ပရီးမီးယားလိဂ် ပြိုင်ပွဲအား စပွန်ဆာ ပေးထားသည့် ဘာကလေဘဏ် နှင့် စာချုပ်သက်တမ်းတိုးရန် အတွက် သဘောတူညီချက် အသစ် ရရှိခဲ့ပြီ ဖြစ်ကြောင်း ကြေငြာခဲ့သည်။ ယခုချုပ်ဆိုခဲ့သည့် စာချုပ်သစ် အရ ဘာကလေဘဏ်သည် ပရီးမီးယားလိဂ် ပြိုင်ပွဲ၏ စပွန်ဆာ အဖြစ် (၂၀၁၅-၁၆) ဘောလုံးရာသီ အထိ ဆက်လက် ရှိနေမည် ဖြစ်သည်။ သဘောတူညီချက် အသစ်၏ တန်ကြေးမှာ ပေါင်သန်း (၁၂၀)၀န်းကျင် ဖြစ်ကာ ဘာကလေ အမှတ်တံဆိပ်သည် ပရီးမီးယားလိဂ် နာမည်နှင့်အတူ ကမ္ဘာ့အနှံ့ ဖြန့်ချီခွင့် ရရှိမည်ဖြစ်သည့် အပြင် ဈေးကွက်ချဲ့ထွင်ခွင့်များ၊ ကြေငြာ အသုံးပြုခွင့်များ၊ လက်မှတ်ရောင်းချခွင့်များနှင့် ပွဲအတွင်း ၀န်ဆောင်မှုပေးခြင်းများကိုပါ ပြုလုပ်ခွင့် ရရှိမည် ဖြစ်သည်။ ဘာကလေနှင့် ပရီးမီးယားလိဂ် ပြိုင်ပွဲတို့ကြား ချုပ်ဆိုထားသည့် တစ်နှစ် ပေါင် (၂၇.၅)သန်းတန် စာချုပ်မှာ (၂၀၁၂-၁၃) ဘောလုံးရာသီကုန်တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သောကြောင့် ယခုလို စာချုပ်သက်တမ်းတိုး ခဲ့ခြင်းလည်း ဖြစ်သည်။ ဘာကလေ အမှတ်တံဆိပ်သည် (၂၀၀၄)ခုနှစ်မှ စတင်ကာ ပရီးမီးယားလိဂ် ပြိုင်ပွဲကို စပွန်ဆာ ပေးခဲ့သည့် အမှတ်တံဆိပ်လည်း ဖြစ်သည်။Sunday, July 15, 2012
ပရီးမီးယားလိဂ် ပြိုင်ပွဲနှင့် စပွန်ဆာ သဘောတူညီမှု အသစ်ရရှိခဲ့သည့် ဘာကလေ
ပရီးမီးယားလိဂ် ပြိုင်ပွဲအား စပွန်ဆာ ပေးထားသည့် ဘာကလေဘဏ် နှင့် စာချုပ်သက်တမ်းတိုးရန် အတွက် သဘောတူညီချက် အသစ် ရရှိခဲ့ပြီ ဖြစ်ကြောင်း ကြေငြာခဲ့သည်။ ယခုချုပ်ဆိုခဲ့သည့် စာချုပ်သစ် အရ ဘာကလေဘဏ်သည် ပရီးမီးယားလိဂ် ပြိုင်ပွဲ၏ စပွန်ဆာ အဖြစ် (၂၀၁၅-၁၆) ဘောလုံးရာသီ အထိ ဆက်လက် ရှိနေမည် ဖြစ်သည်။ သဘောတူညီချက် အသစ်၏ တန်ကြေးမှာ ပေါင်သန်း (၁၂၀)၀န်းကျင် ဖြစ်ကာ ဘာကလေ အမှတ်တံဆိပ်သည် ပရီးမီးယားလိဂ် နာမည်နှင့်အတူ ကမ္ဘာ့အနှံ့ ဖြန့်ချီခွင့် ရရှိမည်ဖြစ်သည့် အပြင် ဈေးကွက်ချဲ့ထွင်ခွင့်များ၊ ကြေငြာ အသုံးပြုခွင့်များ၊ လက်မှတ်ရောင်းချခွင့်များနှင့် ပွဲအတွင်း ၀န်ဆောင်မှုပေးခြင်းများကိုပါ ပြုလုပ်ခွင့် ရရှိမည် ဖြစ်သည်။ ဘာကလေနှင့် ပရီးမီးယားလိဂ် ပြိုင်ပွဲတို့ကြား ချုပ်ဆိုထားသည့် တစ်နှစ် ပေါင် (၂၇.၅)သန်းတန် စာချုပ်မှာ (၂၀၁၂-၁၃) ဘောလုံးရာသီကုန်တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သောကြောင့် ယခုလို စာချုပ်သက်တမ်းတိုး ခဲ့ခြင်းလည်း ဖြစ်သည်။ ဘာကလေ အမှတ်တံဆိပ်သည် (၂၀၀၄)ခုနှစ်မှ စတင်ကာ ပရီးမီးယားလိဂ် ပြိုင်ပွဲကို စပွန်ဆာ ပေးခဲ့သည့် အမှတ်တံဆိပ်လည်း ဖြစ်သည်။လန်ဒန်အိုလံပစ် လုံခြုံရေး အတွက် ခြောက်နေရာတွင် ဒုံးကျည်များ ချထားမည်
ဗြိတိန် ကာကွယ်ရေး ဝန်ကြီး ဖိလစ် ဟမ်မွန်က လာမည့်လန်ဒန်အိုလံ ပစ်တွင် လုံခြုံရေးအတွက် မြေပြင် မှဝေဟင် ပစ်ဒုံးကျည် များကို နေရာခြောက်ခုတွင် ချထား မည်ဖြစ် ကြောင်း အတည်ပြုပြောကြား သည်။
ကာကွယ်ရေးဝန်ကြီးက ဒုံးကျည် ချထားရာ နေရာများမှာ မြို့တော်လန်ဒန်တစ်လျှောက်တွင် ဖြစ်ပြီး လန်ဒန်အရှေ့ပိုင်း နှစ်နေ ရာတွင်မူ တိုက်ခေါင်မိုးများပေါ်၌ ချထားမည်ဟုပါလီမန်အမတ်များ အားပြောကြားသည်။ သို့သော် ဒုံးကျည်များချ ထားမည့် ယင်းလက်ဇင်တန်အ ဆောက်အအုံနှင့် ဖရတ်ဝစ်တာဝါ တို့အနီး နေထိုင်သူများကမူ ဒုံး ကျည်များရှိနေခြင်းကိုပူပန်ကြောင်း ပြောကြားထားသည်။
ယင်းနေရာ နှစ်ခုစလုံးမှာ လန်ဒန်အရှေ့ပိုင်း တွင်ရှိသည်။ ကာကွယ်ရေးအာ ဏာပိုင်များကမူ ယင်းနေရာများ သည် အိုလံပစ်ပွဲကျင်းပရာတွင် ပါဝင်သည့် အိုလံပစ်ပန်းခြံတစ် လျှောက်အချက်အချာအကျဆုံး နေရာတွင် ရှိကြောင်းပြောကြား ထားသည်။
ကာကွယ်ရေးဝန်ကြီးက ဒုံးကျည် ချထားရာ နေရာများမှာ မြို့တော်လန်ဒန်တစ်လျှောက်တွင် ဖြစ်ပြီး လန်ဒန်အရှေ့ပိုင်း နှစ်နေ ရာတွင်မူ တိုက်ခေါင်မိုးများပေါ်၌ ချထားမည်ဟုပါလီမန်အမတ်များ အားပြောကြားသည်။ သို့သော် ဒုံးကျည်များချ ထားမည့် ယင်းလက်ဇင်တန်အ ဆောက်အအုံနှင့် ဖရတ်ဝစ်တာဝါ တို့အနီး နေထိုင်သူများကမူ ဒုံး ကျည်များရှိနေခြင်းကိုပူပန်ကြောင်း ပြောကြားထားသည်။ယင်းနေရာ နှစ်ခုစလုံးမှာ လန်ဒန်အရှေ့ပိုင်း တွင်ရှိသည်။ ကာကွယ်ရေးအာ ဏာပိုင်များကမူ ယင်းနေရာများ သည် အိုလံပစ်ပွဲကျင်းပရာတွင် ပါဝင်သည့် အိုလံပစ်ပန်းခြံတစ် လျှောက်အချက်အချာအကျဆုံး နေရာတွင် ရှိကြောင်းပြောကြား ထားသည်။
လန်ဒန် အိုလံပစ် တွင် အိမ်ရှင် ဗြိတိန်အသင်း ကစားသမား ၅၄၂ ဦး ပါဝင် ယှဉ်ပြိုင်မည်
လာမည့် လန်ဒန် အိုလံပစ်တွင် အိမ်ရှင် ဂရိတ်ဗြိတိန် အသင်းသည် ကစားသမား ၅၄၂ ဦးနှင့် ပါဝင် ယှဉ်ပြိုင်မည်ဖြစ်ရာ ဗြိတိန်အတွက် နှစ်ပေါင်း ၁၀၄ နှစ်အတွင်း အင်အားအကြီးဆုံး အားကစား အဖွဲ့ဖြစ်လာဖွယ်ရှိကြောင်း သိရ သည။် ဂရိတ်ဗြိတိန် အားကစားအ ဖွဲ့သည် အားကစားနည်း ၂၆ မျိုးစလုံးတွင် ပါဝင်ယှဉ်ပြိုင် မည်ဖြစ်ပြီး ဆုတံဆိပ်စုစုပေါင်း ၄၈ ခုရရန် ရည်မှန်းထားသည်။ ပြီးခဲ့သည့် ၂၀ဝ၈ ဘေဂျင်း အိုလံပစ်တွင်မူ ဂရိတ်ဗြိတိန်အ သင်းသည် အားကစားသမား ၃၁၃ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ ရွှေ၁၉ ခအု ပါအဝင် ဆုတံဆိပ် ပေါင်း ၄၇ ခုရခဲ့သည်။ ဂရိတ်ဗြိ တိန် အားကစားအဖွဲ့၏ အကြီး အကဲ အင်ဒီဟန့်ကလည်း မိမိတို့ အသင်းသည် အိမ်ရှင်အဖြစ် အကောင်းဆုံးယှဉ်ပြိုင်သွားမည် ဟုပြောသည်။ ဂရိတ် ဗြိတိန်အဖွဲ့တွင် လူ အင်အားအများဆုံး အားကစား အဖွဲ့မှာ ပြေးခုန်ပစ်အဖွဲ့ ၇၈ ဦး၊ လှေလှော်အဖွဲ့ ၄၇ ဦးနှင့် ရေကူး အဖွဲ့ ၄၄ ဦးတို့ဖြစ်ပြီး အနည်း ဆုံးအဖွဲ့ မှာ အလေးမအဖွဲ့ ဖြစ်ပြီး ကစားသမားတစ်ဦးသာ ပါဝင် သည်။
Subscribe to:
Comments (Atom)










Rangoon Time