BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

Sunday, March 16, 2014

Android ဖုန်းမှာ Internet speed ကိုမြှင့်ချင်သူများအတွက်

ပထမဦးစွာ မိမိဖုန်းကို “WCDMA only” mode ကိုပြောင်းပါ Settings -> Wireless and networks -> Mobile Networks -> Network Preferences -> WCDMA only ဒါမှမဟုတ် *#*#4636#*#* dialer မှာနှိပ်ပါ prefferd network ကို WCDMA only mode ပြောင်းပါ သိပြီးသားသူတွေကတော့ကျော်သွားလိုက်ပေါ့နော် မသိသေးတဲ့သူများအတွက် ပြန်ရှဲထားတာပါ အောက်ပါတစ်ခါထဲဒေါင်းလို့ရအောင် RAR ဖိုင်နဲ့တင်ပေးထားပါတယ် ၁)3g/4g speed optimizer ကိုဒေါင်းပါ ၂)Script manager ကိုဒေါင်းပါ ၃)3G turboCharger script မိမိ speed ကိုစမ်းချင်ရင် google play ကနေ Speedtest app ကိုဒေါင်းပြီးစမ်းနိုင်ပါတယ် ဦးစွာ 3g/4g speed optimizer ကို ဖွင့်ပါ -network speed ကို 12/28/7-max speed လို့ရွေးပါ -down speed increase ကို check လုပ်ပေးလိုက်ပါ -ပြီးရင် apply tweak ကို နှိပ်ပါ စက်ကို restart ပြန်လုပ်ပြီး Script Manager ကိုဖွင့်ပါ -ဒေါင်းလုပ်လုပ်ထားတဲ့ 3G turboCharger ဖိုင်ကို ရှာပါ -superuser icon ကို check လုပ်ပါ -script အလုပ်စဖို့ run ကိုနှိပ်ပါ၊ တစ်ခုခုရွေးခိုင်းတဲ့အထိစောင့် ပါ -fast, faster, fastest ဆိုပြီးရွေးခိုင်းပါလိမ့်မယ် fastest ကိုရွေးပါ -reboot နောက်တစ်ခါလုပ်လိုက်ပါကဲ reboot လုပ်လို့ပြီးသွားရင်တော့ 3G speed ကတိုးလာပါပြီသတိ။ user အားလုံးအတွက်အလုပ်ဖြစ်ချင်မှဖြစ်မယ်၊ မရရင်သင်ဟာ သင့် network operator ကနေ max speed ရနေပြီးဖြစ်လိမ့်မယ် မှတ်ချက်- မိမိဖုန်းကို root လုပ်ထားဖို့ တော့လိုပါမယ် ALL In DOWNLOAD HERE
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မျက်နှာပြင် နှစ်ဖက်ပါသော စမတ်ဖုန်း ရုရှားက ထုတ်မည်

စမတ်ဖုန်းဈေးကွက်ကို ရုရှားကုမ္မဏီတွေ စတင်ထိုးဖောက်တော့မှာ ဖြစ် ပါတယ်။ စများစတော့လည်း touch screen မျက်နှာပြင်နှစ်ဖက်ပါတဲ့ စမတ်ဖုန်း နဲ့ စတင်တာ ဖြစ်ပါတယ်။

ရုရှား Yota Design ကုမ္မဏီက တီထွင်ဖန်တီးခြင်း ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၅ သန်းရင်းလို့ research လုပ်ထားတဲ့ ဖုန်း ဖြစ်ပါ တယ်။ ဒါဆိုရင် ဘယ်လောက်တောင် ပြင်ဆင်ထားတယ်ဆိုတာ ခန့်မှန်းလို့ ရပါတယ်။ မျက်နှာပြင် လုပ်တဲ့ ရည်ရွယ်ချက်က တစ်ဖက်မှာ E-book ဖတ်ဖို့ ဖြစ်ပြီး တစ်ဖက်ကတော့ ဖုန်း ဖြစ်ပါတယ်။ သို့ပေမယ့် နှစ်ဖက်လုံးရဲ့ လုပ်ဆောင်ချက်ကတော့ လိုသလို ပြောင်းလဲယူလို့ ရတယ်လို့ ဆိုပါတယ်။
တစ်ဖက်မှာ LCD မျက်နှာပြင်၊ အခြားတစ်ဖက်မှာ electronic paper ဖြစ် ပါတယ်။ အကြမ်းလည်း ခံပါတယ်။ Google ရဲ့  Android OS ကိုပဲ အသုံးပြုဖြစ်ဖို့ များတယ်လို့ ဆိုပါတယ်။
Amazon ရဲ့ အီးဘုတ်ရော၊ ယနေ့အိုင်တီခေတ်ရဲ့  အကောင်းဆုံး စမတ်ဖုန်းကိုပါ နှစ်မျိုးလုံးကို ဖုန်းတစ်လုံးနဲ့ ပိုင်ဆိုင်ရစေမယ့်လို့ Yota ရဲ့  စီအီးအိုမှ ကြွေးကြော်ထားပါတယ်။ ဈေးနှုန်းကလည်း အမေရိကန်ဒေါ်လာ ၅၀၀ ပဲသတ်မှတ်ထားပါတယ်။ ဒါကြောင့် မြန်မာပြည်ရောက်လာရင် ၅ သိန်း ဝန်းကျင် သာရှိပြီး iPhone ထက်လည်း ဈေးသက်သာမှာ ဖြစ်ပါတယ်။
Applicatoin ထောက်ပံ့မှုတွေ၊ user interface တွေ နဲ့ အတွင်း Hardware ပစ္စည်းများကအစ ယနေ့ အဆင့်မြင့် စမတ်ဖုန်းများနဲ့ ယှဉ်ပြိုင်နိုင်မယ့် ကုန်ကြမ်းများကိုပဲ အသုံးပြုထားတယ်လို့ ဆိုပါတယ်။ 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဖုန်းအတု နဲ့ အစစ် ခွဲခြားဖို့အတွက် အလွယ်ကူဆုံး နည်းလမ်းနဲ့ စစ်မယ်



ရုတ်တရက် ကြည့်ရင် Androidလို့ ထင်ရနိုင်ပါတယ်။

Touch Screenကို စမ်းကြည့်မယ်ဆိုရင် ကွဲပြားစွာ သိရှိ နိုင်ပါတယ်။ ခက်တာက Androidကို အသုံးပြုထားတဲ့ တစ်ချို့ Handsets တွေမှာ Android အစစ် ဖြစ်တယ် ဆိုတာကို သိနိုင်ဖို့ ခက်ပါတယ်။

တစ်ချို့ Handsetsတွေက များသောအားဖြင့် Clone Handsets တွေမှာ တွေ့ရ တတ်ပါတယ်။ Androidအစစ်ကဲ့သို့ အသုံးပြုနိုင်တဲ့ Featureတွေ အကုန် ပါဝင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ့ Android ဖုန်းတွေက Androidအစစ်ကို အသုံးပြုထားတဲ့ဖုန်းတွေ မဟုတ်ကြပါဘူး။

Android အစစ်ကို အသုံးပြုထားတဲ့ ဖုန်းနဲ့ Android အစစ်မဟုတ်တဲ့ ဖုန်းတွေက ဘာတွေ ကွဲပြားလဲ ဆိုရင်တော့ ကွဲလွဲတာတွေ သိပ်မရှိပေမဲ့။ Brand အစစ်နဲ့ ခွဲခြားလို့ မရအောင်တူတဲ့ Clone Handsets တွေမှာ Android အစစ် မဟုတ်တာတွေကို သုံးထားတာ ဖြစ်တဲ့အတွက် Brand အစစ်ဆိုပြီး ၀ယ်လိုက်မိသွားမှာ စိုးရိမ်တဲ့ Android User တွေ အတွက် ဒီနည်းလမ်းလေးကို ပြောပြ လိုက်ပါတယ်။

အခုနောက်ပိုင်း ၀င်လာတဲ့ Samsung Galaxy Mini တွေမှာ Android အစစ် မဟုတ်တာတွေကို သုံးထားပါတယ်။ လုံးဝကို အစစ်နဲ့ တူပါတယ်။ အဲ့လိုဖုန်းတွေကို အစစ် မဟုတ်ကြောင်း ဘယ်လို စမ်းနိုင်လဲဆိုရင်၊ အလွယ်ဆုံးက Setting ထဲကိုဝင်ပြီး Display ကို ရှာလိုက်ပါ။

Samsung Galaxy Series တွေအတွက် ဒီနည်းနဲ့ စမ်းကြည့်လို့ ရပါတယ်။ Display ထဲမှာ Font Style ကို ရှာကြည့်လိုက်ပါ။ တွေ့ရင် အစစ်ဖြစ်ကြောင်း ယုံလို့ ရပါတယ်။ မတွေ့ရင် အစစ်မဟုတ်ဘူး ပေါ့ဗျာ။

နောက်တနည်းကတော့ လုံးဝ အစစ်ဖြစ်တယ် ဆိုတာကို စမ်းကြည့်လို့ ရပါတယ်။ Setting ထဲကို ၀င်လိုက်ပါ။ About Phone ကို တွေ့ပါ လိမ့်မယ်။ Android Version 4.0.4 စသဖြင့် ရေးထားတဲ့ နေရာလေးကို ၃ခါ လေးခါလောက် ဆက်တိုက် နှိပ်ကြည့်ပါ။

စက်ရုပ်ပုံလေး ပေါ်လာပြီး Android Version ရယ် ICS, Jelly Bean ဆိုတာကို ဖေါ်ပြ ပေးပါလိမ့်မယ်။ နောက်ပြီး စက်ရုပ်ပုံလေးကို ဆက်ဖိထား လိုက်ရင် စက်ရုပ်ပုံလေးတွေ ပြေးနေတာကို တွေ့ရ ပါလိမ့်မယ်။ Clone Handsets တွေမှာ အဲ့ဒီလိုဖြစ်အောင် မလုပ် နိုင်ပါဘူး။

ဒီနည်းလမ်းတွေက Android ဖုန်းတွေကို အစစ် ဟုတ်မဟုတ် စစ်ကြည့်လို့ ရနိုင်ပါတယ်။ အတုအစစ် ခွဲခြားဖို့အတွက် အလွယ်ကူဆုံး နည်းလမ်းနဲ့ အထက်မှာ ပြောပြထားတဲ့ အတွက် လုံလောက်ပြီး အဆင်ပြေကြမယ် ထင်ပါတယ်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Tuesday, March 11, 2014

ဈေးသက်သာ ဟန်းဆက် အသုံးပြုသူများ သိထားရန်

ဈေးသက်သာ ဟန်းဆက်များကို အသုံးပြုခြင်းဖြင့် လိုင်းစွဲအား ကောင်းတာ ကိုပဲ သိထားကြပြီး အများစုက
သူ့ဆီက ပါလာမယ့် ဆိုးကျိုးအကျိုးဆက်ကို သိမထားပါဘူး။ အဲ့ဒီအကျိုးဆက်များထဲကနေ ကျန်းမာရေးကို ထိခိုက်စေ တာက အဆိုးဆုံးပဲ ဖြစ်ပါတယ်။ SAR လို့ခေါ်တဲ့ အချက် တစ်ခုပါ။

Specific absorption rate လို့ အရှည်ခေါ်တဲ့ SAR ဆိုတာ ထပ်ရှင်းရရင်  power absorbed per mass of tissue လို့ ခေါ်ပါတယ်။ တစ်ရှုး ၁ ကီလိုဂရမ်စာ ပမာဏ ရှိတဲ့ လူ့အသားထဲကို ဝပ်အား ဘယ်လောက် ရှိတဲ့ ရေဒီယို ကြိမ်နှုန်း သို့မဟုတ် electromagnetic field ဘယ်လောက် ရှိတယ်ဆိုတာကို တွက်ချက် ခြင်း ဖြစ်ပါတယ်။
ကမ္ဘာ့ စမတ်ဖုန်းနဲ့ အခြား Telecommunication ဆစ်စပ် ပစ္စည်း ထုတ်လုပ်မှုတိုင်းမှာ SAR Rating အတွက် စောင့်ကြည့် လေ့လာတဲ့ အဖွဲ့က သီးသန့်ထားရပါတယ်။ မထားနိုင်ရင်တောင် SAR Rating စံချိန်စံညွန်း သတ်မှတ်ပေးတဲ့ အဖွဲ့အစည်းထောက်ခံချက် ရရှိတဲ့ ကုန်ကြမ်း ပစ္စည်းများကိုသာ အသုံးပြုလို့ စမတ်ဖုန်းများ ထုတ်လုပ် ရပါတယ်။
တရုတ်ပြည်က လာတဲ့ ဈေးပေါ ဟန်းဆက်မှာ သုံးတဲ့ ကုန်ကြမ်းများက SAR Rating နဲ့ ပက်သက်လို့ သေချာ ဖန်တီး၊ဆောင်ရွက်မှု မရှိပါဘူး။ အားလုံးကို မဆိုလိုပါ။ ဈေးနှုန်းနိမ့် ဖုန်းများ၊ ကလုန်းများ ဖြစ်ပါတယ်။ ကုန်ကြမ်း ပေါပေါ သီသီ ရှိတော့ Apple က iPhone 6 စတင်မိတ် ဆက်ပြီး နောက် ၁ ရက်ဆို တရုတ် တရုတ်တို့က ဆင်တူနီးပါး အတုကို ဖန်တီးနိုင်ပါတယ်။ သို့ပေမယ့် အတွင်းက ပစ္စည်းများအတွက် ကျန်းမာရေးနဲ့ ပက်သက်တဲ့ အာမခံချက် သိပ်မရှိပါဘူး။
SAR Rating မြင့်တော့ ဘာဖြစ်လဲလို့ အချို့ ကမေးကြပါလိမ့်မယ်။ ဟုတ်ကဲ့။ သူက ဦးနှောက်ကင်ဆာဖြစ်စေ ပါတယ်။ ဘော်ဒီတစ်ရှူး များကို ရေဒီယို လှိုင်း များ တိုက်ရိုက်ထိတွေ့မှုကြောင့် တစ်ရှူးများ သေစေပါတယ်။ ဒီတော့ ဆိုးကျိုးက ခဏသုံးလို့ ဘာမှ မဖြစ်ပေမယ့် ရေရှည်ကျရင် စကားပြောလာ ပါလိမ့်မယ်။ ဖုန်းတစ်လုံးကို တစ်နှစ်သုံးတယ်ပဲထား။ ယင်း ဖုန်းကို တစ်နှစ်လုံး အိပ်ထဲထည့်၊ သွားလေရာသယ်၊ အိပ်ယာဘေးထား အိပ်၊ နေ့မအား၊ ညမနား ပြော၊ ဖြစ်လာမယ့် ဆိုးကျိုးက မတွေးရဲစရာပါပဲ။
 SAR နဲ့ Connectivity က တိုက်ရိုက်အချိုးကျပါတယ်။ လိုင်းဆွဲ အား ကောင်းလေလေ SAR များလေလေ၊ လိုင်းဆွဲအား နည်းလေလေ SAR နည်းလေလေလေ ဖြစ်ပါတယ်။ ဒါကြောင့် ယနေ့ခေတ် နောက် ဆုံး ပေါ် စမတ်ဖုန်းများက မော်ဒယ်နိမ့် ကီးပတ်ပါ စမတ်ဖုန်းများလောက် အများ အားဖြင့် လှိုင်းဆွဲအား မကောင်းခြင်း ဖြစ်ပါ တယ်။
ဥပမာ Samsung Galaxy Note 2 ဆိုရင် သုည ဒသမ နောက်မှာပဲ ရှိပါ တယ်။ ခေါင်း ကို 0.17, ဘော်ဒီကို 0.95 W/Kg ပဲ ရှိပါတယ်။ ဖုန်းကို လက်က ကိုင်ပြောပေမယ့် ခေါင်းနဲ့ ကိုယ်ကို ဝင်တဲ့ SAR တွက်ချက်ပုံ ကလည်း မတူသေးပါဘူး။ effect ကလည်း ကွဲပြားနေလို့ ဖြစ်ပါတယ်။
ဒီတော့ ဖုန်းဝယ်ရင် ယုံကြည်စိတ်ချရတဲ့ ကမ္ဘာသုံး Brand များကို သာ ရွေးချယ်လို့ ဝယ်သင့်ပါတယ်။ ဈေးမသက် သာရင်တောင် ဈေးမကြီးတဲ့ ဖုန်းတွေ အများကြီး ရှိပါတယ်။ ဥပမာ နိုကီယာ၊ ZTE အပြင် အခြားသော Brand အချို့လည်း ဈေးနည်းဖုန်း ဈေးကွက် အတွက် ဖုန်းများထုတ်ပါသေး တယ်။
ဒီလောက်ဆိုရင် SAR အကြောင်းကို သိလို့ စာဖတ်သူတို့ ဆင်ခြင် နိုင်မယ် လို့ မျှော်လင့်ပါတယ်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မိုဘိုင်းဖုန်းနှင့် Tablet ပြပွဲတွင် LG Flex ကို ထည့်သွင်းပြသ သွားမည်

LG Electronics မှ ထုတ်လုပ် လိုက်သည့် ကမ္ဘာ့ပထမဆုံး မျက်နှာပြင်ကွေး  စမတ် ဖုန်းဖြစ်သည့် “G Flex” ကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ တပ်မတော်ခန်းမတွင် ကျင်းပ ပြုလုပ်မည့် မိုဘိုင်းဖုန်းနှင့် Tablet ပြပွဲတွင် ပထမဦးဆုံး မိတ်ဆက် ပြသသွား မည်ဖြစ်သည်။
“မိုဘိုင်းဖုန်းနဲ့ Tablet Fair တွင် G Flex ကို စတင်မိတ်ဆက်မှာဖြစ်ပါတယ်။ ၀ယ်ယူချင်တဲ့သူတွေအနေနဲ့ လည်း Pre-order ကို လက်ခံသွားမှာဖြစ် ပါတယ်။ မတ်လတွင် မြန်မာနိုင်ငံမှာ စတင်ရောင်းချ သွားမှာပါ”ဟု LG Electronics Myanmar မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် ကွေးညွတ်မျက်နှာပြင် နည်းပညာကို စတင်မိတ်ဆက် ပွဲထုတ်ခဲ့တာလည်း LG ဖြစ်ပြီး မကြာသေးခင်ကမှ ကမ္ဘာ့ပထမဆုံး ‘OLED Curved TV’ နှင့် ဖြစ်သည်။ ယခုတစ်ခါမှာလည်း LG ၏ နည်းပညာမြင့် ကွေးညွတ်မျက်နှာပြင် စမတ်ဖုန်း ‘G Flex’ မြန်မာနိုင်ငံတွင် လေ့လာနိုင်ပြီဖြစ်သည်။
အဆိုပါဖုန်းသည် မျက်နှာပြင်အရွယ်အစား ၆လက်မ Curved P-OLED နည်းပညာနှင့်ဖြစ်ပြီး ရုပ်ထွက် Resolution 1280×720 Pixels ဖန်တီးထားတာပါ။ သုံးစွဲထားတဲ့ CPU က 2.26 GHz Quad-Core ဖြစ်ကာ Snapdragon 800 ချစ်ပ် တပ်ဆင်ထားပါသည်။ ဖုန်း၏ ရုပ်ထွက်၊ ဂရပ်ဖစ်နဲ့ အန်နီမေးရှင်းများအတွက် GPU ကိုလည်း Adreno 330 သုံးစွဲထားတာကြောင့် ဂရပ်ဖစ်ပိုင်းမှာ အမြင့်မားဆုံး စမတ်ဖုန်းတစ်လုံးဖြစ်သည်။ RAM 2GB ဖြစ်ကာ ဖုန်းတွင်းမှတ်ဉာဏ် 32GB စီစဉ်ပေးထားပါသည်။
ထူးခြားချက် အနေဖြင့် ၃၂ ကီလိုဂရမ် (၇၀ ပေါင်ခန့်) အထိ ဖိအားခံနိုင်ရည်ကို ခံနိုင်ပြီး နောက်ကျောမျက်နှာပြင် အနေဖြင့် သာမန်စင်းရာခြစ်ရာများကို နှစ်မိနစ်အတွင်း ပြန်ပျောက်သွားစေသည့် နည်းပညာပါရှိသည်။
ယခုဖုန်းမှာ သုံးစွဲထားတဲ့ ဘက္ထရီကတော့ 3500 mAh ဖြစ်ပြီး ကင်မရာ အရည်အသွေးက 13 MP ဖြစ်ကာ အန်းဒရွိုက် OS ဗားရှင်း 4.3 (Jelly Bean) သုံးစွဲထားပါသည်။ ဖုန်းရဲ့ အလေးချိန် ၁၇၇ ဂရမ်ရှိပြီးတော့ GSM, WCDMA ကိုင်ဆောင် သုံးစွဲသူတွေအတွက် ဖြစ်ပါတယ်။ ဆက်သွယ်ရေး စတုတ္ထမျိုးဆက် စနစ်သစ်ဖြစ်တဲ့ 4G LTE စနစ်အထိပါ ချိတ်ဆက် သုံးစွဲနိုင်ပါသည်။  
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Saturday, August 31, 2013

ဆုံးရှုံးသွားသော Data, File များအား ပြန်လည် ရယူခြင်း

ကွန်ပျူတာသုံးရင်း မမျော်လင့်ပဲ ဖျက်မိတဲ့ သီချင်းတွေ၊ ဓာတ်ပုံတွေ၊ ရုပ်ရှင်တွေ၊ ဖျက်မိတာမျိုး ကြုံဖူးမယ်ထင်ပါတယ်။ ဒီအတွက် ပျက်ဆီးသွား တဲ့ အချက်အလက် ဓာတ်ပုံများကို ပြန်ယူလို့ရတဲ့ ဆော့ဖ်ဝဲများ ကိုလည်း သိထားမယ်ထင်ပါတယ်။
တော်တော်များများက ပိုက်ဆံပေးဝယ်ရတဲ့ ဆော့ဖ်ဝဲဖြစ်ပြီး အခမဲ့ ရတာ ရှားပါတယ်။ ယခုပေးမယ့် Link ကတော့ အခမဲ့ဆော့ဖ်ဝဲဖြစ်ပါတယ်။ ကင်မရာမှာသုံးတဲ့
SD ကဒ်၊ ဖုန်း Miscro SD ကဒ်တို့မှာ ပျောက်သွားရင်လည်း ဒီ ဆော့ဖ်ဝဲနဲ့ အသုံပြုပြီး ပြန်ယူလို့ ရပါတယ်။
မိမိ Delete လုပ်လိုက်ခြင်းသော်လည်းကောင်၊ မမျော်လင့်ပဲ ပျက်သွားခြင်း ကြောင့်သော်လည်းကောင် ယင်း အချက်အလက်၊ Data များဟာ အမှန်တကယ် မပျက်ဆီးသွားပါဘူး။ နေရာယူမှု အနည်းဆုံးနိုင်ဆုံး နည်းနဲ့  ကွန်ပျူတာ Storage ရဲ့ တစ်နေရာရာမှာ ကျန်ရှိနေတတ်ပါတယ်။  ဒါကို ပြန်ယူ recover လုပ်ပေးမယ့် နည်းလမ်း ဖြစ်ပါတယ်။
အောက်ပါ လခ့်မှာ ဆော့ဖ်ဝဲ ဒေါင်းလုပ်ခ်ဆွဲနိုင်ပါတယ်။
ဒေါင်းလုပ်ခ်ဆွဲပြီးပြီဆိုရင် ထုံးစံအတိုင်းပဲ Install လုပ်အသုံးပြုလို့ ရပါပြီ။ ကွန်ပျူတာမှာ စတင်ဝယ်ပြီး အသုံးပြုကတည်းက ဖျက်ထားသမျှ အချက်အလက်အားလုံး ပြန်ပေါ်လာမှာ ဖြစ်ပြီး စိတ်ကြိုက်ရွေးချယ် Recover လုပ်နိုင်မှာ ဖြစ်ပါတယ်။ ပထမဦးဆုံး ဓာတ်ပုံ၊ သီချင်း၊ ဗီဒီယို၊ App အစရှိသဖြင့် ရွေးခိုင်းပါသေးတယ်။ တစ်ခါ အသုံးပြုရင် တစ်မျိုးပဲ ရှာလို့ရတဲ့ သဘော ရှိပါတယ်။
Recover လုပ်တဲ့အချိန် အနည်းငယ်ကြာတတ်ပြီး အားလုံး ပြန်ရမှာ ဖြစ်ပါ တယ်။ စာဖတ်သူတို့ အသုံးပြုလို့ အဆင်ပြေမယ်လို့ မျော်လင့်ပါတယ်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Tuesday, July 9, 2013

တစ်မိနှစ်အတွင်း အင်တာနက် အဖြစ်အပျက်များ

တစ်မိနှစ်အတွင်း ကမ္ဘာ့အင်တာနက် ကွန်ရက်မှာ IP Data စီးဆင်းမှုက 639800 GB ရှိပါတယ်။ ယင်းထဲမှာမှ ပုံမှာ ပြထားတဲ့အတိုင်း တစ်မိနစ်အတွင်း  --
အကောင့် အခု ၂၀ အခိုးခံရပါတယ်။
 wikipedia မှာ အချက်အလက် အသစ် ၆ ပုဒ်တိုးပါတယ်။
မိုဘိုင်းဖုန်းနဲ့ အင်တာနက် အသုံးပြုသူ အရေအတွက် အယောက် ၁၃၀၀ တိုးပါတယ်။
Linkedin အကောင့် ၁၀၀ အထက်တိုးပါတယ်။
Botnet infection ပေါင်း ၁၃၅ ခု ဖြစ်ပါတယ်။
အီးမေးလ်ပေါင်း အစောင် ၂၀၄ သန်း ပို့ဆောင်မှု ဖြစ်ပါတယ်။
Application ၄၇၀၀၀ ဒေါင်းလုခ်ဆွဲပါတယ်။
Amazon အွန်လိုင်း စတိုးမှာ ကန်ဒေါ်လာ ၈၃၀၀၀ ဖိုး အရောင်းအဝယ် ဖြစ်ပါတယ်။
Flicker မှာ ဓာတ်ပုံကြည့်ရှုမှု အကြိမ် သန်း ၂၀ တိုးပါတယ်။
Twitter အကောင့် အခု ၃၂၀ အထက် Sign up လုပ်ပါတယ်။
Facebook အကောင့် Login ၂၇၇၀၀၀ ရှိပါတယ်။
Google မှာ Search လုပ်ရန် တောင်းဆိုမှု အကြိမ် အရေအတွက် ၂ သန်း ရှိပါတယ်။
Youtube မှာ ၁.၃ သန်းကြည့်ရှုသူ တိုးပြီး ဗီဒီယို ၃၀ နာရီစာ ဆိုဒ်ပေါ်ရောက်ပါတယ်။
------------------------------------------
ယနေ့ ကမ္ဘာ့ လူဦးရေ အရေအတွက် နဲ့ Nework ပစ္စည်း အရေအတွက်က တူညီနေပါတယ်။
၂၀၁၅ ခုနှစ်ရောက်ရင်တော့ ကမ္ဘာ့လူဦးရေ ထက် Network ပစ္စည်းက နှစ်ဆများမှာ ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်ရောက်ရင် တစ်စက္ကန့်အတွင်း စီးဆင်းနေတဲ့ အင်တာနက်က ဗီဒိယို အားလုံးကို ကြည့်ရှု ဖို့အတွက် ၅ နှစ် အချိန်ပေးရမှာ ဖြစ်ပါတယ်။

ရိုးရာလေး
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Thursday, July 4, 2013

အာဖရိက ဆယ်ကျော်သက်တို့က ကျင်ငယ်ရည်(သေး)သုံး မီးစက်တီထွင်ခဲ့

ကျင်ငယ်ရေကို သုံးပြီး လျှပ်စစ်ဓာတ်အား ထုတ်ဖို့ဆိုတာ စဉ်းစားမိသူ များ ရှိပါတယ်။ သို့ပေမယ့် ယင်း စိတ်ကူးကို အာဖရိက မှ ဆယ်ကျော်သက် ကျောင်းသူ များက ယခုလို ဖန်တီးခဲ့ပါတယ်။
သူတို့ထဲမှာ အသက်အကြီးဆုံးက ၁၅ နှစ်သာ ရှိပါသေးတယ်။ Urine ( ကျင်ငယ်ရည်) ၁ လီတာကို ၆ နာရီကြာ လျှပ်စစ်မီး ထွန်းလင်းစေတယ်ဆိုတာ့ သူတို့ဖန်တီးလိုက်တဲ့ မီးစက်လေးက စိတ်ဝင်စားစရာ ကောင်းပါတယ်။
Urine မှာ ဟိုက်ဒရိုဂျင်၊ နိုက်ထရိုဂျင် နဲ့ ရေတို့ ပါရှိပါတယ်။ အကြမ်းအားဖြင့် ကတော့ ဟိုက်ဒရိုဂျင်ကို မရရအောင် စစ်ထုတ် သုံးစွဲခြင်း ဖြစ်ပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့် Filter ခံပြီး နောက်ဆုံးမှာ ရေလုံးဝ မပါတဲ့ ဟိုက်ဒရိုဂျင် ဓာတ်ငွေ့ကို ထုတ်လုပ်ပါတယ်။ ပြီးတော့ ယင်း ဟိုက်ဒရိုဂျင် ဓာတ်ငွေ့ကို လောင်စာ အဖြစ် အသုံးပြုပြီး မီးစက်ကို အလုပ်လုပ်စေ ပါတယ်။
Maker Faire Africa မှာ ၀င်ရောက်ပြသသွားတဲ့ ယင်းကျောင်းသူလေးများ ရဲ့  rine-powered generator ကတော့ လူသိများခဲ့ရပါတယ်။ 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဆံပင်မွှေးဖြင့် အလင်းပေးသူ ဆယ်ကျော်သက် နီပေါနိုင်ငံသား

၂၀၀၉ ခုနှစ် စက်တင်ဘာလက ရေပန်းစားခဲ့တဲ့ နည်းပညာ တစ်ခု ဖြစ်ပါတယ်။ အသက် ၁၈ နှစ်အရွယ် နီပေါနိုင်ငံမှ သိပ္ပံကျောင်းသား Milan Karki က တီထွင်ခဲ့တဲ့ ဆံပင်မွှေးသုံး ဆိုလာပယ်နယ် ဖြစ်ပါတယ်။
နေရောင်ခြည်စွမ်းအင်စုပ်ယူပေတဲ့ ဆိုလာ/နေရောင်ခြည်စွမ်းအင် စုပ်ယူသော သတ္တုပြားများဟာ အင်မတန် ဈေးကြီးပါတယ်။ ယင်းအပြားက စုပ်ယူတဲ့ စွမ်းအင်ကို ကူးပြောင်းပေမယ့် ကြားမှာ ဆီလီကွန် ဝါယာကြိုး တပ်ဆင်ပေးရတာကလည်း ဈေးတော်တော်ကြီးတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ဒါကြောင့် ဆိုလာပါဝါကို ယနေ့တိုင် တွင်တွင်ကျယ်ကျယ် အသုံး မပြုနိုင်သေးခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် ဆီလီကွန် အစားထိုးမယ့် ဆံပင်မွှေးသုံး ဆိုလာစက်ကို နီပေါနိုင်ငံသားလေးက တီထွင်ခဲ့ပါတယ်။
သူနေထိုင်တဲ့ ရွာလေးမှာ တစ်ရက်ကို မီး ၁၆ နာရီ ပျက်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် လျှပ်စစ်မီးအမြဲလင်းနေဖို့ဟာ သူ့ရဲ့ စိတ်ကူး အိပ်မက် ဖြစ်ပြီး သူငယ်ချင်းများ ညဘက်ထွက်လညချိန်မှာ ဖယောင်းတိုင်ထွန်းပြီး စာအုပ်များ လေ့လာခဲ့ပါတယ်။ သူ့လေ့လာတဲ့စာက ရူပဗေဒ ပညာရှင် စတီဖန်ဟော့ကင်း ဖြစ်ပါတယ်။ လေးစားရတဲ့ ဟီးရီုးအနေနဲ့ကတော့ အက်ဒီဆင်ကို စံယူထားသူ ဖြစ်ပါတယ်။
ဒါကြောင့် အချိန်တိုတွင်း လေ့လာပြီး လျှပ်စစ်မီးထုတ်ဖို့ ဆံပင်မွေးက ဘယ်လို အသုံးဝင်တယ်ဆိုတာ သိရှိသွားပါတယ်။ ဆံပင်မှာ အရောင်ထွက် စေတဲ့ ဆိုးဆေးများက အစ လျှပ်စစ်စီးဖို့အတွက် Conductor အနေနဲ့ လုပ်ဆောင်နိုင်တာကို တွေ့ရှိခဲ့ပြီး ဆံပင်ကို ဆိုလာပယ်နယ်က ဆီလီကွန်တွေမှာ အစားထိုးခဲ့ပါတယ်။ နောက်တော့ သူဖန်တီးတဲ့ လက် တစ်မစာ ဆိုလာပယ်နယ်ငယ်လေးဟာ အိမ်တွင်း တစ်ညတာ အလင်းပေးမယ့် ဘက်ထရီကို အားဖြည့်ပေးနိုင်တယ်ဆိုတာကို တွေ့ ရှိ သွားပါတယ်။
အားလုံးပေါင်း ကုန်ကျစရိတ်က မြန်မာကျပ်ငွေနဲ့တွက်ရင် ၃သောင်းခွဲကျော်လေးပဲ ဖြစ်ပါတယ်။ ဒီလောက်ငွေနည်းနည်းနဲ့ ဘက်ထရီတွေ အားဖြည့်နိုင်တယ်၊ မီးလင်းစေနိုင်တယ်ဆိုတာ ထူးခြားတဲ့ ဖန်တီးမှု တစ်ရပ် ဖြစ်ပါတယ်။
ယခုတော့ Milan ဟာ စကော်လာရှစ်ရလို့ လျှပ်စစ်နဲ့ ပက်သက်လို့ ပိုမို နက်နဲစွာ လေ့လာနေပြီ ဖြစ်ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်က ကမ္ဘာ့အဆင်းရဲဆုံး စာရင်းဝင်နေတဲ့ နီပေါနိုင်ငံတစ်ခုလုံးကို အကုန်ကျ သက်သာစွာ မီးရရှိရေး ဖြစ်ပါတယ်။ ဆံပင်မွေးနဲ့ အလင်းပေးနိုင် တာ တွေ့ရှိပြီး ဒီထက်ပို လွယ်ကူ၊ အစုလိုက် ထုတ်လုပ်မှုအတွက် အဆင်ပြေတဲ့ နည်းပညာများ ရှာဖွေလေ့လာ ဖန်တီးနေပြီ ဖြစ်ပါတယ်။
ယခုဆိုရင် Milan ဟာ အသက် ၂၁ နှစ် ကျော်ပြီ ဖြစ်ပြီး ရူပဗေဒ ပညာကို ထဲထဲဝင်ဝင်လေ့လာနေပြီ ဖြစ်ပါတယ်။ BBC, Daily Mail, CNN တို့လို မီဒီယာများ သွားရောက် အင်တာဗျူးပြီး ကမ္ဘာက လေးစားရတဲ့ လူငယ် တစ်ဦး ဖြစ်လာခဲ့ကြောင်း သိရပါတယ်။ 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, June 23, 2013

ရေပူ၊ရေအေးထည့်ရုံနဲ့ ဖုန်းအားသွင်းနိုင်မယ်...

Epiphany onEPuck လို့ နာမည်ပြည့်ပြည့်စုံစုံ ခေါ်ပါတယ်။ အပူဓာတ်၊ အအေးဓာတ် နှစ်မျိုးလုံးကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်လို့ မိုဘိုင်းဖုန်း များ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။
ဒီလိုသွင်းလို့ရအောင် အတွင်းမှာပါဝင်တဲ့ ပစ္စည်းက အခြားမဟုတ်ပါဘူး။ အင်ဂျင်သေးသေး တစ်လုံးဖြစ်ပါတယ်။ နည်းပညာကလည်း အခုမှ ပေါ်တာ မဟုတ်ပါဘူး။ ၁၈၁၆ ကျော်တွေကတည်းက ရှိနေတဲ့ ရေနွေးငွေ့  အင်ဂျင် Concept ကိုပဲ အသုံးပြုသွားတာ ဖြစ်ပါတယ်။ ဒီတော့ အပူလွန်၊ အအေးလွန် စွမ်းကို အသုံးချလို့ အင်ဂျင်ငယ်လေးက လည်ပတ်မယ်။ တစ်ဖက်က မော်တ တပ်ထားမယ်ဆိုရင် လျှပ်စစ်ဓာတ်အား ထုတ်ဖို့ဆိုတာ လွယ်ကူတဲ့ အခြေအနေ တစ်ခု ဖြစ်သွားပါတယ်။ တကူးတကတောင် လုပ်နေစရာ မလိုပါဘူး။ မနက်စာစားချိန် ကော်ဖီသောက်၊ ရေနွေးသောက်ရင်းနဲ့တောင် အားသွင်းလို့ရမှာ ဖြစ်ပါတယ်။ ခွက်ရဲ့ အောက်ခြေကနေ ဖြစ်ပါတယ်။
USB ပေါက်ပါဝင်ပြိး ဘယ်ဖုန်း အမျိုးအစားနဲ့ မဆို အသုံးပြုလို့ရမယ့် ခွက်နဲ့ Charger ဖြစ်ပါတယ်။ စမ်းသပ်တီထွင်မှုမှာ အောင်မြင်ပြီး မကြာမီ ထုတ်လုပ် ဖြန့်ချိတော့မယ့် ပစ္စည်းဖြစ်ကြောင်း သိရပါတယ်။ 
--
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Wednesday, June 5, 2013

ကမ္ဘာ့စွမ်းဆောင်ရည် အမြင့်ဆုံး စူပါ ကွန်ပျူတာ

အမေရီကန် Cray စူပါကွန်ပျူတာ ထုတ်လုပ်ရေး ကုမ္မဏီမှ အသစ် မိတ်ဆက်ပေးလိုက်တဲ့ Titan အမည်ရ စူပါကွန်ပျူတာ ဖြစ်ပါတယ်။
အမေရိကန် စွမ်းအင်ဝန်ကြီးဌာန က ငွေကြေးအကုန်ကျခံပြီး တည်ဆောက်ခဲ့ တာ ဖြစ်ပါ တယ်။ အမေရိကန် အမျိုးသား လေထုနှင့် မိုးလေဝသ ဌာနက လည်း ရန်ပုံငွေ အနည်းငယ်ထည့်ထားပါတယ်။ အားလုံးပေါင်း ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၉၇ သန်းရှိပါတယ်။
၂၀၀၉ခုနှစ်ကတတည်းက စတင်ကြေညာထားပြီး အချိန်ယူ ဖန်တီးလာရာ  ယခုအောက်တိုဘာလ ၂၉ ရက်နေ့ကစလို့ အသုံးပြုနေပြီ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ Oak Ridge National Laboratory မှာ တည်ရှိပါတယ်။ လုပ်ဆောင်ချက်အနေနဲ့ကတော့ တစ်စက္ကန့်ကို တွက်ချက်မှုပေါင်း ၂၀၀၀၀ trillion ကို လုပ်ဆောင်နိုင်ပါတယ်။ ကွန်ပျူတာ term နဲ့ဆိုရင် 20 petaFLOPS - မြန်နှုန်းရှိပြီး ကမ္ဘာ့ မြန်နှုန်းအမြင့်ဆုံး ကွန်ပျူတာ ဖြစ်ပါတယ်။
Operating System  : Linux
ပါဝါ                  : 12700000 Watt
အရွယ်အစား      : ၄၃၅၂ စတုရန်းပေ (ဟာ့ဒ်ဝဲ ဗီရိုအလုံးရေ ၂၀၀)
မြန်နှနုး              : 20 petaFLOPS  
Memory            : 710 TB ( 1 TB ကို 1024GB ရှိပါတယ်။) ( CPU က 598 TB, GPU က 112 TB ရှိပါတယ်။
Storage            : 13.6 PB ( 1PB ကို GB ၁သန်း ရှိပါတယ်။)
ကုန်ကျစရိတ်      : အမေရိကန်ဒေါ်လာ ၉၇ သန်း
ယခင် ၂၀၀၅ ကစပြီး အသုံးပြုတဲ့ စူပါကွန်ပျူတာက Jaguar ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၀၄ သန်း ကုန်ကျပါတယ်။ ယခု အသစ်ဖန်တီးတဲ့ Titan ကျတော့ Jaguar ရဲ့ နေရာက အတွင်းပစ္စည်းတွေကိုသာ အစားထိုး ပြောင်း လဲ တပ်ဆင်လိုက်ခြင်း ဖြစ်တဲ့အတွက် ကုန်ကျစရိတ် ပိုသက်သာ သွားခြင်း ဖြစ်ပါတယ်။ သူ့တုန်းက လုပ်ဆောင်ချက် 1.75 petaflops ပဲရှိခဲ့ရာ  ယခု Titan က အများကြီး သာသွားပါတယ်။ ယင်းကဲ့သို့ အလားတူ လိုက်မှီမယ့် စူပါကွန်ပျူတာကို တရုတ်အစိုးမှလည်း ကြိုးပမ်း တည်ဆောက် လျက်ရှိတယ်လို့ သိရပါတယ်။ Titan ကတော့ အမေရိကန် စွမ်းအင်ဝန်ကြီးဌာနပိုင်ဖြစ်ပြီး ပင်တဂွန်စစ်ဌာနချုပ်နဲ့ မသက်ဆိုင်ပါဘူး။ ပင်တဂွန်စစ်ဌာနချုပ်မှာ စစ်ဘက်သုံး အခြား စူပါကွန်ပျူတာ ပေါင်းများ စွာလည်း ရှိနေသေးတယ်လို့ သိရပါတယ်။
Titan စူပါကွန်ပျူတာ အကြောင်း အသေးစိတ်ကို အောက်ပါ လခ့်မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။
ရိုးရာလေး နည်းပညာ
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Wednesday, May 29, 2013

ကမ္ဘာ့ပထမဆုံး Scan စက်ပါသော LG ကွန်ပြူတာ မောက်စ်

တောင်ကိုရီးယား အီလက်ထရောနစ် ကုမ္မဏီ LG မှ ထုတ်လုပ်လိုက်တဲ့ ကမ္ဘာ့ ပထမဆုံး အီလက်ထရောနစ် Gadget တစ်ခု ဖြစ်ပါတယ်။ Scan စက်ရော၊ ကွန်ပြူတာ မောကစ် အနေနဲ့ရော တစ်ခါတည်း အသုံးပြုရမှာ ဖြစ် ပါတယ်။
LG LSM-100 Smart Scan Mouse Scanner လို့အမည်ပေးထားပြီး A3 အရွယ်အထိ Scan ဖတ်လို့ရပါတယ်။ မော့က်စ်ရဲ့ အောက်က မျက်နှာပြင် သေးသေးလေးနဲ့ ဘယ်လို Scan ဖတ်မလဲလို့ မေးခွန်း ထုတ်သူများ ရှိပါတယ်။ အမှန်တော့ Scan ဖတ်မယ့် စာရွက်ပေါ်က ခဲဖျက်ဖျက်သလို အပြည့်ပေါ်အောင် တစ်နေရာကနေ တစ်နေရာ နေရာ စုံ ရောက်အောင်ပို့ပေးပြီး Scan ဖတ်ပေးရမှာ ဖြစ်ပါတယ်။
680 x 480 pixels @30Hz အထိ အရွယ် လက်ခံပါတယ်။ သာမန် Scan စက်တစ်လုံးလိုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အလင်းအမှောင်ချိန်ညှိခြင်း၊ အရွယ် ကြီးခြင်း၊ ငယ်ခြင်း အစရှိသဖြင့် Image editing တို့ကိုလည်း မောက်စ်နဲ့ တစ်ခါတည်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Facebook, Twitter, Flicker အစရှိသဖြင့် Social website တွေကိုလည်း ကို Scan ဖတ်ထားတဲ့ ပုံကို အလွယ်တကူ Share လို့ ရပါတယ်။ Scan ဖတ်လို့ရတဲ့ စာရွက်ကို Microsoft Office word ပေါ်တင်ပြီး စာကြောင်းများ ပြန်လည် ပြင်ဆင်တာ က အစတောင် ပြုလုပ်ဖို့အတွက် Interface အများကြီး ပေးထားပါတယ်။ သာမန် Scan တစ်လုံးပဲ ဖြစ်ပါတယ်။
USB 2.0 သာမန် Mouse တစ်လုံးကြိုး ဖြစ်ပြီး ဘယ် ပါဝါမှ ထပ်သုံးစရာ မလိုပါဘူး။ PC က ဓာတ်အားကိုပဲ ခွဲသုံးသွားမှာ ဖြစ်ပါတယ်။
ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၉၀ ဝန်းကျင်မှာပဲ ရှိပါတယ်။ ဒါကြောင့် မြန်မာငွေနဲ့ တွက်ရင် ၈ သောင်းဝန်းကျင်ပဲ ရှိပါတယ်။ LG ကုန်ပစ္စည်းများ တိုက်ရိုက်မှာယူပေးနေတဲ့ အီလက်ထရောနစ် ကုမ္မဏီကြီးတွေမှာ ဆက်သွယ် ဝယ်ယူနိုင်ပါတယ်။
LSM-100 ရဲ့  အသုံးပြုပုံ ဗီဒီယိုနဲ့ အသေးစိတ် အချက်အလက်ကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
--
http://amzn.to/10zh4xb
ရိုးရာလေး နည်းပညာ
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Saturday, May 18, 2013

ခွေခေါက်၍ သိမ်ဆည်းထားနိုင်သော နိုကီယာ စမတ်ဖုန်း


လွန်ခဲ့တဲ့ နှစ်နှစ်ကတည်း Nokia မှ Concept အနေနဲ့ ဒီဇိုင်းပြပွဲမှာ ထုတ်ဖော်ပြသခဲ့ဖူးတဲ့ ဖုန်း ဖြစ်ပါတယ်။
UK ကိန်းဘရိတ်ခ်ျတက္ကသိုလ် နဲ့ Nokia နည်းပညာ သုတေသန ဌာန နှစ်ခု ပူေးပါင်းပြီး ဖန်တီးတဲ့ ဖုန်း ဖြစ်ပါတယ်။ နာနိုနည်းပညာကို အဓိက အသုံးပြုပြီး ရာဘာလို ခွေခေါက်ထားနိုင်မယ့် စမတ်ဖုန်း ဖြစ်ပါတယ်။ ဒီထွက် အဓိကလိုအပ်တာက အဆင့်မြင့် နာနိုနည်းပညာ ဖြစ်ပြီး အသုံးပြုမယ့် သတ္တုကလည်း ထည့်စဉ်းစားစရာ တစ်ချက် ဖြစ်ပါတယ်။ Flexible Material က လက်ရှိမှာ လွယ်လွယ်ကူကူ မရနိုင်ပါဘူး။ အထူးသဖြင့် Nano tech ပုံလောင်းသွင်းနိုင်လောက်အောင် ပျော့ပြောင်း အကြမ်းခံမယ့် သတ္တုဆိုတာ ဈေးကြီးကြီးပေးဝယ်ရတယ်ဆိုပါတယ်။
သို့ပေမယ့် အနာဂတ်မှာ ဈေးပေါပေါနဲ့ ရောင်းချဖို့ Nokia က ကြိုးစားနေ တယ် ဆိုပါတယ်။ အနည်းဆုံး ၇ နှစ်လောက်ကတော့ အာမခံနဲ့ အသုံးပြုနိုင် လောက်အောင် အကြမ်းလဲ ခံမှာ ဖြစ်ပါတယ်။ ထိခိုက် ပျက်ဆီးမှာ စိတ်မပူရ ပါဘူး။ ရေထဲကျရင်တောင် ပျက်ဆီးစရာ Hardware မရှိဘူးလို့ ဆိုပါတယ်။
အမှန်တော့ ယခုလို ပျော့ပျော့ပျောင်းပျောင်း Smart Gadget များကို နည်းပညာ ကုမ္မဏီတော်တော်များများက  ကြိုးပမ်းနေပြီ ဖြစ်ပါတယ်။ ဥပမာ- Samsung တို့မှာလည်း အစမ်းတီထွင်ထားတဲ့ Flexible smart phone များ ရှိပါတယ်။ Nokia ကုမ္မဏီကတော့ ၂၀၀၇ ခုနှစ်ကစပြီး ကိန်းဘရိတ်ခ်ျ တက္ကသိုလ်နဲ့ ပူးပေါင်းဖန်တီးနေတာ ဖြစ်ပါတယ်။
Nokia ရဲ့ ခန့်မှန်းချက်အရဆိုရင် နောက် ၁၀ နှစ်အတွင်း ထုတ်လုပ်ဖြစ်လာ မယ့် ဖုန်းလို့ သိရပါတယ်။ 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Saturday, April 6, 2013

တစ်သက်လုံး အားမကုန်နိုင်သော ဖုန်းများ အသုံးပြုရမည်

ဖုန်းများတင်မကပါဘူး။ သယ်သွားသယ်လာ အီလက်ထရောနစ် နဲ့ အိုင်တီ ပစ္စည်းအားလုံး ဖြစ်ပါတယ်။
ဘယ်တော့မှ အားသွင်းစရာ မလိုအပ်ပါဘူး။ အလိုလိုနေရင်းနဲ့ကို အားပြည့်နေစေမှာ ဖြစ်ပါတယ်။ သူ့ရဲ့  လျှို့ ဝှက်ချက်ကတော့ ဖန်သားပြင်လို ကြည်လင်တဲ့ ဆိုလာစွမ်းအင်စုပ် ပစ္စည်းကြောင့် ဖြစ် ပါတယ်။ ယင်း ပစ္စည်းကိုသာ ဖုန်းတွေ၊အိုင်တီ ပစ္စည်းတွေမှာ ကပ်ထား ရင် အလိုအလျောက် အားဖြည့်ပေးနေမှာ ဖြစ်ပါတယ်။ သူက နေရောင်ခြည်က စွမ်းအင်ကို ဆုပ်ယူမယ်။ ဖုန်းရဲ့  ဘက်ထရီဆီ ကို ပြန်လည် Transfer လုပ်ပေးမယ့် ဆိုတဲ့ Function နှစ်မျိုးကို အလုပ် လုပ်ပေးမှာ ဖြစ်ပါတယ်။
ဒီတော့ ဘယ်ဖုန်းအမျိုးအစားနဲ့မဆို compatible ဖြစ်အောင် ဖန်တီး ရတော့မှာ ဖြစ်ပါတယ်။ အိုင်ဖုန်း နဲ့ Samsung ရဲ့  ဖုန်းအချို့ မှာ စမ်းသပ် အသုံးပြုကြည့်ပြီး အောင်မြင်တာကို တွေ့ရပါတယ်။ တီထွင် သူတွေ ကတော့ အမေရိကန် MIT က အင်ဂျင်နီယာ ကျောင်းသား များ ဖြစ် ပါတယ်။ မကြာမီ နှစ်များအတွင်း ဈေးကွက် ရောက်ရှိ လာနိုင်ချေရှိမယ့် ပစ္စည်း ဖြစ်ကြောင်း သိရပါတယ်။
--
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Google.com.mm ကို မြန်မာဘာသာဖော်ပြချက်များနှင့် အသုံးပြုနိုင်ပြီ

အင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီ Google သည် www.google.com.mm ကို မြန်မာဘာသာ ဖော်ပြချက်များဖြင့် တရားဝင် ပြောင်းလဲ လွှင့်တင်လိုက်ပြီ ဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံရှိ အင်တာနက် အသုံးပြု သူများ အနေဖြင့် www.google.com.mm သို့ ဝင်ရောက်ပြီး Search Box ၏ အောက်ဘက်တွင် ရှိသော “မြန်မာဘာသာ”ဟူသည့် စာလုံးကို ကလစ်နှိပ်ကာ menu ဖော်ပြချက်များအား မြန်မာဘာသာဖြင့် ပြောင်းလဲ အသုံးပြုနိုင်ပြီ ဖြစ်သည်။ www.google.com.mm ကို မတ်လ ၂၁ ရက်တွင် စတင်၍ အသုံးပြု နိုင်ခဲ့ခြင်း ဖြစ်သော်လည်း မြန်မာဘာသာ ဖော်ပြချက်များဖြင့် မဟုတ်ချေ။ ယခု ဧပြီလ ၄ ရက်တွင်မူ မြန်မာဘာသာ ဖော်ပြချက်များ ပါဝင်သော www.google.com.mm ကို Google က တရားဝင် ပြောင်းလဲ လွှင့်တင် လိုက်ခြင်း ဖြစ်သည်။
www.google.com.mm မှ မြန်မာဘာသာ ဖော်ပြချက်များကို ဖတ်ရှုနိုင်ရန် မိမိ၏ ကွန်ပျူတာတွင် Myanmar 2, Myanmar 3 စသည့် ယူနီကုဒ်ဖောင့်ကို ထည့်သွင်းထားရန် လိုအပ်မည်ဖြစ်သည်။ ပြီးခဲသည့် မတ်လ ၂၂ ရက်တွင် Google ကုမ္ပဏီ၏ အမှုဆောင်ဥက္ကဋ္ဌ အဲရစ်ရှမစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီးနောက် Google ၏ ဝန်ဆောင်မှု တစ်ခုဖြစ်သော Google Play Store ကိုလည်း မြန်မာနိုင်ငံမှ ဝင်ရောက် အသုံးပြု လာနိုင်ခဲ့သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, March 17, 2013

တစ်ခါအားသွင်းရုံဖြင့် တစ်လကြာ အသုံးပြုနိုင်မည့် ဟန်းစက် Nokia ထုတ်လုပ်

ဘက်ထရီအား တစ်ခါ အားသွင်းရုံဖြင့် အချိန်တစ်လ ကြာအထိ အသုံးပြုနိုင်မည့် ဒေါ်လာ၂၀ ၀န်းကျင်ရှိ ဈေးနှုန်း သတ်မှတ်ထားသည့် တန်းဖိုးနည်း ဟန်းဆက်တစ်မျိုးကို Nokia ကုမ္ပဏီမှ ထုတ်လုပ် မိတ်ဆက် လိုက်ကြောင်း သိရသည်။ အဆိုပါ ဟန်းဆက်အား Nokia 105 ဟု အမည်ပေးထားပြီး FM Radio စနစ်နှင့် လက်နှိပ်ဓာတ်မီး စနစ်တို့ကို တစ်ပါတည်း ထည့်သွင်းပေးထားသည်။ Standby ထားရှိပါ က ၃၅ ရက်ကြာ ထားရှိနိုင်မည်ဖြစ်ပြီး တရစပ် စကားပြောလျှင် ၁၃ နာရီ ကြာပြောနိုင်အောင် ဘက်ထရီ အနေဖြင့် ခရီးဝေးသွားသည့် ကာလ၌ ဘက်ထရီ အားသွင်းရန် ခက်ခဲသည့် အခြေအနေ များတွင် အကောင်းမွန်ဆုံး အသုံးချနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး တန်ဖိုးအားဖြင့် နည်းပါးခြင်း ကမည်သူမဆို အလွယ်တကူ ဝယ်ယူနိုင်မည့် အချက်ဖြစ်ကြောင်း ပြောကြားထားသည်။ လာမည့် ရက်သတ္တပတ်အတွင်း ၎င်းဖုန်းများအား ဈေးကွက် အတွင်း ရောင်းချရန် စီစဉ်သွားမည်ဖြစ်ပြီး နိုင်ငံတကာ ဈေးကွက်အထိ ထိုးဖောက်ရန် ရည်ရွယ်ထား နေကြောင်း သိရသည်။

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Thursday, January 17, 2013

မင်မလိုသော တစ်သက်လုံး သုံးလို့ရသည့် ဘောလ်ပင်


Beta Pen လို့အမည်ပေးထားတဲ့ ပုံက ဘောလ်ပင်ဟာ တကယ် မင်မလို ပါဘူး။ မင်တံထည့်ရတာတို့၊ မင်ရည်ဖြည့်ရတာတို့ လုံးဝ လုပ်စရာ မလိုပဲ တစ်သက်လုံး သုံးလို့ရမှာ ဖြစ်ပါတယ်။

ဒီတော့ သူ့က ဘာကို သုံးပြီးရေးတာလဲလို့ စိတ်ဝင်စားသွားကြမှာ ဖြစ်ပါ တယ်။ ၆.၂၅ လက်မရှည်တဲ့ Pen တစ်ခုလုံးက သတ္တုအလွိုင်းနဲ့ ပြုလုပ် ထားပြီး ထိပ်ဖူးကို ခဲ သတ္တုနဲ့ ဖုံးထားပါတယ်။ ဒီတော့ ရေးချလိုက်ရင် ခဲရောင်က ထင်ပါတယ်။ ယင်းခဲယောက်က ဘော်ပင်က မင်ရောင် လိုပဲ ဖြစ်ပါတယ်။ သူတော့ အနက်ဖြစ်ပြီး ခဲဖျက်နဲ့ ဖြတ်လို့ မပျက်ပါ ဘူး။ ဘောလ်ပင် မင်နက်လိုပဲ ဖြစ်ပါတယ်။
အဖုံးဖွင့်ထားလို့ မင်ခြောက်မှာလည်း မစိုးရိမ်ရပါဘူး။ ရေထဲ မှာတောင် ရေး လို့ ရတယ်လို့ သက်သေပြထားပါတယ်။ မင်ရည်ယိုတာတွေ လည်း ဖြစ်နိုင်တော့မှာ မဟုတ်ပါဘူး။ ခဲသားပေမယ့် အရောင်တောက် ပါတယ်။ မင်တုံး၊ မင်ချွံ ကိုယ်လိုသလို ဖန်တီးယူလို့ ရပါတယ်။ သံစားတဲ့ ဘရတ်ခ်ျ စက္ကူနဲ့ ပွတ်စားပြီး အချွံသော်လည်းကောင်း၊ အတုံးသော် လည်းကောင်း လိုသလို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
တစ်သက်လုံးလည်း သုံးရမယ်။ မင်လည်းဖြည့်စရာ၊ အစားထိုးစရာ မလိုဘူး ဆိုတော့ သုံးပျော်မယ့် ဘောလ်ပင်လေး ဖြစ် ပါတယ်။ ဈေးနှုန်းက လည်း ဒေါ်လာ ၃၀ ဝန်းကျင်ပဲ ရှိပါတယ်။ သို့ပေမယ့် မြန်မာပြည်ရောက် မရောက်တော့ မသိပါဘူး။ Beta pen အား အသုံးပြုပြနေတဲ့ ဗီဒီယိုကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
ရိုးရာလေး
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

လက်ကို မောက်စ့်အဖြစ် သုံးနိုင်မည့် evoMouse


evoMouse ကတော့ Bluetooth ပါတဲ့ Gadget ဖြစ်ပါတယ်။အရွယ်လည်း သိပ်မကြီးပါဘူး ကွန်ပြူတာနဲ့ USB ပေါက်ထိုးထားလိုက်ပြီးရင် လက်ကို မောက်စ်လို့ သုံးနိုင်ပြီ ဖြစ်ပါတယ်။လပ်တော့၊ PC , Tablet အားလုံးနဲ့ အသုံးပြုလို့ ရပါတယ်။ Sensor ကောင်းပြီး အသုံးပြုလို့လည်း လွယ်ကူပါတယ်။ သုံးပုံသုံးနည်း ကိုလည်း ပေးထားပြီး ကိုယ်လိုချင်သလိုလည်း Train ထားပေးလို့ ရပါ တယ်။ USB ပေါက်မထိုးပဲနဲ့ Bluetooth ဖွင့်ပြီး ကြိုးမဲ့လည်း အသုံးပြုလို့ ရပါတယ်။ အားတော့ ပြန်သွင်းဖို့ လိုပါတယ်။
အသေးစိတ် အချက်အလက်ကို အောက်ပါ လခ့်မှာ ဝင်ရောက် လေ့ လာ နိုင်ပါတယ်။
ရိုးရာလေး

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Android OS အတွက် အသုံးဝင် လျှို့ ဝှက်ကုဒ်အချို့ 


Android OS သုံး စမတ်ဖုန်း၊ နဲ့ အခြား Gadget အသုံးပြုသူများအတွက် အသုံးဝင်မယ့် လျှို့ ဝှက်ကုဒ်နံပါတ်များကို မျှဝေလိုက်ရပါတယ်။

*#*#4636#*#* - Phone / Battery / USage information
*#*#7780#*#*  - factory data reset
*2767*3855#  - factory format
*#*#34971539#*#* -  information about phone camera
*#*#7594#*#* - End Call / Power
*#*#273283*255*663282*#*#* - File copy / backup
*#*#197328640#*#* - Service mode.
WLAN, GPS နှင့် Bluetooth Test ကုဒ်များ -
*#*#232339#*#* သို့မဟုတ် *#*#526#*#* သို့မဟုတ် *#*#528#*#* - WLAN test (Use "Menu" button to start various tests)
*#*#232338#*#* - Shows WiFi MAC address
*#*#1472365#*#* - GPS test
*#*#1575#*#* - Another GPS test
*#*#232331#*#* - Bluetooth test
*#*#232337#*# - Shows Bluetooth device address
*#*#8255#*#* - This code can be used to launch GTalk Service Monitor.
Firmware ဗားရှင်း အချက်အလက်ကြည့်ရန် -  
*#*#4986*2650468#*#* - PDA, Phone, H/W, RFCallDate
*#*#1234#*#* - PDA and Phone
*#*#1111#*#* - FTA SW Version
*#*#2222#*#* - FTA HW Version
*#*#44336#*#* - PDA, Phone, CSC, Build Time, Changelist number
Factory test လုပ်ရန် ကုဒ်များ
*#*#0283#*#* - Packet Loopback
*#*#0*#*#* - LCD test
*#*#0673#*#* သို့မဟုတ် *#*#0289#*#*- Melody test
*#*#0842#*#* - Device test (Vibration test and BackLight test)
*#*#2663#*#* - Touch screen version
*#*#2664#*#* - Touch screen test
*#*#0588#*#* - Proximity sensor test
*#*#3264#*#* - RAM version
Android ဗားရှင်းအလိုက် ပြောင်းလဲမှု ရှိကောင်းရှိနိုင်ပါတယ်။ 
အချို့ ကုဒ်များ အသုံးပြုလျှင် သတိထားဖို့လိုပါတယ်။
--
အောင်ခမ်း (ရိုးရာလေး)
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, December 30, 2012

Samsung galaxy camera တွင် ဖုန်း Simcard ထည့်၍ message ပို့နိုင်ကြောင်း

Samsung galaxy camera တွင် ဖုန်း Simcard ထည့်၍ message ပို့နိုင်ကြောင်း  သိရသည်။ အဆိုပါ ကင်မရာတွင် Android OS, V 4.1 (Jelly Bean) အသုံးပြုထားပြီး Quad-core 1.4 GHz Cortex-A9 CPU ကို အသုံးပြုထားသည်။
internal memory မှာ 8 GB ဖြစ်ပြီး 64 GB ထိ ထပ်တိုး၍ ကဒ်စိုက် အသုံးပြုနိုင်သည်။ 300 g အလေးချိန်ရှိပြီး 4.8" Super Clear LCD Capacitive touckscreen ဖြစ်ပြီး ဓာတ်ပုံများကို ချက်ချင်းရိုက်၍ Social Site များတွင် ချက်ချင်း Share နိုင်မည် ဖြစ်သည်။ wifi အသုံးပြုနိုင်မည့်အပြင် Bluetooth Function, voice control ပြုလုပ်နိုင်မည်။ Shutter, Speed, Aperture, ISO စသည်တို့ကို touchscreen တွင်ပင် စိတ်ကြိုက်ချိန်ညှိနိုင်မည် ဖြစ်သည်။
Smart Camera အမျိုးအစားဖြစ်ပြီး professional shooting mode များ၊ editing လုပ်ဆောင်ချက်များနှင့် အခြားသော app များ စုံလင်စွာ အသုံးပြု နိုင်မည် ဖြစ်သည်။ အဆိုပါ smart camera ၏ ဈေးနှုန်းများမှာ ကျပ် လေးသိန်းသုံးသောင်း ဝန်းကျင်ရှိပြီး ယခုအခါ ဈေးကွက်အတွင်း ဝယ်ယူနိုင်ပြီ ဖြစ်သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed