BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Friday, September 9, 2011

နေတိုး ဒုံးပျံကာကွယ်ရေးစနစ် တည်ဆောက်မှု ရုရှားသတိပေး


နေတိုး၏ ဒုံးပျံကာကွယ်ရေး စနစ် အကန့်သတ်မဲ့ တည် ဆောက်မှုသည် နေတိုး မဟာဗျူဟာမြောက် ဝိုင်းပတ် ထိန်းချုပ် ရေး အလားအလာကို ကာကွယ်ရန် ရုရှား အနေဖြင့် လက်တုံ့ ပြန် အရေးယူဆောင်ရွက်မှုများ မဖြစ်မနေ လုပ်ဆောင်ရန် တွန်း အားပေးရာရောက်ကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂျီ လာဗရော့ဗ်က စက်တင်ဘာ ၁ ရက်တွင်   ပြောကြားခဲ့သည်။   မော်စကို နိုင်ငံတကာ ဆက်ဆံရေး သိပ္ပံမှ ကျောင်းသားများ အား မိန့်ခွန်းပြောကြားရာတွင် လာဗရော့ဗ်က "အမေရိကန်အီးယူ ဒုံးပျံ ကာကွယ်ရေး စနစ်ကို အမေရိကန် အစိုးရ သတ် မှတ်တဲ့ နယ်နိမိတ်များ အတွင်းမှာ တည်ဆောက်နေတယ်။ ဒါဟာ ရုရှားခေါင်းဆောင်ပိုင်းက အကြိမ်ကြိမ်ပြောခဲ့သလို ဆယ်စုနှစ် အကုန်မှာ ရုရှား မဟာဗျူဟာမြောက်တပ်ဖွဲ့များကို အန္တရာယ်ပြုရာ ရောက်တယ်။ နေတိုးနှင့် အမေရိကန် ပြည် ထောင်စုတို့ဟာ ဒုံးပျံ ကာကွယ်ရေး စနစ်ကို ရုရှားအား တိုက် ခိုက်ရာ၌ အသုံးမပြုဟု အာမမခံကြောင်း"ပြောကြားခဲ့သည်။
ဆက်လက်ပြီး ဗရော့ဗ်က ရုရှားသမ္မတ မက်ဗီဒက်ဗ်သည် ဥရောပလုံခြုံရေးနှင့် ပတ်သက်ပြီး ဥပဒေအရ မဖြစ်မနေ လိုက်နာ ရမည့် စာချုပ်တစ်ရပ် လက်မှတ်ရေးထိုးရန်ကမ်းလှမ်းခဲ့ ကြောင်း၊ နေတိုး အဖွဲ့၏ အရှေ့ဘက်သို့ တိုးချဲ့ရေးကိစ္စနှင့် ပတ်သက်ပြီး ရုရှား အစိုးရသည် နေတိုးထံမှ ရှင်းလင်းချက် တစ်စုံတစ်ရာ မရသေးကြောင်း၊ နေတိုး၏ လုပ်ရပ်သည် ဥရောပတွင် မဟာဗျူဟာမြောက်တပ်ဖွဲ့အင်အား ထိန်းညှိမှုကို ပျက်ပြားစေမည်ဖြစ်ကြောင်း ပြောကြားခဲသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

လေဆာဖြင့် မိုးကို ထိန်းချုပ်နိုင်မည်ဟု သိပ္ပံပညာရှင်များ ပြောကြား


မိုးခေါင်ရေရှားဒေသများ အတွက် အစိုဓာတ် ရရှိစေရန်လေဆာဖြင့် မိုးရွာ စေနိုင်ကြောင်း သိပ္ပံ ပညာရှင်များက   ပြောကြား လိုက်သည်ဟု Foxnews သတင်းမှ ဖော်ပြခဲ့သည်။ သိပ္ပံ ပညာရှင်များသည် မိုးကို ထိန်းချုပ်နိုင်မည့် နည်းလမ်း မျိုးစုံကို ကာလကြာမြင့်စွာ စမ်းသပ်လာခဲ့ပြီးမှ လေထုထဲတွင် ဓာတုပစ္စည်းများ ပျံ့နှံ့စေပြီး လေထုကို အပြောင်းအလဲ ဖြစ်စေမည့် နည်းကို အလားအလာ ရှိသည်ဟု ယူဆခဲ့သည်။
သို့သော် ထိုကဲ့သို့ပြုလုပ်ခြင်းသည် လေထုကို အမှန်တကယ်တွင် မည်မျှ သက်ရောက်မှု ရှိစေမည်ဟု ဆုံးဖြတ်ရန် ခက်ခဲကြောင်း ဂျီနီဗာ တက္ကသိုလ်က Jerome Kasparian ကပြောကြားခဲ့သည်။ ယခုအခါ ၄င်းနှင့် လုပ်ဖော်ကိုင်ဖက် ပညာရှင်များက လေထု၏ အစိုဓာတ်ကို လေဆာ ရောင်ခြည်များဖြင့် ထိန်းချုပ်နိုင်ပြီဟု ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။
၎င်းတို့ အဖွဲ့သည့် ဂျီနီဗာရှိ Rhone မြစ်ပေါ်တွင် အမျိုးမျိုး သောအပူ ချိန်များ၌ လေထု အခြေအနေနှင့် စိုထိုင်းဆ အဆင့်များကို လေ့လာ စမ်းသပ်ခဲ့ ကြရာ မိုးရွာသည်ဟု ဆိုရလောက်အောင် ရေစက်ရေပေါက်များ လုံလောက် စွာ မရွာကျခဲ့သော်လည်း စိုထိုင်းဆ ၇၀ ရာခိုင်နှုန်းမှာတင်ပင် Micron အရွယ်အစားရှိ ရေစက်များ ကျလာခဲ့ကြောင်း သိရှိရသည်။
သို့သော် သဘာဝအားဖြင့် ထိုမျှ အခြေအနေတွင် မိုးရွာရန် မဖြစ်နိုင် ကြောင်း၊ ရာနှုန်းပြည့်စိုထိုင်းဆ ရှိရန်လိုကြောင်း LiveScience သို့ Kasparian က ပြောကြားခဲ့သည်။ မိုးကို မိမိတို့ထိန်းချုပ်လိုသည့်နေရာနှင့် ရွာစေလိုသည့် အချိန်ကိုက် ရွာပေးနိုင်သော ၄င်းတို့၏လေဆာနည်းပညာ သည် လက်ရှိ ရာသီဥတုကို ပြုပြင်နေသည့် အခြားနည်းလမ်းများနှင့် ယှဉ် ကြည့်ပါက မည်မျှထိရောက်မှု ရှိသည်ကို သိနိုင်ကြောင်း ၄င်းကပင် ပြောကြား ခဲ့သည်။ လက်ရှိ စမ်းသပ်အောင် မြင်မှုထက် ၁၀ ဆမှသည် အဆ ၁၀ဝ ခန့် မိုးစက်များ ကျနိုင်ပါမှ တကယ် မိုးရွာသည်နှင့် တူမည်ဖြစ်သည်။
၎င်းတို့ အသုံးပြုနေသော လေဆာသည် အခြား လေဆာများနှင့် မတူဘဲ ကီလိုမီတာပေါင်းများစွာဝေးသည့်နေရာထိပင်ရောက် ရှိနိုင်မည့် လေဆာ အမျိုးအစားဖြစ်ပြီး မြေပေါ် အခြေစိုက်နေရာမှပင် လေထုကို ပြုပြင်နိုင်မည်ဟု သိရသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

အာရှတွင် ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုးသစ် ပျံ့နှံ့နေ

အာရှတွင် ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ် သန္ဓေပြောင်းမျိုး
တစ်ခု ပျံ့နှံ့နေသည့် အရိပ် လက္ခဏာများ အကြားမှ အေဗီယင် တုပ်ကွေး အဓိက ပြန်လည်   ခေါင်းထောင် မည့် အလား အလာ ရှိကြောင်း ကုလသမဂ္ဂ စားနပ် ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO) က ဩဂုတ် ၃၀ ရက်နေ့တွင် သတိပေးခဲ့ သည်။ အက်ဖ်အေအိုက ၂၀ဝ၃ ခုနှစ်တွင် ပထမဆုံး ပေါ်လာချိန်မှ စ၍ လူ ၅၆၅ ဦးကို ကူးစက်ကာ ယင်းတို့အနက် ၃၃၁ ဦး သေဆုံးစေခဲ့သည့် H5 N1 ဗိုင်းရပ်စ်ပိုး တိုက်ဖျက်ရေး ပြင်ဆင်ထောက်လှမ်းမှုများ ပြုလုပ်ရန် သတိပေးခဲ့သည်။ ယခု လဆန်းက ကမ္ဘောဒီးယားတွင် H5 N1 ကို နောက် ဆုံး တွေ့ရှိခဲ့ကြောင်း သတင်းရသည်။ ဗိုင်းရပ်စ်ပိုးသည် ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အီဂျစ်၊ အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့တွင် ဆက်လက် ကူးစက် ပျံ့နှံ့နေသည်။
လွန်ခဲ့သော နှစ်နှစ်တွင် H5 N1 ကို ဗိုင်းရပ်စ်ပိုး ကင်းစင်သည့် တိုင်း ပြည်များတွင် မွေးမြူရေးကြက်ခြံ သို့မဟုတ် ငှက်ရိုင်းများ၌ တွေ့မြင်ခဲ့ရ သည်။ မကြာမီက ကူးစက်ခဲ့သော ဧရိယာများတွင် အစ္စရေး၊ ပါလက် စတိုင်းနယ်မြေများ၊ ဘူဂေးရီးယား၊ ရူမေးနီးယား၊ နီပေါနှင့် မွန်ဂိုလီးယားတို့ ပါဝင်ကြသည်။ တရုတ်နှင့် ဗီယက်နမ်တွင် လက်ရှိ ထိုးဆေးများ မတိုးနိုင် သည့် မျိုးကွဲ ဗိုင်းရပ်စ်တစ်မျိုး ပေါ်လာခြင်းသည် စိုးရိမ်ဖွယ် အကြောင်း ရင်း တစ်ရပ်ဖြစ်ကြောင်း FAO တိရစ္ဆာန်ဆေးကု အရာရှိချုပ် ဂျူအန် လူဘရို့က ပြောကြားခဲ့သည်။ ဗီယက်နမ်တွင် ဗိုင်းရပ်မျိုးသစ်ကို H5 N1 - 2.3, 2.1 အဖြစ် သိကြသည်။ ဗီယက်နမ်တွင် ဗိုင်းရပ်စ် ပျံ့နှံ့မှုသည် ကမ္ဘောဒီယား၊ ထိုင်း၊ မလေးရှား တို့ကို တိုက်ရိုက်ခြိမ်းခြောက်ပြီး ကိုရီးယား ကျွန်းဆွယ်နှင့် ဂျပန်ကို အန္တရာယ် ရှိနိုင်ကြောင်း အက်ဖ်အေအိုက ပြောကြား ခဲ့သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

အမေရိကန် အားကစားလောကထဲ ၀င်ရောက်လာတဲ့ ရွှေမြန်မာများ

သူ့အကြောင်း စကြားတာကတော့ မနှစ်ကတည်းကပါ။ နောက်ပိုင်းမှာတော့ တီဗီဖန်သားပြင် တစ်ခု အမေရိကား NBA လောကက၊ သူ့ပုံရိပ်တွေ သတင်းတွေ အခါမလပ် ကြားသိမြင်နေရပါတယ်။ အမေရိကန် ဘတ်စကက်ဘောအသင်း NBA လောကရဲ့သမိုင်းမှာ ပထမဆုံး အာရှသား မန်နေဂျာချုပ်(GM) ဖြစ်လာသူပေါ့။ မြန်မာပြည်ဖွား တစ်ယောက်ပါ။ အမေရိကန်မှာ တစ်မြို့တည်းဆိုတော့ ပထမဆုံး သူ့ကို ဆုံဗျူးပြီး ရေးမလို့ကြံသေးတယ်၊နောက်... အကြောင်း ကြောင်းကြောင့် မအားလပ်မှုတွေနဲ့ မဆုံဖြစ်တော့ပြန်ဘူး။ ဒီအချိန်သူ ကျွန်တော်တို့ မြို့က ပြောင်းသွား ခဲ့ပြီလေ။ သူ့တစ်နှစ်ဝင်ငွေက အမေ ရိကန်ဒေါ် လာ One million dollar တဲ့။ အမည်က .. ရစ်ခ်ျချို (Rich Cho )။ ပြီးခဲ့တဲ့နှစ် အပြောင်းအရွှေ့ ရာသီမှာ အော်ရီဂန်ပြည်နယ် ပို့တ် လန်းမြို့က ထရေးဘလေဇာ ( Trail Blazer ) ဘတ်စကက်ဘော အသင်းမှာ အထွေထွေမန်နေဂျာ လုပ်နေတာ။ လောလောဆယ် တော့ NBA လောကမှာ မှော် အောင်ခဲ့တဲ့ မိုက်ကယ်ဂျော်ဒန်ပိုင် တဲ့ အသင်းဆီ ဂျနရယ်မန်နေဂျာ (GM) အနေနဲ့ ပြီးခဲ့တဲ့လက ပြောင်းရွှေ့သွားခဲ့ပါပြီ။ ၁၉၆၈ ခုနှစ် သူအသက် ၃နှစ်သားမှာ အခြား မိသားတစ်စုနဲ့ အတူ သူတို့မိသားစု အင်ဒီယားနားပြည်နယ် ဖို့တ်ဝိန်း မြို့က ဘက်ပတစ် ခရစ်ယာန်ဘာ သာ ဘုရားကျောင်း ထောက်ပံ့မှုနဲ့ အမေရိကားကို ရောက်လာတာပါ။
နောက်တော့ အနောက်ဘက်ခြမ်း ဝါရှင်တန်ပြည်နယ်ကို ပြောင်းရွှေ့ သွားခဲ့တယ်။ သူတို့ငယ်ငယ်က သူ့အဖေဟာ အဲဒီမြို့က ဆဲဗင်း အလဲဗင်း ကုန်စုံဆိုင်မှာ လူအတော် များများ မလုပ်ချင်တဲ့ သန်းခေါင် ကျော်အချိန် graveyard shift အလုပ် လုပ်ရတယ်လို့ မီဒီယာတွေ ကို ပြောပြပါတယ်။ အမေဖြစ်သူက အချိန်နာရီ တော်တော်များများ ဘတ်စ်စီးချိန်နဲ့ ကုန်တဲ့ ခပ်ဝေးဝေး က စာကြည့်တိုက်မှာ အလုပ်လုပ် ရပါသတဲ့။ ဘော်စတွန်ဂလုဘ် သတင်း“ စာနဲ့ တွေ့ဆုံခန်းမှာ မန်နေဂျာချုပ် ချိုက အမေရိကားမှာ ကျွန်တော့် ဘဝ အစတွေကို မိသားစုများပြီး ဝင်ငွေနည်းတဲ့ မိသားစုတွေကို ဗဟို အစိုးရက ထောက်ပံ့တဲ့ အစားအစာ ဈေးဝယ်ခွင့် ကတ်တွေ၊ လူမှုဖူလုံ ရေးရုံးက ပေးတဲ့ အကူညီတွေနဲ့ပဲ ကြီးပြင်းလာခဲ့ရပါတယ်လို့ ပွင့်လင်း တဲ့သဘောတွေနဲ့ ဆိုတယ်။ ဆက် လက်ပြီး သူက... ကျွန်တော် မရှက်ပါဘူး။ ဒါ့ကြောင့်လည်း ကျွန်တော့်ဘဝအတွက် အခွင့် အလမ်းတွေ ဒီက ရခဲ့တာပေါ့တဲ့။ ပညာရေးကို အဓိကထားတဲ့ မိသားစုမို့ .. ချို .. တစ်ယောက် နာမည်ကျော် ဝါရှင်တန်ပြည်နယ် တက္ကသိုလ်ကနေ အင်ဂျင်နီယာ ဘာသာရပ်နဲ့ ကျောင်းပြီးခဲ့ပါတယ်။
ကမ္ဘာကျော် ဘိုးရင်းလေယာဉ် ကုမ္ပဏီမှာ ၁၉၉၀ အစောပိုင်းနှစ် တွေကနေ ၅ နှစ်လောက် အင်ဂျင် နီယာအလုပ်ဝင် လုပ်ပါတယ်။ အင်ဂျင်နီယာလုပ်နေရင်းက ကျော် ကြားသူတို့ရဲ့ ဥပစာခန်းတွေဆီ သွားမယ်ဆိုပြီး စိတ်အပြောင်းအလဲ ဖြစ်ရာကနေ ဥပဒေဘွဲ့တစ်ခု ထပ် ယူတယ်။ သူအားကစားလောက ကို ခြေစုံပစ်ဝင်ပုံကို ဟိုင်ဖင်န်မဂ္ဂဇင်း မှာ ချို..က ဒီလိုဆိုပါတယ် .. "It was my goal to get to sports through sports law... So I left my job at Boeing and went to law school." ပိုက်ပါဒင်း တက္ကသိုလ်မှာ“ ဥပဒေပညာ သင်ယူနေတုန်း ၁၉၉၅ ခုနှစ်မှာ ဆီအက်တယ်လ်မြို့က Seattle SuperSonics ဘတ်စ ကက်ဘောအသင်းမှာ အလုပ်သင် ဝင်လုပ်ခွင့် ရပါတယ်။ ၁၉၉၇ မှာ အင်ဂျင်နီယာအဖြစ်နဲ့ ဥပဒေနဲ့ ဘွဲ့ထပ်ရပြီး ၂၀ဝ၀ ပြည့်နှစ်မှာ Seattle SuperSonics အသင်းမှာ လက်ထောက် အထွေထွေမန်နေဂျာ ဖြစ်လာခဲ့တယ်။ ၂၀ဝ၈ ခုနှစ် ကစားချိန်ရာသီအထိ ဆီအက် တယ်လ် ဆူပါဆောနစ် ဘတ်စ ကက်ဘောအသင်းမှာ တာဝန်ထမ်း ဆောင်ခဲ့တယ်။ အဲဒီကနေ အိုက လာဟိုးမားစီးတီးအသင်းကို ရွှေ့ ပြောင်းခဲ့ပြန်တယ်။ ဒီအသင်းဟာ အခုတော့ အိုကလာဟိုးမား စီးတီး သန်းဒါး (Oklahoma City Thunder)လို့ အမည်နဲ့ ရပ်တည် နေတဲ့အသင်းပေါ့။ ဒီအသင်းမှာ ရောက်စဉ် သူ့အရည်အသွေးတွေ ဖြစ်တဲ့ ဥပဒေပညာ၊ အတွက်အ ချက်နဲ့ လာဘ်မြင်ပုံ၊ ကုန်သွယ်ဈေး ညှိနှိုင်းမှု အယူအဆတွေ၊ အသင်း သားများ အပြောင်းအရွှေ့ အကွက် မြင်ပုံတွေ၊ ပြောဆိုဆက်ဆံမှု သူ့ အရည်အသွေးတွေ အစွမ်းပြနိုင်ခဲ့ပြီး မာလ်တီဘီလျံဒေါ်လာနဲ့ လည်ပတ် နေတဲ့ အမေရိကားNBA's လော ကမှာ တဖြည်းဖြည်း နေရာရလာ တယ်။
၂၀၁၀ ပြည့်နှစ် ဇူလိုင်လမှာ အမေရိကား ပစိဖိတ် အနောက် မြောက်ခြမ်းဇုန်က မိုက်ခရိုဆော့ဖ် တည်ထောင်စဉ် ပါဝင်တဲ့ ပေါလ် အလန် ပိုင်ဆိုင်တဲ့ ပို့တ်လန်းထရေး ဘလေဇာ ဘတ်စကက်ဘောအ သင်းကို ၉ကြိမ်မြောက် မန်နေဂျာ အဖြစ် တနှစ်ကို ဒေါ်လာ ၁ မီလျံ ကျော် ဝင်ငွေဈေးနဲ့ ပြောင်းရွှေ့လာ ပါတယ်။ ဒီအသင်းကို ၁၀လ ကိုင်တွယ် ခဲ့ပြီး ကမ္ဘာ့ဘတ်စကက်ဘော လောကမှာ နေတစ်ဆူ လတစ်ဆူ လို အထူးအထင်ကရဖြစ်ခဲ့တဲ့ မိုက် ကယ်လ် ဂျော်ဒန် ပိုင်တဲ့ ချားလ် လောဒ်ဗော့ခက်ဒ် (Charlotte Bobcats) အသင်းကို ပြီးခဲ့တဲ့ ဇူလိုင်လမှာပဲ ဂျနရယ်မန်နေဂျာ အဖြစ် ထပ်မံ ပြောင်းရွှေ့သွားပါ တယ်။ အသက် ၄၆နှစ်အရွယ် ချိုဟာ သူ့ရဲ့ ကိုယ်ပိုင်ဘဝကို ဇနီး သည် ဂျူလီ၊ သမီး မရင်ဒါ (၅နှစ်)၊ အဲန်နီကာ (၃နှစ်)နဲ့ တည်ဆောက်ထု ဆစ်ထားသူပါ။ အစ်ကိုဖြစ်တဲ့ ပက် ထရစ်ကတော့ ဆီအက်တယ်လ်က Wildwood မူလတန်းကျောင်းက ဆရာပါ။ ညီဖြစ်တဲ့အင်ဒရူးကတော့ ဆီအက်တယ်လ်မြို့အနီး တာကိုး မားမြို့က ကွန်မြူနတီကောလိပ်မှာ လူမှုသိပ္ပံဌာနရဲ့ ပါမောက္ခတစ်ဦး ဖြစ်ပါတယ်။ ချိုဟာ ကျန်းမာရေး အတွက် အားလပ်ချိန်တွေမှာ ဘတ် စကက်ဘော၊ ဆော့ဖ်ဘော၊ ပင် ပေါင်တို့ ကစားတာ ဝါသနာထုံ တယ်လို့ သိရပါတယ်။ မြောက်ကယ်ရိုလိုင်းနား Charlotte မြို့ အခြေစိုက် ချားလ် လောဒ်ဗော့ခက်ဒ် ((Charlotte Bobcats) အသင်းပိုင်ရှင် သူ့ ဘော့စ် မိုက်ကယ်လ် ဂျော်ဒန် တစ်ချိန်က ပြောခဲ့သလို 'You have to expect things of yourself before you can do them' လို့ ဆိုသလိုများ မန်နေဂျာ ချူပ် ချိုဟာ ကျင့်ကြံခဲ့ပြီး ဒီလမ်း ကိုများ လျှောက်လှမ်းလေရော့ သလား?။
ဒူကဘာ (အမေရိကန်မှ ရေးသားပေးပို့သည်)
 
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed