BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Saturday, May 26, 2012

ဧရာမခြေထောက် ပိုင်ရှင် ၁၀ နှစ်သား ကလေးငယ်လေး

ယခုအခါ သူနေထိုင်ရာ ပီတာအမည်ရှိရွာမှ ဆရာဝန်များက ကလေးငယ် သည် ဆေးမကုဘဲ ထားပါက မကြာခင်သေ ဆုံးရတော့မည် ဖြစ်သောကြောင့် အကူ အညီများ ပေးကြရန် နိုင်ငံတကာသို့ အကူအညီတောင်းခံထားကြောင်း သိရသည်။ ဗင်းဆင့်၏ မိသားစုသည် သူ ၁၈ လသား အရွယ်ကတည်းက သူ့၌ ရောဂါဖြစ်နေကြောင်း သတိပြုမိသော်လည်း ဆင်းရဲလွန်းသောကြောင့် ဆေးခန်းမပြနိုင်ရှာပေ။ သူကြီးပြင်းလာသည် နှင့်အမျှ သူ၏ခြေထောက်များမှာလည်း ကြီး၍လာခဲ့သည်။ ဆရာဝန်များသည် ကလေးငယ်၌မူလက ဆင်ခြေထောက်ရောဂါ ကဲ့သို့ ပြန်ရည်ကြော စနစ်ဆိုင်ရာ ရောဂါတစ်ရပ်ရှိမည်ဟု ခန့်မှန်းခဲ့ကြသည်။
သို့သော်သူ၏ ခြေထောက်များကြီးထွားလာမှုက အရိုးများအပေါ်ပါ သက်ရောက်မှုရှိပြီး တင်ပဆုံရိုးမှာ အဆစ်လွဲသွားပြီး ခြေကျင်း ဝတ်ရိုး မှာ လည်း ကျိုးသွားခဲ့သည်ဟု ဆိုသည်။ အသားစ နမူနာယူ၍ စမ်းသပ်စစ်ဆေးကြည့်ရာ၌ ကလေးငယ်သည် အသားစားရောဂါပိုး တစ်မျိုး ကူးစက်ခံရခြင်းဖြစ်ပြီး ဆေးမကုဘဲထားပါက မကြာခင်သေဆုံးရမည်ဟု ဆိုသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

လာမည့်ရာသီအကုန်တွင် အနားယူဖွယ်ရှိနေသည့် ဖာဂူဆန်


လာမည့်ရာသီအကုန်တွင် အနားယူဖွယ်ရှိနေသည့် ဖာဂူဆန်
လာမည့်ရာသီအကုန်တွင် အနားယူဖွယ်ရှိနေသည့် ဖာဂူဆန်
ဝီဂန်အသင်းဥက္ကဋ္ဌ ဒေ့ဗ်ဝှီလန်က သူ၏မိတ်ဆွေ ဆာအဲလက်စ်ဖာဂူဆန်သည် ကျန်းမာရေးအခြေအနေအရ လာမည့် (၂၀၁၂-၁၃)ရာသီအကုန်တွင် မန်ယူအသင်းနည်းပြရာထူးမှ အနားယူသွားနိုင်ကြောင်း အရိပ်အမြွက်ပြောကြားသွားခဲ့သည်။

ဖာဂူဆန် အသက် (၇၀)နှစ်သည် (၁၉၈၆)ခုနှစ်မှစ၍ မန်ယူအသင်းအား စတင်ကိုင်တွယ်ခဲ့ပြီး၊ ပရီမီးယားလိဂ်ဖလား (၁၂)ကြိမ်အပါအ၀င်၊ မန်ယူအသင်းအား မယုံနိုင်စရာ အောင်မြင်မှုများစွာ ရယူပေးခဲ့သည်။

ဖာဂူဆန်သည် (၂၀၀၁-၀၂)ရာသီက အနားယူရန် ကြေညာခဲ့ဖူးသော်လည်း၊ နောက်ပိုင်းတွင် အသင်းအား ဆက်လက်နည်းပြခဲ့သည်။

ဖာဂူဆန်သည် (၂၀၁၁)၊ ဒီဇင်ဘာလက သူ့အနေဖြင့် မန်ယူနည်းပြအဖြစ် နောက်သုံးနှစ်အထိ ဆက်ရှိနေချင်သည်ဟု ပြောကြားခဲ့သော်လည်း၊ ၀ှီလန်က သူ၏ မိတ်ဆွေကြီးသည် လာမည့်ဘောလုံးရာသီအကုန်တွင် အနားယူသွားနိုင်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

"နောက်ရာသီအကုန်မှာ ဆာအဲလက်စ် အနားယူနိုင်ပါတယ်၊ ထိပ်ဆုံးအဆင့်မှာ အချိန်အတော်ကြာ ရပ်တည်နေတဲ့ လူတစ်ယောက်အတွက် ဖိအားတွေက အရမ်းများပါတယ်"

"အသက်ကြီးလာလေ၊ အဲဒီဖိအားတွေကို ကျော်လွှားဖို့ ခက်ခဲလာလေပါ၊ ဖာဂီရဲ့ ဇွဲသတ္တိကိုတော့ လေးစားပါတယ်၊ သူဟာ နောက်ဆုံးအချိန်အထိ ဆက်လက်တိုက်ပွဲဝင်သွားချင်တယ်ဆိုတာ ကျွန်တော် သိပါတယ်"

"သူ နောက်ထပ် နှစ်နှစ်၊ သုံးနှစ်လောက် ဒါမှမဟုတ် ဒီထက်ပိုပြီး နည်းပြသွားချင်တယ်ဆိုတာ ကျွန်တော် သိပါတယ်၊ ဒါပေမယ့် ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ သူ့ဟာ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်၊ ဒီအခြေအနေက သူ့အနေနဲ့ နောက်ထပ် ငါးနှစ်လောက် ဆက်ပြီး နည်းပြဖို့ဆိုတာ မလွယ်ကူနိုင်ဘူးဆိုတာ ညွှန်ပြနေပါတယ်၊ ဒါဟာ အရမ်းကိုစွန့်စားရာ ကျပါလိမ့်မယ်"

"သူဟာ အကောင်းဆုံးနည်းပြလို့ ကျွန်တော်ပြောချင်ပါတယ်၊ သူရဲ့ အနားယူမှုဟာ ဘောလုံးလောကအတွက်တော့ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခု ဖြစ်လာမှာပါ၊ ဒါဟာ လုံးဝကျိန်းသေပါတယ်"

"သူ့ရဲ့ နှိုင်းယှဉ်လို့မရတဲ့ အောင်မြင်မှုတွေကို ရယူခဲ့ပုံတွေ၊ ထူးချွန်တဲ့ကစားသမားတွေကို ဘယ်လိုရွေးချယ်ရမယ်ဆိုတာ နားလည်တတ်ကျွမ်းမှုတွေက သူ့ကို ကျွန်တော့်တို့ရဲ့ဘ၀တစ်လျှောက် ထာဝရအကောင်းဆုံးနည်းပြအဖြစ် ရောက်ရှိစေခဲ့တာပါ"ဟု ၀ှီလန်က ပြောကြားသွားခဲ့သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed