BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Wednesday, July 20, 2011

မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်းကိုယ်စားပြုသုံးခဲ့ သောအလံများ

မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်းကိုယ်စားပြုသုံးခဲ့ သောအလံများကိုမသိသေးသောသူများအတွက်ဆက်ပြီးတင်ပြလိုက်ပါတယ်.....

--

ကချင်ပြည်နယ်အလံ

ကယားပြည်နယ်အလံ


ကရင်ပြည်နယ်အလံ

ချင်းပြည်နယ်အလံ

မွန်ပြည်နယ်အလံ

ရခိုင်ပြည်နယ်အလံ

ရှမ်းပြည်နယ်အလံ

မန္တလေးတိုင်းအလံ


မကွေးတိုင်းအလံ

စစ်ကိုင်းတိုင်းအလံ


ပဲခူးတိုင်းအလံ

ဧရာဝတီတိုင်းအလံ

တနသာင်္ရီတိုင်းအလံ

ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

မြန်မာနိုင်ငံ ခေတ်အဆက်ဆက်အသုံးပြုခဲ့ သောအလံများ


ဗဟုသုတအလို့ငှာ စုစည်း ဖော်ပြလိုက်ပါတယ်။


ဒါကတော့ လူတိုင်းသိတဲ့ ခုလက်ရှိမြန်မာနိုင်ငံအလံပုံပါ...
အဲဒီအလံမှာ ပါတာတွေကို အသေးစိတ် ဖော်ပြထားတာပါ... အလုပ်သမားကို ကိုယ်စားပြုတဲ့စက်သွားရယ်၊ တောင်သူလယ်သမားတွေကို ကိုယ်စားပြုတဲ့ စပါးနှံရယ်၊ ပြည်နယ်နဲ့တိုင်း ၁၄ ခုကို ကိုယ်စားပြုတဲ့ ကြယ် ၁၄ လုံးရယ်...

ဒါကတော့ အလံမှာပါတဲ့ အတိုင်းအတာ အချိုးအစား

*** *** ***
ခုလက်ရှိ မြန်မာနိုင်ငံအလံမတိုင်ခင် ခေတ်အဆက်ဆက် အသုံးပြုခဲ့တဲ့ မြန်မာနိုင်ငံအလံတော်တွေပါ...


၁၇၅၂ ကနေ ၁၈၈၆ ထိ အသုံးပြုခဲ့တဲ့ မြန်မာနိုင်ငံအလံ
၁၈၈၆ မှ ၁၉၃၉ ထိ အသုံးပြုခဲ့တဲ့ မြန်မာနိုင်ငံအလံ
၁၉၃၉ မှ ၁၉၄၁ ထိ အသုံးပြုခဲ့တဲ့ မြန်မာနိုင်ငံအလံ

၁၉၄၁ မှ ၁၉၄၂ ထိ အသုံးပြုခဲ့တဲ့ မြန်မာနိုင်ငံအလံ
၁၉၄၂ မှ ၁၉၄၃ ထိ အသုံးပြုခဲ့တဲ့ မြန်မာနိုင်ငံအလံ


၁၉၄၃ မှ ၁၉၄၅ ထိ အသုံးပြုခဲ့တဲ့ မြန်မာနိုင်ငံအလံ


၁၉၄၅ မှ ၁၉၄၈ ထိ အသုံးပြုခဲ့တဲ့ မြန်မာနိုင်ငံအလံ
၁၉၄၈ မှ ၁၉၇၄ ထိ အသုံးပြုခဲ့တဲ့ မြန်မာနိုင်ငံအလံ



--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဦးခင်ညွန့် ပြန်လွတ်တော့မည်လော




 
ဦးခင်ညွန့် ပြန်လွတ်တော့မည်လော
လင်းသန့် Wednesday, 20 July 2011 17:27
E-mailPrint
စနေနေ့တွင် နေအိမ်အကျယ်ချုပ် သက်တမ်း ၆ နှစ် ပြည့်တော့မည့် စစ်ထောက်လှမ်းရေး ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်၏ အမှုအား အစိုးရသစ်က မည်သို့ ဆက်လက် ကိုင်တွယ်မည်ကို နိုင်ငံရေးလေ့လာသူများက စိတ်ဝင်စားနေကြသည်။

khinnyuant
စစ်ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲအဖြစ် နှစ်ပေါင်းများစွာ တန်ခိုးထက်ခဲ့သည့် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် (ဓာတ်ပုံ - AP)
ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကို ယခင် စစ်အစိုးရက နိုင်ငံတော်အာဏာ အလွဲသုံးစားမှု၊ အဂတိလိုက်စားမှု တို့ဖြင့် ထောင်ဒဏ် ၄၄ နှစ် ဆိုင်းငံ့ပြစ်ဒဏ်ချခဲ့ပြီးနောက် နေအိမ်အကျယ်ချုပ် ချမှတ်ထားခဲ့ခြင်း ဖြစ်သည်။

"ဆိုင်းငံ့ပြစ်ဒဏ်ဆိုတာက အပြင်မှာထားလည်း ရတယ်။ ပုဒ်မ ၁၀ (ခ) သဘောအရ ပြည်ထဲရေး ဗဟိုအဖွဲ့ ကနေ ၆ လ တကြိမ် သက်တမ်းတိုးလို့ရတယ် ဆိုတာ ရှိတယ်။ ဗိုလ်ချုပ်ခင်ညွန့်ကိုတော့ အစိုးရက သူတို့ လွှတ်ပေးချင်ရင် ပုဒ်မ ၄၀၁ အရလည်း လွှတ်ပေးနိုင်တယ်"ဟု ရန်ကုန်မြို့မှ ရှေ့နေကြီး ဦးအောင်သိန်းက ဧရာဝတီကို ပြောသည်။

ပြီးခဲ့သည့်လက ဗိုလ်မှူးကြီးဟောင်း စန်းပွင့်၊ ဒု ဗိုလ်မှူးကြီးဟောင်း သက်တင်စိန် အပါအ၀င် နှစ်ရှည် ထောင်ဒဏ်ကျခံနေကြသော စစ်ထောက်လှမ်းရေးအရာရှိဟောင်းတချို့ကို ဦးသိန်းစိန် အစိုးရသစ်က ပြန်လွှတ်ပေးခဲ့သည်။ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်၏ လက်ရုံးများဖြစ်သော ထိုပုဂ္ဂိုလ်တို့သည် တိုင်းရင်းသားအဖွဲ့များနှင့် ညှိနှိုင်းရာတွင် အတွေ့အကြုံများသည်ဟု သိရသည်။

၎င်းတို့ လွတ်မြောက်လာခြင်းသည် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် နေအိမ် အကျယ်ချုပ် ၆ နှစ် ပြည့်သဖြင့် သူ့အား ပြန်လွှတ် ပေးတော့မည်လော ဆိုသည့် သုံးသပ်ချက်များ ထွက်ပေါ်နေချိန်နှင့် တိုက်ဆိုင်နေသည်။

ဝါရင့်နိုင်ငံရေး သမားကြီး သခင်ချန်ထွန်းကလည်း "ဗိုလ်ခင်ညွှန့်ကို အာဏာ ဘာမှ မရှိတော့အောင် သူ့လက်ရင်းတွေကို အကုန် ရှင်းပြီးသားဆိုတော့ ဘာမှ အန္တရာယ် မရှိတော့ဘူးလို့ အခု ဦးသိန်းစိန်အစိုးရက သတ်မှတ်ပြီး ပြန်လွှတ်ပေးကောင်း ပေးနိုင်တယ်" ဟု ဧရာဝတီကို ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအရေးကို အစိုးရက ကိုင်တွယ်ရာတွင် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်အား တာဝန်ပေးမည်မဟုတ်ဘဲ အကြံပြုချက် တောင်းဆိုမှုသာ ရှိနိုင်သည်ဟု သခင်ချန်ထွန်းက သုံးသပ်သည်။

ဗိုလ်ချုပ်ကြီးခင်ညွန့် တာဝန်မှ ဖယ်ရှားခံလိုက်ရပြီး နောက်ပိုင်းတွင် အာဏာပိုင်တို့သည် နိုင်ငံတကာတွင် လည်းကောင်း၊ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဆက်ဆံရာတွင်လည်းကောင်း တင်းမာမှုများ ပေါ်ပေါက်ခဲ့သည်။

၂၀၀၉ ခုနှစ်က စစ်ဆင်ရေး အထူးအဖွဲ့ အမှတ် ၅ ၏ တပ်မှူး ဒု ဗိုလ်ချုပ်ကြီး မြင့်ဆွေက နေအိမ်အကျယ်ချုပ် ကျနေသော သူ့ကို သွားရောက် တွေ့ဆုံခဲ့သည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက သူ နှင့် ဇနီးသည်တို့ကို နေအိမ်မှ အင်းစိန်ထောင်သို့ ပို့ဆောင်ပုံကို ရိုက်ကူးထားသည်ဟု ယူဆရသည့် မှတ်တမ်းဗွီဒီယို အင်တာနက်တွင် ထွက်ပေါ်လာစဉ်ကလည်း စိတ်ဝင်စားသူ များပြားခဲ့သည်။

သူ၏ စစ်ထောက်လှမ်းရေးအဖွဲ့ကို အစားထိုးရန် အာဏာပိုင်တို့က စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) ကို တည်ထောင်ထားသည်။ ဦးသိန်းစိန်အစိုးရလက်ထက်တွင် စရဖ အကြီးအကဲအဖြစ် ဗိုလ်မှူးချုပ်စိုးရှိန် တာဝန်ယူပြီးနောက် စစ်ထောက်လှမ်းရေး အရာရှိဟောင်းတချို့ လွတ်မြောက်လာခြင်း၊ ဦးခင်ညွန့်၏ အကျယ်ချုပ် ကာလ ၆နှစ်ပြည့်မြောက်ခြင်း တို့ကို လေ့လာသူများက စိတ်ဝင်စားနေကြသည်။

၂၀၀၄ ခုနှစ်တွင် ယခင် အစိုးရ ဗိုလ်ချုပ်ကြီးတို့က ဦးခင်ညွန့်ကို အာဏာမှ ဖယ်ရှားလိုက်သော်လည်း ယခုအခါ သက်ညှာစွာ စဉ်းစားပေးမှုများ ရှိကောင်း ရှိနိုင်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူ တပ်မတော်အရာရှိဟောင်း ဦးဝင်းထိန်က ပြောသည်။

"ကျနော်တို့ ခံရသလို သူလည်း အခု ခံနေရတာပဲ။ ပုဂ္ဂိုလ်အရ ကရုဏာသက်မိပါတယ်။ ဒါပေမယ့် သူတို့ အချင်းချင်းက အထာတွေ ရှိမှာပဲ" ဟု ဦးဝင်းထိန်းက ဧရာဝတီကို ပြောသည်။

အာဏာအလွဲသုံးစား ပြုခဲ့သော နာမည်ကျော် စစ်ထောက်လှမ်းရေးတပ်ဖွဲ့၏ အရာရှိများကို ဦးသိန်းစိန်အစိုးရက လွှတ်ပေးမည် ဆိုပါက တရားမျှတမည်မဟုတ်ဟု ရန်ကုန်မှ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တဦးက ဆိုသည်။

"နိုင်ငံအတွက် ကောင်းအောင် လုပ်ပြီး ထောင်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပထမ ဦးစားပေး လွှတ်ပေးသင့်တာ" ဟု သူက ပြောသည်။
__._,_.___
--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed