ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံ တစ်နိုင်ငံလုံး ၏ ၇ဝ ရာခိုင်နှုန်းကို လွှမ်းခြုံ ၍ ရုပ်/သံ ထုတ်လွှင့် နေသည့် Forever Group ကုမ္ပဏီသည် လာမည့် ဖေဖော်ဝါရီလ မတိုင်မီ Channel - 7 အခမဲ့ ရုပ်သံလိုင်း တစ်ခု ထပ်မံ ထုတ်လွှင့်သွားရန် ရှိကြောင်း အဆိုပါ Forever Group ကုမ္ပဏီ၏ အမှုဆောင် ဒါရိုက်တာ ဦးဝင်းမော်က The Voice Weekly သို့ ပြောကြားသည်။
ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ကျင်းပသည့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ရုပ်သံလိုင်း CCTV နှင့် မြန်မာနိုင်ငံမှ ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ပူးတွဲ လုပ်ကိုင်နေသော Forever Group ကုမ္ပဏီ၊ ရွှေသံလွင် ကုမ္ပဏီတို့ ပူးပေါင်း၍ မြန်မာနိုင်ငံ အတွင်း CCTV ရုပ်သံလိုင်း တိုက်ရိုက် စတင် ထုတ်လွှင့်သည့် အခမ်းအနားအပြီး The Voice Weekly က မေးမြန်းစဉ် ၄င်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
" Channel 7 က အခမဲ့ ရုပ်သံလိုင်းပါ။ အသက် ၄၅ နှစ်အောက်တွေ ကြည့်ဖို့ အဓိက ရည်ရွယ်ထားပါတယ် " ဟု ဦးဝင်းမော်က ရှင်းပြသည်။
Forever Group ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် လူကြည့်များသော အခမဲ့ ရုပ်သံလိုင်း MRTV-4 ကို ထုတ်လွှင့်လျှက် ရှိပြီး ၂၀ဝ၅ ခုနှစ်၌ ဒစ်ဂျစ်တယ် နည်းပညာဖြင့် စတင် ထုတ်လွှင့်ခဲ့ပြီး မြန်မာနိုင်ငံတွင် ရုပ်သံလိုင်းပေါင်း ၅ဝ ကျော်ကို ယခုအခါ ထုတ်လွင့်လျှက် ရှိသည်။
" ရိုးရိုး ရုပ်သံလိုင်းပါ။ သတင်းသီးသန့် လိုင်းတော့ မဟုတ်ပါဘူး " ဟု ဦးဝင်းမော်က ဆိုသည်။
အောက်တိုဘာ ၂ရ ရက်နေ့မှ စတင်၍ Forever Group ကုမ္ပဏီထံမှ ဝယ်ယူထားသူများသည် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ရုပ်သံလိုင်း၏ ချယ်နယ် ၃ ခုကို အခမဲ့ ဖမ်းယူရရှိလျှက် ရှိသည်။
Forever Group ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ၂၀ဝ၄ ခုနှစ်မှ စတင်၍ ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ အခပေး ရုပ်သံလိုင်းများ စတင် ထုတ်လွှင့်ခဲ့ပြီး ယခုအခါ သက်တမ်း
--
--