BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Thursday, June 13, 2013

အခွန်ရှောင်ခဲ့ပါက မက်ဆီ ထောင် ၆နှစ် ကျဖွယ်ရှိ

၂၀၀၆မှ ၂၀၀၉ ခုနှစ်ထိ အခွန်ရှောင်လွဲမှုကြောင့် မက်ဆီအနေဖြင့် ထောင်ဒဏ် ၆နှစ် အထိ ကျခံရဖွယ်ရှိနေကြောင်း သိရသည်။ မက်ဆီမှာ စပိန်နိုင်ငံ ပြင်ပပုံရိပ်အသုံးပြုခများအတွက် ယူရို ၄သန်းအခွန်မဆောင်ခဲ့ကြောင်း သံသယဖြစ်ခံနေရပြီး ယင်းအတွက် စပိန်အခွန်အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

မက်ဆီနှင့် ၎င်း၏ဖခင်ဖြစ်သူတို့ကို အမှုဖွင့်ရန် အခွန်အာဏာပိုင်များက မြေထဲပင်လယ် ကမ်းခြေအနီးရှိ ဂါဗာတရားရုံးတွင် လျှောက်ထားခဲ့သော်လည်း မက်ဆီကို အမှုဖွင့်ရန် တရားရုံးမှ ဆုံးဖြတ်ရခြင်းမရှိသေးပေ။ အရွယ်ရောက်ပြီးနောက် အခွန်ရှောင်လွဲသည်ဟု မက်ဆီကို စွပ်စွဲထားကာ ၎င်းအရွယ်မရောက်မီ အချိန်ကာလအတွင်း အခွန်မဆောင်မှုအတွက် ၎င်း၏ဖခင်ဖြစ်သူကို စွပ်စွဲထားသည်။ မက်ဆီမှာ ဘာစီလိုနာတွင် တစ်နှစ်လုပ်ခ ပေါင် ၈.၅သန်း အသားတင်ရရှိနေသူဖြစ်ပြီး စပွန်ဆာ ၀င်ငွေ ဒေါ်လာ ၂၁သန်း နီးပါးထပ်မံ ရရှိနေသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ မက်ဆီက ၎င်း၏တွစ်တာ စာမျက်နှာတွင်“ဒီသတင်းကြားရတဲ့အတွက်
တော်တော်အံသြမိပါတယ်။ အခွန်နဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့အကြံပေးအဖွဲ့က အမြဲဆောင်ခဲ့သလို ဒီကိစ္စကိုလည်း ရှင်းရှင်းလင်းလင်းဖြစ်အောင် သူတို့လုပ်ရပါလိမ့်မယ်”ဟု ဖော်ပြထားသည်။ သို့သော် အခွန်ရှောင်လွဲခဲ့သည်ဟု စစ်ဆေးတွေ့ရှိပါက မက်ဆီအနေဖြင့် ဆောင်ရန်ကျန်ရှိနေသည့် အခွန်ငွေ၏ လေးဆပေးရမည်ဖြစ်ကာ ထောင်ဒဏ် ၂နှစ်မှ ၆နှစ်အထိ ကျခံရဖွယ်ရှိနေသည်။

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မြန်မာကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ခြင်းနှင့် အင်တာနက် ဆက်ကြောင်းသစ် ချိတ်ဆက်ရေး ဆောင်ရွက်မည်

မန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်း လိုင်စင်ရရှိရန် တင်ဒါ ဝင်ရောက် ယှဉ်ပြိုင်နေသည့် စင်ကာပူ ဆက်သွယ်ရေးကုမ္ပဏီ SingTel က မြန်မာနိုင်ငံ အတွက် ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ရေးနှင့် အပြည်ပြည်ဆိုင်ရာ အင်တာနက် ဆက်ကြောင်းသစ် ချိတ်ဆက်ခြင်း လုပ်ငန်းများကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ အမှုဆောင် အရာရှိချုပ် Mr. Mark Chongက ပြောကြားသည်။
ယခုအခါ ဂြိုဟ်တု လွှတ်တင်ရေး ရှေ့ပြေး လေ့လာ ဆန်းစစ်မှုများ ပြုလုပ်နေ ပြီး မြန်မာအစိုးရ ကိုလည်း ပူးပေါင်း ပါဝင်ရန် ကမ်းလှမ်း ထားကြောင်း၊ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး လမ်းကြောင်း သစ်အဖြစ် အင်တာနက် ဆက်ကြောင်းသစ် SE-ME-WE 5 ကေဘယ်လ်နှင့် ချိတ်ဆက်ရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
"ခုဒီမှာက SE-ME-WE 3 ကေဘယ်လ်တစ်ခု တည်းနဲ့ ချိတ်ထားတာ။ သက်တမ်း ကြာမြင့်ပြီး မကြာခဏ ပြတ်တောက်မှုတွေ ဖြစ်တတ်တဲ့ ဆက်ကြောင်း တစ်ခုတည်းအပေါ် မှီခိုထားတာ၊ ဆက်သွယ်ရေးတွေ တိုးချဲ့ဖို့ အခက်အခဲ ဖြစ်စေပါတယ်" ဟု Mr. Mark Chong က ဆိုသည်။ ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးရန် ဝန်ကြီးဌာန၏ ငွေကြေးနှင့် နည်းပညာ အင်အား သက်သက်ဖြင့် ဆောင်ရွက်နိုင်မည်မဟုတ်ဘဲ ပုဂ္ဂလိကနှင့် ပူးပေါင်း ဆောင်ရွက်ရန်လိုကြောင်း၊ ဆက်သွယ်ရေး ဖွံ့ဖြိုးမှုအတွက် အဓိကကျသည့် နိုင်ငံပိုင် ဂြိုဟ်တု လွှတ်တင်ရေး အကျိုးတူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနက ကြေညာထားသည်။
SingTel သည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လိုင်စင် တစ်နေရာအတွက် မြန်မာနိုင်ငံရှိ ကမ္ဘောဇအုပ်စု၊ M-TEL ကုမ္ပဏီတို့နှင့် ပူးပေါင်းကာ တင်ဒါ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိပြီး လိုင်စင် မရရှိပါကလည်း ဆက်သွယ်ရေးလုပ်ငန်းများတွင် ဆက်လက် ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း M-Tel အမှုဆောင်အရာရှိချုပ် Mr. Jonathan Myo Kyaw Thaung က ပြောကြားသည်။
ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်အတွက် တင်ဒါ ဝင်ရောက် ယှဉ်ပြိုင်နေသည့် ၁၁ ဖွဲ့တွင် မည်သူ ရရှိသည်ဖြစ်စေ ကမ္ဘာ့အဆင့်မီ ဆက်သွယ်ရေး ဝန်ဆောင်မှုများ အသုံးပြုနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍတွင် မိုဘိုင်းလ်ဖုန်း ဝန်ဆောင်မှုများ အတွက်သာ ကုမ္ပဏီ အဖွဲ့အစည်း လေးခုကို ကန့်သတ် ခွင့်ပြုမည်ဖြစ်သော် လည်း အခြားသော ဆက်သွယ်ရေး ကဏ္ဍအားလုံးတွင် ဝင်ရောက် လုပ်ကိုင်လိုပါက ခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ကမ္ဘာ့အကြီးဆုံး ဆက်သွယ်ရေး ကုမ္ပဏီငါးခုတွင် ပါဝင်သည့် SingTel ကုမ္ပဏီသည် ST-1 နှင့် ST-2 ဂြိုဟ်တုများကို အောင်မြင်စွာ လွှတ်တင် ထားပြီး မြန်မာနိုင်ငံနှင့် SE-ME-WE 3 အင်တာနက် ဆက်ကြောင်း ချိတ်ဆက်စဉ်က ပါဝင် ဆောင်ရွက်ခဲ့သည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။ 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မလေးရှားမှ ပြန်လာမည့် မြန်မာများအတွက် အခမဲ့လေကြောင်းလိုင်းနှစ်ခု ထပ်တိုး

မလေးရှားနိုင်ငံတွင် ဖြစ်ပွားနေသော မြန်မာများ အကြမ်းဖက်ခံရမှု များကြောင့် နေရပ်ပြန်လာမည့် မြန်မာ အလုပ်သမားများအတွက် အခမဲ့ ပို့ဆောင်ပေးမည့် အစီအစဉ်တွင် ပြည်တွင်းလေကြောင်း လိုင်းနှစ်လိုင်းဖြစ်သော Asian Wings Airways နှင့် Golden Myanmar လေကြောင်းလိုင်းတို့ ပါဝင်လာကြောင်း ယင်းလေကြောင်းလိုင်း တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။ 
Golden Myanmar လေကြောင်းလိုင်း အနေနှင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံး လက်မှတ်ပါလျှင် ယင်းလေကြောင်းလိုင်းကို အခမဲ့ စီးနင်းနိုင်မည်ဖြစ်သော်လည်း မလေးရှားခရီးစဉ်များ မပြေးဆွဲသေး သဖြင့် စင်ကာပူနှင့် ဘန်ကောက်တို့မှ တစ်ဆင့် သက်ဆိုင်ရာလေဆိပ် အခွန် များ ပေးဆောင်၍ အခမဲ့ စီးနင်းနိုင်ကြောင်း ယင်းလေကြောင်းလိုင်း တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
Golden Myanmar သည် စင်ကာပူ-ရန်ကုန်၊ စင်ကာပူ-မန္တလေး၊ ဘန်ကောက်-ရန်ကုန်၊ ဘန်ကောက်- မန္တလေး ခရီးစဉ်များ ပြေးဆွဲလျက် ရှိသည်။ မလေးရှားနိုင်ငံမှ ပြန်လည် ရောက်ရှိလာသော မြန်မာနိုင်ငံသားများ သည် ပြည်တွင်း ခရီးစဉ်များ၌ Asian Wings Airways လေကြောင်းလိုင်းတွင် မလေးရှားနိုင်ငံမှ ပြန်လည် ရောက်ရှိလာကြောင်း အထောက်အထား တစ်စုံတစ်ခု တင်ပြ၍ အခမဲ့ လိုက်ပါ စီးနင်းနိုင်ကြောင်း ယင်းလေကြောင်းလိုင်း တာဝန်ခံက ပြောဆိုသည်။
Air Bagan လေကြောင်းလိုင်းမှ ပြည်တွင်း နေရပ်ပြန် မြန်မာနိုင်ငံသားများ အတွက် အခမဲ့ လေယာဉ်စီးနင်းခွင့်နှင့် အလုပ်အကိုင် လစ်လပ်နေရာ များတွင် ဦးစားပေး ခန့်အပ်ရန် စီစဉ်ထားပြီး MAI ကလည်း ပုံမှန် အားဖြင့် ဒေါ်လာ ၂၃၀ ကျသင့်သော မလေးရှား-မြန်မာ လေယာဉ် လက်မှတ်ခကို ၅၀ ရာခိုင်နှုန်း လျှော့ချပေးခြင်းဖြင့် ကူညီကြမည်ဖြစ်သည်။ 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed