BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Showing posts with label windows8. Show all posts
Showing posts with label windows8. Show all posts

Thursday, November 8, 2012

Windows 8 ကိုအသုံးပြုသင့်သည့် အဓိကအကြောင်းအရင်း (၅)ချက်

Windows 8 ကိုအသုံးပြုသင့်သည့် အဓိကအကြောင်းအရင်း (၅)ချက်



ကျနော်တို့  ယခု လာမည့်သောကြာနေ့  (အောက်တိုဘာ ၂၆) ဆိုလျှင် Microsoft ရဲ့ OS အသစ်တစ်မျိုးဖြစ်သော Windows 8 ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။


 ယခု Windows 8 တွင် Microsoft မှနေ၍ အသုံးပြုသူများလွယ် ကူစွာ အသုံးပြုနိုင်ရန် အတွက် User Interface ကို Modern UI (Metro UI) ကိုအသုံးပြုထားပါတယ်။ ဒါ့အပြင် ဒီ Modern UI သည် Touch အတွက် လည်း ကောင်းကောင်း Support ပေးနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ သို့ သော် ကျနော်တို့  အနေနဲ့  ယခုအသုံးပြုနေသော OS များမှနေ၍ Windows 8 ကိုပြောင်းလဲ၍ အသုံးပြုသင့်ပါသလား? Windows 8 ကို အသုံးပြုသင့် မသင့်စဉ်စားနေသူများကို အထောက်အကူဖြစ်စေရန်အတွက် မကြာမီထွက်ရှိလာတော့မည့် Windows 8 ကိုအသုံးပြုသင့်သည့် အဓိကအကြောင်းအရင်း (၅)ချက်ကို ဖော်ပြလိုက်ပါတယ်။

(၁) Windows 8 သည်ဈေးသက်သာခြင်း

ယခုထွက်ရှိလာမည့် Windows 8 သည် ထွက်ရှိပြီးသမျှ Windows OS အားလုံးထဲတွင်တော့ ဈေးအသက်သာဆုံးဖြစ်လာမည် ဖြစ်သည်။ ကျနော် တို့  မြန်မာနိုင်ငံကလူများအဖို့ တော့ ၁၀၀၀၊၂၀၀၀ ဖြင့် Windows အတု ခွေ များကိုဝယ်ယူ၍ ရသောကြောင့် သိပ်မသိသာသော်လည်း အကယ်၍ Windows အစစ်ကို အသုံးပြုချင်သူများအတွက်တော့ Windows ဈေးနှုန်း သည် အတားအဆီးတစ်ခုပင်ဖြစ်သည်။ Windows 7 Home Premium ကိုပင် US$119.99 ဈေးရှိသောကြောင့် တော်ရုံတန်ရုံမှာ ၀ယ်ယူအသုံး မပြုလိုကြချေ။ ယခု Windows 8 တွင်တော့ ယခင် Windows ဗားရှင်းများမှ Upgrade လုပ်မယ်ဆိုလျှင် US$39.99 တည်းဖြင့်ပင် အွန်လိုင်းမှတစ်ဆင့် ၀ယ်ယူ Upgrade လုပ်နိုင်နေပြီ ဖြစ်သည်။ အကယ်၍ အရောင်းဆိုင်များမှ DVD ဖြင့်ဝယ်ယူမည်ဆိုလျှင်တော့ US$69.99 ကျသင့်မှာ ဖြစ်ပါတယ်။ ယခုဈေးနှုန်းများကို Microsoft မှလျှော့ဈေးဖြင့်ရောင်းချပေးနေတာဖြစ်ပြီး ဇန်န၀ါရီ ၃၁ အထိသာ ယခုဈေးဖြင့် ၀ယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ အကယ်၍ ယခုအချိန်မှစ၍ ဇန်န၀ါရီ ၃၁အတွင်း Windows 7 အသုံးပြု ထားသော PC ကိုဝယ်ယူမည်ဆိုလျှင်တော့ Windows 8 ကို US$14.99 တည်းဖြင့် Upgrade လုပ်နိုင်မည်ဖြစ်ကြောင်းလည်း သိရပါသည်။

(၂) Windows 8 သည်ပိုမို၍ လျှင်မြန်လာခြင်း

Microsoft မှပြောကြားတာကတော့ ယခု Windows 8 တွင် Boot Up Time (ကွန်ပြူတာ စဖွင့်ချိန်မှစ၍ Desktop ပေါ်လာသည်အထိ) သည် ယခင် OS ဗားရှင်းများထက် ပိုမိုမြန်ဆန် လာကြောင်း ပြောကြားထာပါတယ်။ Boot Up Time သည်ပိုမိုလျှင်မြန်လာသလို ကွန်ပြူတာ Shut Down Time (ကွန်ပြူတာပိတ်ချိန်) သည်လည်း သိသိသာသာ လျှင်မြန်လာကြောင်း သိရပါတယ်။ SSD (Solid State Drve) အသုံးပြုထားသော ကွန်ပြူတာများ တွင် ပို၍ သိသာကြောင်း သိရပါတယ်။ စမ်းသပ်ချက်များအရ Windows 8 အသုံးပြုထားသော Toshiba Satellite U920t သည် Windows 7 Ultrabook များထဲတွင် အကောင်းဆုံးဟုဆိုသော Ultrabook ထက်ပင် ၂ဆပိုမို၍ လျှင်မြန်စွာ Windows တက်လာကြောင်း သိရပါတယ်။

အကယ်၍ ပုံမှန် HDD (Hard Disk Drive) သာအသုံးပြုထားသော ကွန်ပြူတာဖြစ်လျှင်တောင် အနည်းငယ်မျှ ပိုမိုမြန်ဆန်လာတာကို သတိထားမိမည်ဖြစ်ကြောင်း သိရပါတယ်။ Windows 8 တွင် ကွန်ပြူတာ Boot Up Time နှင့် Shut Down Time တို့ မှာ ပိုမိုလျှင်မြန်လာရုံသာမက Windows 8 တွင် Microsoft Office သည်သုံးရတာပိုမို၍ ကောင်းမွန်လာ သလို Multimedia Test များသည်လည်း အချိန်အနည်းငယ်တွင်းတွင်ပင် ပြီးစီးအောင် လုပ်ဆောင်နိုင်ကြောင်း သိရပါတယ်။

(၃) Reset နှင့် Refresh ပါဝင်ခြင်း

Windows ကိုအသုံးပြုတာ ကြာပြီဖြစ်သော အသုံးပြုသူများအနေနှင့် Windows အသုံးပြုတာကြာလာတာနဲ့  အမျှ Virus ကိုက်လို့ ပဲဖြစ်ဖြစ်၊ မိမိ Windows ကြီးကအသုံးပြုရတာ လေးလို့ ပဲဖြစ်ဖြစ်၊ Windows မှာ Error တွေအများကြီးတက်လို့ ပဲဖြစ်ဖြစ် Windows ပြန်တင်ရတာကို ပြုလုပ်ကြရပါတယ်။ Windows 8 မှာတော့ ယခုအခါအသုံးပြုသူများကို လျှင်လျှင်မြန်မြန်နဲ့  Windows ပြန်တင်နိုင်အောင် ပြုလုပ်ပေးထားပြီ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့  “Reset your PC” ဟုခေါ်သော Feature ပါရှိပြီး ထို Feature ကိုအသုံးပြုလျှင် မိမိ ကွန်ပြူတာကို Windows 8 စတင်ခဲ့သလို့  (သို့ ) Windows 8 ကွန်ပြူတာကို စတင်ဝယ်ရှိခဲ့သလို အခြေအနေမျိုးရောက်အောင်ပြန် ပြုလုပ်ပေး သွားမှာဖြစ်ပါတယ်။ Reset your PC သည် စမတ်ဖုန်းများ နှင့် Tablet များတွင်တွေ့ ရသော Factory Reset ကဲ့သို့  Feature မျိုးဖြစ်ပါတယ်။ မိမိကွန်ပြူတာထဲမှာရှိသမျှကို ဖျက်ပြစ်မှာဖြစ်ပြီး Windows 8 ကို အသစ်ပြန် သွင်းပေးလိုက်မှာဖြစ် ပါတယ်။ နောက်ထပ် Reset your PC ကဲ့သို့  ဆင်တူသော Process တစ်ခုဖြစ်သောRestore from an Image Feature သည်လည်း Windows 7 တုန်းက မိနစ် ၃၀ ၀န်းကျင်ကြာမြင့်ပြီး ယခု Windows 8 တွင်တော့ ၆ မိနစ်သာ ကြာမြင့်မြင်ဖြစ်ကြောင်း Microsoft မှပြောကြားထားပါတယ်။

နောက်ထပ် Feature တစ်ခုဖြစ်တဲ့ “Refresh your PC” ကို အသုံးပြု လျှင်တော့ မိမိရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်များ နဲ့  Personal Settings များသည် ပကတိအတိုင်း ကျန်ခဲ့မည်ဖြစ်သော်လည်း PC Settings ကတော့ Default ကိုပြန်၍ ပြောင်းလဲသွားမှာ ဖြစ်ပါသည်။ ထို့ အပြင် Windows Store မှ Download လုပ်ထားသော Modern Style UI Application များကိုလည်း ထိန်းသိမ်းထားနိုင်မည် ဖြစ်သော်လည်း အခွေများနှင့် Website များမှ Download လုပ်၍ သွင်းထားသော Application များအားလုံးမှာမူ ပျက်သွားမည် ဖြစ်သည်။ သို့ သော်ထို ဖျက်ပြစ်လိုက်သော Application များအားလုံးရဲ့ စာရင်းကိုတော့ Desktop ပေါ်တွင် စာရင်းရှိမည်ဖြစ်သောကြောင့် မိမိပြန်၍ သွင်းချင်လျှင်လည်း သွင်းနိုင်မည် ဖြစ်ပါတယ်။ အချုပ်အားဖြင့်ဆိုသော် ဤ Refresh your PC Feature သည်မိမိကွန်ပြူတာကိုလည်း အကောင်းအတိုင်းပြန်ဖြစ်စေချင်သလို မိမိရဲ့ Data တွေကိုလည်း မပျက်စေချင်ဘူးဆိုရင်တော့ အလွန်အသုံးဝင်မယ့် Feature ဖြစ်ပါတယ်။

(၄) File History

Windows တွင် Back Up Feature သည်ယခင်ကတည်းက ပါဝင်ပြီးဖြစ်သော်လည်း အသုံးမများပဲ Microsoft ရဲ့ပြောပြချက်အရ Windows အသုံးပြုသူအားလုံးရဲ့ ၅ ရာခိုင်နှုန်းသာ အသုံးပြုကြောင်း သိရပါတယ်။ ယခုအခါ Windows 8 တွင်တော့ File History ဟုခေါ်သော Back Up Tool တစ်ခုပါဝင်လာပြီ ဖြစ်ပါတယ်။ ယခု Feature သည် default အရ ပိတ်ထားမည်ဖြစ်ပြီး အသုံးပြုသူမှ အသုံးပြုလိုလျှင် External Hard Disk (သို့ ) Network Drive ကဲ့သို့  Drive မျိုးကို ကွန်ပြူတာကို တပ်၍ သွားဖွင့်ပေးရမှာ ဖြစ်ပါတယ်။ ထိုအခါ File History မှနေ၍ မိမိရဲ့ ကွန်ပြူတာ Libraries (My Documents, My Music, My Pictures,etc..)  ထဲရှိ File များကို Copy လုပ်၍ အလိုအလျှောက် သိမ်းပေးသွားမှာ ဖြစ်ပါတယ်။ ထို့ အပြင် Desktop မှာရှိသော အခြား File များနှင့်အတူ Contacts, Favorites တို့ ကိုလည်း သိမ်းပေးသွားမှာ ဖြစ်ပါတယ်။ အကယ်၍ အသုံးပြုသူမှနေ၍ သီးသန့်  Backup လုပ်ချင်တယ်ဆိုလျှင်လည်း မိမိ Back Up လုပ်လိုသော File ကိုရွေးချယ်ပေးလို့  ရပါတယ်။

File History သည် နာရီအလိုက် File များကို စောင့်ကြည့်သွားမှာဖြစ်ပြီး အကယ်၍ အပြောင်းအလဲရှိလျှင် External Drive များမှာ သွားရောက်၍ သိမ်းပေးသွားမှာ ဖြစ်ပါတယ်။ ထို့ ကြောင့် အသုံးပြုသူများအနေဖြင့် ထို File များရဲ့ အပြောင်းအလဲများကို External Drive များမှာသွားရောက် ကြည့်ရှုနိုင်ပြီး မိမိတို့ လိုချင်သော File Version ကိုပြန်လည်၍ ရယူပြီး သိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။ File History ကို File Explorer (ယခင်က Windows Explorer) နှင့် ချိတ်ဆက်ပေးထားသောကြောင့် မိမိလိုချင်သော File များကို File Explorer မှတစ်ဆင့်ပင် ရှာဖွေ၍ အလွယ်တကူပင် အရင်ဗားရှင်းများကို ပြန်လည် ရယူနိုင်ပါတယ်။

File History ရဲ့အကောင်းဆုံး အချက်တစ်ချက်ကတော့ Back Up လုပ်ရန်အတွက် မည်သည့် အချိန်တွင် Back Up လုပ်ရမယ်လို့  အချိန်သတ်မှတ်ထားတာမျိုး လုပ်ပေးဖို့ မလိုပါဘူး။ Windows 8 မှာ Back Up Process ကို Windows ရဲ့နောက်ကွယ်ကနေတစ်ဆင့်တာ အလိုအလျှောက် လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

(၅) Storage Spaces

နောက်ဆုံး အချက်တစ်ချက်အနေနဲ့  ကတော့ Windows 8 တွင်ယခုအခါ Storage Spaces ဟုခေါ်သော Feature အသစ်တစ်ခု ပါဝင်လာပြီ ဖြစ်ပါတယ်။ ယခု Feature ကတော့ Internal ရော External ရော Drive တွေအားလုံးကို ပေါင်း၍ Drive တစ်ခုတည်းအဖြစ် အလုပ် လုပ်ဆောင်စေနိုင်မယ့် Feature ဖြစ်ပါတယ်။ Storage Spaces အလုပ် လုပ်ပုံကတော့ မည်သည့် Drive (Internal Hard Disk, External Hard Disk, Thumb Drives, etc.. ) ဖြစ်စေ အားလုံးကို Drive ၁ခုတည်းအဖြစ်ပေါင်းကာ Pool တစ်ခုတည်ဆောက်ပေးပြီး အလုပ်လုပ်နိုင်အောင် ဆောင်ရွက်ပေး တာဖြစ်ပါတယ်။ Drive နာမည်ကိုလည်း မိမိကြိုက်တဲ့ နာမည် (ဥပမာ - My Drive, John, Emma စသည်ဖြင့်) ပေးလို့  ရပြီး Drive Letter ကိုလည်းမိမိကြိုက်သာ စာလုံး (ဥပမာ - G, H, I, J စသည်ဖြင့်)ပေးလို့  ရပါတယ်။

Storage Spaces ကို ဖန်တီးစဉ်တွင် မိမိတွင်ရှိသော Disk များရဲ့ Storage ထက်ပို၍ ဖန်တီးလို့  ရပါတယ်။ ဥပမာ မိမိတွင် 500GB Internal Hard Disk ၁ လုံး နှင့် 20GB နှင့် 80GB ဆိုပြီး External Hard Disk ၂လုံး ရှိသည်ဆို ပါစို့ ။ အသုံးပြုသူကနေ၍ Storage Spaces ကိုအသုံးပြု၍ Pool တစ်ခုဖန်တီး သည့်အခါထို Hard Disk ၃ ခုပေါင်းရဲ့ Storage ဖြစ်သော 600GB သာမကဘဲ အဲဒီထက်ပိုလွန်၍ (ဥပမာ - 800GB) ရှိသော Drive တစ်လုံး ဆိုပြီး ဖန်တီးထားလို့  ရပါတယ်။ အဲဒီ 800GB ထဲကို နောက်မှ Hard Disk တွေထပ်ပေါင်းထည့်ချင်လည်း ရပါတယ်။ အကယ်၍ မိမိကနေ၍ External Hard Disk ၂ လုံးထဲကို ပေါင်းချင်တယ်ဆိုလျှင်လည်း 100GB ရှိသော Pool တစ်ခုတည်ဆောက်ကာ Drive တစ်ခုကိုဖန်တီးပေးသွားမှာ ဖြစ်ပါတယ်။

File History ကဲ့သို့ ပင် Storage Spaces ၏အားသာချက်မှာ အသုံးပြုသူ အနေဖြင့် တစ်ခါသာ Configure လုပ်ပေးစရာလိုမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မိမိရဲ့ Drive များအားလုံးကို ပေါင်း၍ Drive ၁ ခုတည်းသာ လုပ်ထားပေး ထားကြောင့် မိမိအနေနဲ့  ဘယ် File တွေကို ဘယ် Hard Disk မှာမှတ်သား ထားလဲ ဆိုတာကို သေချာမှတ်မိစရာ မလိုတော့ပါဘူး။ အကုန်လုံးကို Storage Spaces ထဲကိုသာ သွားရောက်၍ ရှာဖွေနိုင်ပါတယ်။

အချုပ်အားဖြင့်ဆိုရသော်  Windows 8 တွင် အခြား Features များစွာ ပါဝင်ပါသေးတယ်။ သင့်အနေနှင့် Windows 8 တွင်ပါဝင်သော Modern Style UI ကိုအသုံးမပြုချင်လျှင် လည်း Desktop Mode ကိုသာအသုံးပြုလို့ ရ ပါတယ်။ Windows 8 မှာ Windows 7 Application များကိုလည်း အဆင်ပြေစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ထို့ ကြောင့် သင့်အနေနှင့် Windows 8 ကိုသုံးကြည့်ချင်တယ်ဆိုလျှင်တော့ အောက်တိုဘာ ၂၆ တွင် Windows 8 တရားဝင် ထွက်ရှိလာသည့်အခါတွင် စတင်အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။


ဇွဲမာန် (IT4M)
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Thursday, November 1, 2012

Windows 8 အသုံးပြုနိုင်သော MSI 520 tablet နှင့် Gaming Laptop များ

MSI အမှတ်တံဆိပ် ကွန်ပျူတာများကို မြန်မာပြည် တရားဝင်ကိုယ်စားလှယ်
အဖြစ် တင်သွင်း ဖြန့်ချိလျက်ရှိသော Royal Smart Co.,Ltd မှ Windows 8 Edition Gaming Laptop များကို အောက်တိုဘာလ ၂၅ ရက်နေ့တွင် PARKFOYAL Hotel ၌စတင် မိတ်ဆက်ရှင်းလင်းခဲ့ကြောင်း သိရ သည်။ ယခုတင်သွင်းထားသော Gaming Laptop များမှာ GE 70 နှင့် GE 60 model များဖြစ်ပြီး ပုံမှန် Gaming Laptop များထက် ၂ ပေါင်ခန့်ပိုမို ပေါ့ပါးမှုရှိကြောင်း တွေ့ရသည်။ ထို့အပြင် ဂိမ်းကစား သူများအတွက် အချိန်နှောင့်နှေး ကြန့်ကြာမှုမရှိဘဲ အွန်လိုင်း ဂိမ်း များကို မြန်ဆန်စွာ boot လုပ် နိုင်ပြီးgraphic မြင့်သည့် ဂိမ်း များကို ကောင်းမွန်စွာဆော့နိုင်မည် ဖြစ်သည်။

ထူးခြားချက်မှာ ဂိမ်း ဆော့ရာတွင် အထူးအရေးပါသည့် အသံစနစ်ကို အရည်အသွေး မြင့်မားစွာ ရရှိနိုင်ရန်အတွက် Gold Flash Audio Jack ကို အသုံးပြုထားသောကြောင့် ရန်သူ့ခြေသံ၊ သေနတ်ကျည်ဖြည့်သံ စသော သေးငယ်သည့် အသံမှ အစ ကြားသိနိုင်မည်ဖြစ်သည်။ ထို့အပြင် ညင်သာစွာထိတွေ့ ရုံဖြင့် ကောင်းမွန်စွာ အလုပ်လုပ် သော Best FPS Gaming Keyboard ကို အသုံးပြုထားပြီး ဂိမ်း ကစားသူများ မှားနှိပ်နိုင်သော Window Key ကို ညာဘက်ရွေ့ ထားကာ Ctrl Key ကို သာမန် ထက်ကြီး၍ design ပြုလုပ်ထား သည်။ Intel Core i7 2.3 GB, Quard core Mobile Processor သုံး MSE Gaming Laptop များကို GE 70 အား US $ 1190 ဖြင့်လည်းကောင်း GE 60 အား US $ 1150 ဖြင့်လည်းကောင်း ဝယ်ယူရရှိနိုင် မည်ဖြစ်ကြောင်း သိရှိရသည်။
MMT

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Friday, June 8, 2012

Window 8 ကိုကြိုက်နှစ်သက်စေမည့်အချက်



Metro Interface on Touch Screen – Windows 8 အတွင်း ဖန်တီးထားတဲ့ interface အသစ်ဟာ သွက်လက်မြန်ဆန်ပြီး အသုံးပြုရလွယ်ကူပါတယ်။ ထို့ပြင် ၄င်းဟာ အမြင်သစ်ဖြစ်နေတဲ့ အတွက် ယခင် ရင်းနှီးခဲ့ပြီးသား iOS ၏ ရိုးစင်းသော icon များနှင့် ပေါများလွန်းလှတဲ့ Android tablet များရဲ့ အမြင်ထက်တော့ အသစ် ဖြစ်နေပါလိမ့်မယ်။

Internet Explorer 10 - အခုအချိန်မှာတော့ Microsoft ဟာ ၄င်းတို့ရဲ့ web browser ကို standard ဖြစ်အောင် ပြုလုပ်လာပြီ လို့ ဆိုနိုင်ပါတယ်။ Windows 8 အတွင်း ပါဝင်တဲ့ IE 10 ဟာ ယခင် version များထက် သာလွန်တဲ့အပြင် HTM 5 ကို support ပေးကာ speed အနေနဲ့လည်း ပိုမို မြန်ဆန်လာတာကို တွေ့မြင်ရမှာပါ။

Syncing - အခြား PC တစ်ခုမှ သင်၏ account ကို sign-in လုပ်ကာ Windows 8 အတွင်းပါဝင်တဲ့ setting များ၊ metro apps များ၊ desktop preferences များ အစရှိတာတွေကို network မှ တစ်ဆင့် ပြုလုပ်သွားနိုင်ပါတယ်။

Refresh/Reset - သင့်ရဲ့ကွန်ပျူတာကို အသစ်အတိုင်းပြန်လည် ပြုလုပ်နိုင်သည့်အပြင် မည်သည့် installing ကိုမှ ပြန်လည် ပြုလုပ်စရာမလိုဘဲ OS ကို နဂိုအခြေအနေအတိုင်း ပြန်လည်ရရှိအောင် ပြု လုပ်နိုင်တာကလည်း Windows 8 ရဲ့ အဓိက အားသာချက်ပါပဲ။

Faster Startup – Windows 8 အတွင်း Starup မြန်စေရန် အသုံးပြုထားတဲ့ Hybrid Technology ကလည်း မယုံနိုင်လောက်ဖွယ် မြန်ဆန်ပါတယ်။

Networking – Windows 8 အတွင်း Network ချိတ်မယ်ဆိုရင် ယခင်ကထက် ပိုမိုမြန်ဆန်မှာဖြစ်ပြီး mobile network နှင့် Wi-Fi တို့ကိုလည်း တစ်ပါတည်းထည့်သွင်းပေးထားတဲ့အပြင် mobile network အသုံးပြုမှုများကိုလည်း track ပြုလုပ်သွားနိုင်သည့် feature ပါဝင်ပါသေးတယ်။ ထို့ပြင် အံ့သြစရာကောင်း သည့် အချက်ကတော့ Windows 8 ၏ Network အတွင်း Airplane mode ပါဝင်နေခြင်းပဲ ဖြစ်ပါတယ်။
ကျနော်ကိုယ်တိုင်လည်းသုံးနေတာပါ...

မှ ကူးယူဖော်ပြထားပါသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Wednesday, March 14, 2012

windows 8 stert menu အလွယ်ဆုံး

windows 8 stert menu အလွယ်ဆုံးနဲဒီမှာhttp://lee-soft.com/news/windows-8-start-menu/သွားပြီးdownload လိုက်ပြီးရင်installလိုက်တာပြီးရော videoနဲ့ဒီမှာhttp://www.youtube.com/watch?v=icpb5cp-Mfw&feature=relatedကြည့်ပါ

--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, December 4, 2011

Windows 8 မှာမြန်မာဖောင့် အဆင်မပြေသူများအတွက်


0diggsdigg

ကျွန်တော်တို့ အခုနောက်ပိုင်း Windwos 8 Preview Version ထွက်လာပြီးနောက်ပိုင်း အများစု Windows 8 ကို စမ်းပြီး အသုံးပြုလာတာ တွေ့ရပါတယ်.. ဒီနေရာမှာ ဘာတွေ ပြသနာကြုံ နေရလဲဆိုတော့ အခုအသစ် ထွက်လာတဲ့ Windows 8 မှာ Myanmar text  ဆိုပြီးတော့ Unicode ကို Support လုပ်ပေးထားပါတယ် .. အဲ့ဒီအတွက် ကျွန်တော်တို့ အနေနဲ့  Unicode ကိုပဲအသုံးပြုနေတယ် ဆိုရင်တော့ ပြသနာမရှိပါဘူး .. ဒါပေမယ့် အများစုက ဇော်ဂျီဝမ်း ကိုသာ အသုံးပြုနေတဲ့ အချိန်မှာ Folder Rename ကို Zawgyi-One နဲ့ပေးထားလို့ Windows 8 မှာ ဖောင့်တွေ ပြောင်းပြန်တွေ ပေါ်နေတာတွေ G-Talk ပြောတဲ့ အခါမှာ မြန်မာလို ပေါ်ပေမယ့် ဖောင့်တွေက တစ်လွဲတွေ ဖြစ်နေတာကို ကျွန်တော် Keymagic သုံးပြီး ဖြေရှင်းလို့ ရမယ့်နည်းလမ်းလေးကို ရေးပေးသွားပါမယ်.

ကျွန်တော်တို့ Keymagic ကိုသုံးနေတဲ့ သူတွေအတွက်က ပြသနာမရှိပေမယ့် မသုံးဘူးသေးတဲ့ သူတွေအတွက် နည်းနည်း အခက်အခဲ ရှိနိုင်တာမို့လို့ ကျွန်တော် Keymagic အသုံးပြုနည်းလေးကိုပါ ရေးပေးပါမယ် .. ဘာမှတော့ မခက်ပါဘူး .. အရင်ဆုံး Windows 8 မှာ Keymagic အလုပ်လုပ်ဖို့အတွက် Microsoft Visual C++ 2008 Redistributable Package ကိုအရင် Install လုပ်ပေးဖို့ လိုအပ်ပါတယ် ..

32 Bits Users တွေကတော့ ဒီအောက်ကလင့်မှာဒေါင်းလော့သွားချလိုက်ပါ..


64 Bits Users တွေကတော့ ဒီအောက်ကလင့်မှာ ဒေါင်းလော့သွားချလိုက်ပါ..


Keymagic ကိုတော့ ဒီအောက်ကလင့်မှာ ဒေါင်းလော့ချလိုက်ပါ..

အားလုံးဒေါင်းလော့ချပြီးရင် Microsoft က ဒေါင်းလော့ချထားတဲ့ Package လေးကို အရင် Install လုပ်လိုက်ပါ .. ပြီးမှ Keymagic ကို Install လုပ်ပေးလိုက်ပါ .. ဒါဆိုရင် အဆင်ပြေသွားပါလိမ့်မယ်.. ကျွန်တော် တစ်ချက်ပြောဖို့ ကျန်ခဲ့တာက Zawgyi-One ဖောင့်ကို Install လုပ်မယ်ဆိုရင်လည်း အရင် Windows 7 မှာတုန်းက အတိုင်းပါပဲ ဘာမှမထူးပါဘူး .. Install လုပ်ပေးလိုက်ပါ .. 

ဒါဆိုရင် ကျွန်တော်တို့ ကွန်ပျူတာမှာ Myanmar Text ရော Zawgyi-One နှစ်မျိုးလုံး အသုံးပြုလို့ ရသွားပါပြီ .. Keymagic ကို အသုံးပြုရတာ လွယ်ပါတယ် .. ကျွန်တော်တို့က Zawgyi-One ကိုအသုံးပြုမယ် ဆိုရင် အရင် Windows 7 က အတိုင်းအသုံးပြုယုံပါပဲ .. Keymagic နဲ့ Unicode Font ကိုပြောင်းသုံးချင်တယ် ဆိုရင်တော့ Keyboard မှ Shift + Ctrl + Z ကိုနှိပ်လိုက်ပါ .. ဒါဆိုရင် ကျွန်တော်တို့ က Keyboard မှ Zawgyi-One လက်ကွက်နဲ့ ရိုက်နေပေမယ့်လည်း စာလုံးတွေက Unicode ဖောင်နဲ့အလိုလိုပြောင်း သွားပါလိမ့်မယ် .. Convert လုပ်ပေးတာပါ .. ဒါဆိုရင်တော့ လက်ကွက်အတွက် အဆင်ပြေသွား ပြီလို့ထင်ပါတယ် .. 

ကျွန်တော်တို့ ဖိုဒါတွေမှာ မြန်မာလို  Zawgyi-One ဖောင်နဲ့ မပေါ်တော့ တာတွေအတွက် အရင် Windows 7 တုန်းကလို Font ကိုသွားချိန်း ပေးလို့မရပါဘူး .. အဲ့ဒီအတွက် ကျွန်တော်တို့ လုပ်ရမှာတစ်ခုက Zawgyi -One ဖောင့်နဲ့  Rename ပေးထားတာတွေကို Keymagic  သုံးပြီး Myanmar Text နဲ့ပြန်ပြီး rename ပေးမှသာ Folder တွေမှာ မြန်မာဖောင့် ပေါ်တော့မှာ ဖြစ်ပါတယ် .. 

နောက်တစ်ချက်ကတော့ G-Talk သုံးတဲ့အခါမှာ Myanmar လိုပေါ်နေသော်လည်း Font တွေက ထုံးစံအတိုင်း တလွဲတွေပေါ်နေ ပါလိမ့်မယ် ..  အဲ့ဒီအတွက် ကျွန်တော်တို့က G-Talk က Setting ထဲမှာ Zawgyi-One ဖောင့်ကိုသွားပြီး ပြောင်းပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ် .. 
အားလုံးပဲအဆင်ပြေကြပါစေ....ကျေးဇူးတင်ပါတယ်ခင်ဗျာ..



--
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Thursday, December 1, 2011

Windows 8 မှာ Start Menu Bar ထည့်ချင်ရင်

 

0diggsdigg


ကျွန်တော်တို့ အခုနောက်ပိုင်း Windows 8 ကိုအများစု စမ်းပြီး အသုံးပြုလာ ကြတာ တွေ့ရပါတယ် .. သုံးဖူးတဲ့ သူတွေလည်း သိမှာပါ .. အခုအသစ်ထွက်လာတဲ့ Windows 8 မှာ အရင် Windows 7 မှာတုန်းကလို Start Menu Bar မပါတော့ ပါဘူး .. ကျွန်တော် အခုပြောပြမဲ့ နည်းလမ်းလေးကတော့ Windows 8 မှာ Windows 7 မှာလို Start Menu Bar ထည့်ပြီး အသုံးပြုချင် သူတွေ အတွက်ဖြစ်ပါတယ် .. ကျွန်တော် ဘယ်လို လုပ်ရမယ် ဆိုတာကို အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ် ..

အရင်ဆုံး Keyboard မှ Windows + R ကိုနှိပ်လိုက်ပါ .. Run Box ပွင့်လာပြီဆိုရင် Run Box ထဲမှာ regedit လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ .. 

အောက်ကပုံအတိုင်း Registry Editor ပွင့်လာပြီဆိုရင် HKEY_CURRENT_USER >> Software >> Microsoft >> Windows >> Current Version >> Explorer ထိအဆင့်ဆင့် သွားလိုက်ပါ .. ပြီးရင် ဆက်လုပ်ရမယ့် အဆင့်တွေကို အောက်မှာ ပုံလေးတွေနဲ့ ဖော်ပြပေးထားပါတယ် ..




အပေါ်ကပုံအတိုင်း 0K  ပေးပြီးပြီ ဆိုရင်တော့ Windows 7 မှာလို Start Menu Bar အသုံးပြုလို့ ရသွားပြီ ဖြစ်ပါတယ် .. တကယ်လို့ Start Menu Bar နဲ့ မသုံးချင်လို့ သူ့မူရင်း ပုံစံအတိုင်း ပဲပြန်သုံး ချင်တယ်ဆိုရင်တော့ အပေါ်က Value data တန်ဖိုးကို 1 ပြန်ပြောင်းပြီး OK ပေးလိုက်ပါ .. ပြီးရင် ကွန်ပျူတာကို Restart ချပေးလိုက်ပါ .. ဒါဆိုရင် အဆင်ပြေ သွားပါလိမ့်မယ် ..






--
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, November 20, 2011

Windows 8 ကို Install လုပ်ပုံ




ကျွန်တော် ဟိုတစ်နေ့က Windows 8 အတွက် Windows Developer Preview  ဆိုပြီးထွက်လာတဲ့ ကောင်လေးကို စမ်းပြီး သုံးကြည့်ရင်းနဲ့  တစ်ခြားမသုံး ရသေးတဲ့သူတွေလဲ Windows 8 နဲ့ပါတ်သတ် တာလေးတွေ ဘာတွေ Support လုပ်ထားတယ် ၊ ဘယ်လို Function တွေပါဝင်တယ် ဆိုတာကို ကျွန်တော်လေ့လာ မိသလောက်လေး ပြန်ပြီးမျှဝေ ပေးသွားပါမယ်.. ကိုယ်တိုင်သုံးကြည့်တဲ့ အခါကြရင် အဆင်ပြေပြေ နဲ့ ဘယ်ဟာက ဘယ်လိုသုံးရတယ်ဆိုတာကိုလဲ သိစေချင်တဲ့ သဘောနဲ့ပါ.. ကျွန်တော်တို့ Windows 8  ကနေပြီးတော့ September 13 ရက်နေ့မှာ Preview Version ဆိုပြီး Windows Developer Preview  ကို အစမ်းအနေနဲ့ စပြီးအသုံးခွင့်ပေးခဲ့ပါတယ်.. အများစုလဲစမ်းသုံးဖူးကြရင် သုံးဖူးပြီးသား ဖြစ်ပါလိမ့်မယ်..

Windows Developer Preview  ကိုအသုံးပြုမယ်ဆိုရင် လိုအပ်တဲ့ Hardware Requirement ကိုကျွန်တော် အောက်မှာဖော်ပြပေးထားပါတယ်.. တကယ်လို့စမ်း သုံးမယ်ဆိုရင်တောင် မိမိတို့စက်မှာ တင်ထားတဲ့ Windows အဟောင်းရယ်  Windows Developer Preview  ကိုတင်တဲ့အခါ အဆင်ပြေမပြေကို အရင်ဆုံးလေ့လာ သင့်ပါတယ်..


Minimum hardware requirements for Windows Developer Preview
Architecturex86 (32-bit) x86-64 (64-bit)
Processor1 GHz x86 processor 1 GHz x86-64 processor
Memory (RAM)1 GB 2 GB
Graphics CardDirectX 9 graphics processor with WDDM driver model 1.0
(Not absolutely necessary; only required for Aero hardware acceleration. Graphics processors with no WDDM support will fall back to software rendering of Windows Aero and other 3D-accelerated graphics.)
HDD free space16 GB of free disk space 20 GB of free disk space

အပေါ်ကတော့  Windows Developer Preview  ကိုစမ်းပြီး သုံးကြည့်ချင်တဲ့ သူတွေအတွက် လိုအပ်မဲ့ Hardware Requirement ပါ..
Windows ကိုစပြီး Install လုပ်တဲ့ အပိုင်းကနေပဲ ပြောပြပေးပါမယ်.. ဒီကောင်လေးကို Install လုပ်ကြည့်တဲ့ အခါမှာ ကျွန်တော်တို့ Windows 7 Installation လုပ်တာနဲ့ အရမ်းကြီးတော့ ကွာခြားမှုမရှိပါဘူး Windows 7 ပေါ်မှာပဲ အဓိကအခြေခံပြီး ထုတ်ထားတာလို့ ပြောလို့လဲရပါတယ်.. Windows XP နဲ့ Windows 7 Installation လုပ်သလို အရမ်းကြီး ကွာဟမသွားပါဘူး..  ဒါကြောင့် Windows 7 တင်တက်မယ်ဆိုရင် Windows 8 Installation ကိုလဲလုပ်ဖို့ အဆင်ပြေပါလိမ့်မယ်.. 
နောက်တစ်ချက်ကတော့ Windows 8 မှာ Windows 7 နဲ့လုံးဝ ကွာခြားသွားတာကတော့ Start Menu Screen ပါ .. ကျွန်တော်တို့က Windows Installation ပြီးပြီဆိုတာနဲ့ အရင် Windows 7 မှာလို Windows 7 Screen ကိုတန်းပြီး ပေါ်လာမှာမဟုတ်ပဲ Start Menu Screen ကိုတန်းပြီး ပေါ်လာမှာဖြစ်ပါတယ်.. ကျွန်တော်တို့က Windows Screen ထဲကိုဝင်မယ်ဆို တော့မှ Windows Screen ကိုရွေးပြီးဝင်ရောက် ပေးရမှာဖြစ်ပါတယ်..


ကျွန်တော် လဲအများကြီးတော့ စမ်းမကြည့်ရသေးပါဘူး..ဒါပေမယ့် ကျွန်တော် စမ်းသုံးကြည့် သလောက်  Windows 8 Priview Version မှာ Windows 7 ထက်ပိုပြီး ထူးခြားလာတဲ့ အချက်လေးတွေကိုတော့ ရေးပေးသွားပါမယ်..
ကျွန်တော်တို့ Windows 8 Screen ထဲကိုဝင်လိုက်ပြီ ဆိုရင် အရင်ဆုံး လေ့လာရမှာက  Start Menu Bar ပါ .. Windows 8 မှာအရင်လို Start Menu Bar မပါတော့ပဲ  Start Menu Bar အစား Search ကိုကောင်းကောင်း အသုံးချလို့ ရအောင်ပြုလုပ်ပေးထားပါတယ်..


အပေါ်က ပုံအတိုင်း Start Menu Bar ကိုအရင်လို ထည့်မပေးတော့ပဲ Start ဆိုတာလေးကို ထောက်လိုက်ရင် Start Menu Bar လေးပေါ်လာမယ်.. အဲ့ဒီကမှ မိမိ Windows မှာတင်ထားတဲ့ Application တွေကိုရှာမယ် ဆိုရင်ပဲဖြစ်ဖြစ် Setting မှာသွားပြီးရှာမယ်ဆိုရင်ပဲဖြစ်ဖြစ် Search ကနေသွားပြီး ရှာဖွေနိုင်မှာဖြစ်ပါတယ်..


အပေါ်ကပုံ အတိုင်းပေါ်လာရင် ကျွန်တော်တို့က အရင်ဆုံး Application ထဲမှာရှာချင်တာလား , Setting ထဲမှာရှာချင်တာလား ဆိုတာကိုအရင်ရွေးပေးလိုက်ပါ.. ပြီးရင် Search မှာ ဥပမာ ၊ ၊ Mozilla Firefox ကိုရှာချင်တယ်ဆိုရင် Mozilla Firefox ကိုရှာ ပြီးရင် ဆက်လုပ်လို့ရမယ့် Function တွေကို အောက်မှာပုံလေးတွေနဲ့ ပြပေးထားပါတယ်..


အောက်ကပုံအတိုင်း ကိုရွေးထားတဲ့ Application ကိုချက်ချင်း မဖွင့်ပဲ Tab Bar ထဲမှာထည့်မှာလား တစ်ခြားသုံးလို့ ရတဲ့ Function လေးတွေလဲရှိပါသေးတယ်.. အရင်ဆုံး Firefox ကိုရွေးထားတယ်ဆိုရင် အဲ့ဒီကောင်လေးကို Right Click ထောက်လိုက်ပါ.. ဒါဆိုရင် အမှန်ခြစ်လေး ဖြစ်သွားပါလိမ့်မယ်..


ပြီးရင်ဒီကောင်လေးကို  Run မှာလား စတာတွေကိုလုပ်ပေးလို့ရပါတယ်.. ကျွန်တော်ကနမူနာ သဘောပြောပြပေးတာပါ.. သုံးကြည့်လိုက်ရင် သဘောပေါက်သွားပါလိမ့်မယ်..


အောက်ကပုံကတော့ ကျွန်တော်တို့ Start Menu Bar ကနေ Setting ကိုဝင်လိုက်ရင် တွေ့ရမဲ့ ပုံစံပါ.. Setting အောက်မှာ ကျွန်တော်တို့  Sound ပိုင်းတွေ Network ပိုင်းတွေ အတွက်ဆောင်ရွက် လို့ရမှာဖြစ်တဲ့ အပြင် ကွန်ပျူတာကို Shurt Down ချမယ် , Restart ချမယ်  ဆိုရင် ဒီအထဲက Power ကနေသွားပြီး လုပ်ပေးရမှာဖြစ်ပါတယ်..


ဒါလေးပြီးတော့ Folder Option အပိုင်းလေ နည်းနည်းလှည့်ကြည့်ရအောင် .. ဒီနေရာမှာတစ်ခု သတိထားမိလားတော့မသိဘူး Srart Menu Bar မပါတော့ အရင်လို Control Panel ကိုဘယ်လို သွားမလဲ ဆိုပြီးမေးစရာ ဖြစ်လာပါလိမ့်မယ် .. အဲ့ဒီအတွက် Windows 8 မှာတော့ Folder Option မှာ ပိုပြီးတော့ အဆင်ပြေအောင် လုပ်ပေးထားပါတယ်.. အောက်မှာ ကျွန်တော် ပုံလေးတွေနဲ့ ပြပေးထားပါတယ်..


အပေါ်ကပုံမှာ ပြထားသလို အရင်လို အလုပ်ရှုပ်နေစရာ မလိုတော့ပဲ Control Panel ကိုသွားမယ်ဆို ရင်လဲ Open Control Panel ကိုရွေးပြီးသွားလိုက်ယုံပါပဲ ဒါမှမဟုတ် Uninstall လုပ်မယ်ဆိုရင်လဲ Uninstall or Change a program ကနေ တိုက်ရိုက်သွားလို့ရပါတယ်..


အပေါ်က ပုံနဲ့ အောက်ကပုံက ဘာကိုပြထားတာလဲ ဆိုတော့ ကျွန်တော်တို့က Folder တွေကို တစ်နေရာကနေ တစ်နေရာကို  တစ်နေရာကနေတစ်နေရာ ကိုအလွယ်တကူ ရွေ့နိုင်မယ် . ဒါမှမဟုတ် မိမိတို့ Copy ကူချင်တဲ့ နေရာကို တိုရိုက် Copy ကူးလို့ရမယ် ဖျက်ချင်တဲ့ဖိုဒါကို ရွေးပြီး Delete တိုက်ရိုက် လုပ်လို့ရမယ် .. Rename ပေးချင်ရင်လဲ တိုက်ရိုက်ပေးလို့ ရမယ်.. ဒါက ပိုပြီးအသုံးပြုလို့အဆင်ပြေ အောင်လုပ်ပေးထားတဲ့ Function တွေပါ..


ကျွန်တော်တို့ Folder Option  ထဲက View  ကတော့အရင်ထက် အသုံးပြုရတာ ပိုအဆင်ပြေသွား တာပေါ့..


ပြီးရင် ကျွန်တော်တို့ Drive  ကိုသွားကြည့်လိုက်ပါ .. အရင်လို Partaio တွေကို Clean Up လုပ်ချင်တာပဲ ဖြစ်ဖြစ် Format လုပ်ချင်တာပဲ ဖြစ်ဖြစ် အလွယ်တကူဆောင်ရွက် နိုင်မှာဖြစ်ပါတယ်..


ပြီးရင်နောက်တစ် ချက်ကတော့ Unicode Font ကို Windows 8 မှာ Support လုပ်တာပဲ ဖြစ်ပါတယ်.. ဒါကတော့ Windows 8 ထွက်လာတာနဲ့ ပါတ်သတ်ပြီး မြန်မာလူမျိုး တွေအတွက် အဓိကအားသာချက် ဖြစ်ပါတယ်. အရင်လို ဖောင့်သက်သက် Install လုပ်စရာမလိုပဲ Unicode နဲ့ရေးထားတဲ့ စာတွေကို ဖတ်လို့ရမှာဖြစ်ပါတယ်.. အရင်လို မြန်မာဖောင့်နေရာဆိုရင် အတုံးတုံးလေးတွေ အပေးတော့ ပဲဖောင့်ပေါ် သွားပြီပေါ့ဗျာ.. တကယ် ကြိုးစားပေးကြတဲ့ ပညာရှင်တွေကိုလဲ အရမ်း ကျေးဇူးတင်ဖို့ ကောင်းပါတယ်.အောက်မှာ ကြည့်ကြည့်ပါ Myanmar Text Regular ဆိုပြီးတွေ့ ပါလိမ့်မယ်..
အောက်ကပုံကတော့ သူထဲမှာ မူရင်းပါတဲ့ Theme ပုံပါ.. 
အောက်ကပုံကတော့ ကျွန်တ်ာတို့  Welcome Screen ပုံလေးပါ.. ကျွန်တော်တို့က Enter ခေါက်ပြီး ၀င်သွားရမှာ ဖြစ်ပါတယ်.. မိမိတို့စိတ်ကြိုက် ပုံစံပြောင်းလို့ရပါတယ်..
အောက်ကပုံကတော့ ကျွန်တော်တို့ ၀င်သွားလိုက်ရင် Windows Install လုပ်တုန်းက အကောင့်ဖောက်ခဲ့သလိုပဲ User ပေါ်နေမှာဖြစ်ပါတယ်.. အဲ့ဒီကနေ၀င် ပြီးရင် Password ရိုက်ထည့်ပြီးဝင်သွား လိုက်ယုံပါပဲ..
ဒီလောက် ဆိုရင်တော့ Windows 8 နဲ့ပါတ်သတ်ပြီး တီးမိခေါက်မိတော့ ရှိသွားလိမ့်မယ်လို့ ထင်ပါတယ်.. ကျွန်တော်လဲ လောလောဆယ် စမ်းကြည့်မိတာ လေးတွေပဲရေးပေး ထားတာပါ.. Windows 7 အသုံးပြုနေသူ တွေအတွက်တော့ သုံးရတာ အရမ်းကြီးခက်ခဲမှု ရှိမှာမဟုတ်ပါဘူး..

--
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed