BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Wednesday, June 8, 2011

ထူးထူးခြားခြား မိခင်များ နှင့် ဖခင်များ

Show/Hide
အသက် အငယ်ဆုံးမိခင်း (၅)နှစ်၁၉၃၉ခုနှစ် မေလတွင် Peruနိုင်ငံ Andes တောင်တန်းအောက်ခြေရှိ ရွာတစ်ရွာတွင် အသက်(၅)နှစ်သာ ရှိသည့် Lena Medina ဟုခေါ်သော မိခင်တစ်ဦး ၆ပေါင်ခန့်ရှိသော ယောက်ျားလေးတစ်ဦးကို ဖွားမြင်ခဲ့သည်။ သုံးနှစ် အရွယ်တွင် ဓမ္မတာလာသော သူမသည် ဆေးပညာသမိုင်းတွင် ပထမဦးဆုံး ဖြစ်ခဲ့သည်။ သူမ၏ ၀မ်းဗိုက်တွင် ကြီးမားသော အလုံးရှိနေသည့်အတွက် ဖခင်မှာ စိုးရိမ်မကင်းဖြစ်ပြီး ဆေးရုံသို့ သွားရောက်ပြသခဲ့ရမှ ကိုယ်ဝန်ဖြစ်ကြောင်း သိခဲ့ရသည်။ယခုခေတ် ဆေးပညာအရ လီနာ၏ရောဂါမှာ ဟိုမုန်းဓာတ် မညီမျှသောကြောင်း အရွယ်စော၍ သန္ဓေမျိုးစေ့နှင့် သားအိမ်မှာ ကြီးရင့်ခဲ့ရသည်။ ဆေးပညာ သမိုင်းတွင် တွေ့ရခဲသည်။

အသက် အငယ်ဆုံးဖခင်း (၁၂)နှစ်England Shane Bluck ကျေးရွာတွင် နေထိုင်သော Sean Stewart ဟုခေါ်သော အသက်(၁၂)အရွယ် ကလေးတစ်ဦးသည် ၁၉၉၈ခုနှစ် ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် ၆ပေါင်ခန့်ရှိသော သားတစ်ဦး၏ ဖခင်ဖြစ်ခဲ့ သည်။ သူ့ချစ်သူ Emma Webster သူ၏ အိမ်နီးချင်းဖြစ်သည်။

အသက် အငယ်ဆုံး အဘွားး (၁၇)နှစ်အာဖရိတိုက် အနောက်အလယ်ပိုင်းရှိ နိုင်ဂျီးရီးယားနိုင်ငံတွင် Mamuci အမည်ရှိ အမျိုးသမီးသည် အသက် (၈)နှစ် (၄)လသား အရွယ်တွင် မိခင်ဖြစ်ခဲ့သည်။ သူမ၏ သမီးသည်လည်း အသက်(၈)နှစ် အရွယ်တွင် မိခင်ဖြစ်ခဲ့သည်။ ထို့ကြောင့်Mamuci (၁၇)နှစ် အရွယ်တွင် ကမ္ဘာ့အသက် အငယ်ဆုံး အဘွားဖြစ်ခဲ့သည်။

အသက် အကြီးဆုံးမိခင်း (၆၃)နှစ်၁၉၉၆ခုနှစ် နိုဝင်ဘာလ ၇ ရက် အမေရိကန် ကယ်ရီဖိုးနီးယားပြည်နယ်ရှိ Luomalinda ဆေးရုံတွင် ၆၃နှစ်၉လ အရွယ်ရှိ Aerkechi Kay မည်သော အမျိုးသမီးတစ်ဦး သမီးငယ်တစ်ဦးကို အောင်မြင်စွာ ဖွားမြင် နိုင်ခဲ့သည်။

အသက် အကြီးဆုံးဖခင်း (၉၃)နှစ်၁၉၉၂ခုနှစ် ဂျုလိုင်လတွင် ပေါ်တူဂီအရှေ့ပိုင်း Agri Hill အရပ်တွင် နေထိုင်သော အသက်(၉၃)နှစ် (၁၀)လ အရွယ်ရှိ အငြိမ်းစား သတ္တုတွင်း လုပ်သားတစ်ဦးသည် သားယောက်ျားတစ်ဦး၏ ဖခင်ဖြစ်ခဲ့သည်။

သားသမီး အများဆုံးဖခင်း ၈၆၇ ဦးမိုလိုဂို Sharif မင်းဆက်၏ နောက်ဆုံးမျိုးဆက်ဖြစ်သော Mule Aldois Simmel (၁၆၄၆-၁၇၂၇)သည် ၁၇၀၃ခုနှစ် ကတည်းက သားတော်(၅၂၅)ဦး သမီးတော်(၃၄၂) ပိုင်ဆိုင်ထားပြီဖြစ်သည်။ ၁၇၂၁ခုနှစ်တွင် မြေးမြစ်ပေါင်း (၇၀၀) ကျော် ရှိခဲ့သည်။

အမွေးနိုင်ဆုံး မိခင်း ၆၉ ကြိမ်၂၀၀၁ခုနှစ် Guinness Book (Guinness World Records) ၏ မှတ်တမ်းအရ ကမ္ဘာ့အမွေးနိုင်ဆုံး မိခင်မှာ ၁၈ရာစုက ရုရှားနိုင်ငံ လယ်သမားမိသားစုမှ Vasile Xiefuna အမည်ရှိ အမျိုးသမီးဖြစ်သည်။ ၁၇၂၅မှ ၁၇၆၅ ထိ သူသည် ၂၇ကြိမ်တွင် ကလေး ၆၉ဦး၊ ၁၆ကြိမ် အမွှာ၊ ၇ကြိမ် သုံးမွှာပြူးနှင့် ၄ကြိမ် ၄ မွှာပြူး မွေးဖွားခဲ့သည်။ သားသမီးပေါင်း ၇၆ဦး အသက်ရှင်ခဲ့သည်။

တရုတ်လို ဖတ်ရှုလိုပါက ဤနေရာတွင် (http://www.cctv.com/life/jiankang/090201_1040.html) ဖတ်နိုင်သည်။

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed