လျှပ်စစ် ထုတ်လုပ်တဲ့ လေရဟတ် တာဘိုင်တွေ တွင်ကျယ် လာတာ နှစ်ပေါင်း ၃၀ ခန့် ရှိပြီ။ ၁၉၇၀ ပြည့်နှစ် ဝန်းကျင်မှာ ရေနံ ဈေးနှုန်းတွေ ခေါင်ခိုက် လာတာကြောင့် စက်မှု လုပ်ငန်း လိုအပ်ချက်ဖြစ်တဲ့ စွမ်းအင်ပြဿနာ ကို ဖြေရှင်း ခဲ့တာပဲ။ ဒါပေမဲ့ ရာသီဥတု ကောင်းတဲ့ နေရာတွေမှာ တောင်မှ အဲဒီခေတ် လေရဟတ်တွေက အပြည့် အဝ စွမ်းဆောင် မပေးနိုင်ဘူး။ ဒလက်ပြား တည်ဆောက်ပုံ စနစ်ကို တီထွင် ဆန်းသစ်ဖို့ လိုအပ်ကြောင်း တွေ့ရှိ လာတယ်။ မကြာမီ နှစ်အနည်းငယ် အတွင်း နည်းပညာ အဆင့်မြင့် အသုံးပြု ပေမယ့် စိန်ခေါ်မှုတွေ ကျန်ရှိနေ သေးတယ်။ လေဒလက်တွေကို ဝင်တိုက်မိလို့ ငှက်တွေ သေဆုံးရတာကလည်း ပြဿနာတစ်ခု ဖြစ်နေတယ်။ လေရဟတ် တာဘိုင်တွေကို ပိုပြီး ကြီးမားစွာ တည်ဆောက် လာခြင်းကြောင့် လျှပ်စစ်စွမ်းအင် ထုတ်လုပ်နိုင်စွမ်း တိုးမြှင့် လာတယ်။ ဒင်းနစ်ရှ် လေရဟတ် ထုတ်လုပ်ရေး ကုမ္ပဏီ ဗက်စတာက လွန်ခဲ့တဲ့ ၁၅ နှစ်က ထုတ်လုပ်တဲ့ တာဘိုင်ထက် အဆပေါင်း ၃၀ဝ ပိုမို ထုတ်လုပ်ပေးနိုင်တဲ့ တာဘိုင်ကို တည်ဆောက်ခဲ့တယ်။ ဒါပေမဲ့ လေရဟတ် နည်းပညာဟာ မော်တော်ယာဉ် တည်ဆောက်ရေး နည်းပညာထက် နှစ်ပေါင်း ၁၀ဝ နောက်ကျ ကျန်ရစ်နေ သေး ကြောင်း ပညာရှင်တွေက တင်ပြခဲ့တယ်။ ဒါကြောင့် လေရဟတ် တာဘိုင်တွေကို ပိုပြီး မြင့်မား လာတာကြောင့် လေကြောင်းကို တည်ငြိမ်စွာ အသုံးပြုနိုင်တဲ့ အပြင် ပိုပြီး လျင်မြန်စွာ ထုတ်လုပ်ပေးနိုင်တယ်။
လေရဟတ် ဒလက်ကြီးတွေ နေရာယူတဲ့ ဧရိယာလည်း ပိုပြီး ကျယ်ပြန့်လာတယ်။ ဂျာမန် ကုမ္ပဏီ အင်နာကွန်မှ တည်ဆောက်တဲ့ ကမ်းလွန် အခြေစိုက် လေရဟတ် ကြီးက ၇ .၅ မဂ္ဂါဝပ် ထုတ်ပေးနိုင်တာကြောင့် ဥရောပတိုက်ရဲ့ အကြီးမားဆုံး လေရဟတ် တာဘိုင်ကြီးဖြစ်ကြောင်း ဥရောပ လေစွမ်းအင် ထုတ်လုပ်ရေး အေဂျင်စီမှ ထုတ်ဖော် ကြေညာခဲ့တယ်။ ဒီလေရဟတ်ကြီးက ၁၃၅ မီတာ (သို့မဟုတ်) ၄၄၀ ပေမြင့်ပြီး လေရဟတ်ဒလက် ၃ လက်ကြီးက အချင်း ၁၂၇ မီတာ ကျယ်ပြန့်စွာ နေရာယူထားတယ်။ ဒီလေရဟတ်ကြီးရဲ့ အမြင့်က ၁၀၂ ထပ်ရှိ Empire State အဆောက်အဦကြီးရဲ့ ၃ ပုံ ၁ ပုံမျှ မြင့်မားတယ်။ အမေရိကန်မှာရှိတဲ့ အင်နာကွန် ကုမ္ပဏီထုတ် လေရဟတ် တာဘိုင် အငယ်စား တွေကတော့ ပျမ်းမျှ ၁ .၇၇ မဂ္ဂါဝပ် ထုတ်လုပ်ပေးတယ်။ သယ်ယူပို့ဆောင်ခနဲ့ တပ်ဆင် ခတွေကို လျှော့ချဖို့အတွက် ပိုပြီးကြီးမားတဲ့ လေရဟတ် တာဘိုင်တွေကို ဝယ်ယူလာကြတယ်။
ဒါပေမဲ့ ကုန်းတွင်းပိုင်းမှာ တည်ဆောက်တဲ့ လေရဟတ် တွေကိုတော့ ပိုပြီးကြီးမားတဲ့ လေရဟတ်တွေနဲ့ အစားထိုး နိုင်ခြင်း မရှိဘူး။ သယ်ယူပို့ဆောင်ရေး လုပ်ငန်းဆိုင်ရာ အခက်အခဲ တွေရှိတယ်။ မီတာ ၁၀ဝ (၃၂၈ ပေ) ဖြစ်တဲ့ လေရဟတ် တာဘိုင်ကို သင်္ဘော နဲ့သယ်ယူဖို့ မလွယ်ကူဘူး။ ထရပ်ကားတွေနဲ့ သယ်ဆောင် ရင်လည်း အခက် အခဲ တွေရှိတယ်။ တာဘိုင်တိုင်နဲ့ လေဒ လက်တွေကို အစိတ်အပိုင်း ခွဲခြားသယ်ဆောင်ပြီးပြန်လည် တပ်ဆင် မှပဲ အဆင်ပြေတယ်။ ကမ်းလွန် လေရဟတ်တာ ဘိုင်တည် ဆောက်ရေးကတော့ လမ်းနဲ့ တံတား အဟန့်အတား မှကင်းလွတ်တယ်။ ဒါကြောင့် ကုန်းတွင်းပိုင်း လေရဟတ်တာ ဘိုင်တွေထက် ဖွံ့ဖြိုးတိုးတက် မှုနှုန်း လျင်မြန်စွာ အသုံးပြု နိုင်တယ်။
မကြာမီက အချင်း ၁၆၄ မီတာ နေရာယူမယ့် လေ ဒလက် ၃ ခု တပ်ဆင်ထားပြီး ၇ မဂ္ဂါဝပ် ထုတ်လုပ်ပေးမယ့် ကမ်းလွန် လေရဟတ်တာဘိုင် ထုတ်လုပ်ရေး စီမံကိန်းကို ဗက်စတာက ထုတ်ဖော် ကြေညာခဲ့တယ်။ အချင်း ၁၂၀ မီတာကျော်နေရာ ယူမယ့် လေဒလက်တွေ တပ်ဆင်ထားပြီး ၂၀ မဂ္ဂါဝပ် ထုတ်လုပ်မယ့် လေရ ဟတ်တာဘိုင် ထုတ်လုပ်ရေးကို ဥရောပကော်မရှင်ရဲ့ ပံ့ပိုးမှုဖြင့် ပြင်ဆင်နေ ပြီလို့ဆိုတယ်။ ဒါပေမဲ့ လေရဟတ် တာဘိုင် အရွယ်ပမာဏ လေရဟတ်တာ ဘိုင်နည်းပညာတိုးတက်ဖွံ့ဖြိုးရေးအတွက် တစ်ခုတည်းသော နည်းလမ်း မဟုတ်ဘူး။ လေရဟတ် တာဘိုင် တည်ဆောက်ရေးဆိုင်ရာ သုတေသနလုပ် ငန်းနဲ့ တိုးတက်ဖွံ့ဖြိုးရေး လုပ်ငန်း တွေက လေရဟတ် တာဘိုင်ကို လေကြောင်းသင့်အောင် တည်ဆောက်ရေးနဲ့ လေတိုက်နှုန်းကို ထိန်းချုပ်စေစား နိုင်ရေးတို့အတွက် လေဒလက် တပ်ဆင်ရေးနည်းပညာကို အဆင့်မြင့်ဖန်တီး နိုင်စွမ်း မြင့်မားလာတယ်။
လေဆာ ရောင်ခြည် အသုံးပြု နည်းပညာဖြင့် လေရဟတ် တည်ဆောက်နိုင်စွမ်းကို မြှင့်တင်ခဲ့တယ်။ လေရဟတ် တာဘိုင်တည် ဆောက်ရေး သုတေသနလုပ်ငန်းနဲ့ တိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းတွေဟာ ခေတ်သစ် လေစွမ်းအင် ထုတ်လုပ်ရေး လုပ်ငန်းတွေ ကြီးထွားနေတဲ့ ဥရောပ တိုက်မှာ အထင်ကရ ဖြစ်ထွန်းလာတယ်။ လေရဟတ်တာဘိုင် တည်ဆောက် မယ့် နေရာရွေးချယ်မှုမှာ လေတိုက်နှုန်း ကောင်းမှုအပေါ်မှာပဲ အခြေခံခြင်း မပြုကြောင်းနဲ့ ကုန်ကျစရိတ် နည်းပါးအောင် တီထွင်ဆန်းသစ်ရေး အပေါ် မှာလည်း အလေးထားနေကြောင်း တွေ့ရှိရတယ်။ လေစွမ်းအားဆိုတာက လေရဟတ် တာဘိုင်တွေကို အသုံးပြုပြီး လေစွမ်းအင်မှ လျှပ်စစ်စွမ်းအင် အမြင်ပြောင်း လဲခြင်း နှင့် ပတ်သက်တယ်။ လေရဟတ်တာဘိုင်မှ ဒလက် ၃ ခုတပ်ဆင်ထားတယ်။ လေရဟတ်တိုင် ထိပ်မှ ဒလက် တွေဟာ လေအားကြောင့် လည်ပတ်ပြီး အလုပ်လုပ်ပေး တယ်။ လေရဟတ် တိုင်တွေရဲ့ပျှမ်းမျှအမြင့်ဟာ မီတာ ၂၀ ရှိတယ်။ လေ တိုက်နှုန်းက မြေမျက်နှာပြင်မှ မြင့်လေ တိုက်နှုန်းအား ကောင်းလေပဲ။ ဒါ ကြောင့် လေရဟတ် တိုင်တွေကို မြှင့်ထားကြတယ်။ လေထုသဘာဝ အပြောင်းအလဲကြောင့် လေတိုက်တာဖြစ်တယ်။
အပူချိန်နဲ့ ဖိအားအပြောင်း အလဲတွေကြောင့် ကမ္ဘာ့မျက်နှာပြင်တစ်လွှားမှ လေတွေရွေ့လျားနေတယ်။ နေမင်းကြီး ကလည်း ဒီအပြောင်းအလဲဖြစ်ပေါ်ရေးမှာ အဓိကကျတယ်။ လေစွမ်းအင်ဆိုတာ နေစွမ်းအင်ရဲ့ အလားတူ ပုံစံ တစ်မျိုးလို့ ဆိုနိုင်တယ်။ လေရဟတ်တာဘိုင်က လေကရယူပြီး ဒလက်တွေကိုလည်စေတယ်။ တာဘိုင် လှည့်ပတ် ခြင်းဟာ လျှပ်စစ်စွမ်းအင်ကိုပြောင်းလဲနိုင်တဲ့ အရွေ့စွမ်းအင်ပါပဲ။ Stator လို့ ခေါ်တဲ့ အထိုင်ဝိုင်ယာ ကြီးခွေကို ဖြတ်သန်းရွေ့လျားနေတဲ့ သံလိုက်တွေက လေစွမ်းအားကို လျှပ်စစ်အဖြစ် လှည့်ပြောင်းထုတ်လုပ်ပေး တယ်။ သံလိုက်တွေက Stator ကို ဖြတ်သွားတဲ့အခါမှာ AC လျှပ်စစ်ဓာတ်ကို ထုတ်လုပ်တယ်။ AC လျှပ်စစ် ဓာတ်ကို ဘက်ထရီထဲမှာ သိုလှောင်ထားနိုင် တဲ့ DC လျှပ်စစ်ဓာတ်အဖြစ် လှည့်ပြောင်းတယ်။ လေအားက အနာဂတ် အတွက် ရေရှည် အသုံးပြုနိုင်တဲ့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ခြင်းကင်းပြီး သန့်ရှင်းတဲ့ စွမ်းအင်အရင်း အမြစ်ဖြစ်တယ်။ လေရဟတ်တစ်ခု တည်ဆောက် ပြီး အိမ်ထောင်စု တစ်ခုအတွက် လျှပ်စစ်စွမ်းအင်ကို အသုံးပြု နိုင်တာကြောင့် ကာဗွန်ဒိုင်အောက်ဆိုက် (သို့မဟုတ်) ရေဒီယိုသတ္တြွိကအန္တရာယ် (သို့မဟုတ်) ဓာတုအဆိပ်အတော် ကင်းစင်တယ်။ လှေ၊ သင်္ဘောနဲ့ ယာဉ်အမျိုးမျိုးပေါ်မှာ လေရဟတ်တာဘိုင်တွေကို တပ်ဆင်ထားနိုင်တယ်။ လေရဟတ် တာဘိုင် တည်ဆောက်ရေးဟာ တည် ဆောက်မယ့်ဒေသရှိ လေတိုက်နှုန်း အပေါ် မှီတည်နေတယ်။ ပျမ်းမျှလေ တိုက်နှုန်းရှိတဲ့ နေရာကို ရွေးချယ်ဖို့ လိုအပ်တယ်။
Power Predictor ကိရိယာကို အသုံးပြုပြီး လေတိုက်နှုန်းကို ချိန်ဆသိရှိနိုင်တယ်။ လေတိုက် နှုန်းတိုင်းတဲ့ Power Predictor က လေရဟတ်တည်ဆောက်မယ့်ဒေသရဲ့ နေစွမ်းအားနဲ့ လေစွမ်းအားတို့ကို တွက်ချက် ထုတ်ဖော် ပေး တယ်။ ကုန်ကျစရိတ်နည်းနည်း ဖြင့် တိုင်းတာသိရှိနိုင်တယ်။ လေရဟတ်တစ်ခု တည်ဆောက်ဖို့အတွက် အဲဒီ ဒေသရဲ့ လေတိုက်နှုန်းဟာ ၁ စက္ကန့် ၅ မီတာ (သို့မဟုတ်) ၁ နာရီ ၁၈ ကီလို မီတာအထက်ရှိနေရမယ်။ အဆောက် အဦတွေ နဲ့ဝေးရာအရပ်မှာ တည် ဆောက်ရမယ်။ လေရဟတ် ပတ်ဝန်းကျင် မှာ အဆောက်အဦ တွေရှိနေရင် လေတိုက်နှုန်းလျော့နည်းမှာပဲ။ လေနဲ့နေစွမ်းအား ၂ မျိုးစလုံး ရောစပ်ထုတ် ယူတဲ့စနစ်တွေ ထွန်းကားလာတယ်။ လေရဟတ် တာဘိုင်တည်ဆောက် ရေးဟာ ပျမ်းမျှလေတိုက်နှုန်းကို ရေရှည်ရရှိအောင် အရင်းအနှီးကြီးမားစွာ စိုက်ထုတ် တည်ဆောက်ရတဲ့ လုပ်ငန်းဖြစ်တယ်။ လက်တွေ့မှာတော့ လေစွမ်းအားက နေစွမ်းအား ထက်ပိုပြီး လိုအပ်တဲ့ စွမ်းအင်ကို ပိုမိုများပြားစွာ ဖန်တီးပေးနိုင်ကြောင်း တွေ့ရှိရတယ်။ မြန်မာ နိုင်ငံမှာတော့ လေရဟတ် အသုံးပြုမှု နည်းသေးတယ်လို့ ဆိုနိုင်တယ်။ လေရဟတ် အသုံးပြုနိုင်တဲ့ သဘာဝ အရင်းအမြစ်တွေ ကြွယ်ဝတာ တော့ အမှန်ပဲ။ တရုတ်နိုင်ငံမှာတော့ အမေရိကန် ကုမ္ပဏီတစ်ခုက တည်ဆောက်တဲ့ လေရဟတ် တာဘိုင်တွေ ထွက်ပေါ် လာနေပြီလို့ဆိုတယ်။
အမေရိကန် နိုင်ငံရှိ တက္ကဆက် ပြည်နယ်ကဲ့သို့သော ဒေသတွေမှာ တည်ဆောက်ထားတဲ့ လေရဟတ် တာဘိုင် တွေဟာ ဆိုးရွာတဲ့ ရာသီဥတု အမျိုးမျိုးကြားမှာ လျှပ်စစ် စွမ်းအင်တွေ ထုတ်လုပ်ပေးနေတယ်။ ယခင် လေရဟတ် တွေမှာ အဓိကတွေ့ရ တဲ့ ပြဿနာကတော့ လျှပ်စစ်ထုတ် ဂျင်နရေတာကို လည်ပတ်စေအောင် လေအားလှည့် ပတ် မှုနှုန်းကို မြှင့်တင်ပေးတဲ့ ဂီယာဘောက်စ် (Gearbox) တပ် ဆင်ထားခြင်းပဲ။ ဆိုင်းမဲန်စ်နဲ့ ဂျင်နရယ် လျှပ်စစ် ကဲ့သို့သော ကုမ္ပဏီတွေက ဂီ ယာဘောက်စ်နေရာမှာ တိုက်ရိုက် မောင်းနှင်ရေးနည်းပညာကို အစား ထိုးအသုံးပြု ကြတယ်။ ဗက်စတာ ရဲ့ ဂီယာဘောက်စ် တွေကတော့ အဆင်ပြေတာကြောင့် နည်းပညာ သစ်ကိုအစားထိုး သုံးခြင်းမရှိဘူး။ အနာဂတ်ရဲ့ လေရဟတ်တာ ဘိုင်တွေရဲ့ဒလက်တွေပေါ်မှာ တောင်ပံ ပြားလေးတွေ တပ်ဆင် လာဖွယ် ရှိတယ်။ အမေရိကန်ကုမ္ပဏီဖြစ်တဲ့ Clipper Windpower က ကရိန်း (သို့ မဟုတ်) ဝန်ချီစက် အသုံးပြု စရာမ လိုဘဲ လေရဟတ်တာဘိုင် တည်ဆောက်နိုင်တဲ့ နည်းလမ်းကို တီထွင် ခဲ့တယ်။ ဂီယာဘောက်စ်ထဲမှာ ချောဆီ စတဲ့ ဓာတ်ပစ္စည်းတွေကို စစ်ဆေးသိရှိစေမယ့် အာရုံခံကိရိ ယာတွေကိုလည်း တိုးမြှင့်တပ်ဆင် လာကြ တယ်။ အနာဂတ် ကာလ မှာ ဈေးအပေါဆုံး လေကို အသုံးပြုပြီး လျှပ်စစ် စွမ်းအင် ထုတ်ပေးတဲ့ လေရဟတ် တာဘိုင်တွေ ကမ္ဘာ အနှံ့မှာ ထွန်းကားလာမှာ မလွဲပေဘူး။
--