BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Thursday, May 17, 2012

နည်းပြ အဖြစ်မှ ထုတ်ပယ်ခံ ခဲ့ရသည့် ဒဲလ်ဂလစ်ရှ်

နည်းပြ အဖြစ်မှ ထုတ်ပယ်ခံ ခဲ့ရသည့် ဒဲလ်ဂလစ်ရှ်အသင်း သမိုင်းတစ်လျှောက် အဆိုးဝါဆုံး ပရီးမီးယာလိဂ် ရာသီတစ်ခု ကို ဖြတ်ကျော် ခဲ့ရပြီးနောက် အသင်းနည်းပြ ဒဲလ်ဂလစ်ရှ်အား ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်း လီဗာပူးလ် အသင်းမှ အတည်ပြု ခဲ့သည်။ အသက် (၆၁) နှစ် အ ရွယ်ရှိ ဒဲလ်ဂလစ်ရှ်မှာ အသင်းပိုင်ရှင်များ ဖြစ်သည့် FSG နှင့် အထွေထွေ ဒါရိုက်တာ အာရီတို့နှင့် တွေ့ဆုံ ခဲ့ပြီးနောက် စာချုပ်ဖျက်သိမ်းရန် သဘောတူညီ ခဲ့ခြင်းလည်း ဖြစ်သည်။
ကစားသမား ခေါ်ယူမှု အတွင် ပေါင်သန်း (၁၀၀)ကျော် အသုံးပြု ခဲ့သည့် ဒဲလ်ဂလစ်ရှ်သည် အသင်းအား (၂၀၀၆) ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် ဆုဖလား ရယူပေးနိုင် ခဲ့သော်လည်း ပရီးမီးယားလဂ်တွင် အဆင့် (၄) အတွင်း ၀င်ရန် မစွမ်းဆောင်နိုင် ခဲ့ခြင်းကြောင့် ရာထူးမှ ထုတ်ပယ် ခံခဲ့ရခြင်း လည်း ဖြစ် သည်။ ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် အဆင့် (၉) နေရာတွင်သာ ရပ်တည်နိုင် ခဲ့ခြင်းမှာ နှစ်ပေါင်း (၂၀) အတွင်း အဆိုးဝါးဆုံး ရပ်တည်မှု ဖြစ်ခဲ့ပြီး ရမှတ် (၅၂) မှတ်မှာလည်း တန်းဆင်းခဲ့ရသည့် (၁၉၄၈-၄၉) ခုနှစ်နောက်ပိုင်း အနည်းဆုံး ရမှတ်လည်း ဖြစ်ခဲ့သည်။
Soccer
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

အသားများများ စားရင် အဆာခံနိုင်

အသားများများ စားရင် အဆာခံနိုင်ဆာလောင်မှု မပြေပျောက် နိုင်သော သူများနှင့် ကိုယ် အလေးချိန် ချရန် ကြိုးစား နေသူများ အတွက် သတင်းကောင်း ကတော့ အသားများ များပါသော အစားအစာ (တစ်နေ့ တာကယ်လိုရီ လိုအပ်ချက်၏ ၂၅ ရာခိုင်နှုန်းကို အသားဓာတ်မှ ရယူ ခြင်း) များတွင် တစ်နေ့တာအတွင်း ဗိုက်ပြည့်နေသလို ခံစားရမှုမျိုး ပိုမို ရရှိနိုင်ကြောင်း၊ ညနှောင်းပိုင်းတွင် အစာစားလိုစိတ် ဖြစ်ပေါ် လာမှုကို လည်း နည်းပါးစေကြောင်း၊ စားစရာ များအနီးတွင် တဝဲလည်လည်ဖြစ်နေ မှုကိုလည်း လျော့နည်းစေကြောင်း သိ ရှိရပါတယ်။
တစ်နေ့လျှင် အသား ဓာတ်မြင့်မားစွာ ပါဝင်သော အစား အစာ ၃ ကြိမ်စားခြင်း အားဖြင့် ည နေပိုင်းနှင့် ညပိုင်းတွင် ဗိုက်ပြည့်နေ သလို ခံစားမှုမျိုး ရရှိစေကြောင်း၊ ဒါ့ ကြောင့် အဝလွန် နေသူများ၊ ကိုယ် အလေးချိန် ချရန် ကြိုးစားနေသူများ အနေဖြင့် တစ်နေ့လျှင် အသားဓာတ် များများ ပါဝင်သော အစားအစာများ ၃ ကြိမ် စားသင့်ကြောင်း သိရပါတယ်။
မောင် Ref: Men's Health , Sep 2011
Health Digest
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဖခင် ဖြစ်လိုသူများ အင်တာနက် သုံးရင် သတိထား

ဖခင် ဖြစ်လိုသူများ အင်တာနက် သုံးရင် သတိထားအာဂျင်တီးနား သိပံ္ပပညာရှင် များဟာ ကျန်းမာတဲ့ အမျိုးသား ၂၉ ဦးရဲ့ သုက်ရည် နမူနာ များကို Wi-Fi ဖြင့် အင်တာနက် ချိတ်ဆက် ထားတဲ့ လက်ပ်တော့ ကွန်ပျူတာ တင်ထားတဲ့ စားပွဲအောက်မှာ ထားခဲ့ပါတယ်။
၎- နာရီ ကြာပြီးတဲ့ နောက်မှာ အဲဒီနမူနာ များထဲမှာပါဝင်တဲ့ သုက်ပိုး ကောင်ရေ ရဲ့ ၂၅ ရာခိုင်နှုန်းဟာ လှုပ်ရှားကူး ခတ်မှုမရှိတော့တာကို တွေ့ရ ပါတယ်။ တစ်ချိန်တည်းမှာပဲ တူညီတဲ့အပူချိန် အောက်မှာ Wi-Fi နဲ့ အင်တာနက် ချိတ်ဆက်ထားတဲ့ လက်ပ်တော့ရဲ့ အနီးမှာမဟုတ်ဘဲ အခန်းထဲမှာထားတဲ့ သုက်ရည်နမူနာများထဲမှာတော့ ၄ နာရီကြာတဲ့အခါ သုက်ပိုးကောင်ရေ ၁၄ ရာခိုင်နှုန်းသာ မလှုပ်ရှားနိုင် ကြောင်းတွေ့ရတယ်။
ဒါ့အပြင် သုက် ပိုးတွေရဲ့ ၉ ရာခိုင်နှုန်းမှာ DNA ပျက်စီးမှုတွေ့ရပြီး Wi-Fi အင်တာနက် အနီးမှာ မထားတဲ့နမူနာသုက်ပိုးတွေ ထက်စာရင် ၃-ဆများပါတယ်။ အကြောင်းရင်းကတော့ ဝိုင်ယာလက်စ် ချိတ်ဆက်မှု ပြုနေစဉ်မှာ ထွက်ရှိလာတဲ့ လျှပ်စစ်သံလိုက် ထုတ်လွှတ်မှု Electromagnetic Radiation ကြောင့် ဖြစ်ပါတယ်။
ရရှိတဲ့ အချက် အလက်တွေအရ အင်တာနက်နှင့် ကြိုးမဲ့ချိတ်ဆက် ထားတဲ့ ကွန်ပျူတာ အနီးမှာ အမျိုးသားရဲ့ မျိုးပွားမှုဆိုင်ရာ အင်္ဂါများ ရောက်ရှိနေခဲ့ရင် သုက်ပိုးရဲ့ အရည်အသွေးကို ကျဆင်းစေကြောင်း တွေ့ရပါတယ်။ အင်တာနက်နဲ့ ကြိုးမဲ့ ချိတ်ဆက်မှုပြုမထားတဲ့ ရိုးရိုးလက်ပ် တော့ကတော့ လျှပ်စစ် သံလိုက်လှိုင်း တွေ ထုတ်လွှတ်မှုရှိပေမယ့် ထိခိုက် မှုမရှိတဲ့ပမာဏသာ ဖြစ်ပါတယ်။ 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Tuesday, May 15, 2012

မလေးရှား အနိမ့်ဆုံး လစာသတ်မှတ်

မလေးရှား အနိမ့်ဆုံး လစာသတ်မှတ်မလေးရှား နိုင်ငံ တွင်းရှိ ဝင်ငွေနည်း အခြေခံ အလုပ်သမားများ နေထိုင်မှု အဆင်ပြေစေရန် နိုင်ငံတွင်း ပထမဆုံး အကြိမ်အဖြစ် အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ် ပြဋ္ဌာန်း လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
မလေးရှား ကျွန်းဆွယ် အတွင်းရှိ ပုဂ္ဂလိက အလုပ်သမားများအနေဖြင့် အနိမ့်ဆုံး တစ်လဝင်ငွေ ရင်းဂစ် ၉၀ဝ (ဒေါ်လာ ၂၉၇ ) ရရှိမည်ဖြစ်ပြီး ဆာဘတ်နှင့် ဆာရာဝပ် ပြည်နယ်များရှိ အလုပ်သမားများ အနေဖြင့် ဝင်ငွေ ၈၀ဝ ရင်းဂစ် ရရှိမည် ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ "အနိမ့်ဆုံးလုပ်ခ သတ်မှတ်မှုဟာ မလေးရှားနိုင်ငံရဲ့ သမိုင်းဝင်ဖြစ်ရပ်ပဲ" ဟု ဝန်ကြီးချုပ် Najib Razak က မှတ်ချက်ပြု ပြောကြားသွားသည်။
အဆိုပါ လုပ်ဆောင်ချက်ကြောင့် နိုင်ငံတွင်းရှိ အခြေခံ လူတန်းစားများ ဝင်ငွေရရှိမှု သေချာစေမည် ဖြစ်ပြီး ဆင်းရဲ မွဲတေမှုမှ လွတ်မြောက်နိုင်မည်ဖြစ်သလို နေထိုင်မှု စရိတ်များ မြင့်တက်လာမှုများ ကိုလည်း အဆင်ပြေစွာ ရင်ဆိုင်သွားနိုင် မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆက်လက် ပြောကြား သွားသည်။
မလေးရှား နိုင်ငံသည် အရှေ့ တောင်အာရှ နိုင်ငံ များတွင် တတိယ မြောက် စီးပွားရေးအင်အားကြီးနိုင်ငံဖြစ် ပြီး ၂၀၂၀ ပြည့်နှစ်အတွင်း ချမ်းသာ သောနိုင်ငံများ လူနေမှု အဆင့် ရရှိစေရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက် ရှိသည်။
အဆိုပါ လုပ်ဆောင်ချက်ကို နိုင်ငံ တွင်းရှိ အခြေခံ လူတန်းစားများက ကြိုဆို ထောက်ခံမည် ဖြစ်သော်လည်း စီးပွား ရေးလုပ်ငန်းငယ်များမှာ အနိမ့်ဆုံးလစာ ငွေသတ်မှတ် ချက်ကြောင့် ထိခိုက်မှုများ ကြုံတွေ့ရနိုင်ကြောင်း အချို့သောလေ့လာ သုံးသပ်သူများက ပြောကြားသွားသည်။ "ရင်းဂစ် ၉၀ဝ ဆိုတာ မြို့ငယ် လေးတွေနဲ့ ရွာလေးတွေမှာ အလွန် များပြားတဲ့ ပမာဏဖြစ်တယ်" ဟု မလေးရှားအလုပ်ရှင်များဖက်ဒရေးရှင်း ဒါရိုက်တာ Shamsuddin Bardan က ထုတ်ဖော်ပြောကြားသွားသည်။
အနိမ့်ဆုံးလခ သတ်မှတ်ချက် ကြောင့် လစာများမှာ ၄၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းထိ မြင့်တက်သွားပြီး အလုပ်သမားများ၏ အရည်အချင်းနှင့် ကုန်ထုတ်လုပ်နိုင်မှု အပေါ် မူတည်၍ လစာသတ်မှတ်မှုကို ချိတ်ဆက်ဆောင် ရွက်ပါက အခြေအနေမှာ ပိုမိုကောင်းမွန် လာမည်ဖြစ်ကြောင်း ၄င်းကမှတ်ချက်ပြု ပြောကြားသွားသည်။ •
The Voice Journal
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဒီရာသီ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆု ရရှိသွားသည့် ရော်ဘင် ဗန်ပါစီ

ဒီရာသီ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆု ရရှိသွားသည့် ရော်ဘင် ဗန်ပါစီ
ဒီရာသီ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆု ရရှိသွားသည့် ရော်ဘင် ဗန်ပါစီ
အာဆင်နယ်တိုက်စစ်မှူး ဗန်ပါစီသည် ၀ိန်းရူနီနှင့် အဂွီရိုတို့ကို ကျော်ဖြတ်ကာ၊ (၂၀၁၁-၁၂)ရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ရွှေဖိနပ်ဆု ရရှိသွားခဲ့သည်။

ဗန်ပါစီသည် အဆိုပါဆုအား သူ၏ကစားသမားဘ၀တွင် ပထမဆုံးအကြိမ် ရရှိဖူးခြင်းဖြစ်ပြီး၊ ရရှိသည့် ဆုကြေး ပေါင် သုံးသောင်းအား လူမှုရေးလုပ်ငန်းများသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဒီရာသီ ဗန်ပါစီ၏ ဂိုး(၃၀)သွင်းယူနိုင်မှုသည် (၂၀၀၃-၀၄)ရာသီက၊ အာဆင်နယ်ဂန္တ၀င် အွန်နရီ သွင်းယူခဲ့သည့် ဂိုးအရေအတွက်နှင့် တူညီသွားခဲ့ပြီး၊ ရွှေဖိနပ်ဆု မရယူခင်က၊ ဗန်ပါစီသည် ပီအက်ဖ်အေဆုနှင့် ဘောလုံးစာနယ်ဇင်းဆရာများက ရွေးချယ်သည့် တစ်နှစ်တာ အကောင်းဆုံးဆုများအားလည်း ရရှိခဲ့သည်။

ဒတ်ခ်ျတိုက်စစ်မှူးသည် ဒီရာသီ ဂန်းနားအသင်းအား အဓိက ဦးဆောင်ခဲ့ပြီး၊ ဂိုးများသွင်းယူခြင်းဖြင့်၊ နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် ကူညီခဲ့သည်။

မနှစ်က မန်ယူတိုက်စစ်မှူးတစ်ဦးဖြစ်သူ ဘာဘာတော့ဗ် ဂိုးသွင်းအများဆုံးဆု ရရှိပြီးနောက်၊ ယခုနှစ်တွင် ၀ိန်းရူနီမှာ သွင်းဂိုး (၂၇)ဂိုးဖြင့် ဒုတိယ ဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့သည်။

ဒီဇင်ဘာလတုန်းက၊ အမ်းမရိတ်တွင် အဲဗာတန်အသင်းဘက်သို့ လှပစွာသွင်းယူခဲ့သည့် Volley ကန်ချက်အပါအ၀င်၊ ဗန်ပါစီသွင်းယူခဲ့သည့် ဂိုးများထဲမှ နှစ်ဂိုးမှာ ဒီရာသီအကောင်းဆုံးဂိုးဆုအတွက် ရွေးချယ်ခံခဲ့ရသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, May 13, 2012

ငရုတ်သီး စပ်စပ် ကြိုက်တဲ့သူတွေအတွက်..

ခပ်စပ်စပ်ဟင်းတွေစားရင် နှလုံးရောဂါ ကာကွယ်နိုင်တယ်လို့ ဖော်ထုတ် မကြာ သေးခင် ရက်ပိုင်း အတွင်းက ဟောင်ကောင် တက္ကသိုလ် ကနေ ဖော်ထုတ် လိုက်တဲ့ စစ်တမ်း တစ်ခုအရ ငရုတ်သီး စပ်စပ် ဟင်းလျာတွေ စားသုံးလေ့ ရှိသူတွေ ဟာ နှလုံးရောဂါ ဖြစ်ပွားမှုကို ကာကွယ်နိုင်စွမ်း မြင့်မား ကြကြောင်း သိရှိလာရပါပြီ။
ငရုတ်သီးမှာ အဓိက အားဖြင့်ပါဝင်တဲ့ အပူဓာတ်တစ်မျိုး ဟာ သွေးတိုးခြင်းအပြင် သွေးတွင်း ကိုလက်စရော များပြားခြင်းကိုပါ ချေ ဖျက်နိုင်တဲ့အတွက် နှလုံးရောဂါ ဖြစ်ပွား မှုကိုပါ ထိထိရောက်ရောက် ကာကွယ် နိုင်ဖွယ်ရှိကြောင်း အဆိုပါ တက္ကသိုလ် ကလေ့လာမှုကို ဦးဆောင်ခဲ့သူ ဒေါက် တာဇန်ယူချွမ်ကဆိုခဲ့ပါတယ်။
"ငရုတ်သီး ထဲမှာ အဓိက အားဖြင့် ပါဝင်တဲ့ capsaicinoids ဆိုတဲ့ဓာတ် ပေါင်းတစ်မျိုးဟာ ပူစပ်ခြင်းကို ဖြစ်ပေါ် စေကာ သွေးအတွင်းအဆီဓာတ်များ ပြားမှုကိုလဲ ထိန်းသိမ်း နိုင်စွမ်း ရှိပါတယ်။
ကျွန်တော်တို့ လေ့လာ ခဲ့ကြရာမှာ ဟမ်းစတားလေးတွေကို အုပ်စု(၂) စုခွဲ ခဲ့ပြီး capsaicinoids ဓာတ်ပါဝင်တဲ့ အစားအသောက်၊ မပါဝင် အဲ့ စားအသောက် ဆိုပြီး ခွဲခြား ကျွေးခဲ့ပါတယ်။
တွေ့ရှိခဲ့ရ တဲ့ ရလဒ်ကတော့ အထက်မှာဖော်ပြ ခဲ့သလို သွေးအတွင်း အဆီဓာတ် ပါဝင်မှု နှုန်းတွေက သိသိသာသာကို ကွာခြားနေပါတယ်။"လို့ ဒေါက်တာ ဇန်ယူချွမ်က ဆိုခဲ့ပါတယ်။

အောင်မျိုးသန့်
Health Care

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Saturday, May 12, 2012

: Windows 7 ကို ဘာအကောင့်မှ မလိုပဲ Microsoft Site ကနေ တိုက်ရိုက်ဒေါင်းလုပ်လုပ်နိုင်တဲ့ Links လေးတွေ ကိုကြေငြာပေးချင်ပါတယ်ခင်ဗျာ။




Free Windows 7 Download (No Need for rapidshare/hotfile/megaupload )
Windows 7 ကို ဘာအကောင့်မှ မလိုပဲ Microsoft Site ကနေ တိုက်ရိုက်ဒေါင်းလုပ်လုပ်နိုင်တဲ့ Links လေးတွေ ကိုကြေငြာပေးချင်ပါတယ်ခင်ဗျာ။
ပထမဆုံးကြေငြာပေးချင်တာကတော့ Windows 7 home premium ပါခင်ဗျာ။


ownload ==> For 32-bit Windows 7 Home Premium x86 ISO
Download ==> For 64-bit Windows 7 Home Premium x64 ISO
Windows 7 professional

Download ==> For 32-bit Windows 7 Professional x86 ISO
Download ==> For 64-bit Windows 7 Professional x64 ISO
Windows 7 enter

Download ==> For 32-bit Windows 7 Enterprise x86 ISO
Download ==> For 64-bit Windows 7 Enterprise x64 ISO
Activator for all windows 7 ==> Download
အရမ်းလွယ်လွန်းလို့ ကျွန်တော် ၀င်းဒိုးအက်တစ်ပေးတာကိုပြောမပြလိုက်တာပါ။ ၀င်းဒိုး Activator ကိုဒေါင်းပြီး သွားရင် အင်စတောလုပ်လိုက်ပါ။ ဘာမှမလုပ်တတ်ရင် ဘာမှမလုပ်ပါနဲ့ ။ သူမှာပါတဲ့ ဒက်ဖော့ကအလုပ်လုပ်သွား ပါလိမ့်မယ်ခင်ဗျာ ။ ရီစတတ်ကျပြီး ၀င်းဒိုးပြန်တတ်လာတာနဲ့ ၀င်းဒိုးဟာ Genuine ဖြစ်နေပြီးသားပါခင်ဗျာ။ အဆင်ပြေကြပါစေခင်ျော
မူးရင်းလင့်မှကူးယူဖေါ်ပြပါသည်။  ဒီပိုစ်ကို ကိုဝင်းကမ္ဘာကျော်မှတင်ပြခဲ့ဘူးပါသည် ယခုတဖန်သူငယ်ချင်းများလွယ်လင့်တကူရှာဖွေနိင်ရန်ပြန်လည်မျှဝေပါသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed