![]() လီဗာပူးလ်၏ အသင်းခေါင်းဆောင် ကွင်းလယ်လူသည် အောက်တိုဘာ (၁၅)ရက်နေ့၊ မန်ချက်စတာ ယူနိုက်တက်နှင့် ပွဲကြီးပွဲကောင်း တွေ့ဆုံမှုတွင် အသင်း၏ ပထမ(၁၁)ယောက် စာရင်း၌ ပါဝင် လာမည်ဟု သိရှိရသည်။ မတ်လ(၆)ရက်နေ့က အန်းဖီးလ်တွင် မန်ယူအား (၃-၁)ဖြင့် အနိုင် ရခဲ့သော ပွဲစဉ် အပြီးကတည်းက အနား ယူနေရသော အင်္ဂလန် လက်ရွေးစင်သည် နိုင်ငံတကာ ပွဲစဉ် နားရက် ကာလများတွင် ကြံ့ခိုင်မှု အပြည့်အ၀ ပြန်လည် ရရှိ လာပြီးနောက် လီဗာပူးလ် အတွက် ပွဲထွက်ရန် အသင့်ဖြစ်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အသက်(၃၁)နှစ်ရှိ ဂျရတ်သည် ဘရိုက်တန်နှင့် ကားလင်းဖလား၊ ၀ုလ်ဗ်၊ အဲဗာတန်တို့နှင့် ပရီးမီးယားလိဂ် ပွဲစဉ်များတွင် လူစားလဲ ပါဝင် ခဲ့ပြီးနောက် မန်ယူနှင့် ပွဲတွင်မူ တာထွက် စာရင်း၌ ပါဝင် လာတော့မည် ဖြစ်သည်။ မန်ချက်စတာ ယူနိုက်တက်နှင့် ပွဲတွင် ပွဲထွက်ခွင့် ရမည့် ဂျရတ် ဂျရတ် ပြန်လည် ပါဝင် လာနိုင်ခြင်းသည် ဆန်းဒါးလန်း အသင်းမှ ပြောင်းရွှေ့လာသည့် လူငယ် ကွင်းလယ် ကစားသမား ဂျော်ဒန် ဟန်ဒါဆင် အတွက် ပွဲထွက်ခွင့် အကန့်အသတ်များ ဖြစ်လာစေနိုင်ကြောင်း ဝေဖန်မှုများ ရှိနေသော်လည်း ဟန်ဒါဆင်က မစိုးရိမ်ကြောင်း ပြောကြားခဲ့သည်။ အသက်(၂၁)နှစ်ရှိ ဟန်ဒါဆင်က ၎င်းသည် လီဗာပူးလ်တွင် ဂျရတ်နှင့် တွဲကစားခွင့် ရရန် မျှော်လင့်ထားကြောင်း ဆိုသည်။ “ဂျရတ် ပြန်ကစား လာနိုင်တာ အသင်းအတွက် သိပ်ကောင်းပါတယ်။ ကျွန်တော့် အနေနဲ့ လက်တလော ပွဲထွက်ခွင့် ဆုံးရှုံးရင်လည်း မစိုးရိမ်ပါဘူး။ အကောင်းဆုံး ကြိုးစားနိုင်ရင် မန်နေဂျာက နေရာ ပေးလာမှာပါပဲ။ ဂျရတ်လို အသင်းရဲ့ စံပြ ကစားသမား တစ်ယောက်နဲ့ ရေရှည်မှာ တွဲကစား သွားနိုင်ဖို့ မျှော်လင့် မိပါတယ်” ဟု ဟန်ဒါဆင်က ပြောဆိုသွားသည်။ ဟန်ဒါဆင်သည် အင်္ဂလန် အသက်(၂၁)နှစ်အောက် လက်ရွေးစင် အသင်းတွင် ရွေးချယ် ခံရပြီးနောက် အောက်တိုဘာ (၁၀)ရက်နေ့ ညက ဥရောပ ဖလား ခြေစစ်ပွဲ၊ နော်ဝေနှင့် ပွဲစဉ်တွင် (၁)ဂိုး သွင်းယူ ပေးနိုင်ခဲ့သည်။ |
Tuesday, October 11, 2011
မန်ယူနှင့် ပွဲစဉ်တွင် လီဗာပူးလ် အတွက် ပွဲထွက် ပါဝင်မည့် စတီဗင် ဂျရတ်
ဆီးဂိမ်းစ်တွင် အောင်မြင်မှု ရပါက ရရှိသည့် ဆုကြေးများအား ဟန်ဆန် လှူဒါန်းမည်
Share |
မြန်မာ ယူ-၂၃ လက်ရွေးစင် အသင်းအား ကိုင်တွယ်လျှက် ရှိနေသည့် ဆွီဒင်လူမျိုး နည်းပြကြီး စတီဖန် ဟန်ဆန်သည် အောင်မြင်မှု ရရှိပါက ချီးမြှင့် ခံရမည့် အပိုဆုကြေးများအား ကလေးဆေးရုံ ဆောက်လုပ် လှူဒါန်းရန် စိတ်အား ထက်သန်နေကြောင်း သိရသည်။
နီးစပ်သူ တစ်ဦးအဆိုအရ ဟန်ဆန်သည် ဘောလုံး အဖွဲ့ချုပ်နှင့် ချုပ်ဆိုထားသည့် စာချုပ်တွင် အပိုဆုကြေး ခံစားခွင့်များ ထည့်သွင်း ချုပ်ဆိုထားသည်ဟု သိရပြီး အကယ်၍ ချီးမြှင့်ခံရမည် ဆိုပါက လှူဒါန်းသွားရန် စိတ်ကူးထားကြောင်း သိရသည်။ "ဟန်ဆန်က သူနေတဲ့ Micasa အနားမှာရှိတဲ့ ဦးဇော်ဇော် လှူဒါန်းထားတဲ့ ကလေးဆေးရုံကို ကြည့်ပြီး အားကျ နေတာပါ။ တကယ်လို့ လက်ရွေးစင် အသင်း အောင်ပွဲရပြီး ဆုကြေးတွေ ချီးမြှင့် ခံရမယ်ဆိုရင် အဲဒီ ကလေးဆေးရုံ လိုမျိုး အဆောက်အအုံ တစ်ခု ဆောက်လုပ် လှူဒါန်းလိုတယ်လို့ ပြောပါတယ်" ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
ဟန်ဆန်သည် ဘောလုံး အဖွဲ့ချုပ်နှင့် သက်တမ်း (၂)လသာ ရှိသည့် ကာလတို စာချုပ် တစ်ရပ်အား ချုပ်ဆိုထားခြင်း ဖြစ်ကာ လာမည့် ၂၆ကြိမ်မြောက် ဆီးဂိမ်းစ် ပြိုင်ပွဲအတွက်သာ ယာယီ ခန့်အပ်ခြင်း ခံထားရသူ ဖြစ်သည်။ ၎င်းသည် ဇေယျာရွှေမြေ အသင်းနှင့် ၂၀၁၄ အထိ နှစ်ရှည် စာချုပ် ချုပ်ဆိုထားသည့် နည်းပြတစ်ဦး ဖြစ်သည်။

ယူ-၂၃အသင်းအား ဦးဆောင်မည့် ဆွီဒင်နည်းပြကြီး စတီဖန်ဟန်ဆန်
ဟန်ဆန်သည် ဘောလုံး အဖွဲ့ချုပ်နှင့် သက်တမ်း (၂)လသာ ရှိသည့် ကာလတို စာချုပ် တစ်ရပ်အား ချုပ်ဆိုထားခြင်း ဖြစ်ကာ လာမည့် ၂၆ကြိမ်မြောက် ဆီးဂိမ်းစ် ပြိုင်ပွဲအတွက်သာ ယာယီ ခန့်အပ်ခြင်း ခံထားရသူ ဖြစ်သည်။ ၎င်းသည် ဇေယျာရွှေမြေ အသင်းနှင့် ၂၀၁၄ အထိ နှစ်ရှည် စာချုပ် ချုပ်ဆိုထားသည့် နည်းပြတစ်ဦး ဖြစ်သည်။
မန်ယူနှင့် ကလီဗာလေ စာချုပ် သက်တမ်းတိုး ~ အင်္ဂလန် U-21 အတွက် ၀ဲလ်ဘက်ခ်အား စေလွှတ်ရန် ဖာဂူဆန် ငြင်းပယ်
![]() ပြီးခဲ့သည့် ဘောလုံး ရာသီက ၀ီဂန်တွင် အငှားသွား ကစားခဲ့ပြီးနောက် အိုးလ်ထရက်ဖို့ဒ်သို့ ပြန်လည် ရောက်ရှိ လာချိန်တွင် ခြေစွမ်း ပြနိုင်ခဲ့သော အသက်(၂၂)နှစ်ရှိ အင်္ဂလန် လက်ရွေးစင်အား ပရီးမီးယားလိဂ် ချန်ပီယံ အသင်းက တစ်ပတ်လုပ်ခ ပေါင်စတာလင် (၄၀၀၀၀)တန် စာချုပ်သစ် တစ်ရပ် ချီးမြှင့်ခဲ့သည်။ ယင်းလုပ်ခ လစာ ပမာဏသည် လက်ရှိတွင် မန်ယူ၏ အင်္ဂလန် လက်ရွေးစင် လူငယ်များ ဖြစ်သော ဖီးလ်ဂျုံးစ်၊ ခရစ်စမောလင်းတို့ ရရှိ ခံစားနေမှုနှင့် တူညီသည်။ လက်ရှိတွင် ကလီဗာလေသည် ဒဏ်ရာကြောင့် အနား ယူနေရသော်လည်း အသင်းက ၎င်းအပေါ် အပြည့်အ၀ ယုံကြည်မှု ထားကာ ယခုလို စာချုပ်သက်တမ်း တိုးမြှင့်ခဲ့ခြင်း ဖြစ်သည်။ ဒဏ်ရာကြောင့် အနားယူနေရသည့် ကလီဗာလေ အခြားသော သတင်းများ အရ မန်ယူ အသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်သည် အသင်းမှ အင်္ဂလန် လက်ရွေးစင် လူငယ် တိုက်စစ်မှူး ဒန်နီ ၀ဲလ်ဘက်ခ်အား အင်္ဂလန် အသက်(၂၁)နှစ်အောက် လက်ရွေးစင် အသင်းအတွက် စေလွှတ်ပေးရန် ငြင်းဆန်ခဲ့ကြောင်း သိရသည်။ အင်္ဂလန် လူငယ် အသင်းသည် နော်ဝေးနှင့် တနင်္လာနေ့ ညတွင် ဥရောပ အသက်(၂၁)နှစ်အောက် လူငယ်ပြိုင်ပွဲ အတွက် ခြေစစ်ပွဲ ကစားရန် ရှိနေသည်။ အင်္ဂလန် နည်းပြ စတူး ၀ပ်ပီယာ့စ်က ၀ဲလ်ဘက်ခ်အား ခေါ်ယူရန် တောင်းဆို ခဲ့သော်လည်း ဖာဂူဆန်က အင်္ဂလန် လက်ရွေးစင် ပထမ အသင်းအတွက် ပါဝင်ထားသည့် ၀ဲလ်ဘက်ခ်ကို အနား ယူစေလိုသည့် အတွက် ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။ နသန်ဒယ်လ် ဖွန်ဆိုနှင့် မာတင် ၀က်ဟွန်းတို့ ဒဏ်ရာရ နေပြီးနောက် တိုက်စစ်အတွက် လူရွေးရန် အခက် ကြုံနေသည့် ပီယာ့စ်က “ကျွန်တော် ဆာအဲလက်စ်နဲ့ စကားပြော ပြီးပါပြီ။ သူက ၀ဲလ်ဘက်ခ်ဟာ မွန်တီ နီဂရိုးက ပြန်လာပြီး နောက်ထပ်တစ်ပွဲ ချက်ချင်း ကစားနိုင်ပါ့ မလားလို့ စိုးရိမ် နေပါတယ်။ ကျွန်တော် ဒါကို နားလည်ပေမယ့် ၀ဲလ်ဘက်ခ်ကို ခေါ်ချင်တယ်လို့ တောင်းဆို ခဲ့ရတာက လက်ရှိ အသင်းမှာ တိုက်စစ်မှူး တစ်ယောက်ပဲ ရှိနေလို့ပါ။ ဘာပဲဖြစ်ဖြစ် ဆာအဲလက်စ်ရဲ့ စိုးရိမ်မှုကို ကျွန်တော် စာနာ ပေးနိုင်ပါတယ်” ဟု ပြောကြား သွားခဲ့သည်။ ပီယာ့စ် အနေနှင့် ယခု ရာသီတွင် မန်ယူအတွက် (၈)ပွဲကစားကာ (၅)ဂိုးသွင်း ထားသည့် အသက်(၂၀) အရွယ် ၀ဲလ်ဘက်ခ်ကို ခေါ်ယူရန် အဆင် မပြေသည့် အတွက် တိုက်စစ်တွင် အာဆင်နယ် သွေးသစ် အဲလက်စ် အိုလိဒ် ချိန်ဘာလိန်ကို ပိုမိုအားပြု လာဖွယ် ရှိနေသည်။ ၎င်းသည် အိုက်စ်လန်နှင့် ပွဲတွင် Hat-Trick သွင်းကာ အင်္ဂလန် အသက်(၂၁)နှစ်အောက် လက်ရွေးစင် အသင်းကို အုပ်စု ထိပ်ဆုံးတွင် ရပ်တည် စေနိုင်ခဲ့သည်။ ပီယာ့စ်က တော့တင်ဟမ် ဟော့စပါး နောက်ခံလူ ကိုင်လီဝေါ့ကား သည်လည်း နော်ဝေး နှင့်ပွဲတွင် ပါဝင်မည် မဟုတ်ဟု အတည်ပြုခဲ့သည်။ “ကိုင်လီရဲ့ ရည်းစားက နောက်တစ်ပတ်မှာ ကလေး မွေးမှာဆိုတော့ သူက ခပ်ဝေးဝေး မသွားချင် ပါဘူး” ဟု ပီယာ့စ်က ပြောကြား သွားခဲ့သည်။ |
ရွန်နီသည် အင်္ဂလန် အသင်း အတွက် အမြဲတမ်း ပါဝင်ခွင့် ရနေမည် မဟုတ်ဟု ကာပယ်လို သတိပေး
Share |
ဝိန်းရွန်နီသည် အင်္ဂလန် လက်ရွေးစင် အသင်းတွင် အမြဲတမ်း အလိုအလျောက် ပါဝင်ခွင့် ရနေသူ မဟုတ်နိုင်ကြောင်း အသင်း မန်နေဂျာ ဖေဘီယို ကာပယ်လိုက သတိ ပေးလိုက်သည်။
အသက်(၂၅)နှစ်ရှိ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးသည် ဥရောပ ဖလား ခြေစစ်ပွဲ မွန်တီနီ ဂရိုးနှင့် ပွဲစဉ်တွင် တိုက်ရိုက် အနီကတ် ထိပြီးနောက် အင်္ဂလန် လက်ရွေးစင် အသင်း၏ ဥရောပ ဖလားပြိုင်ပွဲ အုပ်စုအဆင့် ပွဲစဉ်များနှင့် လွဲချော်မည့် အခြေအနေမျိုး ကြုံနေရသည်။ ကာပယ်လိုသည် ရွန်နီ မပါဝင်သည့် အင်္ဂလန် အသင်းကို စမ်းသပ် ဖော်ဆောင်ရန် ပြင်ဆင်နေပြီး နိုဝင်ဘာလ အတွင်း စပိန်နှင့် ခြေစမ်းမည့် ပွဲစဉ် လူစာရင်းတွင် ရွန်နီအား ချန်လှပ် ထားရန် ပြင်ဆင်နေသည်။
အီတလီသား မန်နေဂျာကြီးက “ကျွန်တော် ရွန်နီကို အမြဲတမ်း ရွေးနေတာမျိုး လုပ်မှာ မဟုတ်ပါဘူး။ တကယ်လို့ ပိုကောင်းတဲ့ ရလဒ်မျိုး ဖြစ်နိုင်တယ် ဆိုရင် ကျွန်တော့် အနေနဲ့ တစ်ခုခုကို ရွေးချယ်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး။ မန်နေဂျာ တစ်ယောက် အနေနဲ့ ကျွန်တော်ဟာ ကစားသမားကောင်းတွေ အများကြီးကို အရန်ခုံမှာ ထားခဲ့ ရဖူးပါတယ်။ ကျွန်တော် အမြဲတမ်း တွေးတာက လောလောဆယ် အကောင်းဆုံး ကစားနိုင်တာ ဘယ်သူလဲ ဆိုတဲ့ အချက်ပါ” ဟု ပြောဆိုသွားသည်။ ရွန်နီသည် မွန်တီနီ ဂရိုးနှင့် ပွဲတွင် ပြိုင်ဘက် ကစားသမားကို နောက်မှ ကန်ခဲ့ခြင်း အတွက် တိုက်ရိုက် အနီကတ် ထိခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ရွန်နီသည် အဆိုပါ ကိစ္စအတွက် UEFA အနေနှင့် ၎င်း၏ ပြစ်ဒဏ်ကို သက်ညှာစွာ ချမှတ်ပေးရန် တောင်းဆို ထားကြောင်းလည်း သိရှိရသည်။ ရွန်နီသည် ဥရောပ ဖလားတွင် ၎င်း၏ ပြစ်ဒဏ်ကို (၁)ပွဲပယ်သာ သတ်မှတ်ပေးရန် UEFA ထံသို့ အသနား ခံစာ ပေးပို့ထားသည်။ UEFAသည် တိုက်ရိုက် အနီကတ် အတွက် (၃)ပွဲပယ် ပြစ်ဒဏ်ကို ချမှတ်မည်ဟု ယေဘုယျ သတ်မှတ် ထားသော်လည်း ပြန်လည်စဉ်းစား စီစစ်ပြီး သက်ညှာသော ပြစ်ဒဏ်မျိုး ချမှတ်မှုများလည်း ရှိသည်။ ရွန်နီ၏ ကိစ္စကို ကြာသပတေး နေ့တွင် ပြစ်ဒဏ် အတည်ပြု ဆုံးဖြတ်မည် ဖြစ်ပြီး ရွန်နီ အနေနှင့် ဒိုင်၏ ဆုံးဖြတ်ချက်ကို စောဒက မတက်ဘဲ လေးလေးစားစား လိုက်နာ ခဲ့ခြင်းကြောင့် ၎င်းအတွက် အခွင့်အရေး ရှိလာနိုင်ကြောင်း ခန့်မှန်းမှုများလည်း ထွက်ပေါ်လျက် ရှိသည်။

UEFA ထံ ပွဲပယ်ပြစ်ဒဏ်အတွက် တောင်းဆိုးထားသည့် ရွန်နီ

ဟာနန်ဒက်ဇ်အား ပေါင်သန်း(၃၀)ဖြင့် ခေါ်ယူရန် ရီးယဲလ် စိတ်ဝင်စား
![]() အိုးလ်ထရက်ဖို့ဒ်တွင် ပရီးမီးယားလိဂ် ချန်ပီယံ အသင်းအတွက် အထူး ခြေစွမ်း ပြနေသည့် အသက်(၂၃)နှစ် အရွယ် မက္ကစီကို လက်ရွေးစင် ကစားသမားအား လက်တလောတွင် မန်ယူက စာချုပ်သက်တမ်း တိုးရန် စီစဉ်နေသည်။ မန်ယူအသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်သည် ချီးဗက်စ် ဂွာဒီလာဂျာရာ တိုက်စစ်မှူးဟောင်း၏ လက်ရှိ စာချုပ်အရ တစ်ပတ်လုပ်ခ ပေါင်စတာလင် (၂၅၀၀၀)ရရှိ နေခြင်းကို ပေါင်စတာလင် (၇၅၀၀၀)ထိ တိုးမြှင့်ပေးရန် အသင့် ရှိနေသည်။ သို့သော်လည်း ရီးယဲလ်က ပေါင်စတာလင် သန်း(၃၀)ထိ ဈေးပေးကာ ဟာနန်ဒက်ဇ်ကို ခေါ်ယူရန် စဉ်းစားနေကြောင်း The Sun က ဖော်ပြခဲ့သည်။ ရီးယဲလ်မှ စိတ်ဝင်စားနေသည့် တိုက်စစ်မှူး ဟာနန်ဒက်ဇ် မန်ယူသည် ဟာနန်ဒက်ဇ်ကို ၀ယ်ယူစဉ်က ပေါင်စတာလင် (၆)သန်းသာ ပေးချေ ခဲ့ရသောကြောင့် ရီးယဲလ်၏ ကမ်းလှမ်းသည့် ပမာဏသည် (၅)ဆ ပိုများလျက် ရှိသည်။ ဟာနန်ဒက်ဇ် ကိုယ်တိုင်ကမူ ရီးယဲလ်၏ စိတ်ဝင်စားမှုကို ဂုဏ်ယူသော်လည်း မိမိအား ကမ္ဘာသိ ကစားသမား တစ်ဦး ဖြစ်လာအောင် မြှင့်တင် ပေးခဲ့သည့် မန်ယူအပေါ် သစ္စာ စောင့်သိလိုကြောင်း ထုတ်ဖော် ပြောဆိုခဲ့ဖူးသည်။ ချီချာရီတိုဟာ ချစ်စနိုး ခေါ်ဝေါ်ခြင်း ခံရသော ဟာနန်ဒက်ဇ်သည် မန်ယူအတွက် ပွဲဦးထွက် ဘောလုံး ရာသီတွင် ဂိုး(၂၀) သွင်းယူ ပေးခဲ့ပြီးနောက် ရီးယဲလ်နည်းပြ ဟိုဆေးမော်ရင်ဟိုက ၎င်းအား အထူး စိတ်ဝင်စားလာခြင်း ဖြစ်သည်။ |
Subscribe to:
Posts (Atom)