗန်နိုဗစ် ကဆိုသည်။

မန်ချက်စတာ ယူနိုက်တက်အား ကြောက်စရာ မလိုဟု ပြောကြားခဲ့သည့် နိုဗစ်

"ပြိုင်ဘက်ရဲ့ အင်အားကို ကျွန်တော်တို့ အလေးထား စဉ်းစား ရပါမယ်။ ချယ်လ်ဆီး ကစားသမား တွေဟာ ဖျက်ထုတ်မှုတိုင်း၊ ဘောလုံး ဖြန့်ဝေမှု တိုင်းကို (၁၀၀)ရာခိုင်နှုန်း အပြည့်အ၀ အာရုံစိုက်ပြီး ကစား သွားမှာပါ။ မန်ချက်စတာ ယူနိုက်တက်ရဲ့ ရာသီအစ တာထွက်ပုံက တကယ့်ကို ထူးထူးကဲကဲ ကောင်းမွန်နေတာ အမှန်ပါ။ ၀ိန်းရွန်နီက ပုံစံကောင်း ရနေသလို ဂိုးတွေလည်း သွင်းနေပါတယ်။ ကျွန်တော်တို့က သူ့ကို တားဆီးဖို့ အကောင်းဆုံး ကြိုးစား သွားပါ့မယ်။ သူတို့ အသင်းဟာ ဒီရာသီမှာ အများကြီး တိုးတက်လာတယ် ဆိုတာ လက်တွေ့ပါပဲ။ဒါပေမဲ့ ချယ်လ်ဆီးမှာလည်း တိုးတက် ဖြစ်ထွန်းမှုတွေ ရှိနေပါတယ်။ ဒါကို အိုးလ်ထရက် ဖို့ဒ်မှာ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း သက်သေ ပြပါမယ်" ဟု အိုင်ဗန် နိုဗစ်က ပြောကြားခဲ့သည်။ ၎င်းက ချယ်လ်ဆီး အသင်းသည် ပြီးခဲ့သည့် ဘောလုံး ရာသီက မန်ချက်စတာ ယူနိုက်တက်အား (၁၅)မှတ် အကွာမှ အမီ လိုက်လာကာ ချန်ပီယံဆု အတွက် ခြိမ်းခြောက် နိုင်ခဲ့သည် ကိုလည်း အမှတ်တရ ရှိနေဆဲဟု ဆိုသည်။ ထိုစဉ်က မန်ချက်စတာ ယူနိုက်တက်သည် အိုးလ်ထရက် ဖို့ဒ်တွင် ဂျာဗီးယား ဟာနန်ဒက်ဇ်၊ နီမန်ဂျာ ဗီဒစ်တို့၏ သွင်းဂိုးများဖြင့် ချယ်လ်ဆီး၏ ချန်ပီယံ မျှော်လင့်ချက်အား ရိုက်ချိုး ပစ်ခဲ့သည်။

"ပြီးခဲ့တဲ့ ရာသီကတော့ သိပ်ကို ခက်ခဲခဲ့ပါတယ်။ မနှစ်က အိုးလ်ထရက် ဖို့ဒ်ကို သွားကစား ရတာ မဖြစ်မနေ အနိုင်ရမှ ဖြစ်မယ်ဆိုတဲ့ ဖိစီးမှုတွေ ရှိနေခဲ့တာပါ။ ခုချိန်မှာတော့ ချယ်လ်ဆီးဟာ အကောင်းဆုံး ဘောလုံး ကစားပုံနဲ့ ရလဒ်ကောင်း တစ်ခု ရယူဖို့ ရည်ရွယ် ထားပါတယ်။ ပွဲတိုင်းကို နိုင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ စားပါမယ်။ဒါပေမဲ့ သရေဆိုတာ ဆိုးရွားတဲ့ ရလဒ် တစ်ခုတော့ မဟုတ်ပါဘူး။ ချယ်လ်ဆီးဟာ အမှတ်ပေး ဇယား ထိပ်နားမှာ ရှိနေဖို့ အရေးကြီး ပါတယ်။ ထိပ်ဆုံး အသင်းတွေနဲ့ ကွာဟချက် အရမ်းကြီး မသွားအောင် ထိန်းထားရမှာပါ။ ပြီးခဲ့တဲ့ ရာသီက ရှုံးခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်ကို ယှဉ်ပြိုင်ဖို့ အတွက် ကျွန်တော်တို့မှာ တက်ကြွ ထက်သန်မှု တွေတော့ ရှိနေပါပြီ" ဟုလည်း ၎င်းက ဆက်လက်ပြောဆို သွားသည်။

၎င်းက ချန်ပီယံ လိဂ်တွင် ခြေစွမ်း ပြနိုင်သည့် ဖာနန်ဒို တောရက်စ် သည်လည်း အသင်းအတွက် မျှော်လင့်စရာ ဖြစ်လာပြီဟု သုံးသပ်ခဲ့သည်။ "အကောင်းဆုံး ဖန်တီးမှုတွေ သူလုပ်ပြခဲ့ ပါတယ်။ ဖာနန်ဒိုက ကစားပုံ ကောင်းသလို အရေးပါတဲ့ နိုင်ပွဲတစ်ခုမှာ အဓိကကျတဲ့ စွမ်းဆောင်မှုတွေ လုပ်ပြနိုင် တာကြောင့် သူ့ရဲ့ ယုံကြည်ချက် ပိုပြီးမြင့်မား လာမှာပါ။ ဒါဟာ ချယ်လ်ဆီး အတွက် ကောင်းမွန်တဲ့ လက္ခဏာပါ။ မာတာ ဂိုးသွင်းဖို့ သူက ဖန်တီး ပေးလိုက် ကတည်းက ဖာနန်ဒိုဟာ အသင်း အတွက်ပဲ အလေးထား စဉ်းစားတယ် ဆိုတာ ကျွန်တော်တို့ အားလုံး တွေးနေမိ ပါတယ်"ဟု အိုင်ဗန် နိုဗစ်က ပြောကြားသွားသည်။

--
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed