BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Saturday, December 7, 2013

တားမြစ်ဆေး သုံးစွဲခြင်းအား ကာကွယ်နိုင်ရန် ဖီဖာမှ တင်းကြပ်စွာ စစ်ဆေးမည်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) သည် ဘရာဇီးလ်နိုင်ငံတွင် ကျင်းပမည့် 2014 ကမ္ဘာ့ဖလားပြိုင်ပွဲ၌ တားမြစ်ဆေး သုံးစွဲခြင်းအား ထိရောက်စွာ ကာကွယ်နိုင်ရန်အတွက် ပြိုင်ပွဲဝင်မည့် ကစားသမားများ၏ သွေး၊ ဆီး နမူနာများကို စစ်ဆေးရန်အတွက် ဆွတ်ဇာလန်နိုင်ငံရှိ တရားဝင်အသိအမှတ်ပြု ဓာတ်ခွဲခန်းအား အသုံးပြုရန် ဆုံးဖြတ်ခဲ့သည်ဟု သိရှိရသည်။

ကမ္ဘာ့တားမြစ်ဆေးဆန့်ကျင်တိုက်ဖျက်ရေးအေဂျင်စီဖြစ်သည့် (Wada) သည် ယခုနှစ် အစောပိုင်းကာလများ၌ ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနဲရိုးမြို့ရှိ ဓာတ်ခွဲခန်းအား အသုံးပြုမည်ကို ပြန်လည်ရုတ်သိမ်းခဲ့ပြီး မည်သည့် ဓာတ်ခွဲခန်းတွင် စစ်ဆေးရန် ဆုံးဖြတ်ခဲ့ခြင်း မရှိခဲ့ပဲ ယခုအခါ ဆွတ်ဇာလန်ဓာတ်ခွဲခန်းအား အသုံးပြုမည်ဟု အတည်ပြု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှ "ဘရာဇီးလ်နိုင်ငံရဲ့ တာဝန်ရှိသူတွေနဲ့ WADA တို့ ဆွေးနွေးခဲ့အပြီးမှာ ဖီဖာအနေနဲ့ WADA အသိအမှတ်ပြု ဓာတ်ခွဲခန်းဖြစ်တဲ့ ဆွတ်ဇာလန်နိုင်ငံ၊ လော်စနီမြို့မှာ ရှိတဲ့ ဓာတ်ခန်းခွဲမှာပဲ ကစားသမားတွေရဲ့ သွေး၊ ဆီး နမူနာတွေကို စစ်ဆေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လာမည့်နှစ်မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားမှာ ဖီဖာနဲ့ Wada တို့အနေဖြင့် ကစားသမားများရဲ့ သွေး၊ ဆီးနမူနာတွေကို သေချာစွာ စစ်ဆေးပြီး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမှာပါ။" ဟု ပြောကြားခဲ့သည်။ ဘရာဇီးလ်နိုင်ငံတွင် ကျင်းပခဲ့သည့် 2013 ကမ္ဘာ့တိုက်ကြီးများဖလား ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ကစားသမားများ၏ ကိုယ်ရေးအချက်အလက် အသေးစိတ်များကိုလည်း စစ်ဆေးရန်အတွက် WADA အသိအမှတ်ပြု ဆွတ်ဇာလန်နိုင်ငံရှိ ဓာတ်ခွဲခန်းအား အသုံးပြုခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ဘောလုံးလောကတွင် ကစားသမားအချို့မှာ တားမြစ်ဆေးများကို သုံးစွဲမှုများ ရှိပြီး အထင်အရှားကစားသမားအဖြစ် မန်ယူအသင်း၏ နောက်တန်းကစားသမား ရီယိုဖာဒီနန်မှာ တားမြစ်ဆေးသုံးစွဲခဲ့ခြင်းကြောင့် 2004 ခုနှစ် ဇန်နဝါရီလမှ စတင်၍ ပွဲပယ် (8) လအထိ ကျခံခဲ့ရသည်။

ကမ္ဘာ့ဖလား ဝင်ခွင့် ရရှိထားသည့် အသင်း (21) သင်း (ပါဝင်ခွင့် ရရှိသည့် အကြိမ်အရေအတွက်

>>>တောင်အမေရိကဒေသ….ဘရာဇီးလ် (20)၊ အာဂျင်တီးနား (16)၊ ကိုလံဘီယာ (5)၊ ချီလီ (9)၊ အီကွေဒေါ (တတိယအကြိမ်)
>>>အာရှ…. ဂျပန် (5)၊ သြစတေးလျ (4)၊ အီရန် (4)၊ တောင်ကိုရီးယား (9)၊
>>>ဥရောပဇုန်…နယ်သာလန် (10)၊ အီတလီ (18)၊ ဘယ်လ်ဂျီယံ (12)၊ ဆွတ်ဇာလန် (10)၊ ဂျာမနီ (18)၊ ဘော့စနီးယား (ပထမကြိမ်)၊ အင်္ဂလန် (14)၊ စပိန် (13)၊ ရုရှား (10)၊
>>>ကွန်ကာကပ်ဖ်….အမေရိကန် (10)၊ ကော်စတာရီကာ (4)၊ ဟွန်ဒူးရပ်စ် (တတိယအကြိမ်)
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဂရတ်ဘေးလ်နင့် စီရိုနယ်လ်ဒိုမှာ ပြိုင်ဘက်များ မဟုတ်ကြောင်း ဂရတ်ဘေးလ် ဖွင့်ဟ

ကမ္ဘာ့ပြောင်းရွှေ့ကြေး အများဆုံး ကစားသမား ဂရတ်ဘေးလ်က သူနှင့် အသင်းဖော် ကစားသမား စီရိုနယ်လ်ဒိုတို့မှာ ပြိုင်ဘက်များ မဟုတ်ကြောင်း စီရိုနယ်လ်ဒိုမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်သည်ဟု ချီးမွမ်း ဖွင့်ဟပြောကြားခဲ့သည်။

ပြီးခဲ့သည့် အပြောင်းရွှေ့ကာလတွင် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် (85) သန်းဖြင့် စပါးအသင်းမှ ရီးရဲလ်အသင်းသို့ ပြောင်းရွှေ့ခဲ့သူ ဂရတ်ဘေးလ်သည် ယခင် 2009 ခုနှစ်က ပေါင်သန်း (80) ဖြင့် ကမ္ဘာ့ဈေးကြီးဆုံးသော ကစားသမားအဖြစ် ရပ်တည်နေသူ စီရိုနယ်လ်ဒို၏ စံချိန်ကို ရိုက်ချိုးပြီး အသင်းသို့ ရောက်ရှိလာခဲ့သူဖြစ်သည့်အတွက် သူတို့ နှစ်ဦးအား  ပြိုင်ဘက်ကစားသမား နှစ်ယောက်အဖြစ် သတ်မှတ်ပြောဆိုလျက်ရှိသည်။  

လက်ရှိအချိန်တွင် စီရိုနယ်လ်ဒိုနှင့် ဂရတ်ဘေးလ်တို့မှာ ပွဲစဉ် (6) ပွဲ အတူတကွ ကစားခဲ့ပြီး ထို (6) ပွဲတွင် သူတို့နှစ်ဦးမှာ သွင်းဂိုး (14) ဂိုးအထိ သွင်းယူနိုင်ခဲ့သည်။ ဂရတ်ဘေးလ်က “ဘယ်အရာမှ ပြိုင်ဆိုင်ခြင်း မရှိပါဘူး။ ကျွန်တော်နှစ်ယောက်ရဲ့ ဆက်ဆံရေးက အလွန်ကောင်းမွန်ပါတယ်၊ သူဟာ ကျွန်တော့်ကို ကွင်းတွင်း၊ ကွင်းပြင် အများကြီး ကူညီပေးခဲ့သူဖြစ်ပါတယ်၊ ပွဲစဉ်တိုင်းမှာ ကျွန်တော်တို့ ပျော်ရွှင်စွာ ယှဉ်တွဲကစားနေပါတယ်၊ ဒါကို သွင်းဂိုးတွေ၊ အပြန်အလှန် ဂိုးဖန်တီးပေးမှုက သက်သေပြနေပါတယ်” ဟု ပြောကြားခဲ့ပြီး သူတို့မှာ ပြိုင်ဘက်ကစားသမားများ မဟုတ်ကြောင်း၊ အသင်းအတွက် အောင်မြင်မှု ရရှိသည့်  ရာသီတစ်ခု ဖြစ်ရန် ကြိုးစားနေခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

စီရိုနယ်လ်ဒိုသည် လက်ရှိအချိန်တွင် နိုင်ငံလက်ရွေးစင် ပေါ်တူဂီအသင်းအား ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ရန် စွမ်းဆောင်ပေးနိုင်ခဲ့သလို ကလပ်အသင်းအတွက် ခြေစွမ်းပြ သွင်းဂိုးများ ဆက်တိုက် သွင်းယူပေးလျက်ရှိပြီး ယခုနှစ်ရာသီ (22) ပွဲတွင် (32) ဂိုး သွင်းယူနိုင်ခဲ့သည်။ ဂရတ်ဘေးလ်မှာလည်း ရာသီအစတွင် ဒဏ်ရာကြောင့် ပွဲကစားခွင့် လွဲချော်ခဲ့ရပြီးနောက် ပါဝင်ကစားရသည့် ပွဲစဉ်များတွင် ခြေစွမ်းပြသလျက်ရှိပြီး နောက်ဆုံး ပွဲစဉ် (5) ပွဲတွင် (4) ဂိုး သွင်းယူနိုင်သည့်အပြင် ဂိုးဖန်တီးပေးမှု အများဆုံး ကစားသမားစာရင်းတွင် ပါဝင်လျက်ရှိသည်။

ဂရတ်ဘေးလ်သည် ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်တွင် ခြေစွမ်းပြသနိုင်ခဲ့သည့်အတွက် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ပမာဏ (23) ယောက်တွင် စီရိုနယ်လ်ဒိုနဲ့ အတူ ပါဝင်လျက်ရှိသော်လည်း ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုမှာ စီရိုနယ်လ်ဒိုအတွက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဂရတ်ဘေးလ်က “ကျွန်တော့်အတွက်တော့ သူဟာ (စီရိုနယ်လ်ဒို) ကမ္ဘာမှာ အကောင်းဆုံးကစားသမားပါ၊ ဘယ်သူမှ သူ့လို ကောင်းမွန်ခြင်း မရှိပါဘူး” ဟု ပြောကြားခဲ့သည်။
ရီးရဲလ်မက်ဒရစ်၏ နောက်ဆုံး ပွဲစဉ် (6) ပွဲတွင် ရရှိခဲ့သည့် သွင်းဂိုး (23) ဂိုးတွင် ဂရတ်ဘေးလ်နှင့် စီရိုနယ်လ်ဒိုတို့ နှစ်ဦးမှာ (14) ဂိုးအထိ သွင်းယူခဲ့ကြသည်။

စီရိုနယ်လ်ဒို၏ အဓိက တစ်ဦးချင်း အောင်မြင်မှု
ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု (1) ကြိမ် - 2008
ဥရောပအကောင်းဆုံး ကစားသမား (1) ကြိမ် ) – 2008
လာလီဂါ ဂိုးအများဆုံး သွင်းယူသူ ရွှေဖိနပ်ဆု (1) ကြိမ် - 2010-11
ပရီးမီးယားလိဂ် ဂိုးအများဆုံး သွင်းယူသူ  ရွှေဖိနပ်ဆု (1) ကြိမ် -2007-08
ကမ္ဘာ့အကောင်းဆုံးဂိုး သွင်းယူသည့် ကစားသမားဆု (1) ကြိမ် -2009
ဥရောပ ဂိုးအများဆုံး သွင်းယူသူ ရွှေဖိနပ်ဆု (2) ကြိမ် -2007-08, 2010-11
ပရီးမီးယားလိဂ် အကောင်းဆုံး လူငယ်နှင့် ကစားသမားဆု (2) ကြိမ်  -2006-2007, 2007- 08

ဂရတ်ဘေး၏ အဓိက တစ်ဦးချင်း အောင်မြင်မှု
ပရီးမီးယားလိဂ် အကောင်းဆုံး လူငယ်ကစားသမား (1) ကြိမ် -2012-13
ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဆု (2) ကြိမ်၊ 2010-11, 2012-13
 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed