![]()
ရော်နယ်ဒို၊ ဇီဒန်းတို့ ဦးဆောင်သည့် ကမ္ဘာကျော်အသင်းနှင့် ဟမ်းဘက်အောစတားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး ရန်ပုံငွေပွဲ (ဗွီဒီယိုဖိုင်)
ကုလသမ္မဂ္ဂ ဖွံ့ဖြိုးမှုစီမံကိန်း၏ ချစ်ကြည်ရေး သံတမန် များဖြစ်သော ဘရာဇီး ဂန္တ၀င် ရော်နယ်ဒိုနှင့် ပြင်သစ် ဂန္တ၀င် ဇီဒန်းတို့ ဦးဆောင် ကျင်းပခဲ့သည့် (၉) ကြိမ်မြောက် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး ရန်ပုံငွေ ဘောလုံးပွဲသို့ ကမ္ဘာ့နိုင်ငံ အသီးသီးမှ နာမည်ကျော် ကစားသမား ၃၀ ခန့် ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပွဲစဉ်အား ဟမ်းဘက်အားကစားကွင်းတွင် ဒီဇင်ဘာလ ၁၃ ရက်နေ့ ကျင်းပခဲ့ခြင်းဖြစ်ပြီး ရရှိလာသည့် ငွေကြေးအားလုံး၏ ၃ပုံ ၂ပုံကို အစာရေစာ ရှားပါးမှုပြဿနာဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည့် မြောက်ဘက်ဆုံး အာဖရိက နိုင်ငံများသို့ ကုလသမ္မဂ္ဂ၏ အစီအစဉ်ဖြင့် ပေးပို့လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။ ဖီဂို၊ ကန်နာဗာရို၊ နက်ဗက်နှင့် ဒရော့ဘာတို့ကဲ့သို့ ကမ္ဘာကျော် ဘေားလုံးသမားများ ပူးပေါင်းပါဝင်ခဲ့သည့် ရော်နယ်ဒိုနှင့် ဇီဒန်းတို့ ဦးဆောင်သည့် အသင်းသည် ဟမ်းဘက်အောစတား အသင်းဖြင့် ယှဉ်ပြိုင် ကစားခဲ့ခြင်း ဖြစ်ပြီး အိမ်ရှင် ဟမ်းဘက်အောစတား အသင်းအား ၅-၄ ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး ရန်ပုံငွေပွဲသို့ ပရိသတ်ပေါင်း ၂ သောင်း ၄ ထောင်ကျော် ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ ပွဲအား ဦးဆောင်ခဲ့သူ ရော်နယ်ဒိုက "နှစ်စဉ်နှစ်တိုင်း ကျွန်တော်တို့ ရည်ရွယ်ချက်တစ်ခုအတွက် တွေ့ဆုံလေ့ ရှိပါတယ်၊ ဒီနှစ်မှာတော့ အာဖရိကအတွက် ရည်ရွယ်ပြီး ကျွန်တော်တို့ တွေ့ဆုံ ကစားခဲ့ကြပါတယ်။" "ပြီးတော့ ဒီလို အရေးကြီးတဲ့ သတင်းစကားမျိုးကို ကမ္ဘာ့တစ်ဝှမ်းလုံးကို ပေးပို့နိုင်မှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ပျော်ရွှင်ကျေနပ်ပါတယ်၊ ဘာကြောင့်လဲဆိုရင် ဒါမှ ကျွန်တော်တို့ ဆက်လက်ပြီး ကူညီထောက်ပံ့ပေးသွားနိုင်မှာ ဖြစ်ပါတယ်။" ဟုပြောကြားခဲ့သည်။ ဆင်းရဲဒုက္ခပြဿနာများဖြင့် ရင်ဆိုင်နေရသည့် အများပြည်သူအတွက် လုပ်ရှားမှုများသည် ပိုမိုအင်အားကောင်းလာခဲ့ခြင်းအပေါ် ရော်နယ်ဒိုနှင့် ဇီဒန်းတို့က ပျော်ရွှင်ကျေနပ်နေကြသည်။ "ဒီသတင်းစကားဟာ ကမ္ဘာတစ်ဝှမ်းလုံးကို ပျံ့နှံ့သွားမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီလိုမွန်မြတ်တဲ့ ပွဲမျိုးကို အများပြည်သူတွေ လာရောက်အားပေးကြတာကို မြင်သိရတာ အရမ်းကို စိတ်ဝင်စားဖို့ ကောင်းပါတယ်၊ သူတို့ ဒီကိုလာခဲ့တာ ပွဲကြီးပွဲကောင်း ကြည့်ရှုအားပေးဖို့ မဟုတ်ပါဘူး၊ ဒါပေမယ့် ဘာကြောင့် သူတို့ ဒီကို လာရောက် အားပေးကြတယ်ဆိုတာ သူတို့ သိကြပါတယ်။ ဒါဟာ အရေးကြီးဆုံး အချက်ဖြစ်ပါတယ်။ ဒီနေ့ ထပ်ပြီး သတင်းစကားပေးလိုပါတယ်၊ အဲဒါကတော့ နေရာတိုင်းမှာ ဆင်းရဲဒုက္ခတွေနဲ့ ရင်ဆိုင်နေရပါတယ်၊ ဒီအချက်ကြောင့်ပဲ ကျွန်တော်တို့ ဒီနေရာကို ဦးဆောင်ဦးရွက်ပြုပြီး ရောက်ရှိလာတာဖြစ်ပါတယ်၊ နောက်ပြီး လူတွေကို ပိုမိုတက်ကြွ နိုးကြားလာအောင် ဆောင်ရွက်ချင်လို့ ဖြစ်ပါတယ်။" ဟု အဆိုပါ ပွဲစဉ်အား ဦးဆောင်ခဲ့သူ ဇီဒန်းက ပြောကြားသွားခဲ့သည်။ ![]() အားကြိုးမန်တက် ကစားနေကြသည့် ဂန္တ၀င်နှစ်ဦး ![]() ဟမ်းဘက် အောစတားအသင်းအား ဂိုးသွင်းယူရန် ကြိုးစားနေသည့် ရော်နယ်ဒို ![]() ဟမ်းဘက်နောက်တန်းက မွှေနှောက်နေသည့် ဇီဒန်း ![]() ဆန်ဂါဒိုလည်း ပါဝင်ဆင်နွဲခဲ့ ![]() တစ်ချိန်က လိမ္မော်ရောင်တပ်သားကြီး အဂ္ဂါဒေးဗစ် ![]() ဒရော့ဘာ၏ ဖန်တီးမှုမှ ဂိုးသွင်းအပြီး အောင်ပွဲခံနေသည့် ရော်နယ်ဒိုနှင့် ဒရော့ဘာ |
ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com