Friday, March 8, 2013
ပရိသတ်ကြီးအတွက် အကောင်းဆုံး ဖျော်ဖြေမယ့် စိုးသူ
နိုင်ငံကျော် ပြည်သူချစ် အနုပညာရှင် စိုးသူရဲ့ တစ် ကိုယ်တော် ဖျော်ဖြေပွဲကို မတ်လ(၃၀)ရက်နေ့မှာ ရန်ကုန်မြို့ မိုင်ဒါကွင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။ အဆိုပါ ပွဲနဲ့ပတ်သက် တဲ့ စာနယ်ဇင်း အသိပေးပွဲကို မတ် လ(၃)ရက် ညနေ(၄)နာရီက Junction Square Ootdoot Area မှာ ကျင်းပခဲ့ရာ စိုးသူမှ စာနယ်ဇင်း များကို Past & Present ပွဲနဲ့ ပတ် သက်ပြီး ပြောပြခဲ့ပါ တယ်။ အဆိုပါ ပွဲဟာ စိုးသူကိုချစ်တဲ့ ပရိသတ်များ လွတ်လပ်ပျော်ရွှင်စွာကြည့်ရှုခွင့်ရဖို့ Forever Blooso m မှကြီးမှူးကျင်း ပတာဖြစ်ပြီး MRTV-4 မှလည်း တိုက်ရိုက်ထုတ်လွှင့် မယ်လို့သိရပါတယ။် Zone A, Zone B သတ်မှတ်ထား ပြီး စိုးသူရဲ့မိတ်ဆွေများနဲ့ အနုပ ညာညီအစ်ကိုမောင်နှမများက Zone A မှကြည့် ရှု ရမှာဖြစ်ပြီး ပရိ သတ်များက Zone B ကြည့်ရှု ရမှာဖြစ်တယ်လို့ သိရပါတယ်။ စိုးသူက အဆိုပါပွဲမှာ သူ့ရဲ့အောင်မြင်ခဲ့ တဲ့ တေးသီချင်း များအပြင် သီချင်း သစ် အနည်းငယ်နဲ့ လည်းဖျော်ဖြေ မယ်လို့ သိရပါ တယ်။ စိုးသူက သူ့ရဲ့ပရိသတ် များအတွက် အ ကောင်းဆုံး ကြိုးစားတင်ဆက် သွားမယ်လို့ ဆိုပါ တယ်။
ကမ္ဘာ့စွမ်းအင် အချွေတာဆုံးကား
ဆီတစ်ဂါလန် ထည့်ထားရုံဖြင့် ၃၁၃ မိုင်အထိ ခရီးနှင် နိုင်သည့် ကမ္ဘာ့စွမ်းအင် အချွေတာဆုံး XL 1 ကားကို ဗောက်စ်ဝက်ဂွန် ကားကုမ္ပဏီက စတင်မိတ်ဆက် လိုက်ပါပြီ။
ထိုကားဖြင့်သာ မောင်းနှင်သွား မည်ဆို လျှင် ၆၂ မိုင်စာ ခရီးစဉ်အထွက် ၁ ဒသမ ၄ စတာလင် ပေါင်မျှသာ ကျသင့်မည်ဖြစ်သည်။အဆိုပါ ကားတွင် ၈၀၀ စီစီဒီဇယ် အင်ဂျင်နှင့် အီလက်ထရွန် နစ်မော်တာ တို့ကို တပ်ဆင်ထားသည်။
ထိုကားသည် အီလက်ထ ရွန်နစ် မော်တာတို့ကို တပ် ဆင်ထားသည်။ ထိုကား သည် အီလက်ထရွန်နစ် မော်တာဖြင့် ၃၁ မိုင်အထိ ခရီးနှင် နေချိန်မှာ ကာဗွန် ဒိုင်အောက်ဆိုက် ထုတ်လွှတ် မှု မရှိဟု သိရသည်။
အီလက်ထရွန်း နစ်စွမ်းအင်နှင့် ဒီဇယ်စွမ်းအင် နှစ်မျိုး စလုံးကို အချိုးကျ သုံးနိုင်သော အဆိုပါဟိုက် ဘရစ် ကားသည် ၁၂ စက္ကန့် အတွင်းမှာ ၆၂ မိုင်အထိ အရှိန်တင်နိုင်ပြီး အရှိန်အမြင့် ဆုံးရောက် လာ လာလျှင် တစ်နာရီ ၉၉ မိုင်အထိ ခရီးနှင်နိုင်သည်။
အိုဘာမား၏အစ်ကို နိုင်ငံရေးလောကထဲ ဝင်ရန်ကြိုးပမ်းနေ
အမေရိကန်သမ္မတ ဘားရက်ဟူစိန် အိုဘားမား၏ အဖေတူအမေကွဲ အစ်ကိုဖြစ်သူ ရိုင်းအဘွန်အိုမာလစ် အိုဘားမားသည် မိန်းမ ၁၂ ယောက်ယူထား သူတစ်ဦး ဖြစ်ပြီး ကျောင်းသူ လေးဦးကိုလည်း နောက်တိုးမယား အဖြစ် ဖျားယောင်းနေသည်ဟု စွပ်စွဲခံထားရသည်။ ထို့ပြင် ၎င်းသည် သူ၏ မိန်းမများကိုလည်း ရိုက်နှက် လေ့ရှိသည်ဟု စွပ်စွဲခံထားရသည်။၎င်းသည် ယခုအခါ သမ္မတ အိုဘားမား၏ အရှိန်အဝါကို သုံးကာ နိုင်ငံရေး လောကထဲ ခြေချရန် ကြိုးပမ်းနေကြောင်း သိရသည်။ အသက် ၅၅ နှစ်အရွယ်ရှိ မာလစ်အိုဘားမားသည် ဘားရက် အိုဘားမား၏ အဖေတူအမေကွဲ အကိုတစ်ဦး ဖြစ်ပြီး အာဖရိကတိုက်ရှိ ကင်ညာနိုင်ငံတွင် နေထိုင် သည်ဟု သိရသည်။ မာလစ်အိုဘားမားသည် ယခုအခါ တစ်နှစ်လျှင် အင်္ဂလန်ငွေပေါင် တစ်သိန်းကျော်နှင့် အခွင့်အရေး များစွာရရှိ မည့် ပြည်နယ် အုပ်ချုပ်ရေးမှူး ရာထူးကို ဘားရက် အိုဘားမား၏ အရှိန်အဝါဖြင့်ရ ယူရန် ကြိုးပမ်းနေကြောင်း သိရသည်။ ကင်ညာနိုင်ငံ စီယားယား ပြည်နယ်၏ အုပ်ချုပ်သူ ရာထူးအတွက် ရွေးကောက်ပွဲဝင်ရန် မာလစ်အို ဘားမားသည် ပြင်ဆင်နေပြီ ဖြစ်သည်။၎င်းသည် မိန်းမများကို ရိုက်နှက်တတ်သည် ဟူသော စွပ်စွဲချက်များကိုမှု နားလည်မှု လွဲသည့် ကိစ္စတစ်ရပ်အဖြစ် ငြင်းဆိုထားသည်။ ၎င်းသည် သမ္မတ အိုဘားမား ဖခင်၏ လေးယောက်မြောက် ဇနီးမှ၏ သားဖြစ်သည် ဟုသိရသည်။
Subscribe to:
Comments (Atom)











Rangoon Time