BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Friday, June 1, 2012

လူမျိုးရေး ခွဲခြားခံရပါက သတ်ပစ်မည့် ဘာလော့တယ်လီ

လူမျိုးရေး ခွဲခြားခံရပါက သတ်ပစ်မည့် ဘာလော့တယ်လီ မန်စီးတီး တိုက်စစ်မှူး ဘာလော့တယ်လီမှ သူ့အား လမ်းပေါ်တွင် ငှက်ပျောသီးဖြင့် ပစ်ပေါက် စော်ကားပါက သတ်ပစ်မိလိမ့်မည်ဟု ထုတ်ဖော် ပြောဆိုခဲ့သည်။ ဘာလော့ တယ်လီ သည် အထက်ပါ ဖြစ်ရပ်မျိုးနှင့် ရောမမြို့ရှိ ဘားတစ်ခုတွင် ကြုံတွေ့ ခဲ့ဖူးပြီး နောက်တစ်ကြိမ် အလားတူ ဖြစ်ရပ်မျိုးနှင့် ထပ်မံ ကြုံတွေ့ခဲ့ပါက ထိန်းသိမ်းနိုင် စွမ်း ရှိလိမ့်မည် မဟုတ်ကြောင်း ဖွင့်ဟ ပြောဆိုခဲ့သည်။
ဘာလော့တယ်လီမှ "ကောင်းလေး နှစ်ယောက် သုံးယောက်လောက် ရှိနေပါတယ် ပြီးတော့ ကံကောင်းသွားတာ တစ်ခုက ရဲတွေ အလျှင်အမြန် ရောက်လာခဲ့လို့ မဟုတ်ရင် ကျွန်တော် သူတို့ကို ထိုးကြိတ်မိမှာ သေချာပါတယ်။ ဒီလို အဖြစ်မျိုး နောက်တစ်ကြိမ် မရှိတော့ဘူးလို့ ကျွန်တော် ယုံကြည်ပါတယ် ဘာလို့လဲ ဆိုတော့ လမ်းပေါ်မှာ ကျွန်တော့်ကို ငှက်ပျောသီနှင့် ပစ်ပေါက်ခဲ့လို့ ရှိလျင် ကျွန်တော် ထောင်ထဲရောက်မှာ သေချာပါတယ် ဘာဖြစ်လို့ လဲဆိုတော့ သူတို့ ကျွန်တော် သတ်ပစ်မိမှာ ဖြစ်လို့ပါပဲ"ဟု ပြင်သစ် အားကစား သတင်းစာသို့ ဖွင့်ဟ ပြောဆိုခဲ့သည်။
ဘာလော့တယ်လီမှ ဆက်လက်ပြီး ယူရို-၂၀၁၂ ပြိုင်ပွဲတွင် လူမျိုးရေး ခွဲခြားမှုနှင့် ကြုံတွေ့ခဲ့ရပါက ပြိုင်ပွဲတွင် ဆက်လက် ပါဝင်မည် မဟုတ်ပဲ အိမ်ပြန်မည် ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
Soccer
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

တစ်နေ့ အနည်းဆုံး တစ်မျိုး ပါဝင်အောင် စားသင့်သော သစ်သီးရှစ်မျိုး

တစ်နေ့ အနည်းဆုံး တစ်မျိုး ပါဝင်အောင် စားသင့်သော သစ်သီးရှစ်မျိုးတစ်နေ့ ပန်းသီးတစ်လုံး စားပေးရင် ဆရာဝန်နဲ့ ဝေးဝေးမှာ နေနိုင်တယ် ဆိုတဲ့ ဆိုရိုးစကား ရှိပါတယ်။ အောက်ပါသစ်သီး ရှစ်မျိုးထဲက အနည်းဆုံး တစ်မျိုးကို ပန်းကန် လုံးတစ်လုံးစာ စားပေးမယ်ဆိုရင်တော့ သင့်ကျန်းမာရေး ကောင်းမွန်နေစေတာ ကြောင့် ဆေးရုံ၊ ဆေးခန်းသွားပြစရာလိုမယ် မထင်ပါဘူး။
(၁) ဘလူးဘယ်ရီသီး
ဘလူးဘယ်ရီသီးမှာ အင်တီအောက်ဆီးဒင့်များစွာ ပါဝင်တာကြောင့် ကင်ဆာကို တွန်းလှန်နိုင်ပြီး အသက် ကြီးချိန်မှာဖြစ်တတ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီးမှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ခရင်မ်ဘယ်ရီသီးလို ပဲ ဘလူးဘယ်ရီသီးမှာ ဆီးလမ်းကြောင်းပိုးဝင်ကို ကာကွယ် ပေးမယ့် ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်။
(၂) လိမ္မော်သီး
လိမ္မော်သီးတစ်လုံးမှာ တစ်နေ့တာ လိုအပ်တဲ့ ဗီတာ မင်စီ အပြည့်အဝပါဝင်ပြီး ပိုတက်စီယမ်လည်း ပါဝင်ပါ တယ်။ လိမ္မော်သီးမှာ hesperidin ပါဝင်တာကြောင့် သွေး တွင်း ကိုလက်စထရောအဆင့်ကို လျော့ကျစေပါတယ်။
(၃) ပန်းသီး
ပန်းသီးအခွံမှာ အမျှင်ဓာတ်များစွာ ပါဝင်တာ ကြောင့် ပန်းသီးစားတိုင်း အခွံကိုပါ စားသင့်ပါတယ်။ ပန်းသီးမှာ သွေးတွင်း မကောင်းတဲ့ ကိုလက် စထရော ကျစေတဲ့ ပျော်ဝင်အမျှင်ဓာတ်နဲ့ ဝမ်းမှန်မှန်သွားစေ တဲ့ မပျော်ဝင်အမျှင်ဓာတ်တို့ ပါဝင်ပါတယ်။ ပန်းသီး မှာ အင်တီအောက်ဆီးဒင့် များစွာလည်း ပါဝင်ပါတယ်။
(၄) ငှက်ပျောသီး
ငှက်ပျောသီးမှာ ပိုတက်စီယမ်များစွာ ပါဝင်ပြီး ဆိုဒီယမ် ပါဝင်မှုနည်းတာကြောင့် သွေးတိုးကို လျော့ကျစေကာ လေဖြတ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ငှက် ပျောသီးမှာပါတဲ့ Protease inhibitors တွေက အစာအိမ် အနာမဖြစ်အောင် ကာကွယ်ပေးပါတယ်။
(၅
ကီဝီသီးမှာ သူနဲ့ အလေးချိန်တူ လိမ္မော်သီးမှာထက်ီ ဗီတာမင်စီ ပိုမိုပါဝင်ပါတယ်။ ဒါကြောင့် အတွင်းတိမ် ရောဂါဖြစ်နိုင်ခြေကို လျော့ကျ စေပြီး DNA ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
(၆) အနီရောင်နှင့် ခရမ်းရောင် စပျစ်သီး
အနီရောင် စပျစ်ဝိုင်တွေမှာ အစွမ်းထက် အင် တီအောက်ဆီးဒင့် ရက်စ်ဗာရထရော ပါဝင်တဲ့အတွက် နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အရောင် ရင့်တဲ့ စပျစ်သီးတစ်ခွက်မှာလည်း ရက်စ်ဗာရထရော များစွာပါဝင်ပါတယ်။
(၇) စတော်ဘယ်ရီသီး
တစ်နေ့မှာ စတော်ဘယ်ရီသီး လက်တစ်ဆုပ်စာ ပမာဏစားပေးရင် အမျိုးအစား(၂) ဆီးချိုသွေးချို ရောဂါမဖြစ်အောင် ထိန်းချုပ်ပေးနိုင်ပြီး နှလုံးရောဂါနဲ့ ရောင်ရမ်းမှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ စတော်ဘယ်ရီသီးမှာ ဗီတာမင်စီနဲ့ တခြားအင်တီ အောက်ဆီးဒင့်များစွာ ပါဝင်ပါတယ်။
(၈) သင်္ဘောသီး
သင်္ဘောသီးမှာ ပက်ပိန်းပါဝင်တဲ့အတွက် အစာ ကြေညက်စေပါတယ်။ ဗီတာမင်စီနဲ့ ဖောလိတ်ဓာတ် လည်း အများအပြားပါဝင်ပါတယ်။
ကြယ်စင်
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed