BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Tuesday, June 14, 2011

အိန္ဒိယမှ လွတ်မြောက်ကရင်များ တတိယနိုင်ငံထွက်ရေး KNU တာဝန်ယူမည်




 
 

အိန္ဒိယမှ လွတ်မြောက်ကရင်များ တတိယနိုင်ငံထွက်ရေး KNU တာဝန်ယူမည်

ဧရာဝတီ Monday, 13 June 2011 17:17
အိန္ဒိယနိုင်ငံတွင် ၁၂ နှစ်ကျော် အကျဉ်းကျ ခံခဲ့ရသည့် KNU အဖွဲ့ဝင် ၁၀ ဦး တတိယနိုင်ငံသို့ အမြန်ဆုံး ထွက်ခွာနိုင်ရေး အတွက် စီစဉ် ဆောင်ရွက်နေသည်ဟု ကရင်အမျိုးသား အစည်းအရုံး (KNU) က ပြောသည်။

KNU-News-11-6-11
လွတ်မြောက်လာသည့် KNU အဖွဲ့ဝင်များနှင့် ပဒိုအားတိုး (ယာမှ တတိယမြောက်) ကို နယူးဒေလီတွင် တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)

KNU အဆင့်မြင့်ခေါင်းဆောင် တဦးဖြစ်သည့် ပဒိုအားတိုးက"အိန္ဒိယထောင်ကနေပြန်လွတ်လာတဲ့ ကရင်နဲ့ရခိုင် တော်လှန်ရေး သမားတွေကို ကျနော်တို့သွားရောက်တွေ့ဆုံခဲ့တယ်၊ သူတို့အားလုံး အိန္ဒိယမှာ တနှစ်ပဲ နေထိုင်ခွင့်ရမှာဖြစ်တယ်၊ အဲဒါ ကြောင့် သူတို့အားလုံး တတိယနိုင်ငံ တခုခုကိုအမြန်ဆုံးထွက်ခွာနိုင်ဖို့အတွက် စီစဉ်နေပါတယ်"ဟု ဧရာဝတီသို့ ပြောသည်။

နိုင်ငံတကာရှိ ကရင်အဖွဲ့အစည်းများကလည်း ယခုလွတ်မြောက်လာသူများကို ခေါ်ယူနိုင်ရေးအတွက် KNU နှင့် ဆက်သွယ် စီစဉ်မှုများ ပြုလုပ်လျက်ရှိသည်ဟုလည်း ပဒိုအားတိုးက ဆက်ပြောသည်။

အိန္ဒိယအစိုးရက ၎င်းတို့အား ၁ နှစ်နေထိုင်ခွင့်ပေးထားပြီး သတ်မှတ်ရက်ပြည့်ပါက တိုင်းပြည်မှ ထွက်ခွာရမည်ဟု လွတ်မြောက်လာသူများကလည်း ပြောသည်။

လွတ်မြောက်လာသူတဦးက အိန္ဒိယတွင် နေထိုင်ရသည့်အခြေအနေမှာ လုံခြုံစိတ်ချရမှုမရှိသကဲ့သို့ ခံစားနေရသည့်အတွက် ၎င်းတို့ကို အမြန်ဆုံး အကူအညီများပေးရန် အိန္ဒိယသို့ ရောက်ရှိခဲ့သည့် KNU ခေါင်းဆောင်မှတဆင့် ပြောကြား လိုက်သည် ဟု ဆိုသည်။

ပြန်လည်လွတ်မြောက်လာသူများထဲမှ KNU တပ်ဖွဲ့ဝင် စောယွာဟေသား က"အခြေအနေအရ တတိယနိုင်ငံ တခုခုကို ထွက် ရတော့မယ့် အနေအထားဖြစ်နေပြီ၊ ယူအန်(ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR)ကလည်း အားလုံး ကို အသိအမှတ်ပြုပြီးဖြစ်တယ်၊ ကျနော်တို့ ၁၀ ယောက်ရဲ့သဘောထားကတော့ ဖြစ်နိုင်ရင် ကိုယ့်ရဲ့ဒေသမှာပဲ ပြန်နေချင် တယ်"ဟု ပြောသည်။

ပြန်လည်လွတ်မြောက်လာသူများကို UNHCR က ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပေးထားသော်လည်း တတိယနိုင်ငံထွက် ခွာရေးနှင့် ပတ်သက်ပြီး ယခု အချိန်အထိ တိကျသေချာသည့် အစီအစဉ်မရှိသေးကြောင်း သိရသည်။

၁၂ နှစ်ကျော်ကြာဖမ်းဆီးခံထားရသည့် ယင်းတော်လှန်ရေးသမား ၃၄ ဦးအနက် ၃၁ ဦးသည် ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့က ကာလကတ္တား အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ပြီးနောက် နယူးဒေလီမြို့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

၎င်းတို့အနက် ၃ ဦးမှာ အခြားအမှုများ ဆက်လက်ရင်ဆိုင်ရန် အကျဉ်းထောင်အတွင်းကျန်ရှိနေပြီး အမှုပြီးပြတ်မှ ပြန်လည် လွတ်မြောက်မည်ဟု သိရသည်။

ပြန်လည်လွတ်မြောက်လာသူများမှာ ရခိုင်အမျိုးသားညီညွတ်ရေးပါတီ(NUPA)နှင့် KNU အဖွဲ့တို့မှ တော်လှန်ရေးသမားများ ဖြစ်ပြီး ၎င်းတို့ကို အိန္ဒိယရေတပ်က ၁၉၉၈ ခုနှစ်အတွင်း၌ စတင်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

တော်လှန်ရေးသမားများသည် အိန္ဒိယရေပိုင်နက် လန်းဖောကျွန်းတွင် စစ်အခြေစိုက်စခန်းတည်ဆောက်ရန်အတွက် အိန္ဒိယ စစ်ထောက်လှန်းရေးမှ ဒု ဗိုလ်မှူးကြီး ဂရေးဝေါ၏ အစီအစဉ်ဖြင့် ရောက်ရှိလာကြပြီးနောက် ၁၂ နှစ်ကျော် ဖမ်းဆီးချုပ်နှောင် ခံခဲ့ကြရသည်။

အိန္ဒိယအစိုးရက ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ၎င်းတို့ကို နိုင်ငံအတွင်း တရားမ၀င်ခိုးဝင်မှု၊ လက်နက်နှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ လက်ဝယ်ထားရှိမှုတို့ဖြင့် တရားစွဲဆိုခဲ့သည့်အပြင် အဆိုပါ လက်နက်ခဲယမ်းများကို အိန္ဒိယ အရှေ့မြောက်ဒေသရှိ သူပုန်များကိုပေးပို့ရန် ဖြစ်သည်ဟုလည်း စွပ်စွဲခဲ့ကြောင်း သိရသည်။
__._,_.___
Recent Activity:
    .

    __,_._,___



    --
    ဖိုးခိုင်
    Czech Republic

    Stumble
    Delicious
    Technorati
    Twitter
    Facebook
    Yahoo
    Reddit
    Feed

    နိုင်ငံပိုင်ဂြိုဟ်တု လွှင့်တင်မည်ဟု ဝန်ကြီးပြော


    နိုင်ငံပိုင်ဂြိုဟ်တု လွှင့်တင်မည်ဟု ဝန်ကြီးပြော

    မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဇွန်လ ၁၄ ရက် ၂၀၁၁ ခုနှစ် ၁၃ နာရီ ၃၇ မိနစ်



    မဇ္ဈိမသတင်းဌာန ။ ။ အမေရိကန်ဒေါ်လာသန်း ၂ဝဝ တန် နိုင်ငံပိုင် ဂြိုဟ်တုတလုံး လွှင့်တင်သွားမည်ဟု ပြည်ထောင်စု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန ဒုဝန်ကြီး ဦးတင့်လွင်က ဇွန်လ ၆ ရက်နေ့တွင် ထုတ်ဖော် ပြောဆိုလိုက်သည်။
    ဂြိုဟ်တုကို ရုရှား၊ တရုတ်၊ ဂျပန် ဂြိုဟ်တု ကုမ္ပဏီများနှင့် ပူးပေါင်းလွှင့်တင်ရန် စီစဉ်နေကြောင်း မိုဘိုင်းဆက်သွယ်မှု ကွန်ယက်စနစ် တည်ဆောက်ရေးနှင့် တပ်ဆင်ရေး အခြေခံသင်တန်း အမှတ်စဉ် ၂ နှင့် အခြေခံ ပစ္စည်းထိန်းသင်တန်း (ဝ၁/၁၁-၁၂) ဖွင့်ပွဲ အခမ်းအနားတွင် ဦးတင့်လွင်က ပြောဆိုကြောင်း ဇွန် ၁၂ ရက်ထုတ် ရန်ကုန်အခြေစိုက် Weekly Eleven ဂျာနယ်၌ ရေးသားထားသည်။
    “ကိုယ်ပိုင်ဂြိုဟ်တု မရှိတဲ့အတွက် sky net အပါအဝင် ကျနော်တို့ တိုင်းပြည်အနေနဲ့ တနှစ်ကို အမေရိကန် ဒေါ်လာ ၁၅ သန်းလောက် ကုန်နေတယ်။ ကိုယ်ပိုင် ဂြိုဟ်တုတလုံးလွှတ်ရင် သန်း ၂ဝဝ လောက် ကုန်မှာဖြစ်တယ်။ ဒါကြောင့် ရေရှည် ဒီအတိုင်း ငှားသုံးနေမလား၊ ကိုယ်ပိုင် လွှင့်မလား အဖြေပေါ်ပါတယ်” ဟု ဦးတင့်လွင်ကို ကိုးကား၍ ဝီးကလီးအလဲဗင်းက ရေးသားသည်။
    မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တဦးကလည်း နိုင်ငံပိုင်ဂြိုဟ်တု လွှင့်တင်နိုင်ပါက ဆက်သွယ်ရေးနှင့် ရုပ်သံကဏ္ဍများ တိုးချဲ့ရေးကို ဦးစားပေး ဆောင်ရွက်သွားရန် ရှိကြောင်း ပြောဆိုခဲ့သည်။
    ထို့အပြင် မြန်မာ့မိုဘိုင်း ဆက်သွယ်ရေးကဏ္ဍ တိုးချဲ့မှုအဖြစ် ၅ နှစ်အတွင်း မိုဘိုင်းဖုန်းလိုင်း သန်း ၃ဝ ချပေးမည့် အစီအစဉ်လည်း ပါရှိသည်ဟု ပြောဆိုခဲ့ကြသည်။
    Stumble
    Delicious
    Technorati
    Twitter
    Facebook
    Yahoo
    Reddit
    Feed

    အကယ်ဒမီ နွဲ့နွဲ့မူ ကွယ်လွန်



    အကယ်ဒမီ နွဲ့နွဲ့မူ ကွယ်လွန


       ဧရာဝတီ  Tuesday, 14 June 2011 13:31  သတင်းတိုများ    


    ယမန်နေ့ နံနက်က ရန်ကုန်ပြည်သူ့ ဆေးရုံသစ်ကြီးတွင် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဒေါ်နွဲ့နွဲ့မူ (အသက် ၆၁ နှစ်) သည် အစာအိမ် သွေးကြောပေါက်၍ ကွယ်လွန်သွားပြီ ဖြစ်သည်။ ဇွန် ၁၅ ရက် နံနက် ၁၁ နာရီတွင် ဗားကရာ ခရစ်ယာန် ဘုရားကျောင်းတွင် ၀တ်ပြုကိုးကွယ်မည် ဖြစ်ပြီး ထိုမှတဆင့် ရေဝေး ခရစ်ယာန် သုဿန်တွင် ပို့ဆောင်ဂူသွင်းမည် ဖြစ်ကြောင်း သတင်းရရှိသည်။

    __._,_.___
    Stumble
    Delicious
    Technorati
    Twitter
    Facebook
    Yahoo
    Reddit
    Feed