
အမိ၊ အဖ မရှိဘဲ လူသားဟူ၍ ဖြစ်ပေါ်မလာနိုင်ပါ။ အမိ၊ အဖတို့၏ သွေးသားဖြင့် တည်ဆောက်မှသာ သားဟူ၍လည်းကောင်း၊ သမီးဟူ၍လည်းကောင်း ပညတ်အပ်သော လူသားကို မွေးဖွားလာရ ပါသည်။ အမိ၊ အဖတို့၏ မေတ္တာရင်ခွင်ဝယ် ``ဖ၀ါးလက်နှစ်လုံး၊ ပခုံးလက်နှစ်သစ်´´ လူဖြစ်ရသော ကျွန်တော်တို့အဖို့ မိဘတို့၏ ကျေးဇူးတရားကား ပေးဆပ်၍ မကုန်နိုင်အောင် ကြီးမားလှ ပါပေ၏။ ငယ်စဉ်တောင်ကျေးမှ လူလားမြောက်သည်အထိ ကျွန်တော်တို့အပေါ် ကျွေးမွေးသုတ်သင် ပြုစု စောင့်ရှောက်ခဲ့ကြသော မိဘတို့၏ ဂုဏ်ကျေးဇူးကား အနန္တအဆုံးအစမရှိချေတော့ပြီတကား။
ကျေးဇူးဆိုသည်မှာ ``မိမိအပေါ် တစ်စုံတစ်ခုသော အတိုင်းအတာဖြင့် အကျိုးရှိစေအောင် ဖေးမကူညီဆောင်ရွက်ပေးခြင်းဖြင့် ရရှိအပ်သော ကောင်းကျိုးခံစားရခြင်းပင် ဖြစ်ပါသည်။´´ မိဘတို့ သည်ကား ကျွန်တော်တို့ သားသမီးအပေါ် ကောင်းကျိုးလိုလားသူများသာ ဖြစ်ပါပေသည်။ ဘယ်မိဘ ကမျှ သားသမီးတို့အပေါ် ၀န်တိုသောစိတ်ဖြင့်မွေးမြူခြင်းမပြုခဲ့သည်မှာ ထင်ရှားလှပါသည်။ မိမိ ရင်ဝယ် စွဲလာကပ်ညိ ပဋိသန္ဓေတည်နေသည်မှစ၍ ပူ၊ ငန်၊ စပ်၊ ခါး ရှောင်ရှားကာ ဒုက္ခမျိုးစုံခံစားပြီး မွေးမြူစောင့်ရှောက်ခဲ့ရပါသည်။
အဖမှာလည်း မိမိသွေးစစ်သားသမီးရင်နှစ်ကို အောင်မြင်ကြီးထွား မွေးဖွားနိုင်ရေးအတွက် ကြောင့်ကြလုံ့လ စိုက်ထုတ်ခဲ့ရပါသည်။ မွေးလာမည့် သားလေလား၊ သမီး လေလား မသိရသေးသည့် ရင်သွေးအတွက် မကြောင့်ကြရအောင် ဥစ္စာစီးပွား ကြိုးစားရှာဖွေခဲ့ ရပါသည်။ မွေးဖို့စရိတ်၊ ကျွေးဖို့စရိတ်၊ စောင့်ရှောက်ဖို့စရိတ် စသည်ဖြင့် ထွေပြားလှပါသည်။ ဖ၀ါးလက်နှစ်လုံးမှသည် လူလားမြောက်သည်အထိဆိုလျှင် မည်မျှတာဝန်ယူ ပြုစုလုပ်ကျွေးခဲ့ ရသည်ကို စာဖြင့် ဖော်ပြနိုင်စွမ်းပင် မရှိတော့ပါ။
ထို့ကြောင့်ပင် နှစ်ဦးသော ပုဂ္ဂိုလ်ဖြစ်သည့် အမိ၊ အဖတို့၏ ကျေးဇူးကို အလွယ်တကူဆပ်၍ မကုန်နိုင်´´ဟူ၍ ဟောညွှန်ပြသဆုံးမခဲ့သည်ကို သိမှတ်ခဲ့ရပါသည်။ ``လက်ဦးဆရာ၊ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ၊ မိနှင်ဖ´´ဆိုသည့်အတိုင်း သား၊ သမီးတို့အား
ွ ကလေးဘ၀ကပင် ဆုံးမသွန်သင် လူကောင်းလူမွန်ဖြစ်အောင် ပြုစုခဲ့ကြရပါသည်။ ကျောင်းထားရမည့် အရွယ်ရောက် လျှင်ပင် မူကြိုမှသည် တက္ကသိုလ် ပညာတတ်ကြီးဖြစ်သည်အထိ ရည်မှန်းချက်ကြီးစွာဖြင့် ပညာသင် စေခဲ့ရသည်။
ပညာသင်စရိတ်၊ အိမ်ထောင်မှု။ စားဝတ်နေမှုစရိတ် အထွေထွေကို ဖခင်ရော မိခင်ပါ မောင်တစ်ထမ်း၊ မယ်တစ်ရွက် ပင်ပန်းကြီးစွာ ရှာဖွေခဲ့ကြရသည်။ သား၊ သမီးတို့ ``ဆင်စီးပြီး မြင်းရံ´´တင့်တယ်စွာ ဘ၀ရပ်တည်နိုင်ရေးအတွက် ကြိုးပမ်းခဲ့ရသည်မှာ တမောပါတည်း။ မိဘတို့မှာ သားသမီးတို့အပေါ် မခန်းနိုင်သော မေတ္တာရေအလျဉ်ဖြင့် ထာဝစဉ်စီးဆင်းလျက် အေးမြသောမေတ္တာကို ပေးစွမ်းနိုင်သူများပင် ဖြစ်ပါသည်။
မိဘတို့၏ ဂုဏ်ကျေးဇူးများကို သိမှတ်ရသမျှ ဖော်ထုတ်တင်ပြရပါက မိဘတို့၏ ကျေးဇူးဂုဏ် ၁၂ပါးရှိကြောင်း
မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော သောဏနန္ဒဇာတတော်လာ မိဘဂုဏ်(၁၂)ပါး။
၁။ မိဘ ဆိုတာ ကိုးကွယ်ရာ ဗြဟ္မာဖြစ်တော့သည်။
၂။ သွန်သင်ပြသ ဆိုဆုံးမ မိဘ ဆရာ ဖြစ်တော့သည်။
၃။ အလှူခံ ပုဂ္ဂိုလ် မိဘဆို လှူကို လှူရမည်။
၎။ အိမ်စောင့် အိမ်ဦး နတ်မြတ်ထူး အထူးပူဇော်မည်။
၅။ ခြင်ဆီရိုးထဲ လွန်စွာကဲ ချစ်လည်းချစ်ကြသည်။
၆။ မွေးဖွားပို့ဆောင် ဤလူ့ဘောင် ဂုဏ်ရောင်လင်းစေသည်။
၇။ နို့ချို တိုက်ကျွေး မွေးမြူပေး အလေးထားရမည်။
၈။ ယုယ ကြင်နာ ပိုးပမာ မွေးရှာခဲ့ကြသည်။
၉။ ပူပန်ကြီးစွာ စောင့်ရှောက်ကာ ကာကွယ်ပေးကြသည်။
၁၀။ လောကအကြောင်း လူ့အကြောင်း ကောင်းကောင်းညွှန်ပြသည်။
၁၁။ ယုယပိုက်ထွေး ချော့မြှူပေး နွေးထွေး ကြင်နာသည်။
၁၂။ ရတဲ့ ဥစ္စာ သားသမီးဖို့ပါ ဖွေရှာ ထိန်းသိမ်းသည်။
အထက်ပါစာသားများ၏အကျယ်ရှင်းလင်းချက်မှာ
၁။ သားသမီးအပေါ်တွင် ထာဝစဉ် မေတ္တာထားသောကြောင့် ဗြဟ္မာ ဖြစ်ပါသည်.
၂။ ငယ်စဉ်ကတည်းက ဒီလိုစား၊ဒီလိုသွား၊ဒီလိုနေ ဟူ၍
သင်ကြားပြသပေးသောကြောင့်လက်ဦးဆရာ ဖြစ်သည်။
၃။ မိဘသည် ရပ်ဝေးတွင် စီးပွားရှာ၍ သားသမီးကိုကျွေးမွေးသည်။သားသမီးကလည်း
ထိုသို့ ပြန်လည် လုပ်ကျွေး ထိုက်သော အာဟုနေယျ ပုဂ္ဂိုလ် ဖြစ်သည်။
၎။ သားသမီး ရှာဖွေသည်ကို မပျောက်ပျက်အောင် တိုးတက်အောင်
စောင့်ရှောက်ပေးသော ပုဗ္ပဒေဝတာ ဖြစ် သည်။
၅။ သားသမီးမမွေးခင် ကတည်းက ကြိုတင်ချစ်ခင်လွန်းသောကြောင့် သုဟဒ ဟုမည်သည်။
၆။ လူဖြစ်အောင် မွေးဖွားပေးခဲ့သော မိခင်၏ ဂုဏ်ကို ဇနေတ္ထိ ဟုခေါ်သည်။
၇။ နို့ချိုတိုက်ကျွေးခဲ့သော မိခင်၏ ဂုဏ်ကို ပေါသက ဟုခေါ်သည်။
၈။ ယုယကြင်နာစွာ မွေးဖွားပေးခဲ့သော မိခင်၏ဂုဏ်ကို ပေါသေန္တ ဟုခေါ်သည်။
၉။ အမြဲတစဉ် စောင့်ရှောက်နေတတ်သောကြောင့် အာပါဒက ဟုမည်သည်။
၁၀။ လူအကြောင်း၊လောကအကြောင်းကိုမိဘများ သိသမျှ သားသမီးများသိရအောင်
ပြောပြသောကြောင့် ဒေဿတာရ ဟုခေါ်သည်။
၁၁။ သားသမီးများကို ချော့ပြော၊နားဝင်အောင် ပြောသောကြောင့် တောသယန္တိ ဂုဏ်မည်သည်။
၁၂။ ကိုယ်သုံးဖို့ ရှာထားသောပစ္စည်းကို ကိုယ် ကိုယ်တိုင်မသုံးရက်
၊မစားရက်အောင် သားသမီး အတွက် ချန်ထားသောကြောင့် ရသော ဂုဏ်ကို ဂေါပယန္တိ
ဟုခေါ်သည်။

မိဘမရှိမှ ပြုစုလုပ်ကျွေးချင်၍ မရနိုင်ပါ။ ခွင့်သာခိုက်တွင် အမိုက်တင်မကျန်စေရအောင် စွမ်းနိုင်ရာက ပြုစုလုပ်ကျွေးကြရမည်မှာ သားသမီး များ၏ တာဝန်ပင် ဖြစ်ပါသည်။သား၊ သမီးတို့က မိဘတို့ကို ပြုစုလုပ်ကျွေးရုံသာမက ``သဒ္ဓါတရားချို့တဲ့သော အမိတို့အား သဒ္ဓါတရားရှိအောင် တိုက်တွန်းခြင်း၊ သီလ တရားအားနည်းသော အမိအဖတို့အား သီလတရား စောင့်ထိန်းနိုင်အောင် ဘုရားကျောင်းကန်သို့ လိုက်ပို့၍ တရားဘာဝနာပွားများစေခြင်း၊ နှမြောတွန့်တို တတ်သော မိဘတို့အား လှူဒါန်း၊ ပေးကမ်းစွန့်ကြဲလိုစိတ် ဖြစ်ပေါ်လာအောင် တိုက်တွန်းခြင်း၊ လောကုတ္တရာပညာအားနည်းသော မိဘများအာ ၀ိပဿနာပညာအထိ ဖြစ်ထွန်းစေရန် တရား အားထုတ်စေခြင်းဖြင့် မိဘတို့အား လောကုတ္တရာခရီးလမ်းဖြောင့်တန်းစေရေးအတွက် ဆောင်ရွက် ပေးကြရပါမည်။ ဤသည်မှာ ``ကျေးဇူးကြီးလှ မိနှင့်ဖတို့၏ ကျေးဇူးကိုဆပ်ရာ ရောက်ပါသည်။ အမွန်မြတ်ဆုံးသော ကျေးဇူးဆပ်ခြင်းသည်လည်း ဖြစ်ပါပေသည်။
ကျွန်တော်တို့သည် ငယ်စဉ်မှသည် အရွယ်ရောက်သည်အထိ မိဘတို့အပေါ် နွဲ့ခဲ့၊ ဆိုးခဲ့၊ မိုက်ခဲ့ သည်များ ရှိခဲ့ကြပါသည်။ သား၊ သမီးတို့အပေါ် မေတ္တာစိတ်ဖြင့် အမြဲ ခွင့်လွှတ် ပေးလျက်ရှိသော မိဘ ကျေးဇူးကား ကြီးမားလှပါသည်။ အေးမြသန့်စင်လှသော မိဘရိပ်ကို ခိုလှုံခွင့်ရခိုက် ``ကျေးဇူးကြီးလှ မိနှင့်ဖ´´တို့၏ အနှိုင်းမဲ့ဂုဏ် ကျေးဇူးကို
ပေးဆပ်ကြပါကုန်စို့ဟု နှိုးဆောက်တိုက်တွန်းလိုပါတယ် ။
် kyawzinhein အဖေနေ့ အမှတ်တရရေးသားခြင်းကိုပြန်လည်ဝေမျှလိုက်တာပါ
--
ဖိုးခိုင်
Czech Republic