BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Thursday, April 19, 2012

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း တည်ထောင်မည်


ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း တည်ထောင်မည်ဒေါ်အောင်ဆန်းစုကြည်က သူမ၏ မိခင် အမည်ဖြစ်သော ဒေါ်ခင်ကြည် အမည်နှင့် ဖောင်ဒေးရှင်းတစ်ခုကို ဧပြီ ၁၆ ရက်တွင် ကျရောက် မည့် ဒေါ်ခင်ကြည်နှစ် (၁၀၀)ပြည့်၌ တည်ထောင်ကာ လူထု အကျိုးပြု လုပ်ငန်းများ လုပ်ဆောင် သွားမည်ဟု အင်န်အယ်လ်ဒီမှ ပြောခွင့်ရှိသူ ဦးဉာဏ်ဝင်း ကပြောသည်။
အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲပြုလုပ်သော ဧပြီ ၇ ရက်တွင် ဒေါ်အောင်ဆန်းစု ကြည်က ဒေါ်ခင်ကြည် အမည်နှင့် ဖောင်ဒေးရှင်း ထူထောင်မည်ဟု ပြောကြောင်း အဆိုပါ အစည်းအဝေးသို့ တက်ရောက်ခဲ့သူ ဇဗ္ဗူသီရိမဲဆန္ဒနယ်မှ အနိုင်ရရှိခဲ့သူ ဒေါ်စန္ဒာမင်းက ပြောသည်။ "အခုတောင် ကျပ်သိန်းတစ်ရာနဲ့ စနေပြီ" ဟုမင်္ဂလာတောင်ညွှန့်မြို့နယ်တွင် အနိုင်ရရှိခဲ့သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကဆိုသည်။
ကူညီရေးအစီအစဉ်များကို ကော့မှူးမြို့နယ်မှ စတင်မည် ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအထိ လတ်တလောလိုအပ်ချက်များအား တတ်နိုင် သမျှကူညီ သွားမည်ဟု လှည်းကူး မြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဦးဖြိုးမင်းသိန်းကပြောသည်။ ဒေါ်အောင်ဆန်းစုကြည်၏မိခင် ဒေါ်ခင်ကြည်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် ၁၉၄၂ ခုနှစ် စက်တင်ဘာ ၆ ရက်တွင် လက်ထပ်ခဲ့ပြီး ၁၉၆၀ တွင် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ခံရကာ ၁၉၈၈ ဒီဇင်ဘာ ၂၇ရက်တွင် ကွယ်လွန်ခဲ့သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မက်ဆီဟာ ထာဝရ အကောင်းဆုံး ကစားသမားပါ။ (ဂျွန်တယ်ရီ)



မက်ဆီဟာ ထာဝရ အကောင်းဆုံး ကစားသမားပါ။ (ဂျွန်တယ်ရီ)
မက်ဆီဟာ ထာဝရ အကောင်းဆုံး ကစားသမားပါ။ (ဂျွန်တယ်ရီ)
ချယ်ဆီးအသင်းခေါင်းဆောင် ဂျွန်တယ်ရီသည် ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံး ကစားသမားတစ်ယောက်နှင့် ရင်ဆိုင်ခွင့် ရတော့မည်ဖြစ်ကြောင်း ဝန်ခံပြောကြားလိုက်သည်။ တယ်ရီခေါင်းဆောင်သည့် ချယ်ဆီးအသင်းဟာ ဘာစီလိုနာအသင်နှင့် ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲအဖြစ် နှစ်ကျော့ ယှဉ်ပြိုင်ကစားရတော့မည် ဖြစ်ပြီး ဘာစီလိုနာ ကြယ်ပွင့် လိုင်ယွန်နယ် မက်ဆီဟာ တယ်ရီ၏ မိသားစုအတွင်းမှာ စိတ်ကြိုက်ကစားသမား တစ်ဦး ဖြစ်ပြီး အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်မှူးဟာ အကောင်းဆုံး ကစားသမား တစ်ဦးဖြစ်ကြောင်း တယ်ရီက ချီးကျူးလိုက်ခြင်း ဖြစ်သည်။

တယ်ရီက "ကျနော့် ကလေးတွေကတော့ မက်ဆီကို ချစ်ကြပါတယ်။ အကောင်းဆုံး တစ်ယောက်နဲ့ ရင်ဆိုင် ယှဉ်ပြိုင်ခွင့် ရမယ်ဆိုတော့ ဒါကျေနပ်စရာပါပဲ။ ကျနော့်အတွက်တော့ မက်ဆီဟာ ထာဝရ အကောင်းဆုံး ကစားသမား တစ်ယောက်ဆိုတာ သေချာပါတယ်။ သူဟာ ကြီးကျယ်တဲ့ ပုဂ္ဂလိက အနေအထားတွေ ရှိသလို အားကစားလောကအတွက်လည်း ဂုဏ်ပြုထိုက်တဲ့ လူတစ်ယောက်ပါ။ မက်ဆီ့မှာ အားလုံး ပြည့်စုံနေပါတယ်။ သူဟာ အံ့ဖွယ် တစ်ယောက်ပါပဲ။" ဟု ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲမှာ ရင်ဆိုင်ရမည့် မက်ဆီအပေါ် ချီးကျူး ပြောဆိုသွားခဲ့သည်။

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဘိုင်ယန်နှင့် ဆီမီးဆိုင်နယ်ပွဲမတိုင်မှီ ရော်နယ်ဒို၏ဖိနပ်ခိုးယူခံခဲ့ရခြင်း


ဘိုင်ယန်နှင့် ဆီမီးဆိုင်နယ်ပွဲမတိုင်မှီ ရော်နယ်ဒို၏ဖိနပ်ခိုးယူခံခဲ့ရခြင်း
ဘိုင်ယန်နှင့် ဆီမီးဆိုင်နယ်ပွဲမတိုင်မှီ ရော်နယ်ဒို၏ဖိနပ်ခိုးယူခံခဲ့ရခြင်း
ဘိုင်ယန်နှင့်ပွဲမတိုင်မှီ ရော်နယ်ဒို၏ ဂျာစီ ၊ ဖိနပ်သာမက ဘင်ဇီမာ၏ ဂျာစီနှင့် အိုဇေးတို့၏ ဂျာစီများပါ ခိုးယူရန် ပစ်မှတ်ထားခံ ခဲ့ရကြောင်းသိရသည်။

ဒီကစားသမား(၃) ယောက်ဟာ ပွဲမကစားမှီ ဂျာစီနှင့်ဖိနပ်တို့ကို ကြိုတင်ပြင်ဆင်ထားသော်လည်း ပွဲမတိုင်မှီ ခိုးယူခံရခြင်းဖြစ်သည်ဟုဆိုသည်။ 

မာကာသတင်းစာအဆိုအရ ဖိနပ်ခြောက်စုံနှင့် ဂျာစီအင်္ကျီအချို့ ရီးရဲမက်ဒရစ် အ၀တ်လဲခန်းမှခိုးယူခံရခြင်းဖြစ်ပြီး အ၀တ်လဲခန်းရှိရာ ဘိုင်ယန်ကွင်းတွင် cctv ကင်မရာများလည်းတပ်ဆင်ထားပြီး မည်သို့ခိုးယူသည်ကို မသိရှိသေးကြောင်း ဖော်ပြခဲ့ကြသည်။

ရော်နယ်ဒိုရဲ့ ဖိနပ် ၃စုံခိုးယူခံခဲ့ရသလို အိုဇေးနှင့်ဘင်ဇီမာတို့၏ ဖိနပ်များလည်းခိုးယူခံခဲ့ရကြောင်းသိရသည်။ ထိုပွဲစဉ်တွင် ရီးရဲသည် ဘိုင်ယန်ကို တိုက်စစ်မှူး ဂိုးမက်ဇ်၏နောက်ကျဂိုးဖြင့် ၂ - ၁ ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

" ရော်နယ်ဒိုရဲ့ ဖိနပ်တွေ အခိုးခံရတယ် ၊ ဘိုင်ယန်လိုအသင်းရဲ့ကွင်းမှာ ဖိနပ်ခိုးတာ ရှက်စရာပါ၊ ဘာနေဗျူးမှာတော့ ဒါမျိုးဘယ်တော့မှ ဖြစ်လာမှာမဟုတ်ပါဘူး "လို့ဘိုင်ယန်နှင့်ပွဲမတိုင်မှီပွဲကြို သတင်းစာရှင်းလင်းပွဲမှာမ်ာရင်ဟိုက ပြောကြားခဲ့သည်။

ရီးရဲက ဒီအဖြစ်အပျက်ကို uefa သို့တင်ပြထားသော်လည်း ဘိုင်ယန်အသင်းကမူ ဒီခိုးယူမှုနှင်ပတ်သတ်လို တစ်စုံတစ်ရာ
ဖြေရှင်းပေးခြင်း မရှိသေးပေ။

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed