BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Saturday, May 18, 2013

ခွေခေါက်၍ သိမ်ဆည်းထားနိုင်သော နိုကီယာ စမတ်ဖုန်း


လွန်ခဲ့တဲ့ နှစ်နှစ်ကတည်း Nokia မှ Concept အနေနဲ့ ဒီဇိုင်းပြပွဲမှာ ထုတ်ဖော်ပြသခဲ့ဖူးတဲ့ ဖုန်း ဖြစ်ပါတယ်။
UK ကိန်းဘရိတ်ခ်ျတက္ကသိုလ် နဲ့ Nokia နည်းပညာ သုတေသန ဌာန နှစ်ခု ပူေးပါင်းပြီး ဖန်တီးတဲ့ ဖုန်း ဖြစ်ပါတယ်။ နာနိုနည်းပညာကို အဓိက အသုံးပြုပြီး ရာဘာလို ခွေခေါက်ထားနိုင်မယ့် စမတ်ဖုန်း ဖြစ်ပါတယ်။ ဒီထွက် အဓိကလိုအပ်တာက အဆင့်မြင့် နာနိုနည်းပညာ ဖြစ်ပြီး အသုံးပြုမယ့် သတ္တုကလည်း ထည့်စဉ်းစားစရာ တစ်ချက် ဖြစ်ပါတယ်။ Flexible Material က လက်ရှိမှာ လွယ်လွယ်ကူကူ မရနိုင်ပါဘူး။ အထူးသဖြင့် Nano tech ပုံလောင်းသွင်းနိုင်လောက်အောင် ပျော့ပြောင်း အကြမ်းခံမယ့် သတ္တုဆိုတာ ဈေးကြီးကြီးပေးဝယ်ရတယ်ဆိုပါတယ်။
သို့ပေမယ့် အနာဂတ်မှာ ဈေးပေါပေါနဲ့ ရောင်းချဖို့ Nokia က ကြိုးစားနေ တယ် ဆိုပါတယ်။ အနည်းဆုံး ၇ နှစ်လောက်ကတော့ အာမခံနဲ့ အသုံးပြုနိုင် လောက်အောင် အကြမ်းလဲ ခံမှာ ဖြစ်ပါတယ်။ ထိခိုက် ပျက်ဆီးမှာ စိတ်မပူရ ပါဘူး။ ရေထဲကျရင်တောင် ပျက်ဆီးစရာ Hardware မရှိဘူးလို့ ဆိုပါတယ်။
အမှန်တော့ ယခုလို ပျော့ပျော့ပျောင်းပျောင်း Smart Gadget များကို နည်းပညာ ကုမ္မဏီတော်တော်များများက  ကြိုးပမ်းနေပြီ ဖြစ်ပါတယ်။ ဥပမာ- Samsung တို့မှာလည်း အစမ်းတီထွင်ထားတဲ့ Flexible smart phone များ ရှိပါတယ်။ Nokia ကုမ္မဏီကတော့ ၂၀၀၇ ခုနှစ်ကစပြီး ကိန်းဘရိတ်ခ်ျ တက္ကသိုလ်နဲ့ ပူးပေါင်းဖန်တီးနေတာ ဖြစ်ပါတယ်။
Nokia ရဲ့ ခန့်မှန်းချက်အရဆိုရင် နောက် ၁၀ နှစ်အတွင်း ထုတ်လုပ်ဖြစ်လာ မယ့် ဖုန်းလို့ သိရပါတယ်။ 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ကမ္ဘာအသက်အကြီးဆုံး မှတ်တမ်းတင်ခံခဲ့ရသူထက် အသက်ကြီးသူ ကလေးမြို့တွင်တွေ့


ကမ္ဘာ့ အသက် အကြီးဆုံး အဖြစ် ဂင်းနစ် စံတော် ချိန်တွင် မှတ်တမ်းတင် ခံခဲ့ရသော ဂျပန် အမျိုးသား Jiroman Kimura ထက် အသက် ပိုကြီးသော အမျိုးသမီး တစ်ဦး မြန်မာနိုင်ငံ ကလေးမြို့တွင် တွေ့ရကြောင်း ချင်းဘာသာ စာပေဖြင့် ဒေသတွင်း ထုတ်ဝေသော the chin times journal အတွဲ အမှတ် (၂၃)တွင် ဖော်ပြချက် အရ သိရသည်။
အဆိုပါ ကမ္ဘာ့ အသက်အကြီးဆုံး လူသား အဖြစ် ဂင်းနစ် မှတ်တမ်း တင်ခံခဲ့ရသော ဂျပန် အမျိုးသားကြီးသည် ၁၈၉၇ခုနှစ်တွင် မွေးဖွား ခဲ့ပြီး အသက်မှာ (၁၁၆) နှစ်ရှိပြီး ဖြစ်ကြောင်း BBC သတင်းဌာနက ဖော်ပြခဲ့သည်။ ကမ္ဘာ့ အသက် အကြီးဆုံး အဖြစ် ဂင်းနစ် စံချိန်ချိုးခဲ့သော ဂျပန် အမျိုးသား ကြီးထက် ယခုအခါ အသက်ပို ကြီးသော အမျိုးသမီး တစ်ဦး မြန်မာနိုင်ငံတွင် ပေါ်ထွက် လာခဲ့ပြီး ဖြစ်သည်။
ကမ္ဘာ့အသက် အကြီးဆုံး စံချိန်တင် ခဲ့သော ဂျပန်အမျိုးသား ကြီးအထက် အသက်ပို ကြီးသော သူမှာ အမျိုးသမီးကြီး တစ်ဦးဖြစ်ပြီး ယခုလက်ရှိ စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့ စမ်းမြို့(၁)ရပ်ကွက်တွင် နေထိုင် လျှက်ရှိသည်။ သူမ၏ နာမည်မှာ Hme Thluai ဖြစ်ပြီး ချင်းအမျိုးသမီး တိုင်းရင်း သူတစ်ဦး ဖြစ်သည်။ သူမ၏ မွေးသက္ကရာဇ်မှာ ၁၈၉၅ ခုနှစ်ဖြစ်သဖြင့် ယခုအခါ အသက် (၁၁၈) နှစ်ရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ကလေးမြို့ လ၀ကဌာနမှ အထောက်အထား ခိုင်လုံစွာဖြင့် အတည်ပြုချက် ပေးထားပြီ ဖြစ်သည်။ 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မြန်မာသံရုံးကို ဗုံးခွဲရန် ကြံစည်သူ ၇ ဦးကို ပစ်သတ်ခဲ့ပြီး ၁၃ ဦးကိုဖမ်းဆီး


အင်ဒိုနီးရှားတွင် မြန်မာ သံရုံးကို ဗုံးခွဲရန် ကြံစည် ခဲ့သည့် အစ္စလာမ္မစ် စစ်သွေးကြွ များကို ရဲတပ်ဖွဲ့က ပစ်ခတ် ဖမ်းစီး ခဲ့သည်ဟု ထုတ်ဖော် ပြောကြား ခဲ့သည်။ ယင်းစစ်သွေးကြွ များသည် အကြမ်းဖက် လုပ်ရပ်များ အတွက် ရန်ပုံငွေ ရရှိရန် ဘဏ်များကို ဓားပြ တိုက်ခဲ့ပြီး၊ ဖောက်ထွင်း ခိုးယူမှု များလည်း ပြုလုပ် ခဲ့သည်ဟု စုံစမ်း စစ်ဆေးရေး အရာရှိ များကလည်း ဆိုသည်။ မကြာမီက မြန်မာ သံရုံးကို ဗုံးခွဲရန် ကြံစည် သူများနှင့် ဆက်နွယ်သည့် အဖွဲ့ကို အကြမ်းဖက်မှု နှိမ်းနင်းရေး အဖွဲ့က လိုက်လံရှာဖွေ ပစ်ခတ်ကြခြင်းပင် ဖြစ်သည်။
အဆိုပါ စစ်သွေးကြွ များသည် လုယက်မှုများ ပြုလုပ်ရန်လည်း စီစဉ်ခဲ့ကြောင်း ရဲချုပ်က သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ဖော် ခဲ့သည်။ ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့သော သူများသည် လက်နက်ချ အဖမ်းခံရန် ငြင်းဆိုခဲ့ပြီး အိမ်တွင်းဖြစ် လက်နက်ပုံးများနှင့် သေနတ် များဖြင့် ရဲများကို ပြန်လည် ပစ်ခတ် တိုက်ခိုက် သည်ဟု သိရသည်။
ယင်းသို့ ပစ်ခတ် ခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်များ ဘက်မှ ဒဏ်ရာ အနာတရ ရရှိခြင်း မရှိဟု သိရသည်။ အနောက် ဂျားဗား ကျေးရွာ ဆီပါစင်း၌ ဖမ်းဆီး ရမိခဲ့သည့် လက်နက် ထုတ်လုပ်သူ တစ်ဦးထံမှ သတင်း ရရှိခဲ၍ ကျန်အမှု တွဲများကိုလည်း ကွင်းဆက် အနေဖြင့် ဖော်ထုတ်နိုင်ခဲ့ ခြင်းဖြစ်သည်။ အကြမ်းဖက် သူများကို လိုက်လံရှာဖွေ ဖမ်းဆီးခဲ့ရာ ပိုဆိုဒေသတွင် စစ်သွေးကြွ ၇ နှစ်ဦး အသေပစ်သတ် ခဲ့ပြီး ၁၃ ဦးကို အရှင်ဖမ်းစီး ခဲ့သည်။
ပိုဆို ဒေသသည် ၁၉၉၈ ခုနှစ်မှ ၂၀၀၂ ခုနှစ်အတွင်း မူဆလင်-ခရစ်ယာန် ပဋိပက္ခ ကြောင့် လူ ၁၀၀၀ ကျော် သေဆုံးခဲ့ရာ ဒေသလည်း ဖြစ်သည်။ ယခု ရက်ပိုင်းမှာပင် အစ္စလာမ္မစ် အစွန်း ရောက်များက အစ္စလာမ် မဟုတ် သူများကို နှိပ်ကွက်သည့် အစ္စလာမ္မစ် ဦးစားပေးရေး ဥပဒေကို တောင်းဆိုခဲ့ပြီး အဓိကရုဏ်း များဖြစ်အောင် ဖန်တီး ခဲ့သောကြောင့် အကြမ်းဖက် နှိမ်နှင်းရေး အဖွဲ့များက စစ်သွေကြွ ၁၀၀ ခန့်ကို ပစ်ခတ်ခဲ့ပြီး ဒါဇင်ပေါင်း များစွာ ဖမ်းစီး ခဲ့သည်။ 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed