"နှလုံးသားမှာ အထာ ရှိတယ်"အထူးပြသ ပွဲကို တက်ရောက် လာတဲ့ ပူပူနွေးနွေး သမီးလေးရဲ့ ဖေဖေ ပြေတီဦး နဲ့ မေးဖြစ်ခဲ့ သမျှ-
"ကျွန်တော်အခု ဒါရိုက်တာကိုဇော်(အရုဏ်ဦး)၊ နဝရတ်၊ ချောရတနာတို့နဲ့ ဇာတ်ကားရိုက်နေပါပြီ။ အနုပညာ ပိုးကြီး လွန်းလို့ တောကနေမြို့တက်ပြီး အနုပညာအလုပ် တွေလုပ်တဲ့အကြောင်းလေးပါ"။ အိမ်ထောင်ကျပြီးမှ အူဝဲနဲ့ ကား တွေ ပိုထွက်တာလား "သူနဲ့တင်မဟုတ်ပါဘူး။ တခြား မင်းသမီးတွေနဲ့လည်း ထွက်ပါတယ်။ ဝတ်မှုံရွှေရည်၊ မိုးဟေကို၊ ဖွေးဖွေးတို့နဲ့လည်း ထွက်လာပါလိမ့်မယ်"။
သမီးမွေး လာတော့ ဖခင်ဇာတ်ကောင်တွေမှာ ပိုပြီးပီပြင်လာမလားလို့ မေးကြည့်တော့-
"ကျွန်တော့်အထင်တော့ မိခင်ဖခင်ဖြစ်တိုင်းလည်း သရုပ်ဆောင်မှာ ပိုကောင်းလာတယ်လို့တော့ မထင်ပါဘူး။ ဘယ်လို ပြောမလဲ တစ်ယောက်နဲ့တစ်ယောက် တူချင်မှတူတာလေ။ အရင်တုန်းကလည်း မိခင်ဖခင်ဇာတ် ရုပ်တွေမှာ အဲဒီစိတ် ထည့်ထားပြီးတော့ သရုပ်ဆောင်ဖြစ်ခဲ့ တယ်။ လူတစ်ယောက်မှာ အရည်အချင်းရှိသလောက်ပဲ သရုပ်ဆောင်မှုက ထွက်မှာပဲလေ။ မိဘနေရာရောက်လို့ မိဘဇာတ်ရုပ်တွေမှာ အိုက်တင်တွေပိုကောင်းလာတယ်လို့ တော့မထင်ဘူး" လို့ပြောလာတဲ့ကိုပြေတီဦးက "လောလော ဆယ်မှာတော့ သမီးလေးလိုအပ်တာတွေ ဖြည့်ဆည်းပြီးတော့ သူ ကျန်းကျန်း မာမာကြီးပြင်းဖို့ပဲ မျှော်လင့်ပါတယ်။ ကျန်တဲ့ ကိစ္စတွေကတော့ မစဉ်းစားသေးဘူး။ အချိန်တန်ရင်တော့ အကောင်းဆုံးဖြစ်အောင် စဉ်းစားပေးရမှာပဲလေ။ သူသွား ချင်တဲ့လမ်းကြောင်း၊ သူဖြစ်ချင်တဲ့ဆန္ဒတွေကို ဖြည့်ဆည်း ပေးဖို့ပါပဲ။ သမီးဦး၊ မြေးဦးလေးဆိုတော့ အဘိုးအဘွား တွေရဲ့အသည်းကျော်ပါပဲ။ အစ်ကို့ရဲ့အမေကလည်း နေ့တိုင်း နီးပါးလာတယ်။ အဲလို မြေးလေးဆီနေ့တိုင်းလာနေတော့ အဆင်ပြေတယ်။ ဟိုဘက်အဘွား၊ ဒီဘက်အဘွား မလုရ တော့ဘူးပေါ့။ သမီးလေးအတွက် နာမည်ရွေးပေးဖို့ အိမ်မှာ စစ်ဖြစ်နေကြတယ်"လို့ သမီးလေးနဲ့ပတ်သက်ပြီး ပြောပြ သွားတဲ့ပြေတီဦးကို ဇာတ်ရုပ်မကြိုက်ဘဲ ကိုယ်နဲ့လိုက်ရင် ရော ရွေးရိုက်လားလို့မေးကြည့်တော့ "မကြိုက်ဘဲနဲ့ ရိုက်တဲ့ ဇာတ်ကတော့ အခုနောက်ပိုင်း အရမ်းကိုနည်းသွားပါပြီ။ ကြိုက်လို့ရိုက်တဲ့ကားတွေကြီးပါပဲ။ ကျွန်တော်မကြိုက်လို့ မရိုက်ဖြစ်တဲ့ကားတွေ အများကြီးပါပဲ"လို့ပြောလာတဲ့ ပြေတီဦးကို အထူးပွဲတွေကြည့်နေတဲ့အခါမှာလည်း လိုအပ်ချက် တွေရှိနေသေးလားလို့မေးတော့- "ရှိတယ်တွေ့နေတုန်းပဲ အခုလည်း တွေ့သလို နောင်ထပ်(၁၀)နှစ်ကြာလည်းတွေ့ဦးမှာပဲ။ အနှစ်နှစ်ဆယ် ကြာလည်း တွေ့ဦးမှာပဲ၊ ဘယ်တော့မှ ပြည့်စုံတယ်ဆိုတာ ရှိလာမှာမဟုတ်ပါဘူး"လို့ပြောလာတဲ့ပြေကြီးကို ပြင်ဆင်မှု အားနည်းတာကြောင့်လားဆိုတော့ "အဲလိုတော့ မဟုတ်ပါဘူး။ ဘယ်လောက်ပဲကြိုးစားကြိုးစား ပြည့်တယ်ဆိုတာ မရှိပါဘူး။ ဘယ်သူမဆို လိုအပ်နေမှာပါပဲ"လို့ ပြောလာ တဲ့ ပြေတီဦးကို ကိုသားကြီးရဲ့ သရုပ်ဆောင်မှုတွေနဲ့ ဆင် တယ်လို့ပြောလာတဲ့အပေါ် ပရိသတ်ကို ဘာပြောချင်သေး လဲလို့မေးတော့ "ဘာမှမပြောချင်ပါဘူး။ ကျွန်တော့်ရဲ့ သရုပ်ဆောင်မှုအပေါ်မူတည်ပြီး ကြိုက်သလို ဆုံးဖြတ်လို့ရ ပါတယ်။ ပရိသတ်လက်ခံနေဖို့ပါပဲ။ ပရိသတ်က အားပေး တယ်၊ လက်ခံတယ်ဆို ကျေနပ်ပါတယ်၊ ပရိသတ်အတွက် အမြဲကြိုးစားနေပါတယ်"လို့ ပြောသွားခဲ့ပါ တယ်။
--









အေစီမီလန် အသင်း တိုက်စစ်မှူး ကာဆာနိုဟာ ရိုးမား အသင်း ကို(၂-၃)ဂိုးနဲ့ အနိုင် ရရှိခဲ့တဲ့ ပွဲစဉ် အပြီးမှာ လေဖြတ် သွားသလိုဖြစ်ပြီး အမြင် အာရုံ ဝေ၀ါး လာခြင်း၊ စကားပီသစွာ မပြောနိုင်ခြင်းစတဲ့ လက္ခဏာ တွေပြလာ တာကြောင့် မီလန်မြို့ Policlinico ဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
ဘာစီလိုနာ အသင်းရဲ့ အဓိက တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ရွေးချယ် ထုတ်ပြန်ခဲ့ တဲ့ ၂၀၁၁ ခုနှစ် ဖီဖာတစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု အတွက် ဆန်ခါတင် ကစားသမား ၂၃ ဦးစာရင်း မှာ ရွေးချယ်ခြင်း ခံလိုက်ရတာကြောင့် ဖီဖာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ၃ ကြိမ်ဆက် တိုက်ရရှိဖို့ တစ်ပြေး နေတယ်လို့သိရပါတယ်။ ဖီဖာကပေး အပ်ချီးမြှင့်မယ့် ကမ္ဘာ့အကောင်းဆုံး ကစားသမား ဆု (Ballon D'Or) ဆန်ခါ တင်စာရင်းမှာ အာဂျင်တီးနား တိုက်စစ် မှူးမက်ဆီနဲ့အတူ ဘာစီလိုနာအသင်း ဖော်၇ဦးတိတိ ရွေးချယ်ခံရပြီးပြိုင်ဘက် ရီးရဲလ်အသင်းကတော့ ကစားသမား ၅ ဦးပဲ ရွေးချယ်ခံခဲ့ရပါတယ်။
Rangoon Time