BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Saturday, March 1, 2014

မြန်မာ- ထိုင်း- မလေးရှားအကြား မိုဘိုင်းလ် ဖုန်းဖြင့် ငွေလွှဲနိုင်ရန် တယ်လီနော ဝန်ဆောင်မည်ဟုဆို

နော်ဝေ ဆက်သွယ်ရေး ကုမ္ပဏီ တယ်လီနောက မိုဘိုင်းလ် ဆက်သွယ်ရေး ကွန်ရက် ရှိထားပြီး ဖြစ်သည့် ထိုင်း၊ မလေးရှား နိုင်ငံတို့နှင့် မိုဘိုင်းလ် ဖုန်းမှ တစ်ဆင့် အပြန်အလှန် ငွေကြေး လွှဲပြောင်းသည့် ဝန်ဆောင်မှု မြန်မာနိုင်ငံတွင် ဝန်ဆောင် ပေးနိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တယ်လီနော အာရှငွေကြေး ဝန်ဆောင်မှု ဌာန အကြီးအကဲ Roar Bjaerum က The Voice သို့ ပြောကြားသည်။
“ထိုင်းနဲ့ မလေးရှားကြားမှာ အပြန်အလှန် ပြောင်းရွှေ့ နေထိုင်သူတွေ ရှိတယ်။ အလုပ် လုပ်နေတဲ့ သူတွေလည်း ရှိနေတဲ့ အတွက်ကြောင့် ငွေလွှဲ ဝန်ဆောင်မှု ပေးနိုင်ဖို့ အစီအစဉ် ရှိတယ်။ နောက်ပြီး မြန်မာနိုင်ငံကနေ သွားပြီး အလုပ် လုပ်တဲ့သူတွေ ရှိတဲ့ အတွက်ကြောင့် တိုက်ရိုက် ငွေကြေး လွှဲပြောင်းနိုင်ဖို့ အတွက်လည်း စဉ်းစားနေပါတယ်” ဟု ၎င်းက ဆိုသည်။
လတ်တလောတွင် တယ်လီနော ကွန်ရက်ရှိသော နိုင်ငံများအကြား တိုက်ရိုက် ငွေလွှဲနိုင်သည့် ဝန်ဆောင်မှုမျိုး မရှိသေးသော်လည်း လာမည့် ကာလများတွင် ပြုလုပ်သွားရန် စီစဉ်နေကြောင်း ၎င်းက ဆိုသည်။ “ဘယ်တော့လောက် စဖြစ်မလဲဆိုတာ အတိအကျ မပြောနိုင်သေးဘူး။ ဘာလို့လဲဆိုတော့ နည်းပညာအရ အခက်အခဲ ဖြစ်နေလို့ မဟုတ်ဘူး။ အခု လောလောဆယ် ဒီနိုင်ငံတွေ ကြားထဲမှာ ငွေလွှဲတယ် ဆိုတာက ရှိနေပြီးသား။ အဲဒါတွေထက် ပိုကောင်းအောင် လုပ်ဖို့ ပြင်ဆင်နေတာပါ။ ပိုပြီး လုပ်နိုင်ပြီ ဆိုရင်တော့ စပါမယ်။ ဒီဟာတွေကို မကျော်နိုင်ပဲနဲ့ ဒီနေ့ စဖို့ကတော့ မဖြစ်နိုင်ပါဘူး” ဟု ၎င်းက ဆိုသည်။
မြန်မာရွှေ့ပြောင်း လုပ်သား အများစုရှိရာ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ ဟွန်ဒီ စနစ်ဖြင့် ငွေကြေး လွှဲပြောင်းသည့် ဝန်ဆောင်မှု လုပ်ငန်းများ ရှိသော်လည်း မိုဘိုင်းလ် ဖုန်းဖြင့် ငွေလွှဲနိုင်မည် ဆိုပါက ရွှေ့ပြောင်း လုပ်သားများအတွက် အလွန် အကျိုးရှိနိုင်ကြောင်း ကွာလာလမ်ပူရှိ စားသောက်ဆိုင် တစ်ခုတွင် အလုပ် လုပ်ကိုင်နေသူ ကိုမောင်မောင်ဦးက ဆိုသည်။
“အချိန်ကုန် သက်သာသွားမယ်။ အခု ဟွန်ဒီကနေ လွှဲရင် ဒီနေ့လွှဲရင် မနက်ဖြန်မှ ထုတ်လို့ ရတယ်။ မိုဘိုင်းလ် ဖုန်းနဲ့ လွှဲလို့ ရရင် ချက်ချင်း ထုတ်လို့ ရနိုင်တယ်။ အဲဒါ ကောင်းတာပေါ့” ဟု ၎င်းက ဆိုသည်။ တယ်လီနော မြန်မာက မြန်မာနိုင်ငံ အတွင်းရှိ ဘဏ်ဝန်ဆောင်မှု အသုံးမပြုနိုင်သူများ အတွက် မိုဘိုင်းလ် ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ရန် ပြင်ဆင်နေပြီး မိုဘိုင်းလ် ဖုန်းမှ တစ်ဆင့် လစာ ပေးချေခြင်း လုပ်ငန်း၊ လူမှု ဖူလုံရေး လုပ်ငန်း ဆောင်ရွက်ခြင်းနှင့် ငွေကြေး လွှဲပြောင်းမှု လုပ်ငန်းများကို လုပ်ကိုင်သွားမည် ဖြစ်ကြောင်း တယ်လီနော မြန်မာထံမှ သိရှိရသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

လူသားဟင်း ရောင်းချသည့် နိုင်ဂျီးရီးယား စားသောက်ဆိုင် အာဏာပိုင်တို့ ပိတ်သိမ်း

နိုင်င်ဂျီးရီးယားနိုင်ငံ အနမ်ဘရာ ပြည်နယ်ရှိ စားသောက်ဆိုင် တစ်ခုတွင် လူသားကင်များ၊ လူသားဖြင့် ပြုလုပ် ထားသည့် ဟင်းလျာများ ရောင်းချနေသည်ကို စစ်ဆေး တွေ့ရှိခဲ့ရခြင်းကြောင့် အာဏာပိုင်များက ဆိုင်ကို ပိတ်သိမ်း လိုက်ကြောင်း Ibtime သတင်းတွင် ဖော်ပြထားသည်။ လျှို့ဝှက် သတင်းပေး ပြောကြားချက်အတိုင်း လိုက်လံ စုံစမ်းပြီးနောက် လူသားများ ရောင်းချနေ သည်ကို ရဲတပ်ဖွဲ့ဝင်များက တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
စားသောက်ဆိုင် ပိုင်ရှင်၊ အမျိုးသမီး ခြောက်ဦးနှင့် အမျိုးသား လေးဦးတို့ကို ထိန်းသိမ်းလိုက်ပြီး လူခေါင်း နှစ်ခုကိုလည်း နိုင်ဂျီးရီးယား ရဲတပ်ဖွဲ့ဝင်များ ရှာတွေ့ခဲ့သည်။ သွေးများ ပေနေသည့် လူခေါင်း နှစ်ခုအပြင် AK-47 ချေမှုန်းရေး ရိုင်ဖယ်နှစ်ခု၊ အခြားသော လက်နက်များ၊ ကျည်ဆန် ဒါဇင်ပေါင်း များစွာနှင့် ဆဲလ်ဖုန်း များစွာကို အစိုးရ အရာရှိများက သိမ်းဆည်း ရရှိခဲ့သည်။
“ဟိုတယ်တွင်းကို ထူးထူးဆန်းဆန်း လူတွေ ဝင်ထွက်နေတာ ဟိုတယ်နားက ဈေးသွားတိုင်း ကျွန်တော်တွေ့တယ်။ သူတို့တွေက ညစ်ပတ်ပြီး ရိုင်းရိုင်းစိုင်းစိုင်းလည်း ပြုမူတတ်ကြတယ်။ လူသား ရောင်းတာကို ရဲတပ်ဖွဲ့တွေ ရှာတွေ့သွားတာ ကျွန်တော်တော့ သိပ်မအံ့သြဘူး” ဟု ဒေသခံတစ်ဦး ဖြစ်သူ အိုဆန်ဒီဖန်ဒါက ပြောကြားသည်။ လူသားများဖြင့် ချက်ပြုတ်ထားသည့် ဟင်းလျာများမှန်း မသိဘဲ စားသုံးမိခဲ့သည့် ခရစ်ယာန်သင်းအုပ် ဆရာတစ်ဦးမှာ တုန်လှုပ် ချောက်ချားလျက်ရှိပြီး ရဲတပ်ဖွဲ့ဝင်များကို ကန့်ကွက် ပြောကြားလျက်ရှိသည်။
“ဒီနှစ် အစောပိုင်းက ဟိုတယ်ကို ကျွန်တော် သွားခဲ့တယ်။ အသား တစ်တုံးကို ၂ ပေါင်ခွဲ ကျတယ် ဆိုတော့ ကျွန်တော် တော်တော် အံ့သြ သွားတယ်။ အဲဒါတွေက လူသားနဲ့ လုပ်ထားတာ ဆိုတာ ကျွန်တော် မသိဘူး။ အဲဒီလိုမျိုး အစား အသောက်တွေကို ကျွန်တော် ဈေးကြီးပေးပြီး စားမိခဲ့တယ်” ဟု အမည်မဖော်လိုသူ သင်းအုပ်ဆရာက ပြောကြားသည်။ လူသားစားသည့် သတင်းများ နိုင်ဂျီးရီးယားနိုင်ငံ၌ တစ်ခါတစ်ရံ ထွက်ပေါ်လာလေ့ ရှိသော်လည်း လူသားဖြင့် ချက်ပြုတ်စားသည့် အစားအသောက်များ ရောင်းချသည့် စားသောက်ဆိုင် သတင်းမှာမူ ပထမဆုံးအကြိမ် ပေါ်ထွက်လာခြင်း ဖြစ်သည်။ 
The Voice Journal

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Saturday, February 22, 2014

ရုရှားနိုင်ငံ ကောင်းကင်ယံတွင် သခင်ယေရှုလက်ဝါးကပ်တိုင်ပုံ


ရုရှားနိုင်ငံ ကောင်းကင်ယံတွင် သခင်ယေရှုလက်ဝါးကပ်တိုင်ပုံ ထူးဆန်းစွာထွက်ပေါ်လာသောVIDEO ဖိုင်ကို အားလုံးသိအောင်ဝေမျှလိုက်ပါသည်။ —
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Wednesday, September 11, 2013

ဓာတ်ဆီ နဲ့ ဒီဇာယ်ကို ဘယ်အချိန်တွေမှာ ဖြည့်သင့်သလဲ

လောင်စာဆီကို အသုံးပြုနေရသော စက်ပစ္စည်းများ အတွက် ဆောင်သင့် ရှောင်သင့်သော အကြံပြုချက် တစ်ချို့ကို ရေးသား လိုက်ရဖြင်း ဖြစ်ပါတယ်။
မိမိ၏ စက်ပစ္စည်း တစ်ခုခုကို ဓာတ်ဆီ သို့မဟုတ် ဒီဇာတ် ဖြည့်တော့မယ် ဆိုရင် နံနက်စောစောပိုင်းနှင့် ညပိုင်းတို့မှာ ဖြည့်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လောင်စာဆီ၏ သဘော သဘာဝက အပူချိန်များလျှင် မြင့်တက်ပါတယ်။ ဒါကြောင့် နံနက်ခင်း အေးနေတဲ့ အချိန် ဒါမှမဟုတ် ညဘက် အေးနေတဲ့ အချိန်တွေမှာ ထည့်သင့် တယ်လို့ ဆိုပါတယ်။ အလွန်ပူနေတဲ့ နေ့လယ် နေ့ခင်းတွေမှ တတ်နိုင်သလောက် မထည့်ပါနဲ့။
တင့်ကား ဒါမှမဟုတ် အသွားအလာနည်းသော ကားကြီးတွေကို ဆီဖြည့်တော့မယ် ဆိုလျှင် အပြည့် မဖြည့်ပါနဲ့။ အဘယ်ကြောင့် ဆိုသော် ၎င်းကားများသည် အသုံးပြုမှု နည်းသောကြောင့် မြေပြင်ပေါ်တွင် ရက်အတန်ကြာ ရပ်နားထား ရသောကြောင့် အလိုအလျောက် ဆီများ အငွေ့ပျံ့ပြီး ခန်းခြောက် သွားနိုင်လို့ပါ။
နောက်ထပ် အကြံပေးချင်တာက ဖုန်စသည့် အမှုန်အမွှားတွေ ပျံ့လွှင့်နေသော နေရာတွေမှာ ဆီမဖြည့်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ ဖုန်မုန့်တွေဟာ ဆီတိုင်ဆီ အတွင်းသို့ ရောက်သွားပါက ဆီသွားမယ့် လမ်းကြောင်းကို ပိတ်စေတဲ့ အပြင် ဆီကိုလည်း ညစ်ညမ်းစေပါတယ်။ ဆီများ ညစ်ညမ်းပြီဆိုလျှင် စက်အင်ဂျင်ကို ထိခိုက်စေနိုင်ပါတယ်။
အနည်းဆုံး နှစ်ပတ်တစ်ကြိမ်လောက် ကားဘီးလေများကို စစ်ဆေးပေးပါ။ ကာဘီးများကို နှစ်ပတ်တစ်ကြိမ် စစ်ဆေးပေးခြင်းဟာ လေလျော့ မလျော့ ကို သိရှိနိုင်ပါတယ်။ ကာဘီးလေ လျော့တာဟာ ဘီးလည်အားကို နည်းကွေး စေတဲ့အပြင် အင်ဂျင်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဘာလို့ အင်ဂျင်ကို ထိခိုက်နိုင်သလဲဆိုရင် လေလျော့နေခြင်းကြောင့် အင်ဂျင်ဆွဲသလောက် ဘီးလိုက် ပြီးမလည်ပါဘူး။ ခရီးဝေးသွားလျှင် ဘီးလေမရှိခြင်းက အသက်တန္တရာယ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Saturday, August 31, 2013

ဆီးရီးယားကို အမေရိကန်တို့ တိုက်မည်မို့ အစ္စရေးတို့လည်း ပြင်ဆင်

အဆုံးမသတ်နိုင်တဲ့ ဆီးရီးယား ပြည်တွင်း စစ်အတွက် နောက်ဆုံးဖြေရှင်း နည်းအနေနဲ့ အမေရိကန်တို့ ဆီးရီးယား ကို ဝင်တိုက်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။ သို့ပေမယ့် ဒါက အစ္စရေးဘက်က အတည်ပြု ပြောဆိုတဲ့ သတင်းပါ။ အမေရိကန်မှ မပြောသေးပါဘူး။
အစ္စရေးမှာ အမြင့်ဆုံးလုံခြုံရေးစနစ်များ ပြုလုပ်နေပါတယ်။ အကြောင်းကတော့ အမေရိကန်ရဲ့  လေကြောင်း တိုက်စစ်ကြောင့် ဆီးရီးယားလည်း အစ္စရေးဘက်ကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်နိုင်ချေရှိကြောင်း သိရပါတယ်။ စစ်ပွဲကြောင်း ဆီးရီးယားဟာ အနီးစပ်ဆုံးဖြစ်တဲ့ အစ္စရေးကိုပဲ ပြန်တုန့်ပြန်နိုင်ချေရှိတာကြောင်း ဆီးရီးယားနဲ့ နီးစပ်တဲ့ ဒေသတွေတိုင်းမှာ ဒုံးဖျက် ယာဉ်များ၊ စစ်စခန်းများ ချထားလိုက်ပြီ ဖြစ်ပါတယ်။ အစ္စရေးနိုင်ငံရဲ့  လုံခြုံရေးအဆင့်မြင့်ဆုံးအခြေအနေတစ်ခုအထိ မြင့်တင်ထားလိုက်ပြီး ဆီးရီးယားဘက်မှ တိုက်စစ်ကို အကောင်းဆုံးခုခံသွားဖိုဇ့ အဆင်သင့်ရှိနေကြောင်း ဆိုပါတယ်။
ဒါက အစ္စရေးဘက်က ပြင်ဆင်ထားမှုပါ။ ဆီးရီးယားကတော့ သူ့ပြည်တွင်းစစ်နဲ့ပဲ အခြေအနေ အတော်ဆိုးနေပါတယ်။ ဓာတုလက်နက် အသုံးပြုတာ သူပုန်များ ဟုတ်မဟုတ်၊ အစိုးရဟုတ်မဟုတ် သေချာ ကွဲခြားရ ခက်နေချိန်မှာ အမေရိကန်ဟာ ကြားဖြတ်ဝင်တိုက်လိမ့်မယ်လို့ အားလုံးခန့်မှန်းပြီးသား ဖြစ်ပါတယ်။ သို့ပေမယ့် ဆီးရီးယားကို တိုက်ဖို့အတွက် အမေရိကန်မှ တရားဝင်ကြေညာချက် ထုတ်မထားသေးပါဘူး။ လက်ရှိ ဆိုးရွားတဲ့ နိုင်ငံရေးကိုဖြေရှင်းဖို့ ကုလမှ တာဝန်ရှိသူများ ဆီးရီးယားကို ရောက်ရှိနေပါတယ်။ အစ္စရေးကတော့ အမေရိကန်ဟာ ဆီးရီးယားကို တိုက်ခိုက်ဖို့အတွက် အဖြစ်နိုင်ဆုံးအခြေအနေမှာ ရှိတယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဆီးရီးယားကို တိုက်ဖို့ အိုဘားမား ဘယ်လိုဆုံးဖြတ်မလဲ

ပြီးခဲ့တဲ့ သြဂုတ် ၃၀ မှာ အမေရိကန် သမ္မတ အိုဘားမားဟာ ကမ္ဘာ့ စစ်အင်အားကြီး နိုင်ငံ စာရင်းမှာ ပါတဲ့ ပြင်သစ်နဲ့ ဗြိတိန်က ဝန်ကြီးချုပ် အသီးသီးကို ဖုန်းဆက်လို့ ဆွေးနွေးပွဲငယ် တစ်ခု ပြုလုပ်ခဲ့ပါတယ်။
လက်ရှိဆီးရီးယားအရေးနဲ့ ပက်သက်ပြီးတော့ပါ။ အမေရိကန် အိမ်ဖြူတော်လွတ်တော်အဖွဲ့မှ  စစ်တိုက်ဖို့ မဲများနေချိန် သမ္မတ အိုဘားမား  ဘယ်လိုဆုံးဖြတ်မလဲဆိုတာကိုသာ စောင့်ကြည့်လျက်ရှိနေကြ ပါတယ်။ ဒါကြောင့်မို့ ဆုံးဖြတ်ချက် ပိုသေချာအောင် ပြင်သစ်နဲ့ ဗြိတိန်ကို ဖုန်းဆက်မေးမြန်းခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့ အနေနဲ့ အမေရိကန်ရဲ့  ဆုံးဖြတ်ချက်ကို တားမြစ်စရာ မရှိကြောင်း ပြောဆိုခဲ့ပါတယ်။ ဆီးရီးယား အစိုးရဟာ ဓာတု စစ်လက်နက် အသုံးမပြုရ ကမ္ဘာ့ စစ်ဥပဒေ အပြင် အခြားသော ဥပဒေများကိုပါ ချိုးဖောက်ထားတဲ့အတွက်
အမေရိကန် နိုင်ငံအတွက် နောက်ထပ် အီရတ်နိုင်ငံတစ်ခု ဖြစ်လာနိုင်တယ်လို့တောင် တင်စားနေကြ ပါတယ်။
ဆီးရီးယား သမ္မတ Bashar Assad ကိုလည်း တားမြစ်မှု အကြိမ်ကြိမ်ပြုလုပ်ပေမယ့် ထူးခြား မလာပါဘူး။ ဓာတု စစ်လက်နက် ဘယ်သူ အသုံးပြုသလဲဆိုတာ သိအောင် ကုလအဖွဲ့ လွတ်၍ စစ်ဆေးခဲ့ရာ မထင်မှတ်စွာပဲ အစိုးရ စစ်တပ်မှ အသုံးပြုနေတာကို သိရှိတွေ့မြင်ခဲ့ကြရပါတယ်။ စစ်နိုင်ရန် ရည်ရွယ်ချက် တစ်ခုတည်းနဲ့ ပြည်တွင်း သူပုန်တွေချေမှုန်းဖို့ ဓာတု လက်နက်အသုံးပြုမှုဟာ ပြည်သူတွေကို ပိုမို အထိနာစေခဲ့ပါတယ်။ ၂၀၁၁ မတ် ကတည်းက စတဲ့ စစ်ပွဲက ပြည်သူပေါင်း ၉သိန်းခွဲကျော်ကို အသက်ဆုံးရှုံးစေခဲ့ပါပြီ။ ယီမင် နိုင်ငံက ပြည်သူများကတော့ အမေရိကန်မှ ဆီးရီးယားကို တိုက်နိုင်ချေရှိတဲ့အနေအထားအား တားမြစ်ဆန္ဒပြကြပြီး ဆီးရီးယား အစိုးရကိုသာ ဆက်လက်ထောက်ခံပေးဖို့ တောင်းဆိုနေပါတယ်။
ကုလသမဂ္ဂအဖွဲ့အနေနဲ့ ဆီးရီးယား အစိုးရအပေါ် အရေးယူမှုပြုလုပ်ရတော့မှာပါ။ စူပါပါဝါနိုင်ငံဖြစ်တဲ့ အမေရိကန် ရဲ့  အရေးယူ တိုက်ခိုက်မှုကိုလည်း ဘယ်နိုင်ငံကြီးမှ ငြင်းဆန်နိုင်တော့မှာ မဟုတ်ပါဘူး။ စစ်ဖြစ်ရင် အမေရိကန်မှာလည်း ဆုံးရှုံးရမယ့် အရာတွေရှိပါတယ်။ ပြည်သူတွေလည်း အထိနာမယ့် အမေရိကန် လေကြောင်း တိုက်ခိုက်မှုကို တားမြစ်မယ့် နိုင်ငံတွေလည်း ရှိမှာပါ။ အထူးသဖြင့် အရှေ့ အလယ်ပိုင်း အုပ်စုနိုင်ငံ အချို့ က ဆန့်ကျင်မှာ ဖြစ်ပါတယ်။
ယခု ရက်ပိုင်းအတွင်း အမေရိကန် သမ္မတ အိုဘားမားရဲ့ ဆုံးဖြတ်ချက်ကို နိုင်ငံတကာမှ နားဆွင့်လျက် ရှိပါတယ်။ အမေရိကန် အနေနဲ့ ဆီးရီးယားကို တိုက်မယ်မတိုက်မယ်ကို ကိုယ်ပိုင်ဆုံးဖြတ်ချက် ဖြင့်သာ ပြုလုပ်သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry  ကလည်း ပြောဆိုခဲ့ ကြောင်း သိရပါတယ်။ 
.
Ref: Xinhua
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ခေါက်ပြီးသိမ်းနိုင်မည့် တစ်ယောက်စီး ဆိုင်ကယ်

တကယ်ခေါက်ပြီး သွားလေရရာ သယ်သွားလို့ ရပါတယ်။ တူရကီက Antro အမည်ရ ကုမ္မဏီက ထုတ်တာ ဖြစ်ပြီး ဒီအတွက် ကြိုးစားလာတာ လေးနှစ် မက တော့ပါဘူး။ ၂၀၁၄ ခုနှစ်ကျတော့ တကယ်ထွက်ရှိတော့မယ်လို့ ဆိုပါတယ်။
ဘက်ထရီနဲ့မောင်းမယ့် မော်တာကို သုံးထားပါတယ်။ တစ်နာရီ ၂၈ မိုင် ပျှမ်းမျှတော့ ပြေးပါတယ်။ အားတစ်ခါသွင်းထားပြီးရင် မိုင် ၃၀ ဝန်းကျင်လောက်ထိ မောင်းနိုင်တယ်လို့ ဆိုပါတယ်။ ပြီးရင် နောက်တစ်ခါ အားသွင်းရမှာ ဖြစ်ပါတယ်။
ရည်ရွယ်ချက်က ကားကြပ်တဲ့ မြို့ ကြီးပြကြီးတွေမှာ အလွယ်တကူ သွားလာလို့ ရအောင် ထုတ်ထားပေးတဲ့ ဆိုင်ကယ် ဖြစ်ပါတယ်။ လျှပ်စစ် စက်ဘီး တစ်စီးလိုပါပဲ။ MOVEO စကူတာလို့ အမည်ပေးထားပါတယ်။ ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂သောင်းခွဲမှ ၃သောင်းခွဲ ကြား အတွင်း ရောင်းချမှာ ဖြစ်ကြောင်း သိရပါတယ်။ 
--
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Wednesday, July 17, 2013

အမျိုးသမီးတို့ အနိုင်ကျင့်ခံရစေခြင်းမှ ကင်းဝေးစေမည့် အတွင်းခံ

အန္ဒိယနိုင်ငံက အင်ဂျင်နီယာ ကျောင်းသားများ ဖန်တီးလိုက်တဲ့ ဝတ်စုံ ဖြစ်ပါတယ်။
အန္ဒိယမှာ အမျိုးသမီးတို့ အဓမ္မအကျင့်ခံရတဲ့ မှုခင်းတွေ များလာတာ အတွက်ကြောင့် ယခုလို ဖန်တီးထုတ်လုပ်လိုက်ခြင်း ဖြစ်ပါတယ်။ အပေါ်အောာက် One-Set အတွင်းခံဖြစ်ပြီး အမျိုးသားတို့ ထိလိုက် တာနဲ့ မလှုပ်မယှက်ဖြစ်သွားအောင်ကို ပြုလုပ်နိုင်ပါတယ်။
အဝတ်မှာ လျှပ်စစ်ဓာတ်လမ်းကြောင်းစီးဆင်းနေပြီး အမျိုးသား တစ်ယောက်က Rape လုပ်ဖို့ ကြိုးပမ်းပြီဆိုရင် လျှပ်စစ်ကြောင့် ကျင်သွားပြီး မလှုပ်မယှက်ကို လှဲသွားစေမှာ ဖြစ်ပါတယ်။
ဒီတော့ ဝတ်ထားတဲ့ အမျိုးသမီးကို မထိခိုက်ဘူးလားလို့ မေးစရာ ရှိပါတယ်။ လုံးဝမရှိပါဘူး။ ဝတ်ထားတဲ့ သူရဲ့  နှလုံးခုန်နှုန်း၊ ခန္ဓာကိုယ် လှုပ်ရှား တုန်ခါမှု index တစ်ခု သတ်မှတ်ထားပြီး ယင်း အမှတ်ကို ရောက်တာနဲ့ ပြင်ပက လာထိတဲ့သူမှန်သမျှကို လျှပ်စစ်နဲ့ တုန့်ပြန်စေမှာ ဖြစ်ပါတယ်။ ဝတ်ထားတဲ့သူကတော့ ဘာမှ မဖြစ် ပါဘူး။
နောက်ထပ်ပိုကောင်းတာ တစ်ခုက ဝတ်စုံမှာ GPS ပါဝင်ပြီး လျှပ်စစ်ဓာတ်လွတ်လိုက်ပြီဆိုတာနဲ့ ရဲစခန်းက ကွန်ပြူတာကို ချက်ချင်း လှမ်းအကြောင်းကြားစေမှာ ဖြစ်ပါတယ်။ ဒီတော့ ဝတ်စုံ ဝယ်ဝတ်ဖို့ ဆုံးဖြတ်ထားသူများ အနေနဲ့ မိမိချစ်သူများကို ဖတ်တဲ့ အခါ သတိထားရန်လိုအပ်တယ်လို့ တိုက်တွန်းထားကြောင်း သိရပါတယ်။
--
Ref: techblog
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Thursday, July 11, 2013

ပထမဆုံး Apple ကွန်ပြူတာ

၁၉၇၆ ခုနှစ်တုန်းက Apple တို့ ပထမဆုံး ကွန်ပြူတာကို ဖန်တီး ပါတယ်။ အမည်ကိုတော့ Apple 1 လို့အမည်ပေထားပါတယ်။
ဖန်တီးသူကတော့ co founder - Steve Wozniak ဖြစ်ပါတယ်။ ကြည့်လိုက်ရင် လက်နှိပ်စက်ကြီး တစ်လုံးလိုပါပဲ အလုံးရေ ၈၀၀ လော်က ထုတ်ပြီး တစ်လုံး ဒေါ်လာ ၅၀၀ ဝန်းကျင်နဲ့ ရောင်းချ ပါတယ်။ သို့ပေမယ့် မော်နီတာတပ်တပ်၊ Transformer ပြန်ဝယ်တတ် နဲ့ ဆို တစ်လုံးရဲ့  တန်ဖိုးက ဒေါ်လာ ၆၆၆ လောက် ရှိသွားပါတယ်။
သာမန်အတိုင်းဆိုရင် လက်နှိပ်စက်လို ဖြစ်နေပြီး မော်နီတာနဲ့ ချိတ်ဆက်မှပဲ ကိုယ်ရိုက်ထည့်တဲ Input တွေကို မြင်တွေ့ရမှာ ဖြစ် ပါတယ်။ သစ်သားနဲ့ လုပ်ထားတဲ့ ပစ္စည်းလေး တစ်ခုပါ။ ယနေ့လေလံဈေးကွက်မှာ အမေရိကန်ဒေါ်လာ ၄ သိန်းဝန်းကျင်ပေါက် ခဲ့တဲ့ ကွန်ပြူတာ ဖြစ်ပါတယ်။
Apple 1/ Apple I လို့ အမည်ရတဲ့ ယင်းလက်နှိပ်စက် ကွန်ပြူတာဟာ Apple ရဲ့  ပထမဆုံး ကွန်ပြူတာ ဖြစ်ကြောင်း သိရပါတယ်။ 
--
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Tuesday, July 9, 2013

မိခင်မေတ္တာကြောင့် အသက်ပြန်ရှင်လာတဲ့ ကလေးငယ်

သြစတေးလျမှ မိခင် တစ်ယောက်ဖြစ်တဲ့ သူမနာမည်ကို Kate Ogg လို့ခေါ်ပါတယ်။  Kate Ogg ဟာ ကိုယ်ဝန် ၂၇ ပတ်မှာ မွေးခန်းထဲ ၀င်ခဲ့ရပြီး ၃ နာရီကြာတဲ့အခါ Emily နဲ့ Jamie ဆိုတဲ့ အမွှာပူးလေး မွေးဖွားခဲ့ ပါတယ်။ အဲဒီ အမွှာပူးလေးဟာ၂ ပေါင်သာသာပဲ ရှိပါတယ်။ ကလေး တစ်ဦးဖြစ်တဲ့ Jamie က အသက်မရှင် နိုင်တော့ ပါဘူး။ မိခင်ဟာ သူမနားကို သူမ မယုံနိုင်အောင် ဖြစ်သွားရတယ်။ ဆစ်ဒနီ ဆေးရုံမှာ Jamie ရဲ့အမွှာဖြစ်တဲ့ Emily ကတော့ ကောင်းမွန်တဲ့ ကျန်းမာရေး အခြေအနေ ရှိပါတယ်။ သူမအကို Jamie ကတော့ မွေးစကတည်းက မိနစ်နှစ်ဆယ်လောက် အသက်ကယ်ခဲ့ ရတယ်။
ကုသမှုတွေကို မတုံ့ပြန်တော့ တဲ့အခါ မိဘတွေကို စိတ်မကောင်းစရာ သတင်းကိုပြောဖို့ အခြေအနေ ဖြစ်လာပါပြီ။ မိခင် Kate Ogg ဟာ သူ့ကလေးငယ် တစ်ယောက် ဆုံးတယ်ဆိုတဲ့ သတင်းကို လက်မခံ နိုင်ပါဘူး။ သူက မိခင်တစ်ယောက် အနေနဲ့ ခေါင်းကို အတွင်တွင်ခါတယ်။ ပြီးတော့မျက်ရည်တွေ တွင်တွင်စီးကျတယ်။ သားငယ်လေးကို အနှီးနဲ့ လုံခြုံစွာထုပ်ပြီး သူပွေ့ချီလိုက်ပါတယ်။ ပြီးတော့ ရင်အုပ်ထဲမှာ အုပ်ပြီး နွေးနွေးထွေးထွေး ထားပါတယ်။ ရှိုက်ကြီးတငင် ငိုပါတယ်။ မိခင်ရော ဖခင်ရောဟာ သားလေးကို တွင်တွင်ကြည်ပြီး သူ့နာမည်ကို ဘယ်လိုခေါ်ကြောင်းနဲ့ သူ့မှာ ညီမတစ်ဦး ရှိကြောင်းကို တတွတ်တွတ် ပြောဆိုနေတယ်။
“သားမရှိပဲ ညီမလေးဘယ်လို ဆက်လက်ရှင်သန် နေထိုင်မလဲ။ သားမရှိပဲ အဖေနဲ့အမေရော ဘယ်လိုဆက်လက် ရှင်သန်နေထိုင်မလဲ မိသားစု ဆိုတာဟာ အားလုံးပြည့်စုံနေမှ အဓိပ္ပါယ်ရှိတာပါ ” ဖခင်ဖြစ်သူက သားဖြစ်သူကိုကြည့်ပြီး ငိုယိုတယ် တိုးလျစွာ ပွတ်သပ်တယ် ။ ဒီလိုနဲ့ပွေ့ချီ ထားခဲ့တာ ၂ နာရီတိုင် ကြာမြင့်ခဲ့ပါတယ် ။ ကလေးငယ် အသက်ပြန်မရူလာခင် အထိပေါ့ ။ ဒါပေမယ့် ဆရာတွေက ကလေးငယ်ကို မျှော်လင့်ချက် လုံးဝမရှိခဲ့ဘူး။
၂ နာရီပြည့်ပြီးတဲ့အခါ ရုတ်တရက် ကလေးငယ်ဟာ စတင်ပြီး အသက်ရှုလာပါပြီ တဖြည်းဖြည်း ပိုရှူလာတယ် မိခင်က ကလေးကိုကြည့်ပြီး မိခင်နို့ကို တိုက်လိုက်တယ် ။ အံ့သြစရာတွေကတော့ ဖြစ်ပျက်လာ ခဲ့ရပါပြီ။ ကလေးငယ်က ကောင်းမွန်စွာ အသက်ရှုနေပါပြီ။ ခဏကြာတဲ့အခါ Jamie လေးမျက်လုံး ပွင့်လာတယ် သူ့မျက်လုံးတွေက မိခင်ကိုကြည့်နေတယ်။ ဆရာဝန်တွေအားလုံး တုန်လှုပ်ခြောက်ခြားပြီး အားလုံးပျော်ရွှင် ခဲ့ရပါတယ်။ မိခင်မေတ္တာဟာ ဆရာဝန်တွေ သေဆုံးပြီလို့ အတည်ပြုထားတဲ့ ကလေးငယ်ကို အသက်ပြင်ရှင် စေနိုင်ခဲ့တယ်လို့ပဲ ထင်ပါတယ်။ ပြင်းပြတဲ့ မေတ္တာစိတ်နဲ့ ဆေးလောက တစ်ခုလုံး အံ့သြတုန်လှုပ် သွားအောင် စွမ်းဆောင် နိုင်ခဲ့ပါတယ်။ ထို့ကြောင့် မိဘမေတ္တာဟာ အလွန်ပင် တန်ဖိုးရှိသော အရာပင် ဖြစ်ပါတယ်။  
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Thursday, July 4, 2013

နိုင်ငံတကာ အခမဲ့ အွန်လိုင်းပညာသင်ကြားရေး ဝဘ်ဆိုဒ်များ

တကယ် အခမဲ့ပါ။ မယုံလို့ တစ်ခုလောက်ဝင်ကြည့်လိုက်တာ ဗီဒီယိုဖိုင်ယူမလား၊ PDF လား၊ သင်ခန်းစာ Note ယူမလား အစရှိသဖြင့် စာသင်ခန်းမှာ ဆရာနဲ့ မတွေ့ရပေမယ့် တကယ့် သင်ရသလိုပါပဲ။
သို့ပေမယ့် နိုင်ငံတကာ ဆိုဒ်ဖြစ်တဲ့အတွက် အားလုံးက အင်္ဂလိပ်လိုချည်း ဖြစ်ပါတယ်။ အခြေခံအင်္ဂလိပ်စာ ဖတ်အား၊ ရေးအား၊ မှတ် အားလေးတော့ ရှိမှ အဆင်ပြေမယ် ထင်ပါတယ်။ ခု ပေးမယ့် ဆိုဒ်များက ကမ္ဘ့ာ့ ထိပ်တန်း အွန်လိုင်း အခမဲ့ ပညာသင်ကြားရေး ဝဘ်ဆိုဒ်တွေချည်း ဖြစ်ပါတယ်။
အချို့ ဆို အွန်လိုင်းကနေပဲ သင်၊ အွန်လိုင်းကနေပဲ စာမေးပွဲဖြေလို့ ဒီပလိုမာတွေ တောင် ယူတယ်လို့ ကြားတယ်။ မြန်မာပြည်ကနေ ဆိုရင်တော့ လွယ်အုံးမယ် မထင်ပါဘူး။
ဒီတော့ အိမ်မှာ ကွန်ပြူတာရှိမယ်၊ အင်တာနက်လိုင်းရှိမယ်ဆိုရင် သင်လို့ ရပါ ပြီ။ လိုင်းအရမ်းကောင်းဖို့ မလိုပါဘူး။ သို့ပေမယ့် ဗီဒီယိုကြည့်ပြီးမှ သင်ချင်တယ် ဆိုတော့ နည်းနည်းစောင့်ရမယ့် သဘော ရှိပါတယ်။ သင်ခန်းစာတွေကို ကိုယ်ကြိုက်ရာ ရွေးလို့ရပါတယ်။
Science, engineering, art, economics, law, language များအပြင် အခြားအခြားသော ပညာရပ်ပေါင်း မြောက်များစွာလည်း ပါဝင်ပြီး ကိုယ်ကြိုက်ရာ ရွေးနိုင်ပါတယ်။ တကယ် လေ့လာနိုင်၊ မှတ်ယူနိုင်ရင် တကယ် ရပါတယ်။ ဒါကြောင့် အားလုံး အသုံးပြုလို့ရအောင် အခမဲ့ ပညသင် ကြားပေးတဲ့ ဝဘ်ဆိုဒ် လခ့်များအား မျှဝေ ပေးလိုက် ရပါတယ်။ 
--
➤ Massachusetts Institute of Technology (MIT)/OpenCourseWare
✤ Link: http://is.gd/0pm1n1
➤ Udacity / Free interactive College Classes
✤ Link: http://is.gd/xiFMtf
➤ Open Yale Courses / Freely Downloadable
✤ Link: http://is.gd/74Xwb4
➤ Coursera Free Online Courses
✤ Link : http://is.gd/LIDgMa
➤ ALISON Database / Free Online Diplomas
✤ Link: http://is.gd/cqkuBQ
➤ Khan Academy / Free Online Education
✤ Link : http://is.gd/qpJwVP

➤ Johns Hopkins OpenCourseWare
✤ Link: http://is.gd/YWSx0O
➤ Academic Earth Free Online Courses
✤ Link: http://is.gd/BIZJQz
➤ UC Berkeley Free Online Lectures
✤ Link: http://is.gd/mNyFEM
➤ Open University LearningSpace
✤ Link: http://is.gd/84CXnA
➤ Carnegie Mellon Open Learning Initiative
✤ Link: http://is.gd/ADEBmj
➤ University of Washington Video Lectures
✤ Link: http://is.gd/ePO5Me
➤ Tufts OpenCourseWare
✤ Link: http://is.gd/8ABGyb
➤ UC San Diego Podcast Lectures
✤ Link: http://is.gd/oGOjth
➤ AMSER (Applied Math and Science Education Repository)
✤ Link: http://is.gd/N51Mvh
➤ Utah State OpenCourseWare
✤ Link: http://is.gd/ZRew6t
➤ Free Video Lectures.com
✤ Link: http://is.gd/ObsSL5
➤ How-Stuff-Works / Free Online Science-Related Courses
✤ Link: http://is.gd/XEHory
➤ Wolfram Demonstrations Project
✤ Link: http://is.gd/0vbMWk
➤ Free Science and Video Lectures Online!
✤ Link: http://is.gd/JoOFQg
➤ LearningScience.org
✤ Link: http://is.gd/te9NqS
➤ Science.gov Databases
✤ Link: http://is.gd/g4ZK7B
➤ Connexions - Open-Content Library
✤ Link: http://is.gd/C9Inr5
➤ Sophia Free Online Courses
✤ Link: http://is.gd/JBsj55
➤ Honorable Mention: Peoi.org
✤ Link: http://is.gd/QbtScO
For more - http://is.gd/y7Fukg
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Tuesday, June 25, 2013

မိုဘိုင်းဖုန်းသုံးသူများ အတွက် အရေးပေါ် သတိပေးချက်လေးပါ

MIAMI ဆေးရုံးက အရေးပေါ် အလွန် ထူးဆန်းတဲ့ သတိပေးချက်ပါ
"ကျွန်တော် အမြဲတမ်း ဒီလို လုပ်တတ်ပါတယ်... ဒါကိုဖတ်ပြီး ဒီလို နောက်တစ်ခါ မလုပ်တော့ပါဘူး "
လွန်ခဲ့တဲ့ နေ့က လူတစ်ယောက်ဟာ မိုဘိုင်းဖုန်း တစ်လုံးကို သူ့ အိမ်မှာ အားသွင်းခဲ့ပါတယ် အားသွင်းနေတဲ့ အချိန်မှာပဲ.... အ၀င်ဖုန်းကော တစ်ခု ၀င်လာပါတယ် ... ဒါနဲ့ သူက ဖုန်းကို အားသွင်းနေတုန်း ပလပ် မဖြုတ်ပဲ ကြိုးတန်းလန်းနဲ့  အ၀င်ကောကို လက်ခံဖုန်းပြောခဲ့ပါတယ်......
Seconds အနည်းငယ် အကြာလေးမှာ .....
သူပြောနေတဲ့ ဆဲလ်ဖုန်းမှာ လျှပ်စစ်တွေ အထိန်းအချုပ် မရှိ စီးဝင်ခဲ့ပါတယ်.... ပြီးတော့ အဲဒီလူငယ် ကြမ်းပြင်ပေါ်ကို အလွန် ပြင်းထန်တဲ့  အရှိန်နဲ့  ရိုက်ခတ်ပြီး လဲကျသွားပါတယ်.......
အခု ပုံမှာ မင်းမြင်တဲ့ အတိုင်း .....ဖုန်းဟာ အမှန်တကယ် ပေါက်ကွဲခဲ့ ပါတယ်..... ကောင်လေး ရဲ့ မိဘတွေ သူ့ အခန်းထဲ ကို အသံကြားကြားချင်း ပြေးဝင်လာကြတဲ့ အခါလက်တွေလောင်နေပြီ နှလုံးခုန်နှုန်း မရှိသလောက် နဲ့ သတိမေ့မျောနေတဲ့သူ့ ကို တွေ့လိုက်ရပါတယ်.....
သူ့ကို နီးစပ်ရာဆေးရုံကို အရေးပေါ်ပို့ ဆောင်လိုက်ရပါတယ်..... ဒါပေမဲ့  ဆေးရုံအရောက်မှာ သူဟာ စကားလေးကိုတောင် ပီသအောင် မပြောနိုင်တော့ပါဘူး... ... !!!!!
ဆဲလ်ဖုန်းဖြစ်တဲ့ မိုဘိုင်းဖုန်းတွေဟာ ဒီနေ့ မော်ဒန်ခေတ်မှာ အရမ်းကို အရေးပါ ပါတယ်... သို့ သော်လည်း....ကျွန်တော်တို့ ဟာ ဒီမိုဘိုင်းဖုန်းဟာ ...ကျွန်တော်တို့ ကို အသက်ကို သေစေနိုင်တဲ့ အရာတစ်ခု လည်းဖြစ်နိုင်တယ် ဆိုတာ သတိပြုရပါမယ်.......
*** ဆဲလ်ဖုန်းတွေကို ပလပ်မှာအားသွင်းနေစဉ် လုံးဝအသုံးမပြုပါနဲ့ .......အားသွင်းနေတုန်း ဖုန်းဝင်လာရင်လည်း ပလပ်ကနေ ဖြုတ်ပြီးမှသုံးပါ......ကျေးဇူးပြုပြီး ဒီဟာကို လူများများကိုမင်းတတ်နိုင်သလောက် Share ပြီး ဒီအကြောင်းကို အားလုံးသိလာအောင် လုပ်ပေးပါ ......
Credit To : Soe Pay
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မန်ချက်စတာမှာ ဈေးအကြီးဆုံးက ဘယ်သူ့အခန်းလဲ

အခန်းဟာ မန်ချက်စတာမြို့၊ ဘီသမ်တာဝါရဲ့ ၄၅လွှာမြောက်ဖြစ်ပြီး အခန်းပိုင်ရှင်ကတော့ ဘောလုံးကစားခြင်းက
အနားယူသွားတဲ့ ဖီးနဗီးလ်ဖြစ်ပါတယ်။ သူဟာ တစ်လပေါင် ၁၅၀၀၀နဲ့ ဒီအခန်းကို ငှားမယ်လို့ကြေညာထားပြီး မန်ချက်စတာမြို့ရဲ့ဈေးအကြီးဆုံး အခန်းတစ်ခန်းဖြစ်နေပါတယ်။ ဒါပေမဲ့ တစ်မြို့လုံးကို စီးမိုးမြင်နိုင်သလို အခန်းတွင်းပြင်ဆင်မှုတွေကလည်း ဆန်းကြယ်လွန်းပြီး ၂၀၁၀ခုနှစ်က ပေါင် ၄သန်းထိ တန်ကြေးရှိခဲ့ပါတယ်။
အိပ်ခန်းလေးခန်းပါသလို လသာဆောင် မျက်နှာကြတ် မီးဆိုင်းတွေကလည်း ၄၅လွှာ အခန်းနဲ့ လိုက်ဖက်ညီထွေဖြစ်နေပါတယ်။ စတုရန်းပေ ၅၀၀၀ကျယ်ဝန်းတဲ့ ဒီအခန်းဟာ ထုံးကျောက်အခင်း၊ စိတ်ကြည်နူးစရာ အလင်းရောင်တို့ကြောင့်အေးအေးဆေးဆေး အနားယူချင်သူတွေအတွက် သင့်တော်သလို ကျန်းမာရေးလေ့ကျင့်ခန်း၊ ရေနွေးငွေ့ခန်းတွေ ပါဝင်ပြီး လောလောဆယ်တန်ကြေး ပေါင် ၃.၇၅သန်း ရှိနေပါတယ်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Saturday, May 18, 2013

ကမ္ဘာအသက်အကြီးဆုံး မှတ်တမ်းတင်ခံခဲ့ရသူထက် အသက်ကြီးသူ ကလေးမြို့တွင်တွေ့


ကမ္ဘာ့ အသက် အကြီးဆုံး အဖြစ် ဂင်းနစ် စံတော် ချိန်တွင် မှတ်တမ်းတင် ခံခဲ့ရသော ဂျပန် အမျိုးသား Jiroman Kimura ထက် အသက် ပိုကြီးသော အမျိုးသမီး တစ်ဦး မြန်မာနိုင်ငံ ကလေးမြို့တွင် တွေ့ရကြောင်း ချင်းဘာသာ စာပေဖြင့် ဒေသတွင်း ထုတ်ဝေသော the chin times journal အတွဲ အမှတ် (၂၃)တွင် ဖော်ပြချက် အရ သိရသည်။
အဆိုပါ ကမ္ဘာ့ အသက်အကြီးဆုံး လူသား အဖြစ် ဂင်းနစ် မှတ်တမ်း တင်ခံခဲ့ရသော ဂျပန် အမျိုးသားကြီးသည် ၁၈၉၇ခုနှစ်တွင် မွေးဖွား ခဲ့ပြီး အသက်မှာ (၁၁၆) နှစ်ရှိပြီး ဖြစ်ကြောင်း BBC သတင်းဌာနက ဖော်ပြခဲ့သည်။ ကမ္ဘာ့ အသက် အကြီးဆုံး အဖြစ် ဂင်းနစ် စံချိန်ချိုးခဲ့သော ဂျပန် အမျိုးသား ကြီးထက် ယခုအခါ အသက်ပို ကြီးသော အမျိုးသမီး တစ်ဦး မြန်မာနိုင်ငံတွင် ပေါ်ထွက် လာခဲ့ပြီး ဖြစ်သည်။
ကမ္ဘာ့အသက် အကြီးဆုံး စံချိန်တင် ခဲ့သော ဂျပန်အမျိုးသား ကြီးအထက် အသက်ပို ကြီးသော သူမှာ အမျိုးသမီးကြီး တစ်ဦးဖြစ်ပြီး ယခုလက်ရှိ စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့ စမ်းမြို့(၁)ရပ်ကွက်တွင် နေထိုင် လျှက်ရှိသည်။ သူမ၏ နာမည်မှာ Hme Thluai ဖြစ်ပြီး ချင်းအမျိုးသမီး တိုင်းရင်း သူတစ်ဦး ဖြစ်သည်။ သူမ၏ မွေးသက္ကရာဇ်မှာ ၁၈၉၅ ခုနှစ်ဖြစ်သဖြင့် ယခုအခါ အသက် (၁၁၈) နှစ်ရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ကလေးမြို့ လ၀ကဌာနမှ အထောက်အထား ခိုင်လုံစွာဖြင့် အတည်ပြုချက် ပေးထားပြီ ဖြစ်သည်။ 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မြန်မာသံရုံးကို ဗုံးခွဲရန် ကြံစည်သူ ၇ ဦးကို ပစ်သတ်ခဲ့ပြီး ၁၃ ဦးကိုဖမ်းဆီး


အင်ဒိုနီးရှားတွင် မြန်မာ သံရုံးကို ဗုံးခွဲရန် ကြံစည် ခဲ့သည့် အစ္စလာမ္မစ် စစ်သွေးကြွ များကို ရဲတပ်ဖွဲ့က ပစ်ခတ် ဖမ်းစီး ခဲ့သည်ဟု ထုတ်ဖော် ပြောကြား ခဲ့သည်။ ယင်းစစ်သွေးကြွ များသည် အကြမ်းဖက် လုပ်ရပ်များ အတွက် ရန်ပုံငွေ ရရှိရန် ဘဏ်များကို ဓားပြ တိုက်ခဲ့ပြီး၊ ဖောက်ထွင်း ခိုးယူမှု များလည်း ပြုလုပ် ခဲ့သည်ဟု စုံစမ်း စစ်ဆေးရေး အရာရှိ များကလည်း ဆိုသည်။ မကြာမီက မြန်မာ သံရုံးကို ဗုံးခွဲရန် ကြံစည် သူများနှင့် ဆက်နွယ်သည့် အဖွဲ့ကို အကြမ်းဖက်မှု နှိမ်းနင်းရေး အဖွဲ့က လိုက်လံရှာဖွေ ပစ်ခတ်ကြခြင်းပင် ဖြစ်သည်။
အဆိုပါ စစ်သွေးကြွ များသည် လုယက်မှုများ ပြုလုပ်ရန်လည်း စီစဉ်ခဲ့ကြောင်း ရဲချုပ်က သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ဖော် ခဲ့သည်။ ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့သော သူများသည် လက်နက်ချ အဖမ်းခံရန် ငြင်းဆိုခဲ့ပြီး အိမ်တွင်းဖြစ် လက်နက်ပုံးများနှင့် သေနတ် များဖြင့် ရဲများကို ပြန်လည် ပစ်ခတ် တိုက်ခိုက် သည်ဟု သိရသည်။
ယင်းသို့ ပစ်ခတ် ခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်များ ဘက်မှ ဒဏ်ရာ အနာတရ ရရှိခြင်း မရှိဟု သိရသည်။ အနောက် ဂျားဗား ကျေးရွာ ဆီပါစင်း၌ ဖမ်းဆီး ရမိခဲ့သည့် လက်နက် ထုတ်လုပ်သူ တစ်ဦးထံမှ သတင်း ရရှိခဲ၍ ကျန်အမှု တွဲများကိုလည်း ကွင်းဆက် အနေဖြင့် ဖော်ထုတ်နိုင်ခဲ့ ခြင်းဖြစ်သည်။ အကြမ်းဖက် သူများကို လိုက်လံရှာဖွေ ဖမ်းဆီးခဲ့ရာ ပိုဆိုဒေသတွင် စစ်သွေးကြွ ၇ နှစ်ဦး အသေပစ်သတ် ခဲ့ပြီး ၁၃ ဦးကို အရှင်ဖမ်းစီး ခဲ့သည်။
ပိုဆို ဒေသသည် ၁၉၉၈ ခုနှစ်မှ ၂၀၀၂ ခုနှစ်အတွင်း မူဆလင်-ခရစ်ယာန် ပဋိပက္ခ ကြောင့် လူ ၁၀၀၀ ကျော် သေဆုံးခဲ့ရာ ဒေသလည်း ဖြစ်သည်။ ယခု ရက်ပိုင်းမှာပင် အစ္စလာမ္မစ် အစွန်း ရောက်များက အစ္စလာမ် မဟုတ် သူများကို နှိပ်ကွက်သည့် အစ္စလာမ္မစ် ဦးစားပေးရေး ဥပဒေကို တောင်းဆိုခဲ့ပြီး အဓိကရုဏ်း များဖြစ်အောင် ဖန်တီး ခဲ့သောကြောင့် အကြမ်းဖက် နှိမ်နှင်းရေး အဖွဲ့များက စစ်သွေကြွ ၁၀၀ ခန့်ကို ပစ်ခတ်ခဲ့ပြီး ဒါဇင်ပေါင်း များစွာ ဖမ်းစီး ခဲ့သည်။ 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Thursday, April 11, 2013

ကမ္ဘာ့အမာကြောဆုံး အသားပိုင်ရှင်

တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်က အသက် ၃၆ နှစ်အရွယ် ကွန်ဖူး သိုင်းပညာ ရှင် ရှောင်လင်ဘုန်းကြီး Hu Qiong ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့က တရုတ်နိုင်ငံ အလယ်ပိုင်း Xiangfan မြို့  မှာ ယခုလို လက်စွမ်းပြပြီး ကမ္ဘာ့အသိအမှတ်ပြု ခံခဲ့ရပါတယ်။
သံဖောက် စူး၊ သံဖောက်လွ၊ Drill စက် အမျိုးမျိုးနဲ့ ဘော်ဒီ တစ်ခုလုံးကို မိနစ် အတော်ကြာ ဖောက်ပြီး ဘာမှ မဖြစ်တာကို သက်သေပြခဲ့ ပါတယ်။ လည်နေတဲ့ သံဖြတ်လွှနဲ့လည်း ဝမ်းဗိုက်ကို ဖြတ်ပြပြီး ဘာမှ မဖြစ်တာ ကို မြင်တွေ့ခဲ့ကြပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့အတွက် အပေါက်ဖောက် မော် တာစက် (Drilling machine) ကို အသုံးပြုပြီး ဦးနှောက် ဖောက်ပြတဲ့ စတန့်ပြကွက်ကတော့ ကမ္ဘာ့ပထမဆုံးပဲ ဖြစ်ပါတယ်။
ဒါကြောင့် သူ့ကို Unbreakable body ပိုင်ဆိုင်သော Superhuman လို့ ခေါ်ဆိုပါတယ်။ တရုတ်ရိုးရာ ကွန်ဖူး သိုင်းပညာရပ်ကို အခြေခံ လို့ လေ့ကျင့်ထားခြင်း ဖြစ်ပြီး သူ့ရဲ့  လက်တွေ့ပြ ဖောက်ပြမှုများ ကို အောက် ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Saturday, April 6, 2013

ကမ္ဘာ့အဆိပ်အပြင်းဆုံး သစ်ပင် (Manchineel)

ကမ္ဘာ့အဆိပ်အပြင်းဆုံး သစ်ပင်လို့ အသတ်ခံထားရတဲ့ အပင်ကတော့ Manchineel အမည်ရ သစ်ပင်ပဲ ဖြစ်ပါတယ်။
၁၅ မီတာအထိ ရှည်နိုင်တဲ့ အပင်မျိုး ဖြစ်ပြီး အမေရိကန်နိုင်ငံ အရှေ့ တောင်ပိုင်း ဖလော်ရီဒါပြည်နယ်မှာ အတွေ့များပါတယ်။ ပင်လယ် ကမ်းခြေတွေမှာ ပေါက်တတ်ပြီး ရေတိုက်စားခြင်းကို အဓိက ကာကွယ်ပေး တဲ့ အပင်များ လည်း ဖြစ်ပါတယ်။ အဆိပ်ကလည်း တော်တော်ပြင်းပါတယ်။
သူ့မှာ ပေါက်တဲ့ အသီးဟာ ပန်းသီး ပုံသဏ္ဍန်နဲ့ နီးစပ်ပြီး Manchineel Apple လို့လည်း လူသိများပါတယ်။ ယင်းပန်းသီး တစ်လုံးဟာ လူ အယောက် ၂၀ ကို သေစေနိုင်ပါတယ်။ မိုးရွာနေတဲ့အချိန် ယင်း အပင်အောက် သွားမခိုဖို့ တားမြစ်ထားပါတယ်။ မိုးရွာချိန်သွာခိုမိရင် ခန္ဓာကိုယ် အရေအပြားမှာ မီးလောင်ဒဏ်ရာလို အရေကြည်ဖု များ ပေါက် မှာ ဖြစ်ပါတယ်။ အပင်ကနေ နို့ရည် အရောင် အဆင်းရှိတဲ့ အရည်များ ကျဆင်းလို့ ဖြစ်ပါတယ်။ ပင်စည်ကိုလည်း သွားမကိုင်ဖို့ တားထားပါတယ်။ ပင်စည်ကို ကိုင်မိရင် လက်မှာလည်း အရည်ကြည်ဖု ထပါတယ်။
အပင်ကို မီးရှို့  ရင် ယင်းအပင်က အငွေ့ တစ်မျိုးထွက်ပြီး ယင်းအငွေ့က မျက်စိကန်းစေပါတယ်။ ရှုရှိုက်မိရင်လည်း မူးမေ့ပြီး အချိန်မှီ ဆေး မပေးနိုင်ရင် သေပါတယ်။ ဒါကြောင့် လူတိုင်းကြောက်တဲ့ သစ်ပင်လည်း ဖြစ်ပါတယ်။ ယင်း Manchineel (မန်ချင်းနီးလ်) သစ်ပင်များ ပေါက်ရောက်ရာ တောများသို့ မသွားရောက်ရန်လည်း တားမြစ် ထားပါတယ်။
မြေဆီလွှာအား ရေတိုက်စားခြင်းကို အဓိကကာကွယ်ပေးတဲ့ လုပ်ငန်း တစ်ခုကြောင့်လည်း ယင်းအပင်များကို မရှင်းလင်းပါဘူး။ ရှင်းလင်းရန်လည်း ခက်ခဲ အန္တရာယ်ကြီးတဲ့ အပင်များ ဖြစ်ပါတယ်။ သဘာဝအတိုင်း ပေါက်ရောက်တာ ဖြစ်တဲ့အတွက်လည်း မပျက်ဆီးစေဖို့ စောင့်ရှောင့်ထားပါတယ်။
ဒါကြောင့် Manchineel (မန်ချင်းနီးလ်) သစ်ပင်နဲ့ ပန်းသီးကို ခေတ်သစ် ဧဒင် သစ်ပင် နဲ့ ပန်းသီးလို့ တင်စားခေါ်ဝေါ်ကြကြောင်း သိရပါတယ်။
--
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, March 24, 2013

ဒရိုင်ဘာမလို တက္ကဆီ ကို ဟီတာချီတို့ထုတ်

ဂျပန် Hitachi ကုမ္မဏီက ထုတ်တဲ့ တစ်ယောက်စီး ကားငယ်လေး ဖြစ်ပါတယ်။ ထူးခြားချက်ကတောန့ မောင်းနှင်ရန် ဒရိုင်ဘာ မလိုအပ်ခြင်း ဖြစ်ပါတယ်။
ကားက စက်ရုပ်မှာ သူလုပ်ရမယ့် Function တွေကို ပရိုဂရမ်အတိအကျ ထည့်သွင်းရေးဆွဲထားပြီးသား ဖြစ်ပါတယ်။ သွားချင်တဲ့နေရာကို အထဲမှာပါတဲ့ touch screen ကနေ စေခိုင်းလိုက်ရင် သူ့ပါသူ အလိုအလျောက် ခရီးသွားမှာ ဖြစ်ပါတယ်။ ဘေးဘယ်ညာထိန်းချုပ်မှု၊ အနိမ့်အမြင့်သွားလာမှုတို့က အစလူထိန်းစရာမလိုအပ်ပါဘူး။
ဂျပန်နိုင်ငံမှာ GPS နဲ့ ဂြိုလ်တုသုံး Navigation ဟာ မြန်ဆန်တိကျတဲ့အတွက် အသုံးပြု၍ ရရှိခြင်း ဖြစ်ပါတယ။် အခြားနိုင်ငံမှာဆိုရင်တော့ မပြောတတ်ပါဘူး။ ဂျပန်မှာတော့ ကားတွေကြပ်ထဲ မြို့ လမ်းတွေထဲမှာလည်း အလွယ်တကူ သွားလာ ပြခဲ့ပါတယ်။
Smart Driverless Taxi လို့အမည်ပေးထားတဲ့ ဟီတာချီ တစ်ယောက်စီး ကားငယ်လေးများကို ယခုနှစ်ကုန်ပိုင်းအတွင်း ထုတ်လုပ်နိုင်ရန် ယာထားကြောင်း သိရပါတယ်။
--
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, March 17, 2013

အန္တရာယ်ရင်ဆိုင်ရလျှင် အလိုအလျောက် ဘရိတ်အုပ်သွားမည့်ကား

နောက်ဆုံးပေါ် Volvo ကားတွင် တပ်ဆင်ထားသည့် အာရုံခံ ကိရိယာများတွင် လမ်းသွားလမ်းလာများနှင့် လမ်းပေါ်ရှိ လူများကိုသာမက အရာဝတ္ထုများကို မတိုက်ခင် ကြိုတင်အာရုံခံပြီး အလိုအလျောက် ဘရိတ်အုပ် သွားမည်ဖြစ်သည်။ ယင်းသို့ အာရုံခံနိုင်ရန် ကားမှန်များတွင် ကင်မရာများကို တပ်ဆင်ထားသည် ဟု သိရသည်။ အဆိုပါ ကားများတွင် ရေဒါအချက်ပြ နည်းပညာကို သုံးစွဲထားပြီး ကင်မရာနှင့် အာရုံခံ ကိရိယာများကို ကွန်ပျူတာများနှင့် ချိတ်ဆက်ထား သည်။ထို့ကြောင့် ယာဉ်မောင်းသူအဖြင့် ယာဉ်တိုက် မှုဖြစ်မည့် အချိန်တွင် ဘရိတ်အုတ်ရန် သတိမေ့နေ လျှင် ကွန်ပျူတာ စနစ်များနှင့် ချိတ်ဆက်ထားသော အာရုံခံ ကိရိယာများက အလိုအလျောက် ဘရိတ်အုပ် ပေးသွားမည် ဖြစ်သောကြောင့် ယာဉ်တိုက်မှု အန္တရယ် ကို လျှော့ချနိုင်တော့ မည်ဖြစ်သည်။ သို့သော် ယင်းသို့ ကွန်ပျူတာ စနစ်ဖြင့် အလိုအလျောက် ဘရိတ်မအုပ်မီ ယာဉ်မောင်းသူကို အသံဖြင့် သတိပေးမည် ဖြစ်သကဲ့ သို့ မီးနီများဖြင့်ကြိုတင် အချက်ပြမည်ဖြစ်သည်။ထို့ပြင် လေကာမှန်များနှင့် ကားစက်ဖုန်းများ ပေါ်တွင်လည်း အချက်ပြသကေ တများ ပေါ်လာမည်ဖြစ်သည်။

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဘဟားမားက ရေအောက်လည်ပတ်ရေး ခရီးစဉ်

ဟဟားမား ကျွန်းနိုင်ငံမှာ ရေအောက် လေ့လာချင်သူများအတွက် ဖန်တီး ပေးထားတဲ့ တစ်ယောက်စီး ရေငုပ်သင်္ဘောများ အသုံးပြုနေမှုကို ယခုလို မြင်တွေ့ရပါတယ်။
အပေါ်ကနေ Life line (သက်ကယ်)ကြိုးဆွဲထားပြီး တစ်ယောက်စီး ရေငုပ် သဘောင်္ တစ်ခုတိုင်းစီနဲ့ တွဲလို့ထားပါတယ်။ အောက်ဆီဂျင်ဓာတ်ငွေ့ အလုံအလောက်ပါရှိတဲ့ လေအိုးနဲ့ တစ်ယောက်စီး ရေငုပ်သင်္ဘောက ခေါင်းပဲ လုံပြီး ကျန်တာအားလုံး ရေနဲ့ တိုက်ရိုက်ထိပါတယ်။ သန္တာကျောက်တန်းနဲ့ ပင်လယ် သဘာဝလေ့လာလိုသူများအတွက် စီစဉ်ဖန်တီးပေးထားခြင်း ဖြစ် ပါတယ်။

ယင်းကဲ့သို့ တစ်ယောက်စီး ရေငုပ်သင်္ဘော Submersible နဲ့ လည်ပတ် ခွင့် ပေးတဲ့အတွက် ဘဟားမားက သန္တာကျောက်တန်းနဲ့ ရေသဘာဝ အလှအပများသို့ လာရောက် လေ့လာသူများပြားကြောင်း သိရပါတယ်။
--
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed