BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Tuesday, March 6, 2012

ဝမ်းဗိုက် အဆီ လျော့ကျ စေမည့် အလွယ် နည်း ၉ သွယ်

ဝမ်းဗိုက် အဆီ လျော့ကျ စေမည့် အလွယ် နည်း ၉ သွယ်ဝမ်းဗိုက်မှာ အဆီ တွေစုပြီး ဗိုက်ပူ နေလို့ စိတ်ညစ် နေသူ တွေ အတွက် ဗိုက်ပူ တာ လျော့ကျ အောင် လုပ်နိုင် မယ့် အလွယ်နည်းတွေကို ရေးသားလိုက်ရပါတယ်။
၁) လေ့ကျင့်ခန်း လုပ်ပါ
လေ့ကျင့်ခန်းအားလုံးဟာ ကိုယ်အ လေးချိန်လျော့ကျစေပါတယ်။ လေ့ကျင့် ခန်းလုပ်တဲ့အခါ ဝမ်းဗိုက်အဆီကျအောင် စွမ်းအားမြင့်လေ့ကျင့်ခန်းကို လုပ်ဖို့ လို အပ်ပါတယ်။ လေ့လာမှုအရ အမျိုးသမီး အုပ်စုသုံးခုကို တစ်ပတ်မှာ ငါးကြိမ်ခန့် မတူညီတဲ့ လေ့ကျင့်ခန်းတွေကို လုပ်စေ ခဲ့ရာ ကယ်လိုရီလောင်ကျွမ်းပုံချင်း တူပေ မယ့် စွမ်းအားမြင့်လေ့ကျင့်ခန်းကို လုပ် ဆောင်တဲ့ အုပ်စုတစ်ခုရှိ အမျိုးသမီးတွေ ကသာ ဝမ်းဗိုက်အဆီလျော့ကျမှုရှိခဲ့တာ ကို တွေ့ရပါတယ်။ စွမ်းအားမြှင့်လေ့ကျင့် ခန်းတွေမှာ အိပ်ထမတင် လေ့ကျင့်ခန်း၊ ခါးလှည့်လေ့ကျင့်ခန်းစတဲ့ လေ့ကျင့်ခန်း အမျိုးအစားတွေ ပါဝင်နေပါတယ်။
၂) ဗိုက်ကို တုန်ခါအောင် လုပ်ပါ
ဗိုက်ကို တုန်ခါစေတဲ့ စက်နဲ့ အဆီ ချပေးတာက ထိုင်-ထလေ့ကျင့်ခန်းလုပ် သလို ခြောက်လအတွင်းမှာ ဝမ်းဗိုက်အ ဆီကို သိသိသာသာ လျော့ကျစေတာကို တွေ့ရပါတယ်။
၃) ညနေခင်းတွင် အလင်းရောင်ကို လျှော့ချပါ
စိတ်ဖိစီးမှုဟော်မုန်း ကော်တီဆော အဆင့်မြင့်တက်မှုရှိတာက ဝမ်းဗိုက်အဆီ တိုးတာနဲ့ ဆက်စပ်မှုရှိပါတယ်။ ညဘက် မှာ ကော်တီဆောဟော်မုန်းအဆင့် လျော့ ကျအောင် အိပ်ရာမဝင်ခင် တစ်နာရီအ လိုမှာ လျှပ်စစ်ပစ္စည်းတွေကို ပိတ်ပြီး အ နားယူပေးဖို့ လိုပါတယ်။ ကွန်ပျူတာကို ညဉ့်နက်တဲ့အထိ အသုံးပြုတာကို ရှောင် သင့်ပါတယ်။ ဒါဆိုရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျပါလိမ့်မယ်။
၎) စောစော အိပ်ရာဝင်ပါ
တစ်ညမှာ ၅-၆နာရီခန့်ပဲ အိပ်တဲ့ သူတွေက တစ်ညမှာ ၇-၈နာရီလောက် အိပ်တဲ့သူတွေထက် ခါးနဲ့ ဗိုက်နေရာ တစ်ဝိုက်မှာ အဆီတက်ပြီး ဝနိုင်ခြေ ၆၀ ရာခိုင်နှုန်းပိုများကြောင်း လေ့လာတွေ့ ရှိရပါတယ်။ "အိပ်ရေးပျက်တာက ဆာ လောင်မှုတိုးစေတဲ့ Ghrelina ဟော်မုန်းကို အထွက်တိုးစေပြီး ဆာလောင်မှုကို ဟန့် တားပေးတဲ့Leptina ဟော်မုန်းကို လျော့ကျစေလို့ ဖြစ်တယ် " လို့ အိပ်စက်မှု ဆိုင်ရာပညာရှင် ဒေါက်တာ စတန်လေ က ဆိုပါတယ်။ လူတွေက ပင်ပန်းနွမ်း နယ်တဲ့အခါ သကြားပါတဲ့ ကာဗိုဟိုက် ဒရိတ်အစာကို များများစားမိတာကြောင့် ဗိုက်ပူလာရတာဖြစ်ပါတယ်။
၅) ရှလကာရည် သောက်ပါ
တစ်နေ့မှာ ရှလကာရည် ထမင်းစား ဗိုက်ပူတာ ငါးရာခိုင်နှုန်းလျော့ကျမှု ရှိစေ တယ်လို့ ဂျပန်သုတေသီတွေက လေ့လာ တွေ့ရှိခဲ့ပါတယ်။ ရှလကာရည်မှာ အဓိက ပါဝင်တဲ့Acetic Acid ဟာ ခန္ဓာကိုယ်အဆီတွေ လောင်ကျွမ်းအောင် လှုံ့ဆော်မှုပေးတာကြောင့် ဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ပြုလုပ်ရ မယ့်နည်းကတော့ အစာမစားခင်မှာ ရေနွေး တစ်ဖန်ခွက်ထဲကို ရှလကာရည် ထမင်းစားဇွန်း တစ်ဇွန်း ထည့်ပြီး သောက်သုံးရမှာ သုံးရမှာ ဖြစ်ပါတယ်။
၆) ဒိန်ချဉ်စားပါ
နေ့စဉ် ကယ်လိုရီကို ထိန်းချုပ်ပြီး စားနေတဲ့သူတွေဟာ ဒိန်ချဉ်မှ ကယ်လ်စီ ယမ် ၁၁၀ဝမီလီဂရမ်လောက်ရနေရင် ဝမ်းဗိုက်အဆီ ၈၁ ရာခိုင်နှုန်းလျော့ကျ မှု ရှိတာကို တင်နက်ဆီးတက္ကသိုလ်မှ လေ့ လာတွေ့ရှိရပါတယ်။ ကယ်လ်စီယမ်ဟာ အဆီကို လောင်ကျွမ်းစေလို့ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ တခြားအစာတွေ အနေနဲ့ အခွံချွတ်မထားတဲ့ ကောက်နှံ စာ (ဥပမာ- ဆန်လုံးညို၊ခေါက်ဆွဲညို)နဲ့ မပြည့်ဝဆီ(အခွံမာတဲ့ အစေ့အဆန်၊ ထောပတ်သီး၊ ငါး)စတာတွေကိုလည်း စားပေးရမှာ ဖြစ်ပါတယ်။
၇) စိတ်ဖိစီးမှုကို အနိုင်ယူပါ
စိတ်ဖိစီးမှုဟာ ဝမ်းဗိုက်မှာ အဆီပို တွေ စုနေတာနဲ့ အကြီးအကျယ်ဆက်စပ် မှုရှိပါတယ်။ အကြောင်းကတော့ စိတ်ဖိ စီးမှုများနေချိန်မှာ အဒရီနယ်ဂလင်းမှ ကော်တီဆော အလွန်အမင်း ထွက်လာ လို့ပါ။ ကော်တီဆော အထွက်များတာ က အင်ဆူလင်ထွက်နှုန်းတိုးစေပြီး အဆီ တွေ စုနေစေပါတယ်။
၈) ဗီတာမင်ဒီကို ရယူပါ
နေ့စဉ် နံနက်တိုင်း အိမ်အပြင်မှာ ၁၅ မိနစ်လောက်နေပြီး နေခြည်နုနုမှ ဗီ တာမင်ဒီရအောင် ယူပါ။ ဗီတာမင်ဒီဟာ အဆီတွေကို ချေဖျက်ပေးနိုင်တဲ့အရာ ဖြစ်ပါတယ်။ ဗီတာမင်ဒီမလုံလောက်တာ ကြောင့် အဝလွန်တာကို ဖြစ်စေနိုင်ပါ တယ်။
၉) ဆေးလိပ်သောက်တတ်လျှင် ဆေး လိပ်ဖြတ်ပါ
ဆေးလိပ်သောက်တာဟာ ဗိုက်ပူ စေတယ်လို့ နယ်သာလန် ဆေးစင်တာမှ သုတေသီတွေက ဆိုပါတယ်။ အကြောင်း ရင်းကို တိတိကျကျ မသိကြသေးပေမယ့် ဆေးလိပ်သောက်တာဟာ ခန္ဓာကိုယ်ထဲ မှာ အီစထရိုဂျင်ဟော်မုန်းရဲ့ လုပ်ဆောင် မှုကို လျော့ကျစေပြီး ကျားဟော်မုန်းရဲ့ လွှမ်းမိုးမှုကို တိုးစေတာကြောင့် ဗိုက်ပူ တာ ဖြစ်နိုင်တယ်လို့ သုတေသီတွေက ယူဆထားပါတယ်။
ကြယ်စင်
Good Health

 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

နှာမစေး အောင် ဘယ်လို နေမလဲ

နှာမစေး အောင် ဘယ်လို နေမလဲနှာစေး ခြင်း၊ နှာရည် ယိုခြင်း သည် ယခု ရာသီ တွင် အဖြစ် များ သော ကိစ္စ ရပ် ဖြစ်သည်။ ကျွန်ုပ် တို့အားလုံးတစ်ချိန် မဟုတ်တစ်ချိန် နှာစေး၊ နှာရည်ယိုကြ သည်။ ထိုအခါမျိုးတွင်လေထုထဲ၌ ဗိုင်း ရပ်စ်ပိုးများရှိနေကြောင်သတိပြုပါ။ နှာစေးသည့်အခါတွင် ကျွန်ုပ်တို့ မှားယွင်းစွာပြုလုပ်နေလေ့ရှိသော ဓလေ့ မှာ နှပ်ရှုံခြင်းပင်ဖြစ်သည်။ ယင်းသို့ ပြုလုပ်ခြင်းဖြင့် အသက်ရှူလမ်းကြောင်း မှတစ်ဆင့် အဆုတ်တွင်းသို့ရောဂါပိုး ဝင်အောင် စုပ်သွင်းနေသကဲ့သို့ ရှိတတ် သည်။ ထိုကဲ့သို့ပြုလုပ်မည့်အစား အော်ဖော်ပြပါ နည်းလမ်းများဖြင့် နှာ စေးခြင်းကို ကာကွယ်နိုင်ပါသည်။
၁။ အိပ်ရာဝင်လျှင် ခေါင်းအုံးမြင့် မြင့်ဖြင့် ဦးခေါင်းပိုင်းကိုမြှင့်ထားပါ။ ယင်းသို့အိပ်စက်ခြင်းသည် ချွဲသလိပ်ဖြစ် ပေါ်မှုကိုလျော့ကျစေသည်။ ခေါင်းအုံး မြင့်မြင့် အုံး၍ မျက်နှာကျက်သို့မျက်နှာ မူ၍ အိပ်စက်ပါ။
၂။ ကြက်သွန်နီသည် နှာစေး၍ နှာခေါင်းပိတ်ခြင်းကိုထိရောက်စွာသက် သာစေသည်။ ကြက်သွန်နီတစ်လုံးကို အခွံခွာ၍ ထက်ခြမ်းဝက်ခါ ၂-၅ မိနစ် ခန့်ရှူပေးပါ။ အံ့ဩဖွယ်ကောင်း လောက်အောင် နှာစေး၊ နှာခေါင်းပိတ် သက်သာသည်ကိုတွေ့ရလိမ့်မည်။
၃။ အစပ်စားခြင်းသည် နှာရည်ယို စေသော်လည်း နှာခေါင်းပိတ်စေသော နှာရည်အပျစ်(ချွဲ) ထွက်ခြင်းမဟုတ်ဘဲ အရည်ကြည်သာထွက်သောကြောင့် အသက်ရှူလမ်းကြောင်းကို ရှင်းလင်းစေ သည်။
၎။ ကော်ဖီ၊လက်ဖက်ရည်၊ ရေနွေး ကြမ်းကဲ့သို့သော ဖျော်ရည်အပူတစ်မျိုး မျိုးသောက်သုံးခြင်းသည်လည်း နှာစေး ခြင်းကို သက်သာစေသည်။ အထူးသဖြင့် လက်ဖက်ရည်နှင့် ရေနွေးကြမ်းတို့သည် ချွဲသလိပ်အပြင်ထွက်စေသောကြောင့် နေရထိုင်ရ များစွာသက်သာသွားလိမ့် မည်။
၅။ ရေနွေးငွေ့ရှူခြင်းသည် နှာစေး ခြင်း၊ နှာခေါင်းပိတ်ခြင်းကိုပျောက်ကင်း စေသည်။ ပိုမိုထိရောက်စေရန် ရေနွေး ထဲသို့ Menthol အနည်းငယ်ထည့်၍ ရှူပါ။

--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ကမ္ဘာပေါ် တွင် လူ တစ်ဦးချင်း အရက် အများ ဆုံး သောက်သည့် နိုင်ငံ များ


ကမ္ဘာပေါ် တွင် လူ တစ်ဦးချင်း အရက် အများ ဆုံး သောက်သည့် နိုင်ငံ များကမ္ဘာ့ ကျန်းမာရေး အဖွဲ့ချုပ် ၏ ၂၀၁၁ အစီရင် ခံစာ အရ ကမ္ဘာ ပေါ်တွင် နှစ်စဉ်လူ (၂ ဒသမ ၅) သန်းသည် အရက်သောက်ခြင်းကြောင့် ရသော ရောဂါများဖြင့် သေဆုံးသည်ဟု ဆိုသည်။ ထိုအရေအတွက်မှာ တစ်နှစ်အတွက် ကမ္ဘာပေါ်တွင်သေဆုံးသူအရေအတွက် ၏ ၄ ရာခိုင်နှုန်းဖြစ်သည်။ ထို့အပြင် HIV/AIDS ကြောင့်သေဆုံးသည့်နှုန်း ထက်များသည်။ ကမ္ဘာပေါ်တွင် အရက် အများဆုံးသောက်သည့်နိုင်ငံများမှာ ဖွံ့ ဖြိုးပြီးနိုင်ငံများဖြစ်နေပြီး မူဆလင်ဘာ သာဝင်များနေထိုင်သည့်တိုင်းပြည်များ တွင် အရက်သောက်နှုန်းအနိမ့်ဆုံးဖြစ် ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က အဖွဲ့ဝင် (၁၉၈) နိုင်ငံတွင် စစ်တမ်း ကောက်ပြီးဖော်ပြခဲ့သည်။ အရက် သောက်နှုန်းတွက်ချက်ရာတွင် ဘီယာ နှင့် ဝိုင်ကိုပါထည့်သွင်းတွက်ချက်ထား သည်။
အရက်အများဆုံးသောက်သုံးသည့် နိုင်ငံများမှာ
၁။ မော်လ်ဒိုဗာ (လူတစ်ဦးလျှင် တစ်နှစ် ၄ ဒသမ ၈၁ ဂါလံ)
၂။ ချက် (လူတစ်ဦးလျှင် တစ်နှစ် ၄ ဒသမ၃၅ ဂါလံ)
၃။ ဟန်ဂေရီ (လူတစ်ဦးလျှင် တစ်နှစ် ၄ ဒသမ ၃၀ ဂါလံ)
၎။ ရုရှား (လူတစ်ဦးလျှင် တစ်နှစ် ၄ ဒသမ ၁၆ ဂါလံ)
၅။ ယူကရိန်း (လူတစ်ဦးလျှင် တစ်နှစ် ၄ ဒသမ ၁၂ ဂါလံ)
၆။ အက်စ်တိုးနီးယား (လူတစ်ဦး လျှင် တစ်နှစ် ၄ ဒသမ ၁၁ ဂါလံ)
၇။ အန်ဒိုရာ (လူတစ်ဦးလျှင် တစ်နှစ် ၄ ဒသမ ဝ၉ ဂါလံ)
၈။ ရိုမေးနီးယား (လူတစ်ဦးလျှင် တစ်နှစ် ၄ ဒသမ ဝ၄ ဂါလံ)
၉။ ဆလိုဗေးနီးယား (လူတစ်ဦး လျှင် တစ်နှစ် ၄ ဒသမ ၁ ဂါလံ)
၁၀။ ဘီလာရုစ် (လူတစ်ဦးလျှင် တစ်နှစ် ၄ ဒသမ ဝ ဂါလံ)
အရက်အနည်းဆုံးသောက်သုံး သည့်နိုင်ငံမှာ
ယီမင်နိုင်ငံဖြစ်ပြီး (လူတစ်ဦး လျှင် တစ်နှစ် ဝ ဒသမ ဝ၁ ဂါလံ) သာသောက်သုံးသည့်နှုန်းရှိသည်။ အမေရိ ကန်သည် အရက်အသောက်ဆုံးအဆင့် (၅၆) တွင်ရှိပြီး လူတစ်ဦးလျှင် တစ် နှစ် (၂ ဒသမ ၄၉) ဂါလံသောက် သည်။ ပြင်သစ်သည် (၃ဒသမ၆၁ ဂါလံ) ဖြင့် အဆင့် (၁၆) ချိတ်သည်။ အာရှတိုက်မှ တောက်ကိုရီးသည် (၃ ဒသမ ၉၁) ဂါလံဖြင့် အဆင့် (၁၃) တွင်ရှိသည်။
မောင်အောင်နိုင်
Health Care
--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ချယ်လ်ဆီးမန်နေဂျာအလုပ်ဟာ ကမ္ဘာပေါ်မှာ အလွယ်ဆုံးပါ - အေဗရာဂရန့် (ချယ်လ်ဆီးမန်နေဂျာဟောင်း)



ချယ်လ်ဆီးမန်နေဂျာအလုပ်ဟာ ကမ္ဘာပေါ်မှာ အလွယ်ဆုံးပါ - အေဗရာဂရန့် (ချယ်လ်ဆီးမန်နေဂျာဟောင်း)
ချယ်လ်ဆီးမန်နေဂျာအလုပ်ဟာ ကမ္ဘာပေါ်မှာ အလွယ်ဆုံးပါ - အေဗရာဂရန့် (ချယ်လ်ဆီးမန်နေဂျာဟောင်း)
အေဗရာဂရန့်ကချယ်လ်ဆီးအသင်း၏မန်နေဂျာသစ်ဖြစ်လာမည့်သူသည်ဘောလုံးလောက၏အလွယ်ဆုံးအလုပ်တွေထဲက တစ်ခုဖြစ်သည့်ချယ်လ်ဆီးမန်နေဂျာအလုပ်တွင် အေးဆေးသက်သာစွာ ရှိနေလိမ့်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြား
လိုက်သည်။

လွန်ခဲ့သည့်လေးနှစ်က မော်ရင်ညိုအစားဝင်ရောက်ခဲ့သည့်အေဗရာဂရန့်သည် ချယ်လ်ဆီးအသင်းအား ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဒုတိယနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အသင်း၏ သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် ဖိုင်နယ်သို့ရောက်ရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့သော်လည်း အေဗရာမိုဗစ်ခ်ျ၏ ထုတ်ပယ်ခြင်းကို ခံခဲ့ရသူဖြစ်သည်။

ပြီးခဲ့သည့်တနင်္ဂနွေနေ့ကဘိုအက်ရှ်အားထုတ်ပယ်ပြီးနောက်ပိုင်းလက်ရှိတွင်ချယ်လ်ဆီးအသင်းပိုင်ရှင်အေဗရာမိုဗစ်ခ်ျသည်
ရှစ်နှစ်အတွင်း အသင်း၏ရှစ်ယောက်မြောက် မန်နေဂျာအား ရှာဖွေလျှက်ရှိနေသည်။

" မန်ယူအသင်းက ဖာဂူဆန်ရဲ့နေရာကို ဘယ်သူပဲ အစားဝင်ဝင် ခက်ခဲမှာ အမှန်ပါပဲ၊ အခုလိုအချိန်ဆို ပိုတောင် မဖြစ်နိုင်ပါသေးတယ်၊ ဒါပေမယ့် ချယ်လ်ဆီးအသင်းမှာတော့ ဒီလိုမဟုတ်ပါဘူး၊ လက်ရှိချယ်လ်ဆီးနည်းပြအလုပ်ဟာ ကျွန်တော် လုပ်ခဲ့စဉ်ကထက် ပိုလို့တောင် လွယ်ကူနေပါတယ်၊"

" ကျွန်တော်ဟာ မော်ရင်ညိုရဲ့အစား ၀င်ရောက်ခဲ့ရသူပါ၊ မော်ရင်ညိုရဲ့နာမည်ဟာ အခုချိန်အထိ ချယ်လ်ဆီးအသင်းမှာ ထင်ကျန်နေဆဲပါပဲ၊ ဘိုအက်ရှ်နာမည်ကတော့ နံရံပေါ်မှာပဲ ရှိပါတော့တယ်၊ လက်ရှိ ဘောလုံးလောကဟာ ရလဒ်တွေ
အပေါ်မှာပဲ မူတည်နေပါတယ်၊ ကျွန်တော်အနေနဲ့ မန်နေဂျာတွေကို အနည်းဆုံးအသင်းတစ်သင်းမှာ တစ်နှစ်လောက်
နည်းပြတာမျိုးမြင်ချင်ပါတယ်၊ အခုကတော့ သုံး၊ လေးလလောက်နေတာနဲ့ အထုတ်ခံရတာမျိုးတွေပဲ မြင်နေရပါတယ်၊" ဟု အေဗရာဂရန့်  ကပြောကြားသွားခဲ့သည်။

ချယ်လ်ဆီးအသင်းအား သူ့လက်ထက်တွင် အိမ်ကွင်းရှုံးပွဲ မရှိအောင် စွမ်းဆောင်ပေးခဲ့သည့် အေဗရာဂရန့်က အေဗရာမိုဗစ်ခ်ျသည် မန်နေဂျာတိုင်း၏အိပ်မက်ဖြစ်ကြောင်း၊ မန်နေဂျာတွေအတွက် လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးသည့် ပိုင်ရှင်တစ်ဦးဖြစ်ကြောင်း၊ သို့ပါသော်လည်း ချယ်လ်ဆီးအသင်းတွင် စီနီယာကစားသမားတွေ၏ ပိုင်ရှင်အပေါ် လွှမ်းမိုးခြယ်လှယ်နိုင်မှုက စိတ်ပျက်စရာကောင်းကြောင်း  ထုတ်ဖော်ပြောကြားလိုက်သည်။

" အသင်းပိုင်ရှင်အနေနဲ့ ကစားသမားတွေရဲ့စကားကိုနားထောင်တာ အရမ်းအန္တရာယ်များပါတယ်၊ ကျွန်တော့်တုန်းကလည်း ကျွန်တော့်ကို မကျေနပ်တဲ့ ချယ်လ်ဆီးကစားသမားနှစ်ယောက်ဟာ ကျွန်တော့်ကို ထုတ်ပစ်ဖို့ အေဗရာမိုဗစ်ခ်ျကို တောင်းဆိုခဲ့တာပါ၊ သူတို့ဟာ နည်းပြကိုမကြိုက်တာနဲ့ ဆန့်ကျင်ပုန်ကန်တော့တာပါပဲ၊ ချယ်လ်ဆီး
လို နိုင်ငံစုံက ဘောလုံးသမားတွေ (၂၇) ယောက်လောက်ရှိတဲ့ အသင်းမှာ၊ နည်းပြက ဘယ်လိုလို့ အားလုံးကို စိတ်ကျေနပ်အောင်စွမ်းဆောင်နိုင်မှာလဲ " ဟု အေဗရာဂရန့် ကပြောကြားခဲ့သည်။

--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

အင်္ဂလန်မန်နေဂျာရာထူးနှင့်ပတ်သက်ပြီး ၀မ်းနည်းပါတယ်... မစ္စတာ မော်ရင်ညို



အင်္ဂလန်မန်နေဂျာရာထူးနှင့်ပတ်သက်ပြီး ၀မ်းနည်းပါတယ်... မစ္စတာ မော်ရင်ညို
အင်္ဂလန်မန်နေဂျာရာထူးနှင့်ပတ်သက်ပြီး ၀မ်းနည်းပါတယ်... မစ္စတာ မော်ရင်ညို
အက်ဖ်အေတာဝန်ရှိသူများသည် သူတို့အနေဖြင့် အင်္ဂလန်မန်နေဂျာရာထူးအတွက် မော်ရင်ညိုအား ရွေးချယ်သွားမည် မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

အဆိုပါပြောကြားချက်က အက်ဖ်အေအနေဖြင့် အင်္ဂလန်မန်နေဂျာရာထူးအတွက် စပါးစ်နည်းပြဟယ်ရီရက်နက်ပ်ကိုသာ ရွေးချယ်သွားမည်ဆိုသည့်ယုံကြည်ချက်ကို ပိုမိုမြှင့်တက်စေခဲ့သည်။

အက်ဖ်အေတာဝန်ရှိသူများသည် ရီးရဲလ်မက်ဒရစ်အသင်းတာဝန်ရှိသူများနှင့် ဆက်ဆံရေးအဆင်မပြေသည့် မော်ရင်ညို၏ အနေအထားကြောင့် အင်္ဂလန်မန်နေဂျာရာထူးအတွက် မော်ရင်ညိုအားစိတ်ဝင်စားပါက လာမည့်နွေတွင် ခေါ်ယူနိုင်သည်ဆိုသည့်အချက်ကိုလည်း သိနားလည်ထားပြီးဖြစ်သည်။

ထို့အပြင် ပြီးခဲ့သည့်အပတ်ကလည်း the sun သတင်းစာသည် မော်ရင်ညို၏ လန်ဒန်တွင် အိမ်ရှာနေသည့်သတင်းအား အကျယ်တ၀င့်ဖော်ပြခဲ့ခြင်းကြောင့် မော်ရင်ညိုအနေဖြင့် အင်္ဂလန်မန်နေဂျာရာထူးအား ရယူတော့မည်လောဆိုသည့်
ကောလဟာလသတင်းများထွက်ပေါ်လာခဲ့သည်။

သို့ပါသော်လည်း အက်ဖ်အေတာဝန်ရှိသူများက အဆိုပါ သတင်းများအား ငြင်းဆိုသွားခဲ့ပြီး၊ အက်ဖ်အေအနေဖြင့် အင်္ဂလန်မန်နေဂျာရာထူးအတွက် အင်္ဂလိပ်လူမျိုးကိုသာ ခန့်အပ်သွားမည်ဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့သည်။

"အင်္ဂလန်မန်နေဂျာရာထူးအတွက် အင်္ဂလိပ်လူမျိုးကပိုပြီးပြည့်စုံပါလိမ့်မယ်၊ကျွန်တော်တို့မှာ အင်္ဂလန်မန်နေဂျာရာထူး
အတွက် အင်္ဂလိပ်ကစားသမားတွေကို စီမံအုပ်ချုပ်နိုင်တဲ့အတွေ့အကြုံရှိပြီး၊ အင်္ဂလိပ်ဘာသာစကားနဲ့ ကျွမ်းကျွမ်းကျင်ကျင် ဆက်သွယ်နိုင်တဲ့လူတစ်ယောက် ရှိပြီးသားပါ " ဟု အက်ဖ်အေက ပြောကြားသွားခဲ့သည်။

--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဖအေတူသား ဘရွတ်ကလင်း

ဖအေတူသား ဘရွတ်ကလင်း
ဖအေတူသား ဘရွတ်ကလင်း
ဒေးဗစ်ဘက်ခမ်း (၃၆)နှစ်သည် သူ၏အကြီးဆုံးသား ဘရွတ်ကလင်း၏ (၁၃)နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ်၊ ဘရွတ်ကလင်းအား မီယာမီဟိထ်အသင်းနှင့် အယ်လ်အေလာကာစ်အသင်းတို့ကစားသည့် ဘက်စကတ်ဘောပြိုင်ပွဲသို့ခေါ်ဆောင်သွားခဲ့သည်။

အမေဖြစ်သူ ဗစ်တိုးရီးယားမှာလည်း သူ၏သားဖြစ်သူ ဘရွတ်ကလင်း အသက် (၁၃) နှစ်ပြည့်သွားသည့်အပေါ် အလွန်
စိတ်လှုပ်ရှားပျော်ရွှင်နေပြီး၊ သူတို့မွေးမြူထားသည့် " ကိုကို" အမည်ရှိ ခွေးလိမ္မာအား ပါတီဦးထုပ်ဆောင်းပေးပြီး၊ ဓါတ်ပုံ
ရိုက်ယူခဲ့သည်။

အဆိုပါဘတ်စကတ်ဘောပွဲတွင် ဘက်ခမ်းသည် သူ၏သားပခုံးအား ဖက်ထားပြီး၊ ပြိုင်ပွဲ တစ်ချိန်လုံး ဘရွတ်ကလင်းနှင့် နောက်ပြောင်ကျီစယ်နေခဲ့သည်။

အဆိုပါဘက်စကတ်ဘောပြိုင်ပွဲ ကြည့်နေစဉ်အတောအတွင်း၊ ဘရွတ်ကလင်းသည် သူ့ဖခင် ဒေးဗစ်ဘက်ခမ်းလုပ်သည့်
အမှုအရာမှန်သမျှ မရည်ရွယ်ပဲ အကုန်လိုက်လုပ်နေခဲ့မိသည်။

ဒေးဗစ်ဘက်ခမ်း လက်ပိုက်ထားသည့်အချိန်တွင်၊ ဘရွတ်ကလင်းကလည်း လက်ပိုက်ထားသလို၊ ဒေးဗစ်ဘက်ခမ်း ပါးစပ်အား လက်ဖြင့်ထောက်ထားသည့်အချိန်တွင်လည်း ဘရွတ်ကလင်းက သူ၏ပါးစပ်အား လက်ဖြင့် ထောက်ထားခဲ့သည်။ ဒေးဗစ်ဘက်ခမ်းတို့ သားအဖကိုယ်တိုင်ပင် အဆိုပါအချက်အား သတိမထားမိကြသဖြင့်၊ ဘရွတ်ကလင်းအနေဖြင့် သူ၏ဖခင်ဒေးဗစ်ဘက်ခမ်း၏အမူအရာများအား တမင်တကာ အတုခိုးနေခြင်းမျိုးမဟုတ်ပဲ၊ မရည်ရွယ်ပဲ သွားတူနေခြင်းဖြစ်ကြောင်း သိသာလှသည်။

အဆိုပါအချက်က ဒေးဗစ်ဘက်ခမ်းနှင့် ဘရွတ်ကလင်းတို့ သားအဖ၏ သံယောဇဉ်၊ သွေးကစကားပြောမှု ကို ဖော်ပြနေသည်။

--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed