BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Thursday, March 29, 2012

မြောက်ကိုရီယား ကလေးတွေရဲ့....လက်စွမ်း..

သဘောကျလို့ပါ.....
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မြန်မာ-လာအို နှစ်နိုင်ငံကြား မဲခေါင်မြစ်ကူး တံတား တည်ဆောက်ရေး မကြာမီ စတင်မည်

မြန်မာ-လာအို နှစ်နိုင်ငံကြား မဲခေါင်မြစ်ကူး တံတား တည်ဆောက်ရေး မကြာမီ စတင်မည်မြန်မာနှင့် လာအို နှစ်နိုင်ငံ ကြား မဲခေါင်မြစ်ကူး တံတားတည် ဆောက်ရေး ကို မကြာမီ စတင်မည် ဖြစ်ကြောင်း၊ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က ဗီယက်နမ် နိုင်ငံသို့ သွားရောက် သည့် ချစ်ကြည်ရေး ခရီးစဉ်အတွင်း ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတနှင့် တွေ့ဆုံစဉ် အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ တံတား တည်ဆောက်ရာတွင် ဗီယက်နမ် နိုင်ငံ အနေဖြင့် အကူအညီများ ပေးစေ လိုကြောင်းလည်း သမ္မတကြီးဦးသိန်းစိန်က ထည့်သွင်း ပြောကြား ခဲ့သည်။
ထို့ပြင် နိုင်ငံတော် သမ္မတကြီးက ကုန်းလမ်းအနေဖြင့် ဗီယက်နမ် နိုင်ငံမှ လာအိုနိုင်ငံကို ဖြတ်၍ မြန် မာနိုင်ငံသို့ ဆက်သွယ်နိုင်ရန် တံတားတစ်စင်း မကြာမီ တည်ဆောက်မည် ဖြစ်ကြောင်းလည်း ပြောကြားသည်။
နှစ်နိုင်ငံကြား လေကြောင်း၊ ရေကြောင်းမှသာ ကူးသန်း ဆက်သွယ်ရသည်ဖြစ်ရာ နှစ်နိုင်ငံကြား ကုန်းလမ်းဖောက်လုပ်ရေး အ ကောင်အထည်ပေါ်ပါက အနာဂတ် ဆက်သွယ်မှု ပိုမိုလွယ်ကူနိုင်မည် ဖြစ်ကြောင်း ဗီယက်နမ်သမ္မတကြီး ကထည့်သွင်း ဆွေးနွေးခဲ့သည်။


--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

လုပ်ခလစာ ကိစ္စကြောင့် အဒီဘာယော စပါးနှင့် စာချုပ်ရေး မရေမရာ ဖြစ်နေ


PDF Print E-mail


လုပ်ခလစာ မြင့်မားမှုက အီမန်နျူရယ်လ် အဒီဘာယော တော့တင်ဟမ် ဟော့စပါး အသင်းသို့ အပြီးသတ် ပြောင်းရွှေ့နိုင်ရေး အတွက် အဓိက အတားအဆီး ဖြစ်လာဖွယ် ရှိနေကြောင်း သိရသည်။

အဒီဘာယောသည် မန်ချက်စတာ စီးတီးမှ စပါးအသင်းသို့ တစ်ရာသီ အငှား စာချုပ်ဖြင့် လာရောက် ကစားနေသူ ဖြစ်သည်။ တိုဂို လက်ရွေးစင် ကစားသမားသည် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၁၇၀၀၀၀) ရရှိနေသူဖြစ်ပြီး လတ်တလောတွင် ၎င်း၏ လုပ်ခလစာ ထက်ဝက်ခန့်ကို မန်စီးတီးက ပေးချေနေရသည်။ စပါးအသင်းသည် အားထားရသော တိုက်စစ်မှူးကို အပြီးသတ် ၀ယ်ယူပါက ပေါင်စတာလင် (၈)သန်းမျှ ပြောင်းရွှေ့ကြေး ကုန်ကျမည် ဖြစ်ပြီး အဒီဘာယောကို တစ်ပတ်လျှင် ပေါင်စတာလင် (၁၀၀၀၀၀)မျှဖြင့် စာချုပ်နိုင်ရန် မျှော်လင့်နေသည်။ ထို့အပြင် စွမ်းဆောင်ရည် အလိုက် ဆုကြေး ခံစားခွင့်ကို ပေါင်စတာလင် (၄)သန်းထိ တိုးမြှင့် ပေးသွားရန် လန်ဒန် ကလပ်က ရည်ရွယ်ထားသည်။

စပါးနှင့် စာချုပ်ကိစ္စ မသေချာသေးသည့် အဒီဘာယော

သို့သော်လည်း ထိုထက်ပိုသော ငွေပမာဏမျိုး သုံးစွဲရမည် ဆိုပါက စပါးအနေဖြင့် အဒီဘာယောကို ကာလရှည် စာချုပ်ရန် ရည်မှန်းချက်ကို စွန့်လွှတ်ရဖွယ် ရှိနေသည်။ အဒီဘာယောကလည်း ၎င်းရရှိနေသည့် လုပ်ခလစာထက် ခေါက်ချိုးနီးပါး လျော့ကျသွားသည့် အနေအထားကို လွယ်လွယ်ကူကူ ဆုံးဖြတ်ဖွယ် မရှိချေ။ ယခုအခါ စပါးအသင်း ဥက္ကဋ္ဌ ဒန်နီလီဗိုင်းသည် လိုအပ်လာသော အနေအထားတွင် အစားထိုးရန်အတွက် တိုက်စစ်မှူးသစ် တစ်ဦးကို ရှာဖွေနေကြောင်း သိရသည်။

တိုဂို လက်ရွေးစင် ကစားသမားသည် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၁၇၀၀၀၀) ရရှိနေသူဖြစ်ပြီး လတ်တလောတွင် ၎င်း၏ လုပ်ခလစာ ထက်ဝက်ခန့်ကို မန်စီးတီးက ပေးချေနေရ...
အိုလံပစ် မာဆေးလ်မှ လွိုက်ရီမီနှင့် ဗီလာရီးယဲလ်မှ ဂူဆက်ပီ ရော့ဆီတို့အနက် တစ်ဦးဦးသာ ၀ှိုက်ဟတ်လိန်း ရောက်လာခဲ့ပါက အဒီဘာယောသည် မန်စီးတီးသို့သာ ပြန်သွားရဖွယ် ရှိနေသည်။ မန်စီးတီး အနေဖြင့်လည်း နွေရာသီတွင် အီဒင်ဇီကိုအား ရောင်းထုတ်ဖြစ်ပြီး အခြားတိုက်စစ်မှူး တစ်ဦးကို အစားထိုး ခေါ်ယူခြင်း မပြုပါက အဒီဘာယောကို ပြန်လည် နေရာပေးဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။
Ref: Daily Mail


--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ချာမက်ခ်ကို ပေါင်(၅)သန်းမျှဖြင့် ခေါ်ယူနိုင်ရန် PSG မျှော်လင့်နေ


PDF Print E-mail


အာဆင်နယ် အသင်းမှ တိုက်စစ်မှူး မော်ရို ချာမက်ခ်ကို ပေါင်စတာလင် (၅)သန်းမျှဖြင့် ခေါ်ယူနိုင်ရန် ပဲရစ်စိန့်ဂျာမိန်း (PSG) အသင်းက မျှော်လင့်နေကြောင်း သိရှိရသည်။

ချာမက်ခ်သည် ဘောဒိုးစ် အသင်းတွင် အကောင်းဆုံး ခြေစွမ်း ပြသ နိုင်ခဲ့သော်လည်း (၂၀၁၀)ပြည့်နှစ်က အာဆင်နယ်သို့ အလွတ် ပြောင်းရွှေ့လာခဲ့သည့် နောက်ပိုင်းတွင် တောက်လျှောက် ရုန်းကန် လာရသည်။ အာဆင်နယ်သည် မော်ရိုကို လက်ရွေးစင်ကို ရောင်းထုတ်ရန် ရည်ရွယ်ထားပြီး ဖြစ်သော်လည်း ပြောင်းရွှေ့ကြေး ပေါင်စတာလင် (၇)သန်းမျှထိ မျှော်လင့်နေဆဲဖြစ်သည်။ အသက်(၂၈)နှစ်ရှိ ချာမက်ခ်သည် ယခုရာသီ အာဆင်နယ်အတွက် တစ်ဂိုးတည်းသာ သွင်းယူနိုင်ခဲ့ပြီး နွေရာသီတွင် အမ်းမရိတ်စ်မှ သေချာပေါက် ထွက်ခွာမည် ဖြစ်သည်။

အသက်(၂၈)နှစ်ရှိ ချာမက်ခ်သည် ယခုရာသီ အာဆင်နယ်အတွက် တစ်ဂိုးတည်းသာ သွင်းယူနိုင်ခဲ့ပြီး နွေရာသီတွင် အမ်းမရိတ်စ်မှ သေချာပေါက် ထွက်ခွာမည်ဖြစ်...
PSGသည် ချာမက်ခ်ကို တစ်ချိန်က ၎င်း၏ အောင်မြေ ဖြစ်ခဲ့ရာ ပြင်သစ်လိဂ်သို့ ပြန်လည် ခေါ်ယူသွားရန် ဆန္ဒရှိနေသည်။ PSGနည်းပြ ကာလို အန်ဆလော့တီက အာဆင်နယ်၏ ခေါ်ဈေးထက် ပေါင်(၂)သန်းမျှ လျှော့ချပြီး ချာမက်ခ်ကို ကမ်းလှမ်းနိုင်မည်ဟု ယုံကြည်လျှက် ရှိသည်။ အာဆင်နယ်သည် ယခုရာသီတွင် တိုက်စစ်အတွက် ရော်ဘင် ဗန်ပါစီကိုသာ အဓိက အားထား နေရပြီး ပြင်သစ်လိဂ် အခြေစိုက် ကစားသမားများ ဖြစ်ခဲ့သည့် ချာမက်ခ်ရော၊ ပါ့ခ်ချူယောင်းတို့ထံမှပါ ကောင်းမွန်သည့် အထောက်အပံ့မျိုး မရရှိဘဲ ဖြစ်နေရသည်။


--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed