BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Friday, June 17, 2011

EU အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံ လာရောက်မည်

EU အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံ လာရောက်မည်

By မနန္ဒာချမ်း

 

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ တက်လာပြီးတဲ့နောက် ပထမဆုံးအကြိမ် အနေနဲ့ EU ဥရောပသမဂ္ဂ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ဟာ မြန်မာနိုင်ငံခရီး စတင်လိုက်ပါတယ်။ ဒီခရီးစဉ်အတွင်း မြန်မာအစိုးရ ကိုယ်စားလှယ်တွေအပြင် နိုင်ငံရေးပါတီ အဖွဲ့တွေနဲ့လည်း တွေ့ဆုံဖို့ ရှိတယ်လို့ EU ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဒါ့အပြင် EU အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ရဲ့ အခုခရီးစဉ်နဲ့ ပတ်သက်ပြီး မြန်မာ့အရေး ဆောင်ရွက်သူ တချို့ကလည်း နှစ်ဘက် အပြန်အလှန် အကျိုးရှိနိုင်တယ်လို့ သုံးသပ်ခဲ့ကြပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။
ဒီခရီးစဉ်ကို EU နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အရာရှိ ကက်သရင်း အက်ရှ်တန် (Catherine Ashton) ရဲ့ အထူးအကြံပေး ပုဂ္ဂိုလ် ရောဘတ် ကူးပါး (Robert Cooper) ဦးဆောင်ပြီးတော့ မြန်မာနိုင်ငံဆိုင်ရာ EU အထူးကိုယ်စားလှယ် ပီယာရို ဖာစီနို (Piero Fassino) လည်း လိုက်ပါသွားခဲ့တာပါ။
မနက်ဖြန်မှာ မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး ဒီခရီးစဉ်အတွင်း မြန်မာအစိုးရ အဆင့်မြင့် အရာရှိတွေအပြင် အတိုက်အခံ နိုင်ငံရေး အင်အားစုတွေ၊ အရပ်သား လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမှာ ဖြစ်တယ်လို့ EU နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အရာရှိ ကက်သရင်း အက်ရှ်တန်ရဲ့ လက်ထောက်ပြောခွင့်ရသူ မာယာ ကော်ကျီယန်ချိ (Maja Kocijancic) က ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။ ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီးတော့ မစ်စ် မာယာက အခုလို ပြောပါတယ်။
"EU ဥရောပသမဂ္ဂက ရှင်းလင်းပြတ်သားတဲ့ ပေါ်လစီတရပ် မြန်မာနိုင်ငံအပေါ် ချမှတ်ထားတာ ဖြစ်ပါတယ်။ အဲဒီပေါ်လစီကိုလည်း ပုံမှန် ပြန်လည်သုံးသပ်ပြီး နှစ်စဉ် ချမှတ်တာ ဖြစ်ပါတယ်။ EU အနေနဲ့ မြန်မာနိုင်ငံကို အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့တဖွဲ့ စေလွှတ်ဖို့ သုံးသပ်ခဲ့ပါတယ်။ EU နိုင်ငံခြားရေးဌာနက ကိုယ်စားလှယ် ဧပြီလတုန်းက မြန်မာနိုင်ငံကို သွားရောက်စဉ် ဒါကို ထပ်လောင်း တင်ပြခဲ့ပါတယ်။
"EU နဲ့ မြန်မာအစိုးရကြား အဆင့်မြင့် ဆွေးနွေးပွဲတွေ ကျင်းပဖို့၊ အဖွဲ့အစည်းသစ်တွေအပြင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံပါတီနဲ့ တခြားအုပ်စုတွေနဲ့ပါ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့ ဖြစ်ပါတယ်။ EU အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို အမြန်ဆုံး စေလွှတ်နိုင်ဖို့ လုပ်ဆောင်ခဲ့တဲ့ အတွက်လည်း အခု ကိုယ်စားလှယ်အဖွဲ့ သွားရောက်နေတာ ဖြစ်ပါတယ်။"
EU နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အရာရှိ ကက်သရင်း အက်ရှ်တန်ရဲ့ လက်ထောက် ပြောခွင့်ရသူ မာယာ ကော်ကျီယန်ချိ ပြောခဲ့တာ ဖြစ်ပါတယ်။
အခုလို EU အဆင့်မြင့် ကိုယ်စားလှယ် မြန်မာနိုင်ငံ သွားရောက်တဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ ဥရောပ၊ မြန်မာရုံး တာဝန်ခံ ဦးဟန်ယောင်ရွှေက ကြိုဆိုခဲ့ပြီး အခုလို EU ကိုယ်စားလှယ်တွေနဲ့ မြန်မာအစိုးရ အဆင့်မြင့် အရာရှိတွေ တွေ့ဆုံဆွေးနွေးခြင်းဟာ နှစ်ဘက်စလုံးအတွက် အကျိုးရှိစေနိုင်မယ်လို့ ဆိုပါတယ်။
"ကျနော့်အနေနဲ့ မြင်တာကတော့ ကောင်းပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့ကလည်း မြန်မာပြည် အခြေအနေကို ပိုသိလာမယ်။ အဲဒါတင်မက အခုတက်လာတဲ့ အစိုးရက တောင်းဆိုထားတဲ့ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖို့ဆိုတဲ့ နေရာမှာ ဥရောပသမဂ္ဂ အနေနဲ့ ချက်ချင်း မရုပ်သိမ်းနိုင်ဘူး။ သူတို့ကလည်း အခြေအနေ ကောင်းလာမှ ရုပ်သိမ်းနိုင်မယ်။ ဆိုတော့ သူတို့ကလည်း သွားရှင်းပြမှာ ဖြစ်ပါတယ်။
"နှစ်ဘက်စလုံးအတွက် နားလည်မှု ပိုကောင်းလာမယ်။ မဖြစ်နိုင်တဲ့ ကိစ္စကို မတောင်းဆိုဘဲ ဖြစ်နိုင်တဲ့ လုပ်ငန်းတွေကို ပူးပေါင်း လုပ်နိုင်တဲ့ အခြေအနေ တွေ့ချင်တွေ့မယ်။ ဘာကြောင့်လဲဆိုရင် အခုလက်ရှိ တက်လာတဲ့ အစိုးရကလည်း ပြောတာက ဖွံ့ဖြိုးရေး လုပ်ချင်တယ်၊ လူထုအကျိုး လုပ်ချင်တယ်ဆိုတဲ့ နေရာမှာ ဥရောပသမဂ္ဂ အနေနဲ့ကလည်း တကယ်သိချင်တယ်။ အခုလိုမျိုး ပြောသွားတဲ့ဟာက တကယ်လုပ်မလား၊ မဟုတ်ခဲ့ရင် ဟန်ဆောင်လုပ်ပြမလား ဆိုတာတွေ ပါပါတယ်။ ဒီနေရာမှာ သွားတွေ့ပြီးတော့မှ တကယ် သွားဆွေးနွေးရင်တော့ အကျိုးရှိနိုင်တယ်လို့ မြင်ပါတယ်။"
ဥရောပ၊ မြန်မာရုံး တာဝန်ခံ ဦးဟန်ယောင်ရွှေ ပြောပြသွားတာ ဖြစ်ပါတယ်။
EU ဥရောပသမဂ္ဂဟာ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ မူဝါဒတွေကို ပြီးခဲ့တဲ့ ဧပြီလက ပြန်လည် သုံးသပ်ခဲ့ပြီးနောက် ပိတ်ဆို့မှု သက်တမ်းကို နောက် ၁ နှစ် တိုးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ တကယ်ပဲ စစ်မှန်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာအောင် မက်လုံးပေးတဲ့ အနေနဲ့ မြန်မာ နိုင်ငံခြားရေး ၀န်ကြီးကိုလည်း ဥရောပကို လာရောက်ခွင့် ပြုခဲ့ပါတယ်။
အရင် မြန်မာစစ်အစိုးရ လက်ထက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး EU ဥရောပသမဂ္ဂကနေ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် အရေးယူမှုတွေကို ချမှတ်ခဲ့တာပါ။ ဒီဒဏ်ခတ်မှုတွေထဲမှာ ဥရောပနိုင်ငံတွေအတွင်း မြန်မာစစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ မိသားစု၊ ဆွေမျိုးသားချင်းတွေ ခရီးသွားလာခွင့် ပိတ်ပင်တာ၊ အစိုးရရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားတာ၊ မြန်မာစစ်အစိုးရကို လက်နက်ရောင်းချခွင့် ပိတ်ပင်တာ၊ သစ်တင်သွင်းမှု အပါအ၀င် ကျောက်မျက်ရတနာနဲ့ ဓာတ်သတ္တု တင်သွင်းခွင့် စတာတွေ ပါဝင်ပါတယ်။

Recent Activity:
.

__,_._,___



--
 
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

တောင်အာဖရိက သံအမတ်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ

တောင်အာဖရိက သံအမတ်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ

2011-06-17

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို ထိုင်း နိုင်ငံ အခြေစိုက် မြန်မာနိုင်ငံ ဆိုင်ရာ တောင်အာဖရိက သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Douglas Gibson က ဒီနေ့ မနက်ပိုင်းမှာ သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

South Africa Embassy Website

တောင်အာဖရိက သံအမတ်ကြီး Mr. Douglas Gibson နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ၂၀၁၁ ခုနှစ် ဇွန်လ ၁ရ ရက်နေ့က တွေ့ဆုံကြပုံ။ ဓါတ်ပုံ - တောင်အာဖရိကသံရုံး အင်တာနက်စာမျက်နှာ

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ တနာရီကျော်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့တာလို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။

တောင်အာဖရိက သံအမတ်ကြီး ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဲဒီလို တွေ့ဆုံခဲ့ပြီး မွန်းတည့် ၁၂ နာရီမှာ ဗဟန်း ရွှေဂုံတိုင်လမ်းမှာ ရှိတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးကို သွားရောက်ပြီး၊ NLD ဒုတိယဥက္ကဌ ဦးတင်ဦးနဲ့ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးပါတယ်။

ဦးတင်ဦးက NLD ပါတီ ဆက်လက် ရပ်တည်နေပုံနဲ့ ရှေ့ဆက်လက် ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်တဲ့ မေးမြန်းချက်တွေကို ပြည့်ပြည့်စုံစုံ ပြန်လည် ဖြေကြားတယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်၊

သံအမတ်ကြီး Mr. Gibson နဲ့ အဖွဲ့ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမှာ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဍမောင်လွင်နဲ့ နေပြည်တော်မှာ တွေ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်တွေကို ဆွေးနွေးကြတယ်လို့ အစိုးရ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

__._,_.___
Recent Activity:
.

__,_._,___



--
 
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed