BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Saturday, March 1, 2014

ပထမဆုံး ရွှေခါးပတ်ရခဲ့စဉ်က မိုဟာမက်အလီ ၀တ်ဆင်ခဲ့သည့် လက်အိတ် ပေါင် ၃၀၂၀၀၀ဖြင့် လေလံအောင်မြင်

မိုဟာမက်အလီ ပထမဆုံး ဟဲဗီးဝိတ်ချန်ပီယံ ရွှေခါးပတ် ရရှိခဲ့သည့် ပြိုင်ပွဲတွင် ၀တ်ဆင်ခဲ့သည့်
လက်အိတ်မှာ ပေါင် ၃၀၂၀၀၀ဖြင့်လေလံအောင်မြင်ခဲ့ကြောင်း သိရသည်။ မိုဟာမက်အလီမှာ ၁၉၆၄ခုနှစ်တွင် ကက်စီးယက်စ်ကလေးဟူသော အမည်ဖြင့် ဆွန်းနက်လစ်တန်ကို အမှတ်ဖြင့် အနိုင်ယူကာ ပထမဆုံး ဟဲဗီးဝိတ်ချန်ပီယံ ရွှေခါးပတ် ရရှိခဲ့ပြီး ထိုစဉ်က ၎င်းဝတ်ဆင်ခဲ့သည့် လက်အိတ်ကို ၎င်း၏လေ့ကျင့်ရေးမှုးဟောင်း ဒန်ဒီက သိမ်းဆည်းထားခဲ့ခြင်းဖြစ်သည်။

နယူးယောက်မြို့တွင် ကျင်းပနေသည့် အမွေအနှစ်ပစ္စည်းများ လေလံပွဲတွင် မိုဟာမက်အလီ၏ လက်အိတ်လေလံအောင်မြင်ခဲ့ခြင်းဖြစ်ပြီး အားကစားလောကမှ ရှေးဟောင်း ပစ္စည်းများ စုဆောင်းသည့်ကုမ္ပဏီ ဒါရိုက်တာ ခရစ်အိုင်ဗီက မိုဟာမက်အလီမှာ လက်ဝှေ့လောကနှင့် အမေရိက၏ ပြယုဂ်ဖြစ်ရုံသာမက တစ်ကမ္ဘာလုံးကို ပိုင်စိုးထားသူဟု ဂုဏ်ပြုခဲ့သည်။ မိုဟာမက်အလီမှာ ကက်စီးယက်စ်ကလေးဟူသော အမည်ဖြင့် လက်ဝှေ့လောကသို့ ၀င်ရောက်လာခဲ့သော်လည်း အစ္စလာမ်ဘာသာ ပြောင်းခဲ့ပြီးနောက် မိုဟာမက်အလီဟု အမည်ပြောင်းခဲ့ခြင်းဖြစ်သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မြန်မာ- ထိုင်း- မလေးရှားအကြား မိုဘိုင်းလ် ဖုန်းဖြင့် ငွေလွှဲနိုင်ရန် တယ်လီနော ဝန်ဆောင်မည်ဟုဆို

နော်ဝေ ဆက်သွယ်ရေး ကုမ္ပဏီ တယ်လီနောက မိုဘိုင်းလ် ဆက်သွယ်ရေး ကွန်ရက် ရှိထားပြီး ဖြစ်သည့် ထိုင်း၊ မလေးရှား နိုင်ငံတို့နှင့် မိုဘိုင်းလ် ဖုန်းမှ တစ်ဆင့် အပြန်အလှန် ငွေကြေး လွှဲပြောင်းသည့် ဝန်ဆောင်မှု မြန်မာနိုင်ငံတွင် ဝန်ဆောင် ပေးနိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တယ်လီနော အာရှငွေကြေး ဝန်ဆောင်မှု ဌာန အကြီးအကဲ Roar Bjaerum က The Voice သို့ ပြောကြားသည်။
“ထိုင်းနဲ့ မလေးရှားကြားမှာ အပြန်အလှန် ပြောင်းရွှေ့ နေထိုင်သူတွေ ရှိတယ်။ အလုပ် လုပ်နေတဲ့ သူတွေလည်း ရှိနေတဲ့ အတွက်ကြောင့် ငွေလွှဲ ဝန်ဆောင်မှု ပေးနိုင်ဖို့ အစီအစဉ် ရှိတယ်။ နောက်ပြီး မြန်မာနိုင်ငံကနေ သွားပြီး အလုပ် လုပ်တဲ့သူတွေ ရှိတဲ့ အတွက်ကြောင့် တိုက်ရိုက် ငွေကြေး လွှဲပြောင်းနိုင်ဖို့ အတွက်လည်း စဉ်းစားနေပါတယ်” ဟု ၎င်းက ဆိုသည်။
လတ်တလောတွင် တယ်လီနော ကွန်ရက်ရှိသော နိုင်ငံများအကြား တိုက်ရိုက် ငွေလွှဲနိုင်သည့် ဝန်ဆောင်မှုမျိုး မရှိသေးသော်လည်း လာမည့် ကာလများတွင် ပြုလုပ်သွားရန် စီစဉ်နေကြောင်း ၎င်းက ဆိုသည်။ “ဘယ်တော့လောက် စဖြစ်မလဲဆိုတာ အတိအကျ မပြောနိုင်သေးဘူး။ ဘာလို့လဲဆိုတော့ နည်းပညာအရ အခက်အခဲ ဖြစ်နေလို့ မဟုတ်ဘူး။ အခု လောလောဆယ် ဒီနိုင်ငံတွေ ကြားထဲမှာ ငွေလွှဲတယ် ဆိုတာက ရှိနေပြီးသား။ အဲဒါတွေထက် ပိုကောင်းအောင် လုပ်ဖို့ ပြင်ဆင်နေတာပါ။ ပိုပြီး လုပ်နိုင်ပြီ ဆိုရင်တော့ စပါမယ်။ ဒီဟာတွေကို မကျော်နိုင်ပဲနဲ့ ဒီနေ့ စဖို့ကတော့ မဖြစ်နိုင်ပါဘူး” ဟု ၎င်းက ဆိုသည်။
မြန်မာရွှေ့ပြောင်း လုပ်သား အများစုရှိရာ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ ဟွန်ဒီ စနစ်ဖြင့် ငွေကြေး လွှဲပြောင်းသည့် ဝန်ဆောင်မှု လုပ်ငန်းများ ရှိသော်လည်း မိုဘိုင်းလ် ဖုန်းဖြင့် ငွေလွှဲနိုင်မည် ဆိုပါက ရွှေ့ပြောင်း လုပ်သားများအတွက် အလွန် အကျိုးရှိနိုင်ကြောင်း ကွာလာလမ်ပူရှိ စားသောက်ဆိုင် တစ်ခုတွင် အလုပ် လုပ်ကိုင်နေသူ ကိုမောင်မောင်ဦးက ဆိုသည်။
“အချိန်ကုန် သက်သာသွားမယ်။ အခု ဟွန်ဒီကနေ လွှဲရင် ဒီနေ့လွှဲရင် မနက်ဖြန်မှ ထုတ်လို့ ရတယ်။ မိုဘိုင်းလ် ဖုန်းနဲ့ လွှဲလို့ ရရင် ချက်ချင်း ထုတ်လို့ ရနိုင်တယ်။ အဲဒါ ကောင်းတာပေါ့” ဟု ၎င်းက ဆိုသည်။ တယ်လီနော မြန်မာက မြန်မာနိုင်ငံ အတွင်းရှိ ဘဏ်ဝန်ဆောင်မှု အသုံးမပြုနိုင်သူများ အတွက် မိုဘိုင်းလ် ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ရန် ပြင်ဆင်နေပြီး မိုဘိုင်းလ် ဖုန်းမှ တစ်ဆင့် လစာ ပေးချေခြင်း လုပ်ငန်း၊ လူမှု ဖူလုံရေး လုပ်ငန်း ဆောင်ရွက်ခြင်းနှင့် ငွေကြေး လွှဲပြောင်းမှု လုပ်ငန်းများကို လုပ်ကိုင်သွားမည် ဖြစ်ကြောင်း တယ်လီနော မြန်မာထံမှ သိရှိရသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

လူသားဟင်း ရောင်းချသည့် နိုင်ဂျီးရီးယား စားသောက်ဆိုင် အာဏာပိုင်တို့ ပိတ်သိမ်း

နိုင်င်ဂျီးရီးယားနိုင်ငံ အနမ်ဘရာ ပြည်နယ်ရှိ စားသောက်ဆိုင် တစ်ခုတွင် လူသားကင်များ၊ လူသားဖြင့် ပြုလုပ် ထားသည့် ဟင်းလျာများ ရောင်းချနေသည်ကို စစ်ဆေး တွေ့ရှိခဲ့ရခြင်းကြောင့် အာဏာပိုင်များက ဆိုင်ကို ပိတ်သိမ်း လိုက်ကြောင်း Ibtime သတင်းတွင် ဖော်ပြထားသည်။ လျှို့ဝှက် သတင်းပေး ပြောကြားချက်အတိုင်း လိုက်လံ စုံစမ်းပြီးနောက် လူသားများ ရောင်းချနေ သည်ကို ရဲတပ်ဖွဲ့ဝင်များက တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
စားသောက်ဆိုင် ပိုင်ရှင်၊ အမျိုးသမီး ခြောက်ဦးနှင့် အမျိုးသား လေးဦးတို့ကို ထိန်းသိမ်းလိုက်ပြီး လူခေါင်း နှစ်ခုကိုလည်း နိုင်ဂျီးရီးယား ရဲတပ်ဖွဲ့ဝင်များ ရှာတွေ့ခဲ့သည်။ သွေးများ ပေနေသည့် လူခေါင်း နှစ်ခုအပြင် AK-47 ချေမှုန်းရေး ရိုင်ဖယ်နှစ်ခု၊ အခြားသော လက်နက်များ၊ ကျည်ဆန် ဒါဇင်ပေါင်း များစွာနှင့် ဆဲလ်ဖုန်း များစွာကို အစိုးရ အရာရှိများက သိမ်းဆည်း ရရှိခဲ့သည်။
“ဟိုတယ်တွင်းကို ထူးထူးဆန်းဆန်း လူတွေ ဝင်ထွက်နေတာ ဟိုတယ်နားက ဈေးသွားတိုင်း ကျွန်တော်တွေ့တယ်။ သူတို့တွေက ညစ်ပတ်ပြီး ရိုင်းရိုင်းစိုင်းစိုင်းလည်း ပြုမူတတ်ကြတယ်။ လူသား ရောင်းတာကို ရဲတပ်ဖွဲ့တွေ ရှာတွေ့သွားတာ ကျွန်တော်တော့ သိပ်မအံ့သြဘူး” ဟု ဒေသခံတစ်ဦး ဖြစ်သူ အိုဆန်ဒီဖန်ဒါက ပြောကြားသည်။ လူသားများဖြင့် ချက်ပြုတ်ထားသည့် ဟင်းလျာများမှန်း မသိဘဲ စားသုံးမိခဲ့သည့် ခရစ်ယာန်သင်းအုပ် ဆရာတစ်ဦးမှာ တုန်လှုပ် ချောက်ချားလျက်ရှိပြီး ရဲတပ်ဖွဲ့ဝင်များကို ကန့်ကွက် ပြောကြားလျက်ရှိသည်။
“ဒီနှစ် အစောပိုင်းက ဟိုတယ်ကို ကျွန်တော် သွားခဲ့တယ်။ အသား တစ်တုံးကို ၂ ပေါင်ခွဲ ကျတယ် ဆိုတော့ ကျွန်တော် တော်တော် အံ့သြ သွားတယ်။ အဲဒါတွေက လူသားနဲ့ လုပ်ထားတာ ဆိုတာ ကျွန်တော် မသိဘူး။ အဲဒီလိုမျိုး အစား အသောက်တွေကို ကျွန်တော် ဈေးကြီးပေးပြီး စားမိခဲ့တယ်” ဟု အမည်မဖော်လိုသူ သင်းအုပ်ဆရာက ပြောကြားသည်။ လူသားစားသည့် သတင်းများ နိုင်ဂျီးရီးယားနိုင်ငံ၌ တစ်ခါတစ်ရံ ထွက်ပေါ်လာလေ့ ရှိသော်လည်း လူသားဖြင့် ချက်ပြုတ်စားသည့် အစားအသောက်များ ရောင်းချသည့် စားသောက်ဆိုင် သတင်းမှာမူ ပထမဆုံးအကြိမ် ပေါ်ထွက်လာခြင်း ဖြစ်သည်။ 
The Voice Journal

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed