BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Thursday, September 22, 2011

အူဝဲ မွေးခန်းထဲ လိုက်ပြီးမှတ်တမ်းတင်ဖို့ မဝံ့မရဲဖြစ်နေတဲ့ ပြေတီဦး


Saturday, 17 September 2011 16:23
ပြေတီဦးသည် ဇနီးဖြစ်သူ အိန္ဒြာကျော်ဇင် အောက်တိုဘာလလယ်ပိုင်းတွင် မွေးဖွားပါက အခြား အနုပညာရှင်အချို့ ပြုလုပ်လေ့ရှိကြသည့် မွေးခန်းတွင်း ဝင်ရောက်မှတ်တမ်းတင် ရိုက်ကူးခြင်းပြုရန် မဝံ့မရဲဖြစ်နေသည်ဟု ၄င်းကပြောသည်။
 
“ကျွန်တော့်မှာ အဲဒီခွဲခန်းတွေနဲ့ ပတ်သက်တဲ့အတွေ့ အကြုံတွေအများကြီးရှိတယ်ဗျ။ ကျွန်တော့်ဖေဖေနဲ့ အတူတူခွဲတာတွေရော၊ ချုပ်တာတွေရော အများကြီးလုပ်ဖူးပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့သွေးရင်းသားရင်း ဆွေမျိုးရင်းဆိုရင်တော့ ကျွန်တော် လိုက်နိုင်မှာမဟုတ်ဘူးထင်တယ်ဗျ။ အခု ကိုယ့်မိန်းမဆိုတော့ ပိုဆိုးတာပေါ့။ အူဝဲကလိုက်စေချင်တယ် ဆိုရင်တော့ လိုက်ရမှာပေါ့လေ။ ဒါပေမဲ့ ကိုယ့်အရင်းအချာတစ်ယောက် ခွဲခန်းထဲဝင်တာကို လိုက်ဝင်ဖို့အစ်ကို့မှာ သတ္တိမရှိဘူး”ဟု ပြေတီဦးကပြောသည်။ ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့၏ သမီးဦးကို အောက်တိုဘာလလယ်ပိုင်းတွင် မီးယပ်နှင့် သားဖွားဆရာဝန်ကြီး ဒေါက်တာမေသူမျိုးညွန့်နှင့် ခွဲစိတ်မွေးဖွားမည်ဖြစ်ပြီး မွေးဖွားမည့် ဆေးရုံကို ဝိတိုရိယနှင့် ပန်းလှိုင်နှစ်ခုအနက် တစ်ခုကို စဉ်းစားရွေးချယ်နေဆဲဖြစ်ကြောင်း သိရသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

နိုင်ငံခြားငွေ တရားဝင် ကိုင်ဆောင် ရောင်းဝယ်ဖောက်ကားခွင့် ပြည်တွင်းဘဏ် ၆ ခုရရှိ


နိုင်ငံခြားငွေကို ပြည်တွင်း၌ တရားဝင် ကိုင်ဆောင် ရောင်းဝယ်ဖောက်ကားခွင့်အား ဘဏ် ၆ ခုမှ ရရှိထားကြောင်းနှင့် ဗဟိုဘဏ်မှ သတ်မှတ်သည့် ငွေလဲနှုန်းဖြင့် နိုင်ငံခြားငွေ တရားဝင် လဲလှယ်ရောင်းဝယ်ရေး ကောင်တာအား ရန်ကုန်တွင် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က ပြောကြားခဲ့ပါသည်။ နိုင်ငံခြားငွေ တရားဝင် ကိုင်ဆောင်ခွင့် ရောင်းဝယ်ဖောက်ကားခွင့် ရရှိသည့် ဘဏ်များမှာ မြ၀တီဘဏ်၊ အင်းဝဘဏ်၊ စီဘီဘဏ်၊ ကမ္ဘောဇဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်နှင့် မြန်မာ့စက်မှုလက်မှု ဖွံ့ဖြိုးရေးဘဏ်တို့ဖြစ်ကြောင်း ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က ပြောပြခဲ့သည်။ နိုင်ငံခြားငွေ တရားဝင် ကိုင်ဆောင် ရောင်းဝယ်ခွင့်ရသည့် ဘဏ်များအနေဖြင့် နိုင်ငံခြားငွေ သုံးမျိုးနှင့် FEC တစ်မျိုး စုစုပေါင်း လေးမျိုး  ကို ရောင်းဝယ်လဲလှယ် ဖောက်ကားခွင့်ပြုထားကြောင်း၊ စက်တင်ဘာလကုန်နှင့် အောက်တိုဘာ လဆန်း ၀န်းကျင်ကာလတွင် အစောဆုံး ဖွင့်လှစ်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။ ''မြ၀တီ၊ အင်းဝ၊ စီဘီ၊ ကမ္ဘောဇ၊ မြန်မာ့စက်မှုလက်မှု ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ် အားလုံး ဘဏ်ခြောက်ခုက နိုင်ငံခြားငွေ တရားဝင် ကိုင်ဆောင် ရောင်းဝယ် ဖောက်ကားခွင့် ရရှိထားပါပြီ။ ဖွင့်မယ့်နေရာက သိမ်ဖြူလမ်း အောက်ဘလောက်က အရင်နိုင်ငံခြား ငွေလဲလှယ်ရေး ကောင်တာနေရာမှာ ဖွင့်ပါမယ်။ ဘဏ် ၆ ဘဏ်စလုံး ပေါင်းဖွင့်မယ်။ ကိုင်ဆောင် လဲလှယ်ခွင့်ရတဲ့ နိုင်ငံခြားငွေက အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာနဲ့ ယူရိုငွေကြေးတွေ ဖြစ်တယ်။ ဒါ့အပြင် FEC ကိုလည်း လဲလှယ်ခွင့် ရရှိပါတယ်။ ဗဟိုဘဏ်က သတ်မှတ်တဲ့ ငွေလဲနှုန်းနဲ့ လဲလှယ်ပေးမှာပါ။ နိုင်ငံခြားငွေ သုံးမျိုးနဲ့ ပြည်တွင်းကြားခံ ငွေကြေးတစ်မျိုး စုစုပေါင်းလေးမျိုး ကိုင်ဆောင် လဲလှယ် ရောင်းဝယ်ပေးမှာပါ။ အခုဖွင့်မယ့် ကောင်တာနေရာကို ပြင်ဆင် မွမ်းမံနေပါတယ်။ ဘဏ်တွေဘက်က အဆင်သင့် ဖြစ်နေပါပြီ။ ကောင်တာ ပြီးတာနဲ့ ဖွင့်မှာပါ။ စက်တင်ဘာလကုန်နဲ့ အောက်တိုဘာ လဆန်းပိုင်းလောက်မှာ ဖွင့်ဖြစ်မယ်ထင်ပါတယ်'' ဟု ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က ပြောကြားခဲ့ပါသည်။ ဘဏ်ဟောင်းများသာ နိုင်ငံခြားငွေ တရားဝင် ကိုင်ဆောင်ခွင့်ရရှိပြီး ဘဏ်သစ်များ နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့် မရရှိသည့်အပေါ် ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က ''နိုင်ငံခြား ငွေကြေး တရားဝင် ကိုင်ဆောင် လဲလှယ်ခွင့်ပေးတဲ့အခါ ပြည်ပက နိုင်ငံခြားဘဏ်တွေနဲ့ ချိတ်ဆက်ရပါတယ်။ ပြည်ပက နိုင်ငံခြားဘဏ်တွေက ပြည်တွင်းက ဘဏ်တွေနဲ့ ချိတ်ဆက်တဲ့အခါ အဓိကကတော့ အနည်းဆုံး သက်တမ်း သုံးနှစ် သက်တမ်းရှိရမယ်လို့ သတ်မှတ်လို့ ဘဏ်သစ်တွေ မပါတာပါ။ ခိုင်မာမှု-ယုံကြည်စိတ်ချရမှု၊ အကျိုးအမြတ်ရရှိမှုကိုကြည့်ပြီး ချိတ်ဆက်ကြတာပါ'' ဟု ပြောကြားခဲ့ကြောင်း ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဟိမဝန္တာတောင်တန်း ငလျင်လှုပ်ခတ်မှု သေဆုံးသူ ၅၀ ကျော်ပြီဟုဆို


Wednesday, 21 September 2011 15:05
အိန္ဒိယ၊ နီပေါနိုင်ငံများနှင့် တရုတ်နိုင်ငံ၊ တိဘက်ဒေသကြား ဆက်စပ်နေသော ဟိမဝန္တာ တောင်စွယ်တောင်တန်း ဒေသတွင် ငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။ စက်တင်ဘာ (၁၈)ရက်နေ့ ညနေပိုင်းက လှုပ်ခတ်ခဲ့သည့် ရစ်ခ်ျတာစကေး (၆.၉)ရှိသော ငလျင်သည် အနည်းဆုံး လူ(၅၀)ကျော်မျှ သေကြေစေခဲ့ကြောင်း သတင်းများကဆိုသည်။အိန္ဒိယနိုင်ငံရှိ တောင်စဉ်တောင်တန်း ထူထပ်သော ဆစ်ကင်းဒေသတွင် ဦးတည်လှုပ်ရှားသော ငလျင်သည် ယခုနှစ်တွင် အဆိုပါ ဒေသအတွင်း လှုပ်ရှားသွားသည့် ငလျင်များအနက် ထိခိုက်မှု အပြင်းထန်ဆုံးဖြစ်သည်။
ကယ်ဆယ်ရေး လုပ်သားများသည် ငလျင်ဘေးသင့် ဒေသများတွင် လုပ်ငန်းဆောင်ရွက်မှုများ အရှိန်မြှင့်တင် လုပ်ဆောင်ခဲ့သော်လည်း မိုးသည်းထန်စွာ ရွာသွန်းနေပြီး မြေပြိုမှုများ ဖြစ်နေခြင်းကြောင့် တိုးတက်မှု နှေးကွေးနေရသည်။နီပေါတွင် ရဲတပ်ဖွဲ့က ဒေသအတွင်း အရေးပေါ် အခြေအနေ ကြေညာပြီး အပျက်အစီးများကြား အသက်ရှင် ကျန်ရစ်သူများကို ရှာဖွေနေကြောင်း ပြောကြားခဲ့သည်။ ငလျင်လှုပ်ရှားပြီးကာစ အခြေအနေကတည်းက သတင်းများက (၁၈)ဦးထက်မနည်း သေဆုံးကြောင်းနှင့် နောက်ထပ်လည်း အသေအပျောက်စာရင်း မြင့်တက်လာနိုင်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များ၏ အဆိုကို ကိုးကားဖော်ပြခဲ့သည်။လက်ရှိတွင် ငလျင်ကြောင့် အဆိုပါ ဒေသများတွင် လျှပ်စစ်မီးလိုင်းနှင့် ဖုန်းလိုင်းများ ပြတ်တောက်နေသလို ကူးသွားသွားလာရန် အခက်အခဲများ ရှိနေကြောင်း သိရသည်။ သတင်းများက အိန္ဒိယမြောက်ပိုင်း ဒေသတစ်ခုထဲတွင်ပင် သေဆုံးသူ အရေအတွက် (၂၅)ဦးထက်မနည်း ရှိနေကြောင်းလည်း ဖော်ပြသွားသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဆက်ဒမ်ဟူစိန်အစိုးရအဖွဲ့ဝင်တစ်ဦး၏ ဘဏ်စာရင်းမှ ဒေါ်လာ ၁၁၆ သန်း ပြန်ရ


အီရတ်နိုင်ငံသမ္မတဟောင်း ဆက်ဒမ်ဟူစိန်၏ အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦး ပိုင်ဆိုင်သည့် အမေရိကန်ဒေါ်လာ ၁၁၆ သန်းကို ပြင်သစ်နိုင်ငံ ဘဏ်စာရင်းများမှ ပြန်လည်ရရှိကြောင်း အီရတ်အဂတိတိုက်ဖျက်ရေးအဖွဲ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ပြန်လည်ရရှိငွေများမှာ ပြင်သစ်နိုင်ငံ၌ ရှယ်ယာများ ထည့်ဝင်ထားသည့် ယူဘီအေအက်ဖ်ဘဏ်တွင် အပ်နှံထားသော ဒေါ်လာ ၁၁၆ သန်းနှင့် အခြားသော ပြင်သစ်ဘဏ်များ၌ ခွဲဝေအပ်နှံထားသည့် အမေရိကန်ဒေါ်လာ ၁၀ သန်းနှင့်ညီမျှသော နိုင်ငံခြားငွေများ ဖြစ်ကြောင်း အဆိုပါအဖွဲ့က ပြောကြားသည်။ ယင်းအဖွဲ့က ကြာသပတေးနေ့တွင် ထုတ်ပြန်သော ကြေညာချက်ကို ယခင်အစိုးရဟောင်းမှ အဖွဲ့ဝင်တစ်ဦး၏ အမည်ဖြင့် ဘဏ်စာရင်းများကို ဖွင့်ထားခြင်းဖြစ်သည်ဟု ဖော်ပြသော်လည်း ယင်းအဖွဲ့ဝင်၏အမည်ကို တိကျစွာ ဖော်ပြခြင်းမပြုပေ။ ထိုငွေများကို ဘဂ္ဂဒက်မြို့ရှိ အမေရိကန်သံရုံး၏ အကူအညီဖြင့် ပြန်လည်ရရှိခြင်းဖြစ်သည်ဟု ဆိုသည်။ (အေအက်ဖ်ပီ)
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မန်ယူ၏ နံပါတ် ၁ ဂိုးသမားနေရာအတွက် အသင့်ဖြစ်နေပြီဟု လင်ဒါဂါ့ဒ်ပြောကြား


ဘင်ဖီကာနှင့် ကစားသည့် ချန်ပီယံလိဂ် ပွဲစဉ်တွင် အထူးလက်စွမ်းပြခဲ့ပြီးနောက် မန်ချက်စတာ ယူနိုက်တက် ဂိုးသမား အန်းဒရက်စ် လင်ဒါဂါ့ဒ်က ဒေးဗစ်ဒီဂီယာလက်မှ နံပါတ်၁ ဦးစားပေး ဂိုးသမားနေရာကို ရယူရန် အသင့်ဖြစ်နေပြီဟု  ပြောကြားလိုက်သည်။ ဒိန်းမတ်လက်ရွေးစင် ဂိုးသမားသည် ဘင်ဖီကာ၏ အိမ်ကွင်းတွင် (၁)ဂိုးစီ သရေကျသော ပွဲတွင် ထူးထူးချွန်ချွန် လက်စွမ်းပြ ကာကွယ်မှုများ ပြုလုပ်ခဲ့သည်။ အင်္ဂလန် ချန်ပီယံ ယူနိုက်တက်သည် အက်ဒွင်ဗန်ဒါဆား အနားယူသွားပြီးနောက် စပိန်ကလပ် အက်သလက်တီကို မက်ဒရစ်မှ အသက်(၂၀)အရွယ် လူငယ်ဂိုးသမားလေး ဒီဂီယာကို ခေါ်ယူထားပြီး ဦးစားပေးဂိုးသမားအဖြစ် သတ်မှတ်ထားသည်။ သို့သော်လည်း ဒီဂီယာသည် အင်္ဂလန် ကစားဟန်နှင့် ရုတ်တရက် အံမ၀င်ဘဲ ဖြစ်နေသေးပြီး ပရီးမီးယားလိဂ် အစောပိုင်း ပွဲစဉ်များတွင် အမှားများ ရှိနေခဲ့သည်။ ယခုအခါ အသက်(၂၇)နှစ်ရှိ လင်ဒါဂါ့ဒ်က ၎င်းသည် အိုးလ်ထရက်ဒ်ဖို့၏ ဂိုးပေါက်ကို လုံခြုံစွာစောင့်ကြပ်ရန် တာဝန်အပေါ် အပြည့်အ၀ မျှော်လင့်နေပြီဟု ပြောကြားခဲ့သည်။ “ကျွန်တော် ဒုတိယဂိုးသမား နေရာမှာ ပျော်ရွှင်မနေပါဘူး။ ကျွန်တော် အင်္ဂလန်ကို ရောက်လာတာဟာ နံပါတ်(၁) နေရာအတွက်ပါ”ဟု လင်ဒါဂါ့ဒ်ကဆိုသည်။ ၎င်းက ယူနိုက်တက်သို့ ပြောင်းရွှေ့ခွင့် ရလာခြင်းကြောင့် ပိုမိုလက်စွမ်းတက်လာကြောင်းနှင့် ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်ထံမှ အကောင်းဆုံး အကူအညီများ ရရှိခဲ့ကြောင်း ဖွင့်ဟပြောဆိုသွားသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

တယ်ရီနှင့်လမ်းပတ်တို့က လူနာတင်လေယာဉ်ဝယ်ယူရန် ပါဝင်ကူညီ


Monday, 19 September 2011 10:59
အင်္ဂလန်လက်ရွေးစင်နှင့် ချယ်လ်ဆီးအသင်းတို့မှ နာမည်ကျော် ကစားသမား နှစ်ဦးဖြစ်သည့် ဂျွန်တယ်ရီနှင့် ဖရန့်ခ်လမ်းပတ်တို့သည် လူနာတင် လေယာဉ်ဝယ်ယူရန် ရည်ရွယ်သော ရန်ပုံငွေ တစ်ရပ်အတွက် ပါဝင်ကူညီခဲ့ကြောင်း သိရသည်။ ၎င်းတို့နှစ်ဦးသည် လက်မှတ်ထိုးထားသော ဘောလုံးကန်ဖိနပ် တစ်ရန်စီကို လှူဒါန်းပြီး ယင်းတို့ကို Onlineမှတဆင့် လေလံတင် ရောင်းချသွားမည်ဖြစ်သည်။ Umbro၏ Special Revolutionအမျိုးအစား ဖိနပ်နှင့် Adidas၏ Adipureတစ်ရန်စီကို ၎င်းတို့က ပေးအပ်ခဲ့ပြီး eBayမှတဆင့် လေလံတင်သွားမည်ဖြစ်သည်။ တယ်ရီ၏ ဖိနပ်တွင် ၎င်း၏ ချယ်လ်ဆီးအသင်းတွင် ၀တ်ဆင်သော နံပါတ် (၂၆)ကို ထည့်သွင်းဖော်ပြထားသလို သမီးနှစ်ဦးဖြစ်သည့် ဂျော်ဂျီနှင့် ဆမ်မာတို့၏ အမည်များကိုလည်း ရေးထိုးထားသည်။
လမ်းပတ်၏ ဖိနပ်မှာ (၂၀၀၈/၀၉) ဘောလုံးရာသီ FAရှုံးထွက်ဖလား ဗိုလ်စွဲစဉ်က ၀တ်ဆင်ထားခဲ့ခြင်းဖြစ်ပြီး အဖြူရောင် ဖိနပ်ပေါ်တွင် Luna 8၊ Isle 8နှင့် Mumဟူသော စာလုံးများ ရေးထားသည်။ ချယ်လ်ဆီးအသင်း တာဝန်ရှိသူ တစ်ဦးက “တယ်ရီနဲ့ လမ်းပတ်တို့ဟာ ကန့်၊ ဆာရေးနဲ့ ဆက်ဆက်စ်တို့မှာ လေကြောင်း လူနာတင်ယာဉ်စနစ် ထူထောင်ဖို့အတွက် တစ်တပ်တစ်အား ပါဝင်လှူဒါန်းခဲ့ပါတယ်။ သူတို့ရဲ့ ဖိနပ်တွေကို လေလံတင် ရောင်းချပြီး ရလာတဲ့ ငွေတွေကို ရန်ပုံငွေအတွက် လွှဲအပ်ပေးမှာပါ”ဟု ပြောကြားခဲ့သည်။ ယခုရန်ပုံငွေအတွက် Big Brother အစီအစဉ်မှူး ဒါဗီနာမက်ကောလ်ကလည်း ပေါင်စတာလင် (၅၀၀) ထည့်ဝင်လှူဒါန်းခဲ့သေးကြောင်း သိရသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed