BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Showing posts with label အနုပညာ. Show all posts
Showing posts with label အနုပညာ. Show all posts

Sunday, November 13, 2011

ဘောလုံးကန်ချင်တာ အမေက ပေးမလုပ်ဘူး "စမိုင်း"

ဘောလုံးကန်ချင်တာ အမေက ပေးမလုပ်ဘူး "စမိုင်း"လူတိုင်းလူတိုင်းမှာ ဆယ် ကျော်သက်ဘဝက ဖြစ်ချင်ခဲ့တဲ့စိတ် ကူးတွေ၊ မျှော်လင့်ချက်တွေရှိခဲ့ ကြမယ်ထင်ပါတယ်။ တချို့လည်း ကိုယ်ဖြစ်ချင်တဲ့ စိတ်ကူးအတိုင်း ဖြစ်ခဲ့တာရှိသလို၊ တချို့လည်း စိတ် ကူးနဲ့ထပ်တူမကျတဲ့ လက်တွေ့ ဘဝကို ရောက်နေကြရတာ တွေရှိ ပါတယ်။ ဆယ်ကျော်သက် အရွယ် တုန်းက ဖြစ်ချင်ခဲ့တာဘယ် လို.. ဆိုပြီး ပရိသတ်စိတ်ဝင်စားမယ့် အနုပညာရှင်များရဲ့ဆယ်ကျော် သက်ဘဝကစိတ်ကူးတွေအကြောင်း ကို တင်ဆက်ပေးလိုက်ပါတယ်။
Q. ဆယ်ကျော်သက်ဘဝ တုန်းက မက်ခဲ့တဲ့အိပ်မက်ကဘာလဲ
A. ဆယ်ကျော်သက်အရွယ်တုန်း က အမေက ကိုယ့်ကိုလေယာဉ် မယ်ဖြစ်စေချင်တာ၊ ဒါပေမဲ့ ကိုယ် ကရုပ်ရှင်မင်းသမီးပဲဖြစ်ချင်တယ်။ ဘာလို့လဲဆိုတော့ အဘိုး၊ အဘွား တွေနဲ့ကြီးပြင်းလာပြီး သူတို့ဆီကို တစ်ချိန်လုံးရုပ်ရှင်အသိုင်းအဝိုင်းတေ ကလာတော့ ငယ်ငယ်ကတည်းက ရုပ်ရှင်မင်းသမီးဖြစ်ချင်ခဲ့တာ။ ဒါပေမဲ့ အဘိုးတို့ကပြောတာ ရုပ် ဆိုးလို့ဖြစ်မှာမဟုတ်ဘူးတဲ့၊ အသက် မွေးဝမ်းကြောင်းလုပ်မယ်ဆိုရင် တော့ ကလေးထိန်းကျောင်းဖွင့် ချင်တယ်။ ဒါပေမဲ့ ဆယ် ကျော်သက်တုန်းက အိပ်မက်ခဲ့တာ ကတော့ မင်းသမီးဖြစ်ချင်ခဲ့တာပဲ။
Q. ကလေးထိန်းကျောင်းဖွင့်ချင် တာကရောဘာလို့မလုပ်ဖြစ်တာလဲ
A.ကိုယ်က (၁၃) နှစ်သမီးက တည်းက Model စလုပ်ခဲ့တာ ဆိုတော့ အချိန်မပေးနိုင်ခဲ့ဘူး၊ ဒါပေမဲ့ အဲဒီစိတ်ကူးလေးကို အကောင်အထည်ဖော်ဖို့အတွက် ပိုက်ဆံစုနေတယ်။
Q. ငယ်ငယ်က ကိုယ်လုပ်ချင် တဲ့အလုပ်တွေကိုစွန့်လွှတ်ခဲ့ရတာရှိ လား
A.ဒီအလုပ်ကို လုပ်ချင်လို့ပဲ ရွေးချယ်ခဲ့တာဆိုတော့ ကြီးကြီးမား မားစွန့်လွှတ်လိုက်ရတာတော့မရှိပါ ဘူး။ ငယ်ငယ်တုန်းက ယောကျာ်း လျာဆိုတော့ ဘောလုံးကန်ချင်တာ တို့ဘာတို့ကိုတော့ အမေက ပေးမ လုပ်ဘူး။
Q.မိဘတွေထိန်းချုပ်တာခံခဲ့ ရဖူးလား။
A.မိဘတွေက တောက် လျှောက်ထိန်းချုပ်ခဲ့တာပေါ့။ ဟိုမသွားရ ဒီမသွားရဆိုပြီးထိန်းချုပ် တော့စိတ်ပျက်မိတယ်။ အခုနောက် ပိုင်းကိုယ်မိဘဖြစ်မှ သူတို့ထိန်းချုပ် တာမှန်ပါလားဆိုပြီး သိလာရတယ်။
 Q. ဒီအနုပညာအလုပ်ကို ဖြစ် သင့်လို့လုပ်ခဲ့တာလား။
A.ဒီအနုပညာအလုပ်ကို ဖြစ်သင့်လို့ဆိုတာထက် ဝါသနာပါ ပြီးစိတ်ပါလို့ကို လုပ်ခဲ့တာပါ။
Q.ထိန်းချုပ်ခံရသူတွေကိုရော ဘယ်လိုအကြံပေးချင်လဲ
A.ငယ်ငယ်က အမေဘာ ပြောပြောကိုယ်ပဲအမှန်လို့ထင်ခဲ့ တာ၊ လူကြီးတွေကကြိုမြင်တယ်၊ ပိုသိတယ်။ အမေတားခဲ့တဲ့အရာ တွေက အခုထိတစ်ခုမှမမှားသေး ဘူး။ အမေ့ကြောင့်ကိုယ့်ဘဝက ဒီလောက်ထိ ဖြစ်လာတာဆိုတော့ မိဘစကားကို မလွန်ဆန်ဘဲ စိတ် ချမ်းသာအောင်ထားတာအကောင်း ဆုံးပဲ။ ဒါပေမဲ့ ကိုယ်ဖြစ်ချင်တာ တွေကိုတော့ ညှိနှိုင်းစေချင်တယ်။ ကိုယ်တိုင်လည်းဆယ်ကျော်သက် အရွယ်မှာ အမေနဲ့ အရမ်းရန်ဖြစ်ခဲ့ ရတယ်။ နောက်ပိုင်းအမေနဲ့ သဘောတူညီမှုတွေနဲ့ညှိနှိုင်းပြီးလုပ် တော့ အဆင်ပြေသွားတယ်။
Q.ထိန်းချုပ်တဲ့မိဘတွေကို ရော ဘယ်လိုအကြံပေးချင်လဲ။
A.ထိန်းချုပ်တယ်ဆိုတဲ့ စကားလုံးကို လုံးဝမကြိုက်ဘူး။ Guide လုပ်တယ်ဆိုတာပဲဖြစ်စေ ချင်တယ်။ ဒါကိုလုပ်သင့်တယ်ဆို တာပဲပြောပြစေချင်တယ်။ ဖိအား သုံးရင်ကိုယ်လည်းစိတ်ညစ်တယ်။ ကလေးတွေလည်း pressure တွေ ပိတယ်။ ဒါကြောင့် သားသမီးနဲ့ မိဘ ညှိနှိုင်းပြီးလုပ်စေချင်တယ်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Friday, November 11, 2011

သမီးလေး အတွက် နာမည်ပေးဖို့ အိမ်မှာ စစ်ဖြစ်နေကြတယ် ဆိုတဲ့ ပြေတီဦး


သမီးလေးအတွက် နာမည်ပေးဖို့ အိမ်မှာ စစ်ဖြစ်နေကြတယ် ဆိုတဲ့ ပြေတီဦး
"နှလုံးသားမှာ အထာ ရှိတယ်"အထူးပြသ ပွဲကို တက်ရောက် လာတဲ့ ပူပူနွေးနွေး သမီးလေးရဲ့ ဖေဖေ ပြေတီဦး နဲ့ မေးဖြစ်ခဲ့ သမျှ-

"ကျွန်တော်အခု ဒါရိုက်တာကိုဇော်(အရုဏ်ဦး)၊ နဝရတ်၊ ချောရတနာတို့နဲ့ ဇာတ်ကားရိုက်နေပါပြီ။ အနုပညာ ပိုးကြီး လွန်းလို့ တောကနေမြို့တက်ပြီး အနုပညာအလုပ် တွေလုပ်တဲ့အကြောင်းလေးပါ"။ အိမ်ထောင်ကျပြီးမှ အူဝဲနဲ့ ကား တွေ ပိုထွက်တာလား "သူနဲ့တင်မဟုတ်ပါဘူး။ တခြား မင်းသမီးတွေနဲ့လည်း ထွက်ပါတယ်။ ဝတ်မှုံရွှေရည်၊ မိုးဟေကို၊ ဖွေးဖွေးတို့နဲ့လည်း ထွက်လာပါလိမ့်မယ်"။
သမီးမွေး လာတော့ ဖခင်ဇာတ်ကောင်တွေမှာ ပိုပြီးပီပြင်လာမလားလို့ မေးကြည့်တော့-
"ကျွန်တော့်အထင်တော့ မိခင်ဖခင်ဖြစ်တိုင်းလည်း သရုပ်ဆောင်မှာ ပိုကောင်းလာတယ်လို့တော့ မထင်ပါဘူး။ ဘယ်လို ပြောမလဲ တစ်ယောက်နဲ့တစ်ယောက် တူချင်မှတူတာလေ။ အရင်တုန်းကလည်း မိခင်ဖခင်ဇာတ် ရုပ်တွေမှာ အဲဒီစိတ် ထည့်ထားပြီးတော့ သရုပ်ဆောင်ဖြစ်ခဲ့ တယ်။ လူတစ်ယောက်မှာ အရည်အချင်းရှိသလောက်ပဲ သရုပ်ဆောင်မှုက ထွက်မှာပဲလေ။ မိဘနေရာရောက်လို့ မိဘဇာတ်ရုပ်တွေမှာ အိုက်တင်တွေပိုကောင်းလာတယ်လို့ တော့မထင်ဘူး" လို့ပြောလာတဲ့ကိုပြေတီဦးက "လောလော ဆယ်မှာတော့ သမီးလေးလိုအပ်တာတွေ ဖြည့်ဆည်းပြီးတော့ သူ ကျန်းကျန်း မာမာကြီးပြင်းဖို့ပဲ မျှော်လင့်ပါတယ်။ ကျန်တဲ့ ကိစ္စတွေကတော့ မစဉ်းစားသေးဘူး။ အချိန်တန်ရင်တော့ အကောင်းဆုံးဖြစ်အောင် စဉ်းစားပေးရမှာပဲလေ။ သူသွား ချင်တဲ့လမ်းကြောင်း၊ သူဖြစ်ချင်တဲ့ဆန္ဒတွေကို ဖြည့်ဆည်း ပေးဖို့ပါပဲ။ သမီးဦး၊ မြေးဦးလေးဆိုတော့ အဘိုးအဘွား တွေရဲ့အသည်းကျော်ပါပဲ။ အစ်ကို့ရဲ့အမေကလည်း နေ့တိုင်း နီးပါးလာတယ်။ အဲလို မြေးလေးဆီနေ့တိုင်းလာနေတော့ အဆင်ပြေတယ်။ ဟိုဘက်အဘွား၊ ဒီဘက်အဘွား မလုရ တော့ဘူးပေါ့။ သမီးလေးအတွက် နာမည်ရွေးပေးဖို့ အိမ်မှာ စစ်ဖြစ်နေကြတယ်"လို့ သမီးလေးနဲ့ပတ်သက်ပြီး ပြောပြ သွားတဲ့ပြေတီဦးကို ဇာတ်ရုပ်မကြိုက်ဘဲ ကိုယ်နဲ့လိုက်ရင် ရော ရွေးရိုက်လားလို့မေးကြည့်တော့ "မကြိုက်ဘဲနဲ့ ရိုက်တဲ့ ဇာတ်ကတော့ အခုနောက်ပိုင်း အရမ်းကိုနည်းသွားပါပြီ။ ကြိုက်လို့ရိုက်တဲ့ကားတွေကြီးပါပဲ။ ကျွန်တော်မကြိုက်လို့ မရိုက်ဖြစ်တဲ့ကားတွေ အများကြီးပါပဲ"လို့ပြောလာတဲ့ ပြေတီဦးကို အထူးပွဲတွေကြည့်နေတဲ့အခါမှာလည်း လိုအပ်ချက် တွေရှိနေသေးလားလို့မေးတော့- "ရှိတယ်တွေ့နေတုန်းပဲ အခုလည်း တွေ့သလို နောင်ထပ်(၁၀)နှစ်ကြာလည်းတွေ့ဦးမှာပဲ။ အနှစ်နှစ်ဆယ် ကြာလည်း တွေ့ဦးမှာပဲ၊ ဘယ်တော့မှ ပြည့်စုံတယ်ဆိုတာ ရှိလာမှာမဟုတ်ပါဘူး"လို့ပြောလာတဲ့ပြေကြီးကို ပြင်ဆင်မှု အားနည်းတာကြောင့်လားဆိုတော့ "အဲလိုတော့ မဟုတ်ပါဘူး။ ဘယ်လောက်ပဲကြိုးစားကြိုးစား ပြည့်တယ်ဆိုတာ မရှိပါဘူး။ ဘယ်သူမဆို လိုအပ်နေမှာပါပဲ"လို့ ပြောလာ တဲ့ ပြေတီဦးကို ကိုသားကြီးရဲ့ သရုပ်ဆောင်မှုတွေနဲ့ ဆင် တယ်လို့ပြောလာတဲ့အပေါ် ပရိသတ်ကို ဘာပြောချင်သေး လဲလို့မေးတော့ "ဘာမှမပြောချင်ပါဘူး။ ကျွန်တော့်ရဲ့ သရုပ်ဆောင်မှုအပေါ်မူတည်ပြီး ကြိုက်သလို ဆုံးဖြတ်လို့ရ ပါတယ်။ ပရိသတ်လက်ခံနေဖို့ပါပဲ။ ပရိသတ်က အားပေး တယ်၊ လက်ခံတယ်ဆို ကျေနပ်ပါတယ်၊ ပရိသတ်အတွက် အမြဲကြိုးစားနေပါတယ်"လို့ ပြောသွားခဲ့ပါ တယ်။

--
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed