BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Monday, June 11, 2012

မြန်မာ့ အထည်တင်ပို့မှု ကန်ဒေါ်လာ သန်းရှစ်ရာ နီးပါးထိ ပြန်လည် မြင့်တက်

ကမ္ဘာ့ ဈေးကွက်သို့ မြန်မာ့ အထည်တင်ပို့မှု ပြန်လည် ဦးမော့လာပြီ အထည် တင်ပို့မှု အမေရိကန် ဒေါ်လာ သန်းရှစ်ရာကျော် ရှိလာပြီ ဖြစ်ကြောင်း မြန်မာ့ အထည်လုပ် ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမြင့်စိုး က ပြောကြားခဲ့သည်။
"စီးပွားရေး ပိတ်ဆို့မှုတွေရဲ့ အောက်မှာ မြန်မာ့အထည်တင်ပို့မှု တော်တော်လေး ကျဆင်းခဲ့ရပါတယ်။ အခုတော့ ပြန်လည်ဦးမော့ လာပြီ ဖြစ်ပါတယ်"ဟု ဦးမြင့်စိုးက ဇွန်လ ၃ ရက် Chatrium ဟိုတယ် တွင် ပြုလုပ်သည့် အထူးအစည်း အဝေးပွဲ တစ်ခုတွင် ပြောကြား သည်။ ၂၀၁၁ ခုနှစ်တွင် မြန်မာ့ CMP လုပ်ငန်းက အမေရိကန်ဒေါ်လာ ၈၂၉ သန်းထိ တင်ပို့နိုင်ခဲ့ပြီး နိုင်ငံ တကာမှ စီးပွားရေးပိတ်ဆို့မှုများ ကြုံရပြီးနောက် ၂၀ဝ၅ ခုနှစ်တွင် ဒေါ်လာ ၃၁၂ သန်းထိ ကျဆင်းခဲ့ရာ ၂၀၁၁ ခုနှစ်တွင် ဒေါ်လာ ၇၆၆ သန်းပြန်လည်တက်လာပြီဖြစ် ကြောင်း ၄င်းကဆက်လက်ရှင်းပြ ပြောကြားသည်။
ယင်းသို့ ပြန်လည်ဦးမော့ လာ နိုင်ရန် ဂျပန်ဈေးကွက်ကို အခြေခံ ကာလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဈေး ကွက်တွင် တင်ပို့ကုန်အရည်အ သွေး ကောင်းမွန်လာရခြင်းမှာ လည်းအလုပ်သမားများနှင့် အလုပ် ရှင်တို့၏ ကြိုးစားမှုကြောင့် ဖြစ် သည်ဟု ဆိုသည်။
မြန်မာ့ CMP လုပ်ငန်း တိုးတက် အောင်မြင်လာသည်နှင့်အမျှ နိုင်ငံတစ်နိုင်ငံ၏ အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးနိုင် မည်ဖြစ်ပြီး အထည်ချုပ်လုပ်ငန်း များ အလုပ်သမား ဦးရေ အများဆုံး ဖြစ်သည့် အမျိုးသမီးများမှာလည်း လူမှု့ဘဝ ဖူလုံပြီး လူနေမှုအဆင့် အတန်း မြင့်မားလာနိုင်မည် ဖြစ် သည်ဟု ၄င်းက ဆက်လက်ပြော ကြားသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဖာဂူဆန် နေရာ ဆက်ခံမည့် သူများ စာရင်းတွင် ဘလန့်လည်း ရေပန်းစားလာ

မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်၏ နေရာကို ရေရှည် ဆက်ခံနိုင် သူများ စာရင်းတွင် လက်ရှိ ပြင်သစ် လက်ရွေးစင် အသင်း နည်းပြ လောရင့် ဘလန့်လည်း ပါဝင် လာခဲ့သည်။

အသက်(၇၀) အရွယ် ရှိပြီဖြစ်သော ဖာဂူဆန်သည် အိုးလ်ထရက်ဖို့ဒ်ကို (၂၆)နှစ်မျှ ဦးဆောင် လာခဲ့ပြီးနောက် ၎င်း၏ မန်နေဂျာ ဘ၀ နေ့ရက်များသည် အချိန် ကြာမြင့်စွာ ဆက်လက် တည်ရှိ နေနိုင်ခြေ နည်းပါး လာခဲ့သည်။ ဖာဂူဆန် အနား ယူသွားပါက အင်္ဂလန်၏ အောင်မြင်မှု အကြီးမားဆုံး ကလပ် အသင်းကြီးအား မည်သူ ဆက်လက် ဦးဆောင်မည် ဆိုသော မေးခွန်းသည် ယခု အချိန်ထိ ပဟေဠိ တစ်ခုသဖွယ် တည်ရှိနေပြီး နာမည်ကျော် နည်းပြ အများအပြားအား ခန့်မှန်းသတင်း အဖြစ် ထင်ကြေးများ ထွက်ပေါ်ခဲ့သည်။

ပြင်သစ် လက်ရွေးစင်အသင်း နည်းပြ ဘလန့်

ယခုအခါ မန်ယူ အသင်း၏ ခံစစ်မှူးဟောင်း ဘလန့်သည်လည်း ဖာဂူဆန်၏ ဆက်ခံသူ ရာထူးအတွက် လူပြော များလာကြောင်း သိရသည်။ ဘလန့်သည် ပြင်သစ်ကို (၂၁)ပွဲဆက် အရှုံးမရှိအောင် ဦးဆောင်ပြခဲ့သည်။ ဘလန့်သည် (၂၀၁၀)ပြည့်နှစ်၊ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးတွင် ဆိုးရွားစွာ ကျဆုံးခဲ့သော ပြင်သစ်ကို လက်လွှဲယူခဲ့ပြီးနောက် လမ်းကြောင်းမှန်ပေါ် ပြန်ရောက်အောင် တည့်မတ်ပေးခဲ့သည်။ မန်ယူအသင်း၏ မန်နေဂျာသစ် ရာထူးအတွက် ရီးယဲလ်မက်ဒရစ် နည်းပြ ဟိုဆေး မော်ရင်ဟိုနှင့် အသင်း၏ သက်တော်ရှည် ကစားသမားကြီး ရိုင်ယန်ဂစ်တို့သည်လည်း ဖြစ်နိုင်ခြေ စာရင်းတွင် ပါဝင်နေကြောင်း သိရှိရသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed