BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Showing posts with label အားကစား. Show all posts
Showing posts with label အားကစား. Show all posts

Saturday, March 1, 2014

ပထမဆုံး ရွှေခါးပတ်ရခဲ့စဉ်က မိုဟာမက်အလီ ၀တ်ဆင်ခဲ့သည့် လက်အိတ် ပေါင် ၃၀၂၀၀၀ဖြင့် လေလံအောင်မြင်

မိုဟာမက်အလီ ပထမဆုံး ဟဲဗီးဝိတ်ချန်ပီယံ ရွှေခါးပတ် ရရှိခဲ့သည့် ပြိုင်ပွဲတွင် ၀တ်ဆင်ခဲ့သည့်
လက်အိတ်မှာ ပေါင် ၃၀၂၀၀၀ဖြင့်လေလံအောင်မြင်ခဲ့ကြောင်း သိရသည်။ မိုဟာမက်အလီမှာ ၁၉၆၄ခုနှစ်တွင် ကက်စီးယက်စ်ကလေးဟူသော အမည်ဖြင့် ဆွန်းနက်လစ်တန်ကို အမှတ်ဖြင့် အနိုင်ယူကာ ပထမဆုံး ဟဲဗီးဝိတ်ချန်ပီယံ ရွှေခါးပတ် ရရှိခဲ့ပြီး ထိုစဉ်က ၎င်းဝတ်ဆင်ခဲ့သည့် လက်အိတ်ကို ၎င်း၏လေ့ကျင့်ရေးမှုးဟောင်း ဒန်ဒီက သိမ်းဆည်းထားခဲ့ခြင်းဖြစ်သည်။

နယူးယောက်မြို့တွင် ကျင်းပနေသည့် အမွေအနှစ်ပစ္စည်းများ လေလံပွဲတွင် မိုဟာမက်အလီ၏ လက်အိတ်လေလံအောင်မြင်ခဲ့ခြင်းဖြစ်ပြီး အားကစားလောကမှ ရှေးဟောင်း ပစ္စည်းများ စုဆောင်းသည့်ကုမ္ပဏီ ဒါရိုက်တာ ခရစ်အိုင်ဗီက မိုဟာမက်အလီမှာ လက်ဝှေ့လောကနှင့် အမေရိက၏ ပြယုဂ်ဖြစ်ရုံသာမက တစ်ကမ္ဘာလုံးကို ပိုင်စိုးထားသူဟု ဂုဏ်ပြုခဲ့သည်။ မိုဟာမက်အလီမှာ ကက်စီးယက်စ်ကလေးဟူသော အမည်ဖြင့် လက်ဝှေ့လောကသို့ ၀င်ရောက်လာခဲ့သော်လည်း အစ္စလာမ်ဘာသာ ပြောင်းခဲ့ပြီးနောက် မိုဟာမက်အလီဟု အမည်ပြောင်းခဲ့ခြင်းဖြစ်သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Wednesday, June 5, 2013

မော်ရင်ဟို ချဲလ်ဆီးနည်းပြ ဖြစ်လာခဲ့ပြီ

မော်ရင်ဟိုမှာ ချဲလ်ဆီးနှင့် လေးနှစ်စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီး လာမည့် ၁၀ရက်နေ့တွင် ချဲလ်ဆီးနည်းပြအဖြစ် ပထမဆုံး
သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ မော်ရင်ဟိုမှာ ချဲလ်ဆီး နည်းပြအဖြစ် စတင်ဆောင်ရွက်ရန် ဆန္ဒပြင်းပြနေပြီး အပြောင်းအရွှေ့ ကိစ္စရပ်များအတွက်လည်း စတင်စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။
ချဲလ်ဆီးပရိသတ်များက ၎င်းကိုချစ်ခင်သောကြောင့် တစ်ကျော့ပြန် ချဲလ်ဆီးနည်းပြအဖြစ် လက်ခံခဲ့ခြင်းဖြစ်ကြောင်း မော်ရင်ဟိုက ဆိုခဲ့ပြီး ၎င်း၏ဘ၀အတွက် အဆင်ပြေဆုံး ဖြစ်လာမည်ဟုလည်း သုံးသပ်ခဲ့သည်။ မော်ရင်ဟိုမှာ ၂၀၀၄ခုနှစ်မှ ၂၀၀၇ခုနှစ်အတွင်း ချဲလ်ဆီးနည်းပြအဖြစ် ဆောင်ရွက်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၂လုံး၊ ကားလင်းဖလား ၂လုံးနှင့် အက်ဖ်အေဖလားများ ရရှိရန် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Friday, May 17, 2013

ချဲလ်ဆီး၏ ဆုပေးပွဲတွင် မာတာ၊ အော်စကာ၊ လမ်းပတ်၊ အက်ကီတို့ ဆုရခဲ့


ချဲလ်ဆီးအသင်း၏ တစ်နှစ်တာ အကောင်းဆုံးဘောလုံးသမားဆုကို ကွင်းလယ်လူ မာတာရရှိသွားခဲ့ပြီး
အကောင်းဆုံး လူငယ်ဆုကို နာသန်အက်ကီ ဆွတ်ခူးခဲ့ကြောင်း သိရသည်။ မာတာမှာ ယခုရာသီတွင် ချဲလ်ဆီးအတွက် ၁၉ဂိုး သွင်းယူနိုင်ခဲ့ကာ ၂၈ဂိုး ဖန်တီးနိုင်ခဲ့သူဖြစ်ပြီး အကောင်းဆုံးဆု ရခဲ့ခြင်းအတွက် အသင်းဖော်များကို ကျေးဇူးတင်သည်ဟု
ပြောကြားခဲ့သည်။
မာတာက“ အံ့အားသင့်စရာ ကစားသမားတွေရှိတဲ့ ချဲလ်ဆီးလို အသင်းမျိုးမှာ ကစားခွင့်ရတဲ့အတွက် ကျွန်တော် ဂုဏ်ယူပါတယ်။ အခုလို ဆုရတဲ့အတွက်လည်း အသင်းဖော်တွေ အားလုံးကိုကျေးဇူးတင်ပါတယ်”ဟု
ဆိုသည်။ ယခုရာသီအတွက် အကောင်းဆုံးဂိုးဆုကို ချဲလ်ဆီး၂-၂ ဂျူဗင်တပ်နှင့်ပွဲမှ သွင်းဂိုးဖြင့်အော်စကာက ဆွတ်ခူးသွားခဲ့သည်။ ထို့အပြင် ချဲလ်ဆီးအတွက် ဂိုးအများဆုံး သွင်းယူထားသည့် လမ်းပတ်မှာ ရော်ဘီတမ်ဘလင်း ပေးအပ်သော အထူးအသိအမှတ်ပြုဆု ရရှိခဲ့ကြောင်း သိရသည်။

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Wednesday, May 8, 2013

မော်ရင်ဟိုနှင့် ချဲလ်ဆီး စာချုပ်ချုပ်ဆိုပြီးခဲ့ဟု

ဒေါ့မွန်နှင့် ချန်ပီယံလိဂ် ဒုတိယအကျော့ ပွဲစဉ်အပြီးတွင် မိမိကိုချစ်သည့် ပရိသတ်များရှိရာ အသင်းသို့ ပြောင်းရွှေ့လိုသည်ဟု ရီးရဲလ်နည်းပြ မော်ရင်ဟိုက ၀န်ခံလာခဲ့သည်။ မော်ရင်ဟိုမှာ
ပြဿနာဖြစ်ပွားခဲ့ဖူးပြီး အသင်းတာဝန်ရှိသူများ၏
လွမ်းမိုးမှုကြောင့် ရီးရဲလ်မှထွက်ခွာလိမ့်မည်ဟု
ဖော်ပြမှုများရှိခဲ့ကာ ယခုအခါတွင် ၎င်းကိုယ်တိုင် တရားဝင်ဖွင့်ဟလာ ခဲ့ခြင်းဖြစ်သည်။
ရီးရဲလ်ကစားသမားများနှင့်
ထို့အပြင် ချဲလ်ဆီးနောက်ခံလူ အီဗန်နိုဗစ်ကလည်း မိမိတို့အားလုံး မော်ရင်ဟို
ပြန်လာမည့်အချိန်ကို မစောင့်ဆိုင်းနိုင်သည်အထိ
ဖြစ်နေကြသည်ဟု ဆိုသည်။ မော်ရင်ဟိုမှာ ချဲလ်ဆီးနှင့်အတူ အောင်မြင်မှုများ
ရယူထားနိုင်သူဖြစ်ပြီး ချဲလ်ဆီးအသင်းသား
အားလုံး မော်ရင်ဟိုအပေါ်
လေးစားကြခြင်းကြောင့် ၎င်းသာပြန်လည်နည်းပြပါက ချဲလ်ဆီးအနေဖြင့် ချန်ပီယံ ဆုများကို အဓိကစိန်ခေါ်နိုင်သည့် အသင်းတစ်သင်းဖြစ်လာမည်ဟု အီဗန်နိုဗစ်က ပြောကြားခဲ့သည်။
ထွက်ပေါ်နေသောသတင်းများအနက် Goal.com ၏ဖော်ပြချက်အရ မော်ရင်ဟိုမှာ လာမည့်ရာသီ တွင် ချဲလ်ဆီးကို ပြန်လည်ကိုင်တွယ်ရန် စာချုပ်ချုပ်ဆိုခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ချဲလ်ဆီးမှာ မော်ရင်ဟိုကို ၃နှစ်စာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့သည့်အပြင် အက်သလက်တီကို တိုက်စစ်မှူး ဖယ်လ်ကာအိုကိုလည်း ယူရို ၅၉သန်း လျှော်ကြေးပေး၍ ခေါ်ယူနိုင်ခဲ့ပြီးဖြစ်ကြောင်း Goal.com မှ ရေးသားဖော်ပြထားသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, March 24, 2013

ဝင်ငွေအကောင်းဆုံးကစားသမားအဖြစ် ဘက်ခမ်းရပ်တည်

ပြင်သစ်မဂ္ဂဇင်း၏ဖော်ပြချက်အရ ပီအက်စ်ဂျီကွင်းလယ်လူ ဘက်ခမ်းမှာ ပေါင် ၃၀.၈သန်းဖြင့် တစ်နှစ်တာ
ဝင်ငွေအကောင်းဆုံး ဘောလုံးသမားအဖြစ် ရပ်တည်ခဲ့သည်။ ဘက်ခမ်းမှာ ပီအက်စ်ဂျီမှရရှိသော ၅လအတွက် လစာငွေကို ကလေးသူငယ်များ ရန်ပုံငွေအတွက် လှူဒါန်းခဲ့သော်လည်း စပွန်ဆာဝင်ငွေများကြောင့် ယခုကဲ့သို့ဝင်ငွေအများဆုံး ဘောလုံး သမားအဖြစ်ရပ်တည်နိုင်ခဲ့ခြင်းဖြစ် ပြီး adidas,samsung,sainsbury တို့နှင့် စပွန်ဆာစာချုပ်ချုပ်ဆိုရာမှ ပေါင် ၂၈.၃သန်းရရှိခဲ့သည်။
ထို့အပြင်ဘက်ခမ်းမှာ တရုတ်စူပါလိဂ် သံတမန်အဖြစ် ထမ်းဆောင်ရန် ၅နှစ် စပွန်ဆာစာချုပ်အတွက် ပေါင်သန်း ၅၀ ရရှိခဲ့သည်။ အဆိုပါစာရင်းတွင် မက်ဆီမှာ ပေါင်သန်း ၃၀ဖြင့် ဒုတိယ၊ ရော်နယ်ဒိုမှာ ၂၅.၇သန်းဖြင် တတိယနေရာတွင် ရပ်တည်ခဲ့သည်။ သို့သော် တစ်နှစ်တာ ၀င်ငွေအကောင်းဆုံး အားကစားသမားစာရင်းတွင် ပေါင် ၃၉.၄သန်းဖြင့် တိုက် ဂါးဝုဒ်မှ ဦးဆောင်နိုင်ခဲ့ပြီး ဘက်ခမ်းမှာ အဆင့် ၇နေရာတွင်သာ ရပ်တည်နိုင်ခဲ့သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, March 17, 2013

ရေကူးအားကစားနည်းနဲ့ သင်ဇာဝင့်ကျော်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၁၃ အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကို ဒီဇင်ဘာလ အတွင်းမှာ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနဲ့ ချောင်းသာ ကမ်းခြေတို့မှာ ကျင်းပမှာဖြစ်ပြီး ကျင်းပရန်ရက် ပေါင်း၂၇ဝကျော်သာ လိုတော့တဲ့အထိ နီးကပ်လာပါပြီ။ အခုတစ်ပတ်မှာတော့ ဆီးဂိမ်းမှာ ကျင်းပမယ့် အားကစားနည်း ၃၃နည်းထဲက ရေကူး အားကစားနည်းကို အနုပညာရှင် သင်ဇာဝင့်ကျော်နဲ့ ရန်ကုန်မြို့က အမျိုး သား ရေကူးကန် မှာစီစဉ်ရိုက် ကူးဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ ဆီးဂိမ်းအပေါ် အမြင်နဲ့ ရေကူးအားကစား နည်းအကြောင်း မေးမြန်းဖြစ်ခဲ့ ပါတယ်။ မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ဆီးဂိမ်းကို အိမ်ရှင်အဖြစ်နဲ့ ကျင်းပမှာကို ဂုဏ်ယူမိ တယ်လို့ ဆိုလာသူ သင်ဇာဝင့်ကျော်က ဆီးဂိမ်းနဲ့ ပတ်သက်ပြီး ”ဆောင်ပုဒ်တစ်ခုရှိတယ်။ “မြန်မာအား ကစား ကမ္ဘာကို လွှမ်းရမည်” ဆိုတဲ့ဆောင် ပုဒ်အတိုင်း တကယ်ကို မြန်မာ့အားကစား ကမ္ဘာကို လွှမ်းစေချင် တယ်။ ဆီးဂိမ်းက အဲဒီလိုဖြစ်လာဖို့ အတွက် အစလို့ ထင်မိတယ်။ နောက်ပြီးတော့ ကိုယ့်နိုင်ငံက အိမ်ရှင် အဖြစ်နဲ့ စည်စည် ကားကား သိုက်သိုက် မြိုက်မြိုက် ကျင်းပမှာမို့လို့ ကိုယ့်နိုင်ငံအတွက် ဂုဏ်လည်းယူမိ တယ်”
”မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ပါဝင် ယှဉ်ပြိုင်ကြမယ့် ကစားသမား တွေ အားလုံး ကိုလည်း အားပေးနေ မှာပါ”လို့ ပြောပြပါတယ်။ အနုပညာရှင် တစ်ယောက်အနေနဲ့ အားကစားနည်းတစ်ခုကို ပြည်သူတွေ စိတ်ဝင်စားစေဖို့ လှုံ့ဆော်ပေးရတဲ့ အပေါ်ကိုလည်း ”ကိုယ်က အားကစားသမား မဟုတ်ပေမယ့် ဒီဟာကိုဝိုင်းပြီး လှုံ့ဆော်ပေးရတာပဲ ဖြစ်ဖြစ် ကိုယ်တတ်နိုင်သမျှ ပါဝင် ခွင့်ရတယ်ဆိုရင် ဝမ်းသာလှပါပြီ။ ကိုယ်က အားကစားအကြောင်းကို သိပ်မသိပေမယ့် အားကစား ကို ကိုယ့်ရဲ့ အနုပညာနဲ့ပေါင်းစပ်ပြီး အများပြည်သူသိဖို့ စိတ်ဝင်စားဖို့ လှုံ့ဆော်ရမယ်ဆိုရင် ကျေနပ်သလို ဝမ်းလည်းဝမ်းသာပါတယ်”လို့ သင်ဇာဝင့်ကျော်က ဆက်ပြောပါ တယ်။
အနုပညာရှင် မဖြစ်ခင်ငယ်ငယ် တုန်းကတည်းကအားကစားကို စိတ် ဝင်စားပြီး ဘောလုံးကန်တာ၊ ရေကူးတာတို့ကို လုပ်ဖြစ်ခဲ့တယ်ဆိုတဲ့ သင်ဇင် ဝင့်ကျော်က သူ့ရဲ့ ငယ်စဉ် ဘဝကို ”ငယ်ငယ်တုန်းကနေတဲ့ ခြံကကျယ်တယ်။ အဲဒီက ကိုယ်တွေနဲ့ သက်တူရွယ်တူ ကစားဖော်၊ ကစားဖက်တွေလည်း ရှိတယ်ဆိုတော့ ဘောလုံးလည်း ကန်ဖြစ်တယ်။ နောက်ပြီး ဘေ့စ်ဘောတို့လို အားကစားတွေ လည်းလုပ်ဖြစ်တယ်။ ငယ်ငယ်ကတည်းက ရေကူးရတာကို ဝါသနာပါပြီး ရေကူးတာကို လုပ်ဖြစ်ခဲ့တယ်”လို့ ပြောပြပါတယ်။ ရေကူးအားကစားနဲ့ အမှတ်တရ တွေအကြောင်းကို ”ခုနစ်တန်း လောက်က ရေကူးပြိုင်ဖို့ဆိုပြီး ပြိုင်ပွဲ ဝင်စာရင်းထည့်ပေး လိုက် တယ်။ မီတာ ၅ဝ၊ ၁ဝဝလားတော့ မမှတ်မိတော့ဘူး။ ဒါပေမဲ့ ပြိုင်ပွဲ ရက်နီးခါမှ နေမကောင်းဖြစ်တာ ကြောင့် မပြိုင်လိုက်ရဘူး။ စိတ် လည်းမကောင်းဘူးပေါ့။ ဒါကတော့ အခုထိ သင်ဇာ့အတွက် အမှတ်တရပါပဲ”လို့ သတိတရနဲ့ ပြောပြပါတယ်။ ရေကူးအားကစားဟာ ကျန်းမာရေးအတွက် သင့်တော်ကြောင်း၊ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုရှိစေကြောင်း၊ ခန္ဓာကိုယ်အတွက် ရေကူး အားကစားနည်းဟာ အလွန်အဆင် ပြေကြောင်း ဆက်ပြောပါတယ်။
သင်ဇာဝင့်ကျော်က ဆီးဂိမ်းပြိုင်ပွဲကို ပရိသတ်အများအပြား လာရောက် အားပေးစေချင်ပြီး ပြိုင်ပွဲဝင်မယ့် အားကစားသမား တွေအတွက် အားပေးဆုတောင်း စကားကို ”ဘယ်အရာမဆို ဇွဲ မလျှော့စတမ်း ကြိုးစားရင် အောင် မြင်မှာပါ။ ကိုယ်ဆုံးဖြတ်ပြီး တဲ့အရာကို ကောင်းအောင်လုပ်ဖို့ပဲ ကြိုးစားပါတယ်။ သင်ဇာလည်း ဘဝကို ဒီလို ပဲလျှောက် လှမ်းနေတာပါ။ ရေကူး အားကစားနည်းက ကစားသမားတွေရော၊တခြားအားကစား နည်းတွေက နိုင်ငံဂုဏ်ဆောင်ကြမယ့် ကစားသမားတွေပါ ဇွဲ မလျှော့ စတမ်းကြိုးစားပြီး မြန်မာ နိုင်ငံအတွက် ရွှေတံဆိပ်အများကြီးရ မယ်လို့ မျှော်လင့်ပါတယ်၊ ယုံလည်း ယုံကြည်ပါတယ်”လို့ပြောပြခဲ့ပါတယ်။ ရေကူးပြိုင်ပွဲကို နေပြည်တော်ရှိ ဝဏ္ဏ သိဒ္ဓိရေကူးကန်နဲ့ ဇေယျာသီရိ ရေကူးကန်တွေမှာ ကျင်းပပြုလုပ်မှာဖြစ် ပြီး ချီးမြှင့်မယ့် ဆုတံဆိပ် အရေ အတွက်က ရွှေ ၃၄ ခု၊ ငွေ ၃၄ ခု၊ ကြေး ၃၄ ခု စုစုပေါင်း ၁ဝ၂ ခု ချီးမြှင့်မှာ ဖြစ်ပါတယ်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Tuesday, October 16, 2012

ကိုယ်ခံပညာ ပေါင်းစုံ ပြိုင်ပွဲမှ ကချင် တိုင်းရင်းသား အောင်လအင်ဆန်း

အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်း ဒီလာဝယ် ပြည်နယ်၌ ပထမဦးဆုံး အကြိမ်အဖြစ် ကျင်းပသည့် ကိုယ်ခံပညာ ပေါင်းစုံ တိုက်ခိုက်ရေး (Mixed Martial Arts) ပြိုင်ပွဲ၊ တစ်နည်းအား ဖြင့် Cage Fury Fighting Championship (CFFC) ဟုခေါ်သော ပြိုင်ပွဲတွင် မြန်မာပြည်ဖွား ကချင် တိုင်းရင်းသား အောင်လအင်ဆန်းက အိုင်အိုဝါ[iowa] ပြည်နယ်မှ ပြိုင်ဘက်အား လျင်မြန်စွာ အလဲထိုး အနိုင်ယူခဲ့သည်။
''The Burmes Pytohon'' ဟုချစ်စနိုး ခေါ်ဝေါ်ကြသော အောင်လသည် ပွဲကို ဖြည်းဖြည်းချင်း စတင်ခဲ့ရာ ပြိုင်ဘက် ဂျက်ဆင်လောက်ထံမှ မျက်နှာနှင့် ခန္ဓာကိုယ်သို့ ပစ်သွင်းသည့် လက်သီးချက်များ ထိမှန်ခဲ့ရသည်။ သို့သော် အောင်လက ရှေ့ဆက်ထိုးရန် တိုက်စစ်ကို ပြင်ဆင်ခဲ့ပြီး မစ္စတာ ဂျက်ဆင်လောက် ထောင့်ကပ်မိ ချိန်တွင် အောင်လက အသည်းနေရာသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်ရာ ဂျက်ဆင်တစ်ယောက် ရှူးရှူးရှားရှား ရှေ့တိုးလာသည်။ ထို့နောက် အောင်လက ဘယ်လက်သီးများ ဆက်တိုက် လွှတ်ထိုးရင်း ညာလက်သီး တစ်လုံး လျှပ်တစ် ပြက်ပစ်သွင်းလိုက်ရာ ပြိုင်ဘက် ဂျက်ဆင်မှာ မလှုပ်မယှက် နောက်ကောက်ကျ ဖြစ်သွားသည်။ အသက် ၂၇ နှစ်အရွယ် အောင်လက အဆိုပါလက် ဝှေ့ပွဲမှ အနိုင်ရရှိသော ထိုးကြေးနှင့် စပွန်ဆာ ရငွေ အားလုံးကို ကချင် စစ်ဘေး ဒုက္ခသည်များကို လှူဒါန်းမည်ဟု ၄င်း၏ ၀က်ဘ်ဆိုက်တွင် ကြေညာခဲ့သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Tuesday, August 28, 2012

မြန်မာကာယ အလှမယ်နှစ်ဦး အာရှကာယ ဗလနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲ ဝင်မည်


(၄၆)ကြိမ်မြောက် အာရှကာယ ဗလနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ကာယ အလှမယ်နှစ် ဦးဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ ပြိုင်ပွဲကို တရုတ် နိုင်ငံ၊ ကွမ်ကျိုးမြို့တွင် လာမည့် စက်တင်ဘာ ၁၉ ရက်မှ ၂၅ ရက် အထိ ကျင်း ပမည်ဖြစ်သည်။
ပြည်တွင်း၌ ပြီးခဲ့သည့် ဇွန်လက ကျင်းပခဲ့သော ပြောင်းလဲပြင်ဆင် လိုက်သည့် ဝတ်စားဆင်ယင်မှု အသစ် ကာယအလှမယ်ပြိုင်ပွဲမှ ပထမဆုရ ပြိုင်ပွဲဝင်နှစ်ဦးသည် အာရှအဆင့်ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ "ပြီးခဲ့တဲ့ ပြိုင်ပွဲကနေ ပဏာမ လက်ရွေးစင်ငါးဦးရွေးချယ်လိုက် ပြီး အာရှအဆင့်ပြိုင်ပွဲအတွက် လေ့ကျင့်ပေးခဲ့ပါတယ်။ ထိုင်းနည်း ပြဆရာနှစ်ဦးလည်း နှစ်ပတ်ခန့် လာရောက်ပြီး လေ့ကျင့်အကြံပေး မှုတွေပြုလုပ်ပေးခဲ့ပါတယ်။ ခု တော့ လက်ရွေးစင်နှစ်ဦးကို ရွေး ချယ်လိုက်ပါပြီ" ဟု မြန်မာနိုင်ငံ ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ ချုပ်အမှုဆောင် ဒေါ်ရီရီဝင်းက ပြောသည်။
အာရှအဆင့်ပြိုင်ပွဲသို့ သွား ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခံခဲ့ ရသည့် ကာလအလှမယ်နှစ်ဦးမှာ ပြီးခဲ့သည့် အိုလံပစ်နေ့အထိမ်း အမှတ်ကျင်းပခဲ့သည့် အမျိုးသမီး ကာယကြံ့ခိုင်မှုပြိုင်ပွဲ Model Physique ခေါင်းစဉ်ပြိုင်ပွဲတွင် ပထမရရှိခဲ့သည့် မဝတ်ရည်ဖြိုးနှင့် Fitness Physique ခေါင်းစဉ်ပြိုင် ပွဲတွင် ပထမရရှိခဲ့သည့် မအေး အေးစိုးတို့ဖြစ်ကြောင်း သိရသည်။
နှစ်ပေါင်း ၃၀ ကျော်နောက် ပိုင်း ပထမဆုံးအကြိမ် ဝတ်စား ဆင်ယင်မှုအသစ်ဖြစ်သည့် အင်္ကျီ လက်ပြတ်၊ ဘောင်းဘီတို၊ အား ကစားဝတ်ဖြင့် ယှဉ်ပြိုင်ရသည့် ကာယအလှမယ်ပြိုင်ပွဲကို ပြီးခဲ့ သည့် ဇွန်လက ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။
ဗိုလ်ဗိုလ်ဝင်း
7Day News
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Thursday, August 2, 2012

တမင်ရှုံးအောင် ကစားခဲ့တဲ့ အိုလံပစ် ပြိုင်ပွဲဝင် ကြက်တောင်အသင်း ကို ပြိုင်ပွဲမှ ထုတ်ပယ်။

အိုလံပစ်မှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ၂ ဦးတွဲ အမျိုးသမီး ကြက်တောင် အသင်း ၄ သင်း က စုစုပေါင်း အားကစား သမား ၈ ဉီး ကို ယှဉ်ပြိုင်ခွင့် ပိတ်ပင်လိုက် ပါတယ်။

၂ သင်းလုံး ရှုံးထွက်အဆင့် ကွာတားဖိုင်နယ်တက်ဖို့ သေချာပြီ ဖြစ်နေတဲ့ တရုတ်အသင်းနဲ့ တောင်ကိုရီးယားအသင်း ကစားနေကြတုန်းမှာ တဖက်နဲ့ တဖက် ရေကုန် ရေခမ်း ကစားတာ မရှိပဲ မရှုံး ရှုံးအောင် ကစားခဲ့တာပါ။

အဲဒီလို လုပ်တဲ့ အကြောင်းရင်းက လည်း ပွဲစဉ် ဇယားအရ အနိုင်ရတဲ့ အသင်းက ကွာတားဖိုင်နယ်မှာ သူတို့ထက် အရည်အချင်း ပိုသာတဲ့ အသင်းနဲ့ တွေ့ရမှာဖြစ်ပြီး ရှုံးခဲ့ရင် အရည်အချင်းအရ အခုန အသင်းထက် နိမ့်တဲ့ အသင်းနဲ့ တွေ့ရမှာမို့ အခုလို တမင်အလျှော့ ပေး ကစား ခဲ့ကြတာပါ။

ဘယ်လောက်အထိ တောင်ဖြစ်သလည်း ဆိုတော့ နှစ်ဖက် အပြန်အလှန် ရိုက်ကြတာ အများဆုံးက ၄ ချက် လောက်ပဲ ရှိတာတို့၊ ဆာဗင်ပေးတော့လည်း ပိုက်တိုး အောင်ထိုးတာတို့၊ ဆာဗင် ပေးရင် ပေးရတဲ့ အကွက်ကို ကျော်အောင် ထိုးတာလို့တွေ ကို နှစ်ဖက်စလုံး က လုပ်ကြပါတယ်။

ပွဲကစားချိန်မှာပဲ ဒိုင်လူကြီး Thorsten Berg က ပွဲရပ်ပြီး သတိပေးခဲ့ရပါပြီး၊  ပွဲကြည့်ပရိသတ်တွေကလည်း လှောင်ပြောင် အော်ဟစ်ခဲ့ကြပါတယ်။


ပွဲအပြီးမှာတော့ ရှုံးနိမ့် ခဲ့တဲ့ တရုတ် အသင်းက yu yang က သူတို့ဟာ နောက်တဆင့် တက်ဖို့ သေချာနေတာ ဖြစ်လို့ အလဟဿ အားကုန်အောင် မကစားတာ ပါလို့ ပြောပါတယ်။ ဒါပေမယ့်လည်း အားကစားစိတ်ဓာတ်နဲ့ မကိုက်ညီတဲ့ လုပ်ရပ်ဖြစ်တယ်ဆိုတဲ့ ဝေဖန်သံတွေ ထွက်ပေါ်နေပါတယ်။

တရုတ်အစိုးရ သတင်းစာဖြစ်တဲ့ ရှင်ဟွာ သတင်းဌာနကတော့ ရွှေတံဆိပ် ရဖို့ထက် သန့်ရှင်းတဲ့ အားကစား စိတ်ဓာတ်နဲ့ ကစားဖို့က ပိုပြီးအရေးကြီးတယ်လို့ ဝေဖန် ရေးသားပြီး အခု အဖြစ်ပျက်နဲ့ ပတ်သက်ပြီး တရုတ် အိုလံပစ် အသင်းက စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ဖော်ပြပါရှိပါတယ်။ အလားတူပဲ တခြား တောင်ကိုရီးယားအသင်း နဲ့ အင်ဒိုနီးရှား အသင်း တို့ကလည်း အားကောင်းတဲ့ တရုတ်အသင်း ကို ရှောင်ဖို့ တမင် တကာ မရှုံး ရှုံးအောင် ကစား ခဲ့တာကြောင့် အရေးယူခံရပါတယ်။

ကွားတား ဖိုင်နယ်ပွဲစဉ်တွေ ကတော့ မကြာမှီ အချိန်အတွင်းမှာ စတင်ကစား ကြတော့မှာ ဖြစ်ပါတယ်။
နှစ်ဦးတွဲ အမျိုးသမီး ကြက်တောင် အသင်း ၄ သင်းကတော့ တောင်ကိုးရီးယား က ၂ သင်း၊ တရုတ်အသင်း ၁ သင်း နဲ့ အင်ဒိုနီးရှား ၁ သင်း စုစုပေါင်း ၄ သင်းဖြစ်ကြပါတယ်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, July 15, 2012

လန်ဒန် အိုလံပစ် တွင် အိမ်ရှင် ဗြိတိန်အသင်း ကစားသမား ၅၄၂ ဦး ပါဝင် ယှဉ်ပြိုင်မည်

လာမည့် လန်ဒန် အိုလံပစ်တွင် အိမ်ရှင် ဂရိတ်ဗြိတိန် အသင်းသည် ကစားသမား   ၅၄၂ ဦးနှင့် ပါဝင် ယှဉ်ပြိုင်မည်ဖြစ်ရာ ဗြိတိန်အတွက် နှစ်ပေါင်း ၁၀၄ နှစ်အတွင်း အင်အားအကြီးဆုံး အားကစား အဖွဲ့ဖြစ်လာဖွယ်ရှိကြောင်း သိရ သည။် ဂရိတ်ဗြိတိန် အားကစားအ ဖွဲ့သည် အားကစားနည်း ၂၆ မျိုးစလုံးတွင် ပါဝင်ယှဉ်ပြိုင် မည်ဖြစ်ပြီး ဆုတံဆိပ်စုစုပေါင်း ၄၈ ခုရရန် ရည်မှန်းထားသည်။ ပြီးခဲ့သည့် ၂၀ဝ၈ ဘေဂျင်း အိုလံပစ်တွင်မူ ဂရိတ်ဗြိတိန်အ သင်းသည် အားကစားသမား ၃၁၃ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ ရွှေ၁၉ ခအု ပါအဝင် ဆုတံဆိပ် ပေါင်း ၄၇ ခုရခဲ့သည်။ ဂရိတ်ဗြိ တိန် အားကစားအဖွဲ့၏ အကြီး အကဲ အင်ဒီဟန့်ကလည်း မိမိတို့ အသင်းသည် အိမ်ရှင်အဖြစ် အကောင်းဆုံးယှဉ်ပြိုင်သွားမည် ဟုပြောသည်။ ဂရိတ် ဗြိတိန်အဖွဲ့တွင် လူ အင်အားအများဆုံး အားကစား အဖွဲ့မှာ ပြေးခုန်ပစ်အဖွဲ့ ၇၈ ဦး၊ လှေလှော်အဖွဲ့ ၄၇ ဦးနှင့် ရေကူး အဖွဲ့ ၄၄ ဦးတို့ဖြစ်ပြီး အနည်း ဆုံးအဖွဲ့ မှာ အလေးမအဖွဲ့ ဖြစ်ပြီး ကစားသမားတစ်ဦးသာ ပါဝင် သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Wednesday, November 23, 2011

ဂေါ့ဇီ အတွက် ပေါင်သန်း (၃၀) သုံးစွဲမည့် အာဆင်နယ်

ဂေါ့ဇီ အတွက် ပေါင်သန်း (၃၀) သုံးစွဲမည့် အာဆင်နယ် အာဆင်နယ် အသင်းသည် ဂျာမနီ လူငယ် ကြယ်ပွင့် ကစားသမား ဂေါ့ဇီ အတွက် ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်သော ပေါင်သန်း (၃၀) ခန့် သုံးစွဲရန် ရှိနေသည်။ dailymail မှ ဖော်ပြချက် အရ အာဆင်နယ် အသင်းသည် အင်္ဂါနေ့ညတွင် ကစားရမည့် ချန်ပီယံလိဂ် ပွဲစဉ်အပြီးတွင် ဂေါ့ဇီအား ကမ်းလှမ်းရန် ရှိနေကြောင်း သိရသည်။
အာဆင်နယ် အသင်းသည် ပြီးခဲ့သော ဘွန်ဒက်စ်လီဂါ ပွဲစဉ်တစ်ခု ဖြစ်သည့် ဘိုင်ယန်နှင့် ဒေါ့မွန်တို့ ကစားခဲ့သည့် ပွဲစဉ်မှ ဂေါ့ဇီ၏ ခြေစွမ်းကို စောင့်ကြည့်ရန် အတွက် ကင်းထောက် နှစ်ဦးကို စေလွှတ်ခဲ့ပြီး အဆိုပါ ပွဲစဉ်တွင် ဂေါ့ဇီမှာ အသင်းအတွက် အနိုင်ဂိုး တစ်ဂိုးအား သွင်းယူပေးခဲ့သည်။ အသင်း၏ အမှုဆောင်ချုပ် ဂါဇီဒစ်သည် ယခုအပတ် အတွင်း ဂေါ့ဇီအတွက် ဒေါ့မွန် အသင်းနှင့် တရားဝင် ဆွေးနွေးရန် ရှိနေသည်။
သို့သော်လည်း အာဆင်နယ်မှာ ဂေါ့ဇီအတွက် အနည်းဆုံး ပေါင်သန်း (၃၀) ခန့်သုံးစွဲရရန် ရှိနေပြီး အဆိုပါ ပမာဏမှာ အသင်း၏ လက်ရှိ စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ဖြစ်သည့် အာရှာဗင်၏ ပြောင်းရွှေ့ကြေး၏ နှစ်ဆဖြစ်နေသည်။ ဂေါ့ဇီမှာ ၀င်းဂါး၏ အလိုချင်ဆုံး ကစားသမား ဖြစ်နေပြီး ဖာဘရီဂတ်စ်၊နာဆရီတို့ ထွက်ခွာသွားသောကြောင့် အားနည်း နေသည့် ကွင်းလယ် နေရာတွင် အစားထိုးရန် အတွက် ခေါ်ယူလိုနေခြင်းဖြစ်ကာ သူ၏ လက်ထဲတွင်လည်း ပြောင်းရွှေ့ ကြေး အသုံးစရိတ် ပေါင်သန်း (၅၀) ရှိနေသောကြောင့် ခေါ်ယူမည် ဆိုပါက ဖြစ်နိုင်ချေရှိနေသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Saturday, September 24, 2011

ဝူရှူးအားကစား နည်းမှ မစန္ဒီဦး


ဝူရှူးကို ၂၀ဝ၀ ခုနှစ်လောက်က စတင် ကစားဖြစ်ခဲ့ပြီး ၂၀ဝ၁ ခုနှစ် ကျောင်းပေါင်းစုံ ဝူရှူးပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့ပါတယ်။
ပြည်တွင်းမှာ ဘယ်လိုအောင်မြင်မှုမျိုးတွေ ရယူနိုင် ခဲ့သလဲသိချင်ပါတယ်။
၂၀၁၁ ကျောင်းပေါင်းစုံ ဝူရှူးပြိုင်ပွဲမှာ စွယ်စုံပထမဆုရရှိခဲ့ပြီး အဖွဲ့ချုပ်ရဲ့ သွေးသစ် လက်ရွေးစင် အဖြစ် စတင် ရွေးချယ်ခံခဲ့ရတာ ပါ၊ ၂၀ဝ၃ ခုနှစ်မှာတော့ ပဏာမ လူငယ် လက်ရွေးစင်အဖြစ် ရွေးချယ် ခံခဲ့ရပါတယ်။
ပထမဆုံး နိုင်ငံလက်ရွေးစင်ပြိုင်ပွဲနဲ့ဆီးဂိမ်းပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့မှု အကြောင်း ကိုလည်း ပြောပြ ပေးပါဦး။
၂၀ဝ၄ ခုနှစ်မှာ တရုတ်နိုင်ငံလူငယ်ဝူရှူး ပြိုင်ပွဲမှာ နိုင်ငံတကာပွဲအဖြစ်ဝင်ရောက်ယှဉ်ပြိုင် ခဲ့ပြီး ၂၀ဝ၆ ခုနှစ်မှာ ပဏာမဝူရှူး လက်ရွေးစင် ဖြစ်လာခဲ့ပါတယ်၊ ဆီးဂိမ်းပြိုင်ပွဲနဲ့ ပက်သက် လို့ကတော့ ၂၀ဝ၇ ဆီးဂိမ်းမှာ စတင်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ချန်းချွမ်၊ကျန့်၊ လှံရှည်၊ သွေ့လျန့် အားကစား နည်းသုံးမျိုးကို အဓိက ယှဉ်ပြိုင်ခဲ့ ပါတယ်၊ အဲဒီထဲကမှ သွေ့လျန့်ကနေ ကြေး တံဆိပ်ဆု ဆွတ်ခူး နိုင်ခဲ့ပါတယ်၊ ၂၀ဝ၉ ခုနှစ် ၂၅ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှာတော့ ချန်း ချွမ်နဲ့ ကျန့်ကစားနည်း တွေကနေ ငွေတံဆိပ်၊ သွေ့လျန့်ကနေ ငွေတံဆိပ် ထပ်မံဆွတ်ခူးပေး နိုင်ခဲ့ပါတယ်၊ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် ၁၆ ကြိမ် မြောက် အာရှအားကစားပြိုင်ပွဲမှာလည်း ချန်း ချွမ်ကနေ ငွေတံ ဆိပ်ဆု ရရှိခဲ့ပါတယ်။
လာမယ့်အင်ဒိုနီးရှားဆီးဂိမ်းအတွက်ဘယ်လိုတွေပြင်ဆင် ထားလဲ၊ဘယ်အားကစားနည်းတွေဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိပါသလဲ။
လာမယ့် အင်ဒိုနီးရှား ဆီးဂိမ်းအတွက် တရုတ်နိုင်ငံကနေ နည်းပြဆရာမတစ်ဦးငှား ရမ်းထားပြီး မြန်မာနည်းပြဆရာတွေနဲ့ပေါင်းကာ ဝူရှူးအားကစားနည်းအစုံအလင်အတွက် အပြင်း အထန် လေ့ကျင့်နေပါတယ်၊ စက်တင်ဘာလထဲ မှာ တရုတ်နိုင်ငံ ဂူဟန့်မြို့ကို သွားရောက်ပြီး တရုတ်ဝူရှူးကစားသမားတွေနဲ့ ပူးတွဲလေ့ကျင့်ဖို့ လည်း အဖွဲ့ချုပ်က စီစဉ်ပေး ထားပါတယ်။
ဆီးဂိမ်းမှာ ဘယ်လိုအောင်မြင်မှုတွေမျှော်လင့်ထားသလဲ။
လာမယ့် အင်ဒိုဆီးဂိမ်းမှာ ဝူရှူးအားကစား နည်း နှစ်မျိုးဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အနည်း ဆုံးရွှေတံဆိပ်ဆုတစ်ခုတော့ရအောင် အပြင်း အထန်ကြိုးစားလေ့ကျင့်နေပါတယ်။
ပရိသတ်တွေကို ဘာများ ပြောချင်ပါသလဲ။
လာမယ့် အင်ဒိုနီးရှားဆီးဂိမ်းမှာ မြန်မာ နိုင်ငံအတွက် အကောင်းဆုံးစွမ်းဆောင်ပေးနိုင် မယ်လို့ ယုံကြည်ထားပြီး နိုင်ငံတော်အတွက် ရွှေ တံဆိပ်ဆုတွေ ဆွတ်ခူးပေးသွားချင်ပါတယ်၊ အား ကစားနဲ့ မြန်မာနိုင်ငံရဲ့ဂုဏ်ကို မြှင့်တင်ပေးမှာပါ။
အမည် - မစန္ဒီဦး
ယှဉ်ပြိုင်မည့် အားကစား - ဝူရှူး
ဝန်ကြီးဌာန - ပို့ဆောင်ရေး(မြန်မာ့မီးရထား)
ဆုတံဆိပ်ရရှိခဲ့မှု - ၂၀ဝ၇ ဆီးဂိမ်း(ကြေး ၁ ခု)
- ၂၀ဝ၉ ဆီးဂိမ်း(ငွေ ၂ ခု)
- ၁၆ ကြိမ်မြောက်
အာရှအားကစားပြိုင်ပွဲ(ငွေ ၁ ခု)
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed