ကျမ်းစာမှ အသက်ပြန်ရှင်ခြင်းများ
၃ရာ ၁၇း၁၇-၂၂ = မုဆိုးမ၏သားကို ဧလိယက အသက်ပြန်ရှင်ခြင်း
၎ရာ ၄း၃၂-၃၅ = ရှုနင်မြို့သူ၏ သားကိုဧလိရှဲက အသက်ပြန်ရှင်စေခြင်း
၎ရာ ၁၃း၂၀-၂၁ = မောဘတပ်သားတစ်ဦးသေ၍ သင်္ဂြိုလ်ရာ၊ ဧလိရှဲအရိုးဖြင့် ထိမိသောအခါ ထိုသူသည် အသက်ပြန် ရှင်ခဲ့၏။
မဿဲ ၉း၂၃-၂၅ = ခရစ်တော်က အရာရှိတစ်ဦး၏ သမီးအား အသက်ပြန်ရှင်စေသည်။
လုကာ ၇း၁၁-၁၅ = နာဣနမြို့ရှိ မုဆိုးမ၏သားကို ခရစ်တော်က အသက်ပြန်ရှင်စေခဲ့သည်။
ယော ၁၁း၄၃-၄၄ = မာရိ၊မာသတို့၏ မောင်သေခြင်းကို၊ အသက်ပြန်ရှင်စေခဲ့သည်။
တမန် ၉း၃၆-၄၀ = မုဆိုးမ ဒေါ်ကာကို ပေတရုက အသက်ပြန်ရှင်စေခဲ့သည်။
ဗျာ ၁၁း၈-၁၀ = မတရားအသတ်ခံရသူတို့၏ ရုပ်အလောင်းများထဲသို့ ဘုရားထံတော်မှ အသက်ပြန်ပေး၍ ရှင်ကြသည်။
ခရစ်တော်ရှင်ပြန်ထမြောက်ပြီးနောက် ကိုယ်ထင်ရှားစွာ ပြခြင်း
မာကု ၁၆း၉ = မာဂဒလမာရိထံထင်ရှားခြင်း
မဿဲ ၂၈း၉ = အမျိုးသမီးများရှိသို့ထင်ရှားခြင်း
လုကာ ၂၄း၁၃-၁၅ = တပည့်တော်နှစ်ဦးထံသို့ ထင်ရှားခြင်း
လုကာ ၂၄း၃၄ = ပေတရုထံသို့ထင်ရှားခြင်း
ယော ၂၀း၁၉၊ ၂၄ = တပည့်တော်(၁၀) ဦးရှိရာသို့ ထင် ရှားခြင်း
မဿဲ ၂၈း၁၆-၁၇ = ဂါလိလဲရှိတပည့်တော်များထံ ထင်ရှားခြင်း
လုကာ ၂၄း၅၁ = တပည့်တော်များအားလုံးရှေ့တွင် ထင်ရှားခြင်း
ခရစ်တော် အမှန်တကယ်ရှင်ပြန်ခြင်း၏ သက်သေ
ယော ၂၀း၁-၉ = သင်္ချိုင်းတော်တွင် ခရစ်တော်၏ ရုပ်အလောင်း မရှိပါ။
မဿဲ ၂၈း၅-၇ = ကောင်းကင်တမန်က သင်တို့ရှာသော ယေရှုသည် ဤနေရာ၌မရှိ၊ ထမြောက် တော်မူပြီ။
မဿဲ ၂၈း၁၁-၁၅ = ယဇ်ပုရောဟိတ်နှင့် အကြီးအကဲများက အလောင်းကို ခိုးသွားကြသည်ဟု ငွေပေး၍ ပြောခိုင်းခြင်း။
ယော ၂၀း၂၇-၂၈ = သောမက ခရစ်တော်၏နံဖေးကို လက်ဖြင့် စမ်းသပ်ခြင်းဖြင့် သခင်သည် ထမြောက်ကြောင်း ယုံ၏။
အသက်ထွက်ခြင်းနှင့်ဝင်ခြင်းကို စီရင်နိုင်သော ခရစ်တော်
အသက်ထွက်ခြင်းနှင့် အသက်ပြန်ရှင်ခြင်းကို စီရင် နိုင်သော အစွမ်း Resurrected Power သည် ခရစ်တော်၌ ရှိသည်။
ယော ၁၀း၁၈ – ခရစ်တော်က ငါ့အသက်ကို အဘယ်သူမျှ မလုမယူ။ ကိုယ်အလိုအလျောက် ငါ စွန့်၏။ ကိုယ့်အသက်ကို စွန့်ရသော အခွင့်နှင့် နောက်တဖန် ကိုယ်အသက်ကိုယူပြန်ရသော အခွင့်သည် ငါ၌ရှိ၏။
ခရစ်တော်၏ ကိုယ်ခန္ဓာရှင်ပြန်ထမြောက်ခြင်းကို ယုံကြည်ပြီး ၀ိညာဉ်တော်၌ဆုတောင်းပါက သင်၌ မည်သို့သော အကျိုးထူးများ ရရှိနိုင်ပါသနည်း။ ပျက်စီးသွားသော သင်၏ ကိုယ်ခန္ဓာ အစိတ်အပိုင်းတစ်ခုခု ပြန်လည်ကောင်းမွန် ရှင်သန်စေပါမည်။
ရောမ ၈း၁၀ – သေခြင်းမှထမြောက်စေတော်မူသော ဘုရားသည် သင်တို့ထဲ၌ ကျိန်းဝပ်သော မိမိဝိညာဉ်တော်အားဖြင့် သေတတ်သော သင်တို့၏ ကိုယ်ကာယကိုပင် ရှင်စေ တော်မူမည်။