BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Wednesday, September 11, 2013

ဓာတ်ဆီ နဲ့ ဒီဇာယ်ကို ဘယ်အချိန်တွေမှာ ဖြည့်သင့်သလဲ

လောင်စာဆီကို အသုံးပြုနေရသော စက်ပစ္စည်းများ အတွက် ဆောင်သင့် ရှောင်သင့်သော အကြံပြုချက် တစ်ချို့ကို ရေးသား လိုက်ရဖြင်း ဖြစ်ပါတယ်။
မိမိ၏ စက်ပစ္စည်း တစ်ခုခုကို ဓာတ်ဆီ သို့မဟုတ် ဒီဇာတ် ဖြည့်တော့မယ် ဆိုရင် နံနက်စောစောပိုင်းနှင့် ညပိုင်းတို့မှာ ဖြည့်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လောင်စာဆီ၏ သဘော သဘာဝက အပူချိန်များလျှင် မြင့်တက်ပါတယ်။ ဒါကြောင့် နံနက်ခင်း အေးနေတဲ့ အချိန် ဒါမှမဟုတ် ညဘက် အေးနေတဲ့ အချိန်တွေမှာ ထည့်သင့် တယ်လို့ ဆိုပါတယ်။ အလွန်ပူနေတဲ့ နေ့လယ် နေ့ခင်းတွေမှ တတ်နိုင်သလောက် မထည့်ပါနဲ့။
တင့်ကား ဒါမှမဟုတ် အသွားအလာနည်းသော ကားကြီးတွေကို ဆီဖြည့်တော့မယ် ဆိုလျှင် အပြည့် မဖြည့်ပါနဲ့။ အဘယ်ကြောင့် ဆိုသော် ၎င်းကားများသည် အသုံးပြုမှု နည်းသောကြောင့် မြေပြင်ပေါ်တွင် ရက်အတန်ကြာ ရပ်နားထား ရသောကြောင့် အလိုအလျောက် ဆီများ အငွေ့ပျံ့ပြီး ခန်းခြောက် သွားနိုင်လို့ပါ။
နောက်ထပ် အကြံပေးချင်တာက ဖုန်စသည့် အမှုန်အမွှားတွေ ပျံ့လွှင့်နေသော နေရာတွေမှာ ဆီမဖြည့်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ ဖုန်မုန့်တွေဟာ ဆီတိုင်ဆီ အတွင်းသို့ ရောက်သွားပါက ဆီသွားမယ့် လမ်းကြောင်းကို ပိတ်စေတဲ့ အပြင် ဆီကိုလည်း ညစ်ညမ်းစေပါတယ်။ ဆီများ ညစ်ညမ်းပြီဆိုလျှင် စက်အင်ဂျင်ကို ထိခိုက်စေနိုင်ပါတယ်။
အနည်းဆုံး နှစ်ပတ်တစ်ကြိမ်လောက် ကားဘီးလေများကို စစ်ဆေးပေးပါ။ ကာဘီးများကို နှစ်ပတ်တစ်ကြိမ် စစ်ဆေးပေးခြင်းဟာ လေလျော့ မလျော့ ကို သိရှိနိုင်ပါတယ်။ ကာဘီးလေ လျော့တာဟာ ဘီးလည်အားကို နည်းကွေး စေတဲ့အပြင် အင်ဂျင်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဘာလို့ အင်ဂျင်ကို ထိခိုက်နိုင်သလဲဆိုရင် လေလျော့နေခြင်းကြောင့် အင်ဂျင်ဆွဲသလောက် ဘီးလိုက် ပြီးမလည်ပါဘူး။ ခရီးဝေးသွားလျှင် ဘီးလေမရှိခြင်းက အသက်တန္တရာယ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဇီဒန်း သတ်မှတ်သော မက်ဆီထက် ကောင်းသည့် ကစားသမားနှစ်ဦး

ရီးရဲလ်မက်ဒရစ်နှင့် ပြင်သစ် ဂန္တ၀င် ဇီဒန်းက ၎င်းအတွက် ခရစ္စတီယာနို ရော်နယ်ဒိုနှင့် ရီဘာရီတို့သည် ဘာစီလိုနာ စူပါစတား မက်ဆီထက် ထူးချွန်သော ကစားသမားများ ဖြစ်ကြောင်း မှတ်ချက်ပြုလိုက်သည်။ အကောင်းဆုံး ကစားသမားဆုနှင့် ပတ်သက်ပြီး ဇီဒန်းက - "ကမ္ဘာ့အကောင်းဆုံး ကစားသမား နှစ်ဆုကို ပေးခွင့် ရမယ်ဆိုရင်၊ တစ်ဆုကို ခရစ္စတီယာနိုကိုပေးမယ်၊ နောက်တစ်ဆုကို ရီဘာရီကို ပေးမယ်၊ သူတို့နှစ်ယောက် စလုံးဟာ ဒီဆုနဲ့ ထိုက်တန်တဲ့ ကစားသမားတွေပါ၊ စိတ်မကောင်း စရာကတော့ ဒီဆုက တစ်ယောက်တည်းကိုပဲ ပေးလို့ ရတယ်" ဟု ပြောကြား သွားခဲ့သည်။ ယခုနှစ် အတွက် ဥရောပ အကောင်းဆုံးဆုကို ရီဘာရီက ဆွတ်ခူး ရရှိခဲ့ပြီး၊ ကမ္ဘာ့အကောင်းဆုအတွက်ကိုမူ မကြာခင် မဲပေး ရွေးချယ် တော့မည်ဖြစ်ပြီး၊ ဇီဒန်းက အဆိုပါ ဆုသည် စီရော်နယ်ဒိုနှင့် ရီဘာရီတို့ နှစ်ဦးစလုံးဖြင့် ထိုက်တန်ကြောင်း ပြောကြား သွားခဲ့သည်။ 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဒေါ်အောင်ဆန်းစုကြည် ဥရောပ ခရီးစဉ် စတင်

ချက်သမ္မတ နိုင်ငံတွင် ကျင်းပမည့် ဒီမိုကရေစီ ကူးပြောင်းသော နိုင်ငံများ အရေး ဆွေးနွေးပွဲသို့ တက်ရောက်ရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပ ရှစ်ရက်ကြာ ခရီးစဉ်ကို စက်တင်ဘာ ၁ဝ ရက် ည ၇နာရီ မိနစ် ၃ဝ အချိန်တွင် စတင်ကြောင်း အဆိုပါတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက The Voice သို့ ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပ ခရီးစဉ် အတွင်း ပိုလန်နိုင်ငံ၊ ဟန်ဂေရီနိုင်ငံ၊ ချက်နိုင်ငံတို့သို့ သွားရောက်မည် ဖြစ်ကြောင်း ၄င်းက ဆိုသည်။
အဆိုပါခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၁၁ ရက် နေ့တွင် ပိုလန် အောက်လွှတ်တော်ဥက္ကဋ္ဌ Ms Ewa Kopcz ၊ ပိုလန်နိုင်ငံ ဆီးနိတ်လွှတ်တော် ဥက္ကဋ္ဌ Mr.Bogdan Borusewicz တို့နှင့် တွေ့ဆုံမည်ဖြစ်ပြီး စက်တင်ဘာလ ၁၂ ရက်နေ့တွင် ပိုလန်သမ္မတ Bronislaw Komoroski နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့တို့နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း NLD ပါတီထံမှ သိရှိရသည်။
စက်တင်ဘာလ ၁၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဟန်ဂေရီသမ္မတ Jonas Ader၊ ဟန်ဂေရီ အောက်လွှတ်တော်ဥက္ကဋ္ဌ၊ အထက်လွှတ်တော် ဥက္ကဋ္ဌနှင့် ဟန်ဂေရီတက္ကသိုလ် များမှ နိုင်ငံရေးသိပ္ပံ ပညာရှင်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း NLD ပါတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ယင်းခရီးစဉ် အတွင်း နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် တောင်အာဖရိက သမ္မတဟောင်း ဝီလျံဒီကလပ် နှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း NLD ပါတီခေါင်းဆောင်များက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ချက်နိုင်ငံတွင် ကျင်းပမည့် ဒီမိုကရေစီ အသွင်ကူးပြောင်းသော နိုင်ငံများ အရေး Forum 2000 ဆွေးနွေးပွဲတွင် ချက်သမ္မတနိုင်ငံ သမ္မတ Mr.Milos Zeman နှင့်အတူ မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း အဆိုပါ ဖိုရမ်ကျင်းပရေး အဖွဲ့က ထုတ်ပြန်ထားသည်။ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၃ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံ တို့သို့ သွားရောက်ခဲ့သည်။ 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed