Sunday, January 29, 2012
အရှုံးရလဒ်သည် ယုံကြည်ရန် ခက်ခဲပြီး စက်ဆုပ်ဖွယ်ကောင်းသည့် ထိုးနှက်ချက် တစ်ခုဖြစ်ကြောင်း ဖာဂူဆန်ပြောကြား
|
အရှုံးရလဒ်သည် ယုံကြည်ရန် ခက်ခဲပြီး စက်ဆုပ်ဖွယ်ကောင်းသည့် ထိုးနှက်ချက် တစ်ခုဖြစ်ကြောင်း ဖာဂူဆန်ပြောကြား
အဲလက်စ် ဖာဂူဆန်က နောက်ကျ ဂိုးဖြင့် လီဗာပူးလ် အသင်းအား ရှုံးပြီး အက်ဖ်အေဖလားမှ ထွက်ခဲ့ရခြင်းသည် စက်ဆုပ်ဖွယ်ကောင်းသော ထိုးနှက်ချက် တစ်ခုဖြစ်ကြောင်း ထုတ်ဖေါ် ပြောကြားလိုက်သည်။
ဒန်နီရယ် အဂ္ဂါ၏ အဖွင့်ဂိုးအား ပက်ဂျီဆန်က ချေပ ပေးခဲ့သော်လည်း လီဗာပူးလ် အတွက် အနိုင်ဂိုးကို ဒါးကောက်ကူရစ်က ပွဲချိန် (၈၈)မိနစ်တွင် သွင်းယူနိုင်ခဲ့ခြင်းကြောင့် မန်ယူတို့ (၂-၁)ဖြင့် ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။ ထို့နောက် အဆိုပါ ရလဒ်အပေါ် စိတ်ပျက်မှုအား ဖာဂီသည် ဖုံးကွယ် ထားနိုင်ခြင်း မရှိခဲ့ပဲ ယခုလို ပြောကြားသွားခဲ့သည်။ ယူနိုက်တက် ဘော့စ်က "ဒီပွဲစဉ်ရဲ့ အရှုံးရလဒ်က ယုံကြည်ဖို့ ခက်ခဲပါတယ်။" "ကျွန်တော်တို့ ပြိုင်ပွဲကို ထိမ်းချုပ်နိုင်ခဲ့ပြီး သက်တောင့်သက်သာ ကစားနိုင်ခဲ့ပါတယ်။" "ကျွန်တော်တို့ရဲ့ ဘောလုံးပေးပို့မှုတွေက ကောင်းမွန်ခဲ့ပြီး ကျွန်တော်တို့ အသင်း နောက်တစ်ဆင့်ကို တက်ရောက်နိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ခဲ့ပါတယ်။" "တစ်လုံးလေး ပေါက်ထွက်သွားတာ၊ ညံ့ဖျင်းတဲ့ တားဆီးမှု တစ်ခုပဲ လုပ်ယုံနဲ့ ခင်ဗျားတို့ ရှုံးနိမ့်သွားနိုင်ပါတယ်။" "ဒါဟာ ချက်ခြင်းသေစေနိုင်တဲ့ အခြေအနေတစ်ခု ဖြစ်ခဲ့ပြီး နှစ်ပါင်းများစွာ ဒီဟာနဲ့ ပက်သက်ပြီး ကျွန်တော်တို့မှာ အတွေ့အကြုံတွေ ရှိခဲ့ပါတယ်။" "ဒါပေမယ့် ကျွန်တော့် ကစားသမားတွေအပေါ် ကျေနပ်မှု ရှိပါတယ်၊ သူတို့ ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့ပြီး ပြိုင်ပွဲကိုလည်း စိုးမိုးနိုင်ခဲ့ပါတယ်၊ အချက်အလက်တွေ အားလုံးအရ သူတို့ ရှုံးနိမ့်ဖို့ မထိုက်တန်ခဲ့ပါဘူး။" "ကျွန်တော်တို့က ပိုကောင်းတဲ့ အသင်းဖြစ်ခဲ့ပါတယ်၊ ဒါပေမယ့် ဒါဟာ အက်ဖ်အေဖလားပြိုင်ပွဲဖြစ်တဲ့ အတွက် ကျွန်တော် စိတ်မကောင်းဖြစ်ရပါတယ်။" "ဒီပွဲအရှုံးဟာ တစ်ကယ်ပဲ စက်ဆုပ်ဖွယ်ကောင်းတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်ပါတယ်။" ဟုသူ၏ ခံစားချက်ကို ဖွင့်ဟခဲ့သည်။ လီဗာပူးလ် အသင်း ရရှိခဲ့သည့် ပထမဂိုးနှင့် ပက်သက်ပြီး တာဝန်ရှိခဲ့သူ ဂိုးသမား ဒီဂီအာကိုလည်း ဖာဂူဆန်က ကာကွယ်ပြောကြားသွားခဲ့သည်။ "ပထမဂိုး ပေးလိုက်ရတာကတော့ ကျွန်တော်တို့အသင်းရဲ့ ကစားသမားတွေကိုယ်တိုင်က ပြဿနာတစ်ခု ဖန်တီးခဲ့လို့ပါ။" "အဲဒီဂိုးကို ကာကွယ်နိုင်အောင် ကျန်တဲ့ ကစားသမားတွေက သူ့အတွက် လုံလောက်တဲ့ နေရာမဖန်တီးပေးနိုင်ခဲ့ပါဘူး။" ဟုဖာဂူဆန်က ပြောကြားသွားခဲ့သည်။ မန်ယူအသင်းသည် နောက်ပွဲစဉ်အဖြစ် လာမည့် အင်္ဂါနေ့တွင် စတုတ်စီးတီးအသင်းအား အိမ်ကွင်းတွင် လက်ခံကစားရမည် ဖြစ်ပြီး ယနေ့ပွဲစဉ်တွင် မပါဝင်နိုင်ခဲ့သူ နောက်ခံလူ ရီယို ဖာဒီနန် ပြန်လည် ပါဝင်လာနိုင်မည်ဟု ဖာဂီက မျှော်လင့်နေသည်။ ဖာဂူဆန်က "မနေ့က တစ်ရက်ပဲ ရီယို လေ့ကျင့်ခန်း အစီအစဉ်တစ်ခု လုပ်နိုင်ခဲ့ပါသေးတယ်၊ ကျွန်တော်တို့ လောင်းကစားဆန်ဆန် စွန့်စားပြီး မသုံးမပြုနိုင်ပါဘူး။" "သူမနက်ဖြန်နဲ့ တနင်္လာနေ့မှာ လေ့ကျင့်မှု ပြုလုပ်ပါလိမ့်မယ်၊ အင်္ဂါနေ့ညအတွက် သူအသင့်ဖြစ်နေကောင်းပါတယ်။" ဟုပြောခဲ့သည်။ |
ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com
Labels:
ဘောလုံးသတင်း
ဒိုင်လူကြီးရဲ့ အားနည်းတဲ့ ဆုံးဖြတ်ချက်ကြောင့် ချယ်လ်ဆီးအသင်း လက်ဆောင်ကောင်း ရခဲ့တာ ဆိုတဲ့ ကျူပီအာ နည်းပြ မက်ခ်ျဟု နဲ့ ပွဲမတိုင်ခင် လက်ဆွဲနုတ်ဆက်မယ့် အစီအစဉ်ကို ဖျက်ခဲ့ရတဲ့ ချယ်လ်ဆီး ကျူပီအာပွဲ
|
ဒိုင်လူကြီးရဲ့ အားနည်းတဲ့ ဆုံးဖြတ်ချက်ကြောင့် ချယ်လ်ဆီးအသင်း လက်ဆောင်ကောင်း ရခဲ့တာ ဆိုတဲ့ ကျူပီအာ နည်းပြ မက်ခ်ျဟု နဲ့ ပွဲမတိုင်ခင် လက်ဆွဲနုတ်ဆက်မယ့် အစီအစဉ်ကို ဖျက်ခဲ့ရတဲ့ ချယ်လ်ဆီး ကျူပီအာပွဲ
မနေ့ညက ချယ်လ်ဆီးအသင်းနဲ့ အိမ်ရှင် ကွီးစ်ပါ့ရိန်းဂျားစ် အသင်းတို့ ကစားခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်ဟာ မစခင်ကတည်းက ပြိုင်ဆိုင်မှုတွေ ပြင်းထန်နေခဲ့တာပါ။
လွန်ခဲ့တဲ့ အောက်တိုဘာလ ဒီနှစ်သင်း ကစားခဲ့တဲ့ ပွဲစဉ်အတွင်းမှာ ကျူပီအာ နောက်ခံလူ အန်တွန်ဖါဒီနန်ကို ချယ်လ်ဆ်ီးအသင်း ခေါင်းဆောင် ဂျွန်တယ်ရီက လူမျိုးရေးခွဲခြားတဲ့ စကားလုံး သုံးခဲ့တယ်လို့ စွပ်စွဲခံရပြီး တရားရုံးအထိ ရောက်နေချိန် နှစ်ဖက် ပရိသတ်တွေကလည်း ကိုယ့်အားပေးထောက်ပံ့တဲ့ အသင်း ကစားသမားဖက်ကနေ နာကျင်စိတ်ဆိုး ဒေါသထွက်နေချိန်မှာ အခုလို အက်ဖ်အေဖလားပွဲ ကစားဖို့ မဲကျခဲ့တာဖြစ်ပါတယ်။ ပွဲစဖို့ ရက်ပိုင်းအလို ကတည်းက ဒီကိစ္စဟာ ပိုမိုပြင်းထန်လာခဲ့ပြီး ဖါဒီနန်တစ်ယောက် သက်တော်စောင့်တွေ ငှါးရ လုံခြုံရေး ကင်မရာတွေငွေကုန်ကြေးကျခံ တတ်ဆင် ရနဲ့ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုတွေရဲ့ သားကောင် ဖြစ်နေသလို နောက်ဆုံးတော့ ကျည်ဆံတစ်ထောင့် လက်ဆောင်ရခဲ့သည်အထိ ဖြစ်လာခဲ့ရပြီးနောက် နှစ်ဖက် ကစားသမားတွေဟာလည်း မုန်းတီးမှုတွေ ပိုမိုပြင်းထန်လာခဲ့ပါတယ်။ ပွဲကစားနေတဲ့အချိန်အတွင်း နှစ်သင်း ကစားသမားတွေ လက်ဆွဲနုတ်ဆက်ရင် ဂျွန်တယ်ရီကို ကျူပီအာ ကစားသမား အားလုံးက လက်ဆွဲနုတ်ဆက်မှာ မဟုတ်ဘူးလို့ ညှို့နှိုင်းမှုတွေအထိ ရှိခဲ့ပြီးနောက် နောက်ဆုံး ပွဲမကစားခင် နှစ်ဖက် ကစားသမားတွေ လက်ဆွဲနုတ်ဆက်မှု အစီအစဉ်ကိုပါ ဖျက်သိမ်းလိုက်ရပါပြီ။ ပွဲကစားနေစဉ် အချိန်အတွင်းမှာလည်း နှစ်ဖက် ကစားသမားတွေထဲက ဖါဒီနန် နဲ့ ဂျွန်တယ်ရီ တို့ ဘောလုံးထိလိုက်တိုင်း ပရိသတ်က လှောင်ပြောင်ခဲ့ကြသလို ပွဲစဉ်ဟာလည်း အငြင်းပွါးဖွယ် အခြေအနေတွေနဲ့ ချယ်လ်ဆီးအသင်းက ၁-၀ နဲ့ နိုင်ပြီး ပြီးဆုံးခဲ့ရပါတယ်။ ချယ်လ်ဆီးအသင်းရဲ့အနိုင်ဂိုးဟာ စတားရိုက်က လွယ်လွယ်ကူကူပဲ လှဲချခဲ့ပြီးမှ ရရှိခဲ့တဲ့ ပင်နယ်လ်တီကို မာတာက သွင်းယူခဲ့ပြီး အဲ့ဒီ တစ်လုံးတည်းသော ပင်နယ်လ်တီသွင်းဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီလဲကျမှု မတိုင်ခင်က ပင်နယ်လ်တီ ဧရိယာထဲမှာ ခြေထောက်အကန်ခံရတဲ့ စတားရိုက်က လဲကျသွားခဲ့တဲ့ အခါမှာတော့ ဒိုင်က လစ်လျူရှုခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယအကြိမ်မြောက် လဲကျမှုမှာ စတားရိုက်ကြောင့် ရတဲ့ ပင်နယ်လ်တီကိုတော့ ကျူပီအာ နည်းပြ မက်ခ်ျဟုက "စတားရိုက်က လွယ်လွယ်ကူကူပဲ လဲကျသွားခဲ့ပါတယ်။ ကြိုးစားပြီး နိုင်ချင်စိတ် သူ့မှာ မ၇ှိဘူး။ ပင်နယ်လ်တီနဲ့ပဲ နိုင်ချင်စိတ် ဖြစ်နေတာ။ ဒီအဖြစ်အပျက်ကို ဒိုင်က ပြန်ကြည့်မိရင် သူ့ကိုသူတောင် စိတ်ပျက်သွားမှာပါ။ ဒါဟာ ဘယ်လိုမှ ပင်နယ်လ်တီ မဟုတ်ဘူး။" လို့ ပြောခဲ့ပါတယ်။ |
ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com
Labels:
ဘောလုံးသတင်း
မန်ချက်စတာ ယူနိုက်တက်အသင်း၏ တိုက်စစ်မှူး ဒီအော့ဖ် ဂျာမန်ကလပ် ဟန်နိုဗာ အသင်းသို့ ပြောင်းရွှေ့
မန်ချက်စတာ ယူနိုက်တက်အသင်း၏ တိုက်စစ်မှူး ဒီအော့ဖ် ဂျာမန်ကလပ် ဟန်နိုဗာ အသင်းသို့ ပြောင်းရွှေ့
ဆီနီဂေါနိုင်ငံ လက်ရွေးစင် အသင်း၏ တိုက်စစ်မှူး ဒီအော့ဖ်သည် မန်ချက်စတာ ယူနိုက်တက် အသင်းတွင် ၂ နှစ်ခွဲကြာ ရှိနေခဲ့ပြီးနောက် ထင်သလောက် အစွမ်းမပြနိုင်ဖြစ်ခဲ့ရပြီးနောက် လာမည့် တနင်္လာနေ့မှ စတင်ပြီး ဂျာမဏီအခြေစိုက် ဟန်နိုဗာ အသင်းသို့ ပြောင်းရွှေ့ ကစားရန် သဘောတူညီမှု ရရှိခဲ့ပြီဟု သိရသည်။
ဟန်နိုဗာ အသင်း နည်းပြ မာကိုစလိုကာ က "မန်ယူက ဒီအော့ဖ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပါပြီ။ ဘွန်ဒီလီဂါ နဲ့ ယူရိုပါလိဂ် မှာ သူ့လို ကစားသမားမျိုးက ကျွန်တော်တို့ အသင်းအတွက် ကူညီနိုင်မှာပါ။" ဟု ပြောကြားခဲ့သည်။ ဒီအော့ဖ်အား ခေါ်ယူရန် ပရီးမီးယားလိဂ်မှ ၀ုဖ်စ် အသင်းကလည်း ခေါ်ယူရန် ကြိုးစားခဲ့သေးသည်။ |
ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com
Labels:
ဘောလုံးသတင်း
Friday, January 20, 2012
အမေရိက ကလပ် ဂလက်ဆီအသင်းတွင် ၂၀၁၄တိုင်အောင် ရှိနေမည့် ဒေးဗစ်ဘက်ခမ်း
အမေရိက ကလပ် ဂလက်ဆီအသင်းတွင် ၂၀၁၄တိုင်အောင် ရှိနေမည့် ဒေးဗစ်ဘက်ခမ်း
အင်္ဂလန်အသင်း၏ ကပ္ပတိန်ဟောင်း ဒေးဗစ်ဘက်ခမ်သည် အမေရိကတွင် လက်ရှိကစားနေသော ဂလက်ဆီအသင်းမှ ထွက်ခွါတော့မည်ဟု ရေပန်းစားနေသော်လည်း နောက်ဆုံးတွင် အသင်းတွင် နောက်ထပ် နှစ်နှစ်ခန့် ရှိနေစေမည့် စာချုပ်အား ချုပ်ဆိုလိုက်သည်။
မန်ယူအသင်းနှင့် ရီးရဲကစားသမားဟောင်း ဘက်ခမ်းသည် ဒီဇင်ဘာတွင် MLS Cup ရယူထားသော ဂလက်ဆီအသင်းနှင့် ဆက်လက်ကစားရန် သဘောတူညီမှု ရရှိသွားပြီဖြစ်သည်။ ဇန်န၀ါရီလ အစောပိုင်းတွင် ဘက်ခမ်းသည် ပြင်သစ်ကလပ် ပဲရစ်စိန့်ဂျာမိန်း အသင်းသို့ ပြောင်းရွှေ့ရန် သတင်းထွက်ပေါ် ခဲ့သော်လည်း လက်ရှိအမေရိက ကလပ်အသင်းမှ ၂၀၁၄အထိ အသင်းတွင် ဆက်လက် ရှိနေစေရန် ကြိုးစားလိုက်ခြင်းဖြစ်သည်။ "ဒါဟာ ကျွန်တော့်အတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်ပါပဲ... ကမ္ဘာ့ကလပ်အသင်း များစွာဆီကနေ ကမ်းလှမ်းမှု အများကြီး ရခဲ့ပါတယ်... ဒါပေမယ့် ကျွန်တော် အမေရိကမှာ ဘောလုံး ကစားရတာကို နှစ်သက်နေတုန်းပါ.. ဂလက်ဆီအသင်းနဲ့ အောင်မြင်မှုတွေကို ရယူချင်ပါသေးတယ်" ဟု ၃၆နှစ်အရွယ် ဘက်ခမ်းမှ ဖော်ပြခဲ့သည်။ စပါးအသင်း နည်းပြ ရက်နက်သည် သူ၏ အသင်းဆီသို့ လေ့ကျင့်ခန်းဆင်းရန် ဖိတ်ခေါ်ခဲ့ပြီး ဘက်ခမ်းအား အသင်းသို့ ခေါ်ယူရန် ကြိုးစားခဲ့ဖူးသည်။ ဘက်ခမ်းသည် ၂၀၁၂ အိုလံပစ်အသင်းတွင် ပါဝင်ခွင့်ရရန် အလိုရှိနေသည်။ ဘက်ခမ်းသည် ရီးရဲအသင်းတွင် ကစားပြီးနောက် အမေရိက ဘောလုံးလောက တိုးတက်စေရန် ရည်ရွယ်၍ ၂၀၀၇ခုနှစ်တွင် ၅နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့သည်။ |
ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com
Labels:
ဘောလုံးသတင်း
မန်ယူအသင်းက ၀ဲလ်ဘက်ခ်အား စာချုပ်သစ်အတွက် တစ်ပါတ်လုပ်ခ လစာ ပေါင် လေးသောင်းခွဲဖြင့် ကမ်းလှမ်းခဲ့သော်လည်း ၀ဲလ်ဘက်ခ်ကမူ ပေါင် ခြောက်သောင်း ပေးရန် တောင်းဆိုထား
မန်ယူအသင်းက ၀ဲလ်ဘက်ခ်အား စာချုပ်သစ်အတွက် တစ်ပါတ်လုပ်ခ လစာ ပေါင် လေးသောင်းခွဲဖြင့် ကမ်းလှမ်းခဲ့သော်လည်း ၀ဲလ်ဘက်ခ်ကမူ ပေါင် ခြောက်သောင်း ပေးရန် တောင်းဆိုထား
အသင်း၏ တိုက်စစ်မှူး ၀ဲလ်ဘက်ခ်အား စာချုပ်သက်တမ်းတိုး ချုပ်ဆိုနိုင်ရန်အတွက် မန်ယူအသင်းက တစ်ပါတ်လုပ်ခ လစာ ပေါင် လေးသောင်းခွဲဖြင့် ကမ်းလှမ်းခဲ့သော်လည်း ကာယကံရှင် ၀ဲလ်ဘက်ခ်က ပေါင်ခြောက်သောင်းပေးရန် တောင်းဆိုလိုက်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ယင်းတောင်းဆိုမှုကို မန်ယူအသင်း တာဝန်ရှိသူများက စိတ်ဆိုးဒေါသထွက်လျှက် ရှိနေကြောင်းလဲ သိရှိရသည်။ လက်ရှိတွင် ၀ဲလ်ဘက်ခ် အနေဖြင့် နည်းပါးလှသော လုပ်ခလစာ ပေါင် တစ်သောင်းခွဲဖြင့် မန်ယူအသင်းတွင် အထူးခြေစွမ်းပြလျှက် ရှိနေပြီး အသင်းအတွက် အန်ဒီကိုးလ် ဒွိုက်ယော့ခ်ကဲ့သို့သော ထိပ်တန်း တိုက်စစ်မှူး တစ်ယောက် ဖြစ်လာရန် အလားအလာ ရှိနေသည်။
ယခုအချိန်တွင် ၀ဲလ်ဘက်ခ်က မန်ယူအသင်း တာဝန်ရှိသူများကို အံ့အားသင့် မှင်တက်မိစေမည့် တစ်ပါတ်လုပ်ခလစာ ပေါင်ခြောက်သောင်းကို တောင်းဆိုခဲ့ခြင်းကြောင့် မန်ယူအသင်း တာဝန်ရှိသူများကို စိတ်ဆိုးဒေါသ ထွက်စေခဲ့သည်။ အခြား မန်ယူလူငယ် ကစားသမားများ ဖြစ်ကြသော ဖီးလ်ဂျုံးနှင့် စမောလင်းတို့မှာ တစ်ပါတ်လုပ်ခလစာ ပေါင်ငါးသောင်းသာ ခံစားနေရပြီး ကွင်းလယ်လူငယ်ကစားသမား တွမ်ကလီဗာလေသည်ပင်လျှင် တစ်ပါတ်လုပ်ခ လစာ ပေါင် လေးသောင်းသာ ခံစားနေရချိန်တွင် ၀ဲလ်ဘက်ခ်က ယင်းကဲ့သို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။ |
ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com
Labels:
ဘောလုံးသတင်း
လာမည့် ဘောလုံးရာသီမှာ မာစတာ ဒီဂရီဘွဲ့ယူဖို့ ပြင်ဆင်နေတဲ့ မန်စီးတီး အသင်းခေါင်းဆောင် ကွန်ပနီ
လာမည့် ဘောလုံးရာသီမှာ မာစတာ ဒီဂရီဘွဲ့ယူဖို့ ပြင်ဆင်နေတဲ့ မန်စီးတီး အသင်းခေါင်းဆောင် ကွန်ပနီ
မန်ချက်စတာစီးတီး အသင်း၏ နောက်ခံလူ အသင်းခေါင်းဆောင် ကွန်ပနီသည် လာမည့်ဘောလုံးရာသီတွင် မာစတာ ဒီဂရီဘွဲ့ရယူရန် ပြင်ဆင်နေကြောင်း သိရသည်။
အသက်(၂၅)နှစ်အရွယ် ကွန်ပနီသည် ဆက်ကျော်သက်အရွယ်က ဘယ်လ်ဂျီယံတွင် တက္ကသိုလ်ပညာကို သင်ကြားနေသောကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်း၏ ကမ်းလှမ်းချက်ကိုပင် ပယ်ချခဲ့ဖူးသည်။ ကွန်ပနီသည် လာမည့်ဘောလုံးရာသီ၌ မန်ချက်စတာ စီးပွားရေးကျောင်းတွင် Business Administration ဘာသာရပ်နှင့် ပတ်သက်ပြီး မာစတာ ဒီဂရီဘွဲ့ရယူရန် ပြင်ဆင်နေကြောင်း သိရသည်။ Daily Mail ၏အဆိုအရ ကွန်ပနီသည် လာမည့် Academic year အတွက် ပြန်လည်ဖွင့်လှစ်မည့် စက်တင်ဘာလတွင် စတင် တက်ရောက် သင်ကြားရန် ရည်ရွယ်ထားကြောင်း သိရသည်။ |
ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com
Labels:
ဘောလုံးသတင်း
Subscribe to:
Posts (Atom)