ရန်ကုန်မြို့တွင်းတွင် တက္ကစီအဖြစ် အသုံးပြုနိုင်ရေးအတွက် မြန်မာငွေကျပ် သိန်း၆ဝ ခန့်ဝန်းကျင်တန်ဖိုးရှိ ၂ဝဝ၆ GEN 2 မော်ဒယ်ကားများကို မလေးရှားနိုင်ငံ ပရိုတွန်ကားကုမ္မဏီက ရောင်းပေးသွားမည်ဖြစ်ကြောင်း ၂-၁၁-၂၀၁၁ ရက်ကသိရသည်။ အဆိုပါကားများ မော်ဒယ်မှာ ၁၆၀၀ စီစီရှိပြီး ဓာတ်ဆီအသုံးပြုဘယ် မောင်းကားဖြစ်ကြောင်း၊ CIF ဈေး၊ အမေရိကန်ဒေါ်လာ ၇၅၀၀ ခန့်တန်ဖိုးရှိသည့် အတွက် ယခုငွေဈေးနှင့်တွက်ပါက တစ်စီးလျှင် ကျပ်သိန်း၆၀ဝန်းကျင် ခန့်ရှိကြောင်းသိရသည်။"အခုရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ကို အပ်ကုန်စနစ်ဖြင့် ၃၁စီးအရင်အပ်မယ်။ အဲဒီလိုအပ်ပြီး အစိုးရအဖွဲ့က ဝယ်ယူနိုင်အောင် ဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံ၏ ပရိုတွန်ကား ကုမ္မဏီ တစ်ဦးတည်း ကိုယ်စားလှယ် ဦးကျော်နိုင်ကဆိုသည်။ ရန်ကုန်မြို့တော်တွင် စီးတီးတက္ကစီ အရေအတွက် နှစ်သောင်းဝန်းကျင်ရှိကြောင်း၊ အဆိုပါတက္ကစီများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ခရိုင်အလိုက်ခွဲကာ စီးတီးတက္ကစီ နံပါတ်များ တပ်ပေးထားကြောင်း သိရသည်။ လက်ရှိပြေးဆွဲနေသော ယာဉ်များတွင် "ကက" နံပါတ်ယာဉ်များအားလုံး CNG အသုံးပြုကာ ကျန်ယာဉ်များအနက် ဓာတ်ဆီ၊ဒီဇယ်နှင့် CNG အသုံးပြု မောင်းနှင်ကြကြောင်း သိရသည်။









၂၀၁၁ ဆီးဂိမ်းစ် ဘောလုံးပြိင်ပွဲ အုပ်စု(ခ) နောက်ဆုံးပွဲစဉ် နှစ်ပွဲကို တစ်ချိန်တည်း ယှဉ်ပြိုင် ကစားခွင့်ပြုရန် မြန်မာအသင်းက ပြိုင်ပွဲ ကျင်းပရေး ကော်မတီထံ တောင်းဆိုလိုက်ကြောင်း သိရသည်။
လီဗာပူးလ် အသင်း မန်နေဂျာ ကင်နီ ဒဲလ်ဂလစ်ရှ်သည် ဆွစ်ဇာလန် ကလပ် ဘေဆယ်လ်မှ လူငယ်သွေးသစ် တိုက်စစ်မှူးလေး တစ်ဦးကို ခေါ်ယူရန် စိတ်ဝင်စား နေကြောင်း သိရှိရသည်။
အသင်းမှ ထွက်ခွာသွားသည့် ဒေးဗစ် ဘက်ဟမ်း၏ နေရာတွင် အစားထိုးရန် အတွက် ချယ်လ်ဆီး ကွင်းလယ်လူ ဖရန့်ခ် လမ်းပတ်အား လော့စ်အန်ဂျလိစ် ဂလက်ဆီက အလို ရှိနေကြောင်း သိရှိရသည်။
Rangoon Time